၂၄ မေ ၂၀၂၄
မကွေးတိုင်းဒေသကြီးတွင် ကျေးရွာတစ်ရွာ သစ်တောသစ်ပင် အနည်းဆုံး (၂)ဧကစီစိုက်ပျိုးကြရန်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကွေးတိုင်းဒေသကြီးတာဝန်ရှိသူတွေကို မှာကြားပါတယ်။
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား မေလ ၂၄ရက် မွန်းလွဲပိုင်းတွင် မကွေးမြို့ ၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားရာမှာ ယခုလိုထည့်သွင်းပြောကြားခဲ့တာ ဖြစ်တယ်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များသည် ကမ္ဘာ့အပူဆုံးမြို့များစာရင်းအတွင်း၌ ပါဝင်သည်ကိုတွေ့ရ ကြောင်း၊ အပူရှိန်လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင် ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြို့၊ ရွာများအလိုက် သစ်တောသစ်ပင် စိုက်ပျိုးရန်မြေနေရာများကို စိစစ်ဖော်ထုတ်ရန်လိုကြောင်း၊ သက်ဆိုင်ရာ
ဝန်ကြီးဌာန တစ်ခုတည်းသာမက အခြားဝန်ကြီးဌာနများနှင့် ဒေသခံပြည်သူလူထုတို့အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာလျင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် အပူဒဏ်လျှော့ချရေးလုပ်ငန်းများကို အောင် မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ထို့ပြင်ရာသီဥတုပြင်းထန်သည့်ကာလများ၌ သက်ကြီးရွယ်အိုများ၊ျန်းမာရေး အားနည်းသူများအနေဖြင့် အပူဒဏ်ရှောင်နိုင်ရေးအတွက် အပူဒဏ်ကိုခံနိုင်မည့် အဆောက်အဦများဆောက်လုပ်ဆောင်ရွက်နိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
လူဦးရေ အများအပြားဝင်ရောက်နိုင်ပြီး အေးချမ်းစွာခေတ္တနားခိုနိုင်မည့် အတွင်းလှိုဏ်ပါစေတီပုထိုးများ တည်ထား ကိုးကွယ်ခြင်းအားဖြင့် ကုသိုလ်လည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ နေရောင်ခြည်ကို အသုံးချ၍ ဆိုလာစွမ်းအင်သုံး လေအေးပေးစနစ်များတပ်ဆင်ခြင်းဖြင့်လည်း အပူဒဏ်ကို ကျော်လွှားနိုင်မည်ဖြစ်သဖြင့် စဉ်းစားဆောင်ရွက်သင့် တယ်လို့လည်း နစက ဥက္ကဋ္ဌက ဥပမာပေးပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့အပြင် ဗိုလ်ချူပ်မှူးကြီးသည် မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊မွေးမြူရေ၊ပညာရေးနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကိစ္စစသည်တို့ကိုလည်း ဆက်လက်ဆွေးနွေးပြောကြားခဲ့ပါတယ်။
အဆိုပါအခမ်းအနားတွင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့်မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဒေသဖွံ့ဖြိုးရေးကိစ္စများကို တင်ပြခဲ့ကြပါတယ်။
အဲဒီနောက် ဗိုလ်ချုပ်မှူးကြီး၊ဇနီးဒေါ်ကြူကြးလှနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့၊ သာသနာ့ဗိမာန် တော် ဆောက်လုပ်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ဒေါက်တာ ချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။
@ymg/knl
နော်ဝေး၊ အိုင်ယာလန်၊ စပိန်တိုက ပါလက်စ်တိုင်းကို တိုင်းပြည်နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
#World_News
Published 24 May 2024
#ပါလက်စ်တိုင်း #တိုင်းပြည်နိုင်ငံတစ်ခု #အသိအမှတ်ပြုကြောင်းကြေညာ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 24 May 2024
၁။ ‘ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲ’တွင် မြန်မာအသင်းကမ္ဘာ့အဆင့်(၃)နေရာတွင် ရပ်တည်နေ၊ နိုင်ပွဲများဆက်ရနေ
၂။ ရာသီဥတုကြောင့် ကွမ်းခြံများ ပျက်စီးမှုရှိသဖြင့် ကွမ်းဈေးများမြင့်တက်လာ
၃။ ယခုနှစ်အတွင်းYBS ယာဥ်စည်းကမ်းဖောက်ဖျက်မှုပေါင်း၂၃၀၀၀ ကျော်အထိအရေးယူနိုင်ခဲ့ဟုဆို
၄။ ပါလက်စ်တိုင်းအားနိုင်ငံတော်တစ်ခုအဖြစ် နော်ဝေး၊အိုင်ယာလန်၊ စပိန်တို့အသိအမှတ်ပြုကြောင်းကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မျှင်ငါးပိပြုလုပ်ရာမှာ အသုံးပြုရတဲ့ မျှင်ကောင်လေးများ ဖမ်းသည့်ရာသီသိမ်းချိန်ရောက်လာပြီဖြစ်တဲ့အတွက် မျှင်ငါးပိဈေးတဖြည်းဖြည်းမြင့်လာတယ်လို့ မျှင်ငါးပိထုတ်လုပ်ရောင်းချသူတွေထံက သိရပါတယ်။
#Local_News
Published 24 May 2024
#မျှင်ဖမ်းရာသီသိမ်းချိန် #မျှင်ငါးပိထုတ်လုပ်ရောင်းချသူ
#YMG/LW #Yangon_Times
မုန်တိုင်းအရှိန်ကြောင့်မိုးကြီးပြီး ရေကြီးရေလျှံဖြစ်နိုင်သလို မုန်တိုင်းကနေပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့်လည်း မြန်မာကုန်းတွင်းပိုင်းမှာ လေဆင်နှာမောင်းတွေ၊ စိုက်ဆင်းလေပြင်းတွေ၊ လေပြင်းတွေလည်းတိုက်ခတ်နိုင်လို့ မုန်တိုင်းနဲ့ဝေးတယ်ဆိုပြီး ပေါ့ပေါ့ဆဆမနေကြဖို့ လိုအပ်တယ်။
(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးလှထွန်း)
#Local_News
Published 24 May 2024
#မိုးကြီးရေလျှံတာ #လေဆင်နှာမောင်း
#tthl #Yangon_Times
ပြီးခဲ့သည့်ရက်ပိုင်းက မိုးရွာသွန်းခြင်းနဲ့ လေတိုက်ခတ်ခြင်းစတဲ့ ရာသီဥတုဒဏ်တွေကြောင့် ကွမ်းခြံအချို့ပျက်စီး ဆုံးရှုံးမှုတွေရှိတဲ့အတွက် ကွမ်းရွက်ဈေးနှုန်းတွေ မြင့်လာတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရှိ ကွမ်းစိုက်တောင်သူတွေထံက သိရပါတယ်။
#Local_News
Published 24 May 2024
#ကွမ်းခြံများပျက်စီး #ကွမ်းရွက်ဈေးနှုန်းတွေမြင့်တက်
#YMG/LW #Yangon_Times
ယခုနှစ် ငါးလတာအတွင်း YBS ယာဥ် စည်းကမ်းဖောက်ဖျက်မှုပေါင်း၂၃၀၀၀ ကျော် အထိ အမှုဖွင့်လှစ် အရေးယူနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 24 May 2024
#YBS # သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ
#YMG/NN #Yangon_Times
ကမ္ဘာ့အဆင့် Ranking သတ်မှတ်ကြည့်ရာမှာ မလေးရှားအသင်းဟာ ကမ္ဘာ့အဆင့်(၁)၊ ထိုင်းအသင်းဟာ ကမ္ဘာ့အဆင့်(၂)နဲ့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအသင်းဟာကမ္ဘာ့အဆင့်(၃)နေရာမှာရပ်တည်နေတယ်။ အဖွဲ့လိုက်ပြိုင်ပွဲ Regu Team Event ကို အုပ်စုပွဲစဉ်များဆက်ပြိုင်နေတယ်။
#Local_News
Published 24 May 2024
#‘ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲ’ #မြန်မာအသင်းကမ္ဘာ့အဆင့်(၃)
#tthl #Yangon_Times
#Local_News
Published 24 May 2024
▪️ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင် ခရိုင်များရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည် မြန်မာကျောင်းသားကျောင်းသူများနှင့်အလုပ်လုပ်ကိုင်နေသူများ၏ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍မြန်မာသံရုံးဘန်ကောက်မြို့တွင် မေလ၂၇ရက်တနင်္လာနေ့ မှစတင်ပြီး ပြုလုပ်ေပးတော့မည်မဟုတ်ကြောင်း. မြန်မာသံရုံးဘန်ကောက်မြို့ က မေလ၂၄ရက်ကကြေညာလိုက်သည်။
▪️ ယခင်က ထိုင်းနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသားများနှင့်မြန်မာအလုပ်သမားများ၏ နိုင်ငံကူး လက်မှတ်ဆိုင်ရာ ကိစ္စရပ်များကို မြန်မာသံရုံးဘန်ကောက်မြို့နှင့်ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ရုံးတို့တွင် ပြုလုပ်ေပးခဲ့ ကြောင်းသိရသည်။
▪️ "အရင်က မြန်မာအလုပ်သမားတွေ စာအုပ်လုပ်ဖို့ ဘန်ကောက်သံရုံးမှာ ရက်ချိန်းမရရင် ချင်းမိုင် သံရုံးမှာလည်း သွားလုပ်ကြတယ် ထောက်ခံစာဘာတွေလိုတယ်ဆိုရင်လည်း ဘန်ကောက်ရုံးမှာလာလုပ်ကြတယ်။
▪️ အခုကတော့မြောက်ပိုင်းမှာရောက်နေတဲ့ အလုပ်သမားတွေကောကျောင်းသားတွေကော လိုအပ်တဲ့စာရွက်စာတမ်းကိစ္စတွေ ထောက်ခံစာကိစ္စတွေကိုချင်းမိုင်ရုံးကိုပဲ ခွဲပြီးပေးလိုက်တဲ့သဘောလို့ထင်တယ် ချင်းမိုင်မှာေနတဲ့သူတွေအနေနဲ့ ဘန်ကောက်သွားစရာမလိုတော့ဘဲအဆင်ပြေသွားတာပေါ့"ဟု ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
▪️ ထို့ကြောင့်လာမည့် မေလ၂၇ရက် တနင်္လာနေ့မှစတင်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင် ခရိုင်များရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည် မြန်မာကျောင်းသားကျောင်းသူများနှင့်အလုပ်လုပ်ကိုင်နေသူများ၏ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်များကို ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌သာ ဆောင်ရွက်သွားနိုင်ပြီဖြစ်ကြောင်း မြန်မာသံရုံးဘန်ကောက်မြို့က ကြေညာထားသည်။
#YMG/LW #Yangon_Times
#Local_News
Published-24 May 2024
▪️ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ကညွတ်ကွင်းနှင့် ညောင်ပင်သာကြား မို-င်း -ခွဲ- ခံရ၍ အမြန်လူစီးရထားများညောင်လေးပင်နှင့်ဖြူးဘူတာများ၌ ရပ်တန့်ထားရ ကြောင်းမြန်မာ့မီးရထားမှသိရသည်။
▪️ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ကညွတ်ကွင်းနှင့် ညောင်ပင်သာကြား၊ ရထားလမ်း မိုင်တိုင် ၁၂၆/၇-၈ ကြား၊ ပတ္တာရွာလမ်းကူးအနီးတွင် မေလ ၂၄ ရက်နေ့ နံနက် ၁ နာရီ ၄၂ မိနစ်နှင့် ၂ နာရီ ၃ မိနစ်အချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ပေါ-က်ကွဲမှုကြောင့် အဆန်လမ်းမှ အတွင်းသံလမ်း လေးပေခန့် ပြတ်ထွက်ခဲ့ပြီး ကွန်ကရစ်ဇလီဖား ငါးတုံးခန့် ပျက်စီးခဲ့ ပြီး အစုန်လမ်းမှ အတွင်းသံလမ်း လေးပေခန့် ပြတ်ထွက်ခဲ့ကာ ကွန်ကရစ်ဇလီဖား ငါးတုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ရထားလမ်းပျက်စီးမှုဖြစ်စဥ်များကြောင့် ယနေ့ ရန်ကုန်မှ ထွက်ခွာလာသော အမှတ်(၁၁) အဆန် လူစီးအမြန်ရထားသည် ညောင်လေးပင်ဘူတာတွင်လည်ကောင်း၊အမှတ်(၉၉၄) အစုန် ကုန်ရထားသည် ဖြူးဘူတာတွင်လည်ကောင်း အသီးသီး ရပ်တန့်ထားရကြောင်း သိရသည်။
▪️ ပြီးခဲ့သည့်မေ ၂၀ ရက် ည ၉ နာရီခွဲခန့်ကလည်း သထုံမြို့နယ် ကလိကျွန်းရွာနှင့် ကျွန်းချောင်းရွာကြား ရန်ကုန် - မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published 24 May 2024
▪️ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၏ ကိုကိုးကျွန်း၊ဟိုင်းကြီးကျွန်း၊ဂွမြို့နှင့်သံတွဲမြို့အနီးပင်လယ်ပြင်ကို ဗဟိုပြုတိုက်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
▪️ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏မြောက်-အနောက်မြောက်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၆၀ မိုင် ခန့်၊ ဂွမြို့(Gwa)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၉၅ မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏တောင်-အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရမြို့(Khepupara)၏တောင်-အနောက်တောင်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကန်နင်းမြို့(Canning) ၏ တောင်ဘက် ရေမိုင် ၄၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟုဆိုသည်။
▪️မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
▪️ ယင်းမုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု ၁၅.၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၈.၄ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား ၉၉၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့် ရှိကြောင်းဖော်ပြထားသည်။
▪️ အဆိုပါ မုန်တိုင်းငယ်သည် ကနဦးတွင် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၅-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။
▪️ ထိုမှတစ်ဆင့် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ၂၆-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အဖြစ်သို့ အားကောင်းလာနိုင်ကာ၊ ၂၇-၅-၂၀၂၄ ရက်နေ့ နံနက် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ၊ ဆာဂါကျွန်းတို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရထားသည်။
▪️ အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် မေလ(၂၄) ရက် မှ ၂၇ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာ များတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်သည်။
▪️ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။
▪️ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် ၂၄-၅-၂၀၂၄ ရက်နေ့မှ ၂၅-၅-၂၀၂၄ ရက်နေ့အတွင်း တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေ ခန့်ရှိနိုင်ပါသည်။
▪️ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။
▪️ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် ၂၄-၅-၂၀၂၄ ရက်နေ့တွင် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်း အမြင့်မှာ ၉ ပေမှ ၁၃ ပေခန့်၊ ၂၅-၅-၂၀၂၄ ရက်နေ့မှ ၂၆-၅-၂၀၂၄ ရက်နေ့အတွင်း တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်ပါသည်။
▪️ အကြံပြုချက်အနေဖြင့် မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု နိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိ ပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 24 May 2024
▪️ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ ကျုံအိတ်တံတား ပြင်ဆင်မှုများ ကိုယမန်နေ့ကစတင်ပြုလုပ်နေပြီဖြစ်ကြောင်းဒေသခံများဆီက သိရသည်။
▪️ ပြီးခဲ့သည့်မေ ၁၁ ရက်က မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားကို မေလ ၂၃ ရက်နေ့ နေလယ်ပိုင်းကစပြီး ရွှေသံလွင်ကုမ္ပဏီမှပြန်လည်ပြုပြင်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
▪️ " ဒီတံတားက ဖျက်ဆီးခံရတာနှစ်ခါရှိပြီ၊ ဘယ်သူတွေအခက်အခဲဖြစ်လဲဆို ပြည်သူပဲခက်ခဲတာပဲလေ၊ သွားရလာရတာအဆင်မချောဘူး၊ ကုန်တွေသယ်ရတာမလွယ်ရင် ဈေးတက်မယ်၊ ခက်ခဲကုန်တာပေါ့၊အခုပြန်ပြင်နေပြန်ပြီ၊ ယာယီသံဘေလီဘောင်တံတားအမျိုးအစား ပြန်လည်ပြင်ဆင်နေတာ ဖြစ်မယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ ထို့အပြင် မေလ(၂၃)ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရသည့် ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုရှိ မစောတံတားကိုလည်း ပြင်ဆင်ရန် စီစဉ်လျက်ရှိပြီးလတ်တလောတွင်လမ်းလွဲများမှတဆင့်သွားရောက်နေရသည့်အတွက်အခက်အခဲများစွာကြုံတွေ့ နေရကြောင်း သိရသည်။
#YMG/ NN #Yangon_Times
Page 175 of 1457