၂၀၂၄တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းတွေကြည့်လိုရမယ်ဆိုပြီး Facebook လူမှုကွန်ရက်စာမျက်နှာအသုံးပြုပြီး လိမ်လည်ကာ ဝန်ဆောင်ခတွေတောင်းနေတာတွေရှိနေတယ်။
၂၀၂၄တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းတကယ်ထွက်ရင်မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ Facebook အကောင့်ဖြစ်တဲ့ Department of Myanmar Examinationsအကောင့်နဲ့ နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတိုမှာ တရားဝင်ထုတ်ပြန်မယ်။
#Local_News
Published_06 June 2024
#တက္ကသိုလ်ဝင်စာမေးပွဲ #ဝန်ဆောင်ခလိမ်လည်ယူနေသူများ
#tthl #Yangon_Times
"အိုလံပစ်ဒေး"လူငယ်လူသစ်တန်းမြန်မာ့သိုင်းပြိုင်ပွဲကို ရန်ကုန်မြို့မှာပြုလုပ်သွားမယ်လို့
ရန်ကုန်တိုင်းဒေသကြီး မြန်မာ့သိုင်းဆပ်ကော်မတီက သိရပါတယ်။
#Local_News
Published_06 June 2024
#"အိုလံပစ်ဒေး" #မြန်မာ့သိုင်းပြိုင်ပွဲပြုလုပ်
#YMG NN #Yangon_Times
ဟင်းပွဲတွေချက်ပြုတ်ပြင်ဆင်ရာမှာ အသုံးပြုရတဲ့ချိစ်တို့၊ ခရမ်တို့ စသဖြင့် နိုင်ငံခြားမှတင်သွင်းမှာယူရတဲ့ ပစ္စည်းအချို့ဟာ ဈေးကွက်ထဲမှာ ပြတ်လတ်နေတဲ့အတွက် ထည့်သွင်းအသုံးမပြုနိုင်တော့တာတို့ အလားတူပစ္စည်းတွေပဲ သုံးလိုက်ရတာတွေရှိနေတယ်။ အခြေခံစားကုန်တွေဈေးတက်လို့ ဟင်းပွဲတွေဈေးလိုက်တက်ရတာလည်းအားနာတယ်။
#Local_News
Published_06 June 2024
#ဟင်းပွဲ၌ပါဝင်သည့်ပစ္စည်းအချို့ #ဈေးကွက်ထဲပြတ်နေ
#tthl #Yangon_Times
ရန်ကုန်မြို့ရှိ၊ ထိုင်းသံရုံးတွင် ရွှေ့ပြောင်းလုပ်သား ဗီဇာလျှောက်ထားနိုင်ပြီး Non-LA Visa များကို တစ်နေ့ အယောက် (၄၀၀) နှုန်းဖြင့် လျှောက်ထားနိုင်ကြောင်း ရန်ကုန်၊ ထိုင်းသံရုံးမှ အသိပေးထားပါတယ်။
#Local_News
Published_06 June 2024
#ထိုင်းသံရုံး #ရွှေ့ပြောင်းလုပ်သားဗီဇာ
#YMG/LW #Yangon_Times
#Local_News
Published 6 June 2024
▪️ လှည်းကူးမြို့နယ်အင်းတိုင် ၉၈၁ ရှေ့တွင် ဆိုင်ကယ်ကို Express ယာဉ်မှတိုက်မိပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ကြောင်း လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
▪️ ဇွန်လ၆ရက် မနက်၁၀နာရီ ၅၅မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်တိုက်မှုကြောင့် လူညှပ်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
▪️ လှည်းကူးကြက်ခြေနီမှ ရှေးဦးပြုစုကူညီမှုများပေးနိုင်ရန်ကြက်ခြေနီစေတနာ့လုပ်အားရှင်၁၁ဦး ကြက်ခြေနီလူနာတင်ယာဉ်နှစ်စီးဖြင့် ထွက်ခွာခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးပြုစုခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရာ ၁၁နာရီ ၄၀မိနစ် ခန့် တွင်ပြီးစီးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် လူနာ(၃)ဦးကို လှည်းကူးဆေးရုံနှင့်သက်ဆိုင်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_06 June 2024
▪️ (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ကွမ်ရှီး (Guangxi) ဒေသ၊ နန်နင် (Nanning) မြို့တွင် အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်ထိကျင်းပသွားမည်ဖြစ်ပြီး မြန်မာကုမ္ပဏီများအတွက် ပြခန်း (၈၄)ခန်း စီစဥ်ထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
▪️ မြန်မာနိုင်ငံက “ကျက်သရေရှိသောမြို့”အကြောင်း အရာပြပွဲတွင်လည်း ပါဝင်မည်ဖြစ်သဖြင့် မြန်မာကုမ္ပဏီများ တက်တက်ကြွကြွ စာရင်းသွင်းပါဝင်ပြသရန် ဖိတ်ခေါ်သွားလိုပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ပံ့ပိုးကူညီမှုများ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်သည် ဟုဆိုသည်။
▪️ တရုတ်-အာဆီယံကုန်စည်ပြပွဲသည် တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရာတွင် အရေးပါသော ပေါင်းကူးတံတားတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများက ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) နှင့် “Belt and Road” ပူးပေါင်းဆောင်ရွက်မှုတွင်ပါဝင်ကာ တရုတ်နိုင်ငံစျေးကွက်သို့ ဝင်ရောက်ရန် အရေးပါသော ပလက်ဖောင်းတစ်ခုပင်ဖြစ်သည်။
▪️ (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ မြှင့်တင်ရေးမိတ်ဆက်ရှင်းလင်းပွဲကို ဇွန်လ ၃ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့ပြီး ရှင်းလင်းပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီကိုယ်စားလှယ်ပေါင်း ၆၀ ကျော် တက်ရောက်ခဲ့ပြီး တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးချုပ်ရုံးမှ အတွင်းရေးမှူး Ms. Wei Zhaohui က ကုန်စည်ပြပွဲ၏ သက်ဆိုင်ရာအခြေ အနေများကို မိတ်ဆက်တင်ပြခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 6 June 2024
▪️ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ တေဇာခင်ဦး(၁)လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထံက သိရသည်။
▪️ ဇွန်(၆)ရက်၊ (၀၀)နာရီ (၃၄) အချိန်ခန့်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
▪️"လူနေအိမ် မီးလောင်တာ မီးကများတယ် တော်တော်ကြာကြာငြှိမ်းသတ်ရတယ်။ ဘေးကအိမ်ပါမီးကူး ကုန်တာ လူထိခိုက်တယ်တော့ မကြားမိသေးဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ အဆိုပါမီးလောင်မှုကို အချိန် (၁)နာရီခန့် ငြှိမ်းသတ်ခဲ့ရပြီး နံနက်အစောပိုင်း (၁)နာရီ (၃၆)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
▪️ မီးလောင်မှုကြောင့် ထိခိုက်ပျက်ဆီး ဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်မှုအကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#YMG/LW #Yangon_Times
#World_News
Published 06 June 2024
▪️ အမေရိကန်နဲ့ ဥရောပမဟာမိတ်နိုင်ငံများအနေနဲ့ ရုရှားနိုင်ငံထဲသို့ အနောက်တိုင်းမှ တာဝေးပစ်လက်နက်များဖြင့် ယူကရိန်းပစ်ခတ်နိုင်အောင်ခွင့်ပြုပါက ထိုနိုင်ငံများကို ပစ်ခွင်းနိုင်တဲ့ အကွာအဝေးအတွင်း သမားရိုးကျဒုံးကျည်များ ဖြန့်ကျက်ထားရှိသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။
▪️ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း ပူတင်က နိုင်ငံတကာ သတင်းမီဒီယာများမှ အကြီးတန်း အယ်ဒီတာများနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ရုရှားဟာ နျူကလီးယား လက်နက်တွေ အသုံးပြုမှာ မဟုတ်ဘူးလို့ အနောက်တိုင်းနိုင်ငံတွေ ယူဆရင် မှားသွားမှာဖြစ်ကြောင်း၊ ရုရှားရဲ့ နျူကလီးယားလမ်းစဥ်ကို လျှော့မတွက်သင့်ကြောင်း ပြောကြားသွားပါတယ်။
▪️ အနောက်တိုင်းလက်နက်များဖြင့် ရုရှားနိုင်ငံထဲသို့ ယူကရိန်းပစ်ခတ်နိုင်အောင် ခွင့်ပြုသွားဖို့ တောင်းဆိုလိုက်တဲ့ နေတိုး(NATO) အကြီးအကဲ ယန်းစ်စတိုလ်တန်ဘာ့ဂ်အကြောင်း မေးမြန်းရာမှာ ဒါဟာ တင်းမာမှုမြင့်တက်စေနိုင်ကာ အနောက်တိုင်းနဲ့ ရုရှားတို့ စစ်ပွဲကို ဦးတည်စေနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
▪️ အနောက်တိုင်းလက်နက်များ၊ အထူးသဖြင့် အမေရိကန်ရဲ့ ATACMS ၊ ဗြိတိန်နဲ့ ပြင်သစ်ဒုံးကျည်စနစ်များကို ရုရှားကပစ်ချသွားမယ်လို့ အသက် ၇၁ နှစ်ရှိ ပူတင်က ဆိုပါတယ်။
▪️ ယူကရိန်းပစ်ခတ်နိုင်အောင် ခွင့်ပြုတဲ့နိုင်ငံတွေကို ပစ်လို့ရလောက်တဲ့ အကွာအဝေးကနေ နည်းပညာမြင့် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကျက်ထားရှိရန် ရုရှားက စဥ်းစားနေတယ်လို့ ဆိုပါတယ်။
▪️ ဒုံးကျည်တွေထားရှိသွားမယ့် နေရာအတိအကျကိုတော့ ပူတင်က မပြောသွားပါဘူး။
▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားနိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို အမေရိကန်ထောက်ပံ့ လက်နက်အချို့ဖြင့် ယူကရိန်းပစ်ခတ်နိုင်အောင် ခွင့်ပြုထားပါတယ်။
▪️ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကမ်မရွန်က မေလ ၃ ရက်နေ့က ယူကရိန်းသို့ လာရောက်စဥ် ရိုက်တာသတင်းဌာနကို ပြောကြားရာမှာ ယူကရိန်းအနေဖြင့် ဗြိတိန်ထောက်ပံ့ထားတဲ့ လက်နက်များဖြင့် ရုရှားနိုင်ငံထဲသို့ ပစ်ခတ်ခွင့်ရှိပြီး တကယ်အသုံးပြုမပြုကတော့ ယူကရိန်းအပေါ်သာ မူတည်ကြောင်း ဆိုပါတယ်။
▪️ နျူကလီးယားအကြောင်း မေးမြန်းရာမှာ ရုရှားရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေကို ခြိမ်းခြောက်ထိပါးလာပါက နျူကလီးယားလမ်းစဥ်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီကိစ္စကို ပေါ့ပေါ့တန်တန် မထင်သင့်ဘူးလို့ ဖြေကြားသွားပါတယ်။
#Source: Reuters
#Local_News
Published_06 June 2024
▪️ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦး၏ဈာပနာအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတက်ရောက်ပြီး ကျန်ရစ်သူမိသားစုဝင်များကို ဝမ်းနည်းစကားဆိုပြီး နှစ်သိမ့်စကားပြောကြားခဲ့ကြောင်း သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
▪️ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mrs. Qiao Li သည် ဇွန်လ ၅ ရက်နေ့တွင် သံရုံးကိုယ်စား မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၏ ဈာပနာအခမ်းအနားသို့တက်ရောက်၍ ၎င်း၏မိသားစုဝင်များထံ ဝမ်းနည်းကြောင်းနှင့် နှစ်သိမ့်စကားပြောကြားခဲ့သည်ဟု ဆိုသည်။
▪️ သူရဦးတင်ဦးသည် မြန်မာနိုင်ငံ၏ အရေးပါနိုင်ငံရေးသမားဖြစ်ပြီး တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်းလည်း သံရုံး၏ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
#tthl #Yangon_Times
#Local_News
Published 6June 2024
▪️ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို အစိုးရရုံးပိတ်ရက်ဖြစ်သော ဇွန် ၂၃ ရက် (တနဂ်နွေနေ့) နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၂ နာရီအတွင်း မြန်မာနိုင်ငံသား ၂၀၀ ခန့်ကို အထူးအစီအစဉ် ဖြင့်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
▪️ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၂၀ ခန့်ကို နေ့စဉ် online appointment စနစ် ၇၅ ဦးခန့်နှင့် WhatsApp appointment စနစ် ၄၅ ဦးခန့်တို့ဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး သံရုံး website မှ online appointment ရယူရန် အခက်အခဲနှင့် အလုပ်ချိန်အားလပ်ရက် အခြေအနေများကြောင့် ယခုအခါ စင်ကာပူနိုင်ငံ၌ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် စောင့်ဆိုင်းနေရသည့် မြန်မာနိုင်ငံသား အများအပြားရှိနေကြောင်း ကြားသိရသည်။
▪️ ထို့ကြောင့် မြန်မာနိုင်ငံသားများ၏ အခက်အခဲများကို အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် စင်ကာပူမြို့ မြန်မာသံရုံးမှ အစိုးရရုံးပိတ်ရက် ဇွန် ၂၃ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၂ နာရီအတွင်း မြန်မာနိုင်ငံသား ၂၀၀ ခန့် (နိုင်ငံကူးလက်မှတ် ကုန်ဆုံးရက် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်အထိ)၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခြင်းကို အထူးအစီအစဉ်ဖြင့် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဇွန် ၂၃ ရက်တွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ဆောင်ရွက်လိုသူများအနေဖြင့် ဇွန် ၁ ရက်မှ ၁၄ ရက်အတွင်း နိုင်ငံကူးလက်မှတ် စာမျက်နှာနှင့် သက်တမ်းရှိ IC Card ရှေ့၊ နောက် မိတ္တူတို့ကို WhatsApp နံပါတ် (+6581748993) သို့ ပေးပို့၍ စာရင်းပေးသွင်းနိုင်ပါကြောင်း၊ ဇွန် ၂၃ ရက်တွင် သက်တမ်းတိုးလာရောက်ဆောင်ရွက်ခွင့် ရရှိသူများအမည်စာရင်းကို ဇွန် ၁၉ ရက်တွင် သံရုံး website ၌ ကြေညာပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
▪️ အဆိုပါ နိုင်ငံကူးလက်မှတ်များကို ဇွန် ၂၅ ရက်မှ ၂၇ ရက် (မွန်းလွဲ ၁ နာရီ ၃ နာရီအတွင်း)၌ ပြန်လည်ထုတ်ပေးမည့်စာရင်းကို ထပ်မံကြေညာ ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
▪️ မြန်မာသံရုံး WhatsApp သို့ စာရင်းပေးသွင်းရာတွင် စာရွက်စာတမ်း အတုပြုလုပ်ခြင်း၊ အခကြေးငွေ ရယူသူများမှတစ်ဆင့်ပေးပို့ခြင်းမျိုး မပြုပါရန်နှင့် အဆိုပါ အထူးအစီအစဉ်အတွက် မြန်မာသံရုံးအနေဖြင့် မည်သည့်ပုဂ္ဂလိကဝန်ဆောင်မှုကုမ္ပဏီ၊ လူပုဂ္ဂိုလ်တို့ကို ဝန်ဆောင်မှုပေးထားခွင့် မရှိပါကြောင်း၊ WhatsApp သို့ အချက်အလက်များ ပေးပို့ရန်အခက်အခဲရှိပါက မြန်မာနိုင်ငံသားအချင်းချင်းအကြား ကူညီစောင့်ရှောက်မှု ပြုပေးကြပါရန် မြန်မာသံရုံးမှ မေတ္တာရပ်ခံပါကြောင်းလည်း ဖော်ပြထားသည်။
#YMG/LW #Yangon_Times
#World_Health
Published 06 June 2024
▪️ အိုမီဂါ-၃ ဖြည့်စွက်ဆေးက ရန်လိုတဲ့ အပြုအမူကို လျှော့ချပေးနိုင်တယ်လို့ ပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ်က လေ့လာတွေ့ရှိထားပါတယ်။
▪️ အိုမီဂါ-၃ ဖြည့်စွက်ဆေးတွေကို ပုံမှန်အားဖြင့် ငါးကြီးဆီတောင့်များအဖြစ် ထုတ်လုပ်ကြပါတယ်။
▪️ စမ်းသပ်ပါဝင်သူ ၃၉၁၈ ဦးမှာ အိုမီဂါ-၃ ဖြည့်စွက်ဆေး သုံးစွဲခြင်းဖြင့် ရန်လိုတဲ့ အပြုအမူ ၂၂ ရာခိုင်နှုန်းမျှ လျော့ကျတာကို တွေ့ရှိခဲ့ပါတယ်။
▪️ အိုမီဂါ-၃ က လူမှုအသိုင်းအဝိုင်းမှာ ကြမ်းရမ်းတာတွေ မဖြစ်အောင် စွမ်းဆောင်ပေးနိုင်တဲ့ အံ့ဖွယ်အရာ မဟုတ်ပေမယ့် အထောက်အကူတော့ ဖြစ်စေနိုင်မယ်လို့ ယုံကြည်ကြောင်း သုတေသနပြုစုသူ အက်ဒရီယန်ရိန်းက ပြောပြပါတယ်။
▪️ ဖြည့်စွက်စာရဲ့ ရေတိုသက်ရောက်မှုကိုသာ ကောက်ချက်ချထားတာ ဖြစ်ပြီး ရေရှည်သက်ရောက်မှု သိရဖို့အတွက် နောက်ထပ်လေ့လာရဦးမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ငါးကြီးဆီ ဖြည့်စွက်ဆေးတွေက ဦးနှောက်နဲ့ နှလုံးကျန်းမာရေးအတွက် အထောက်အကူ ပြုတယ်လို့ သိရှိထားပေမယ့် နှလုံးရောဂါနဲ့ လေဖြတ်အန္တရာယ် မဖြစ်ဖူးသူတွေမှာ ပထမဆုံးအနေဖြင့် ဖြစ်နိုင်ခြေများတယ်လို့ မကြာသေးမီက တွေ့ရှိထားပါတယ်။
#Source: New York Post
#World_Science
Published 06 June 2024
▪️ အသည်းကင်ဆာ နောက်ပိုင်းအဆင့် ရောက်နေတဲ့အမျိုးသားတစ်ဦးဟာ ဝက်ရဲ့အသည်းဖြင့် အစားထိုးခွဲစိတ်မှုကို ပထမဆုံးခံယူသူ ဖြစ်လာပါတယ်။
▪️ မျိုးဗီဇဆိုင်ရာ အချက်အလက်များ ပြုပြင်ထားတဲ့ ဝက်ရဲ့အသည်းကို လူနာထံ အစားထိုးခွဲစိတ်ပေးခဲ့တာ ဖြစ်တယ်လို့ တရုတ်ဆရာဝန်များက ပြောပြခဲ့ပါတယ်။
▪️ ဒါဟာ တိရိစ္ဆာန်တစ်မျိုးကနေ နောက်တစ်မျိုးသို့ အစားထိုးခွဲစိတ်ခြင်းဖြစ်စဥ်မှာ အလှည့်အပြောင်းတစ်ခု ဖြစ်လာပါတယ်။
▪️ အသည်းကင်ဆာ ခံစားနေရတဲ့ အသက် ၇၁ နှစ်အရွယ် လူနာတစ်ဦးက မေလ ၁၇ ရက်နေ့မှာ အင်္ဂါအစားထိုးခဲ့တယ်လို့ အန်ဟွေဆေးဘက်ဆိုင်ရာ တက္ကသိုလ်က WeChat မှာ ဖော်ပြခဲ့ပါတယ်။
▪️ လူနာက အထောက်အပံ့ မလိုအပ်ဘဲ လမ်းလျှောက်နိုင်ပြီဖြစ်ကြောင်း၊ ခန္ဓာကိုယ်က အင်္ဂါကိုလက်မခံတဲ့ လက္ခဏာမျိုး မတွေ့ရကြောင်း၊ သွေးခဲခြင်းစနစ် ယိုယွင်းမှုမရှိကြောင်း၊ အသည်းလုပ်ဆောင်ချက် ပုံမှန်ပြန်ဖြစ်နေပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
▪️ လူနာရဲ့အသည်း ဘယ်ဘက်ခြမ်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်ဘဲ သာမန်ကုသနည်းများဖြင့် အခြေအနေ မကောင်းမွန်တာကြောင့် ဝက်ဆီကနေ အသည်းအစားထိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
▪️ အင်္ဂါကိုလက်မခံတာမျိုးနဲ့ ပုံမှန်မဟုတ်တာမျိုး မဖြစ်စေရန်အတွက် ၅၁၄ ဂရမ်ရှိတဲ့ ဝက်အသည်းကို မျိုးဗီဇပြုပြင်မှု ၁၀ မျိုး ပြုလုပ်ခဲ့ပါတယ်။
▪️ မတ်လတုန်းက အမေရိကန်လူနာတစ်ဦးဟာ မျိုးဗီဇပြုပြင်ထားတဲ့ ဝက်ဆီကနေ ကျောက်ကပ်အစားထိုး ခွဲစိတ်မှု ပထမဆုံးခံယူသူ ဖြစ်လာပြီး မေလမှာ သေဆုံးခဲ့ပေမယ့် အစားထိုးခွဲစိတ်မှုနဲ့တော့ မသက်ဆိုင်ဘူးလို့ ဆေးရုံက ဆိုပါတယ်။
#Source: WION
Page 158 of 1457