#LocalNews
Published - 8 March 2022
အိုမီခရွန်ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တမူးမြို့မှာ အိုမီခရွန်ရောဂါပိုးရှိသူ ကင်းစင်သွားပြီဖြစ်တဲ့ အတွက် တမူးမြို့ရှိ ကိုဗစ်ကုသရေးစင်တာများကို ပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ သိပါတယ်။
#Yangon_Media_Group
#LocalPolitics
Published - 2 Mar 2022
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့သစ်နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ - NSPNC တို့ ယခုလ ၆ ရက်နေ့မှာ တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published -8Mar 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်တာကြောင့် YBS ယာဥ်တွေအနေနဲ့ CNG ရရှိရေး အချိန်ကြာမြင့်စွာတန်းစီနေရကာ သဘာဝဓါတ်ငွေ့အလုံအလောက်မရသလို ရန်ကုန်မြို့တွင်းခရီးသွားလာရေးအတွက် ယာဥ်လိုင်းများက ယာဥ်တွေ အင်အားပြည့်ထွက်ခွာနိင်ခြင်းမရှိဘူးလို့ သိရပါတယ်။
YBS ယာဥ်လိုင်းများအနေနဲ့ သဘာဝဓါတ်ငွေ့ရရှိနိုင်မှုအခြေအနေပေါ်မူတည်ကာ ပြေးဆွဲနေရပြီး ခရီးစဥ်အခေါက်ရေပြည့်မီအောင် မပြေးဆွဲနိုင်ဘူးလို့ အမြင့်မြတ်ဆုံးအင်အားယာဥ်လိုင်း၏ ဥက္ကဌဦးမျိုးဝင်းက ပြောပါတယ်။
"မီးကမမှန်တော့ CNG ဆိုင်တွေမှာလည်း ကားတွေတန်းစီနေရတယ် ဒီတော့ ကားတွေကအကုန်မထွက်နိုင်ဘူး။ဒီတော့ခရီးသည်တွေကလည်း ကားစောင့်ရတာကြာပြီ စုပြုံတက်နေကြတယ် ။CNG မရတော့ တစ်ခေါက်ပဲဆွဲနိုင်တဲ့ကားကဆွဲတယ်။တစ်ခြမ်းပဲဆွဲနိုင်တဲ့ကားကဆွဲတယ် ဒီလိုအခြေအနေတွေဖြစ်နေပါတယ်"လို့ ဦးမျိုးဝင်းကပြောပါတယ်။
အဆိုပါ YBS ယာဥ်များ သဘာဝဓါတ်ငွေ့ရရှိမှု အခြေအနေကြောင်းထွက်ခွာယာဥ်တွေနည်းပါးလာကာ ရုံးတက်ရုံးဆင်းချိန်များတွင် ခရီးသွားလာရေးခက်ခဲနေတယ်လို့ ခရီးသည်တစ်ဦးကပြောပါတယ်။
"ရုံးတက်ရုံးဆင်းချိန်တွေမှာ ကားတွေပြည့်ကြပ်နေတာပဲ။ကားတစ်စီးနဲ့တစ်စီးက လာဖို့အချိန်အကြာကြီးစောင့်ရတယ် လာရင်အလုအယက်တက်ကြတယ်။တစ်ခါတစ်လေဆိုရင် အောက်ဆိုက်ကားတွေကိုပဲ အားထားသွားလာနေရတော့ အပိုကုန်ကျစရိတ်တွေရှိလာတယ်"လို့ ခရီးသည်တစ်ဦးကပြောပါတယ်။
ထို့အပြင် သဘာဝဓါတ်ငွေ့သုံး အငှားယာဥ်များအနေနဲ့လည်း သာဘာဝဓါတ်ငွေ့ဖြည့်တင်းရန် အချိန်ကြာမြင့်တာကြောင့်
ဝင်ငွေရှာဖွေချိန်နည်းပါလာတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 8 March 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံစနစ်ဖြင့် အမေရိကန်ဒေါ်လာ (၁၅,၀၀၀၀,၀၀၀) သန်းကို ဒီကနေ့ မတ်လ ၈ ရက်မှာ ရောင်းချကြောင်းကြေညာခဲ့ပါတယ်။
ဒါဟာ ယခု ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းမှာ ပထမအကြိမ်အဖြစ် အမေရိကန် ဒေါ်လာ ၁၅ သန်းကို ထုတ်ရောင်းလိုက်ခြင်းဖြစ်ပါတယ်။
ယနေ့လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၁,၇၇၈ ကျပ်ဖြစ်တယ်လို့လည်း ဗဟိုဘဏ်၏ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ ပြင်ပနိုင်ငံခြား ငွေလဲလှယ်မှုစျေးကွက်မှာတော့ အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်စျေး ၁,၇၈၁ ကျပ်နှင့် ရောင်းစျေး ၁,၇၈၆ ကျပ်အထိ ပေါက်စျေးရှိနေတာဖြစ်ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published_8 March 2022
အခေါက်ရွှေတစ်ကျပ်သားကို မြန်မာကျပ်ငွေ သိန်း ၂၀ ကျော် ဖြစ်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။
ပြီးခဲ့သည့် လကပင် ရွှေဈေး တရိတ်ရိတ်တက်လာခဲ့ပြီးနောက် ယူကရိန်းနှင့် ရုရှား စစ်မက်အရေးကိစ္စကြောင့် ကမ္ဘာ့ရွှေဈေး တက်လာ၍ ပြည်တွင်းရွှေဈေးလည်း တက်လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
"ကျွန်တော်တို့ ရန်ကုန်မှာ ရွှေက အဝယ်မလိုက်ဘူး။ရောင်းတဲ့သူပဲ များနေတာ။ဈေးကွက်မှာ ရွှေပေါတယ်။ဒါပေမယ့် ဈေးကမကျ။မကျတာက ကမ္ဘာ့ဈေးကြောင့်ပါ။ကမ္ဘာ့ဈေးကလည်း ယူကရိန်းနဲ့ ရုရှားကိစ္စပေါ့။သူတို့နှစ်နိုင်ငံ ဆွေးနွေးတာအဆင်ပြေတယ်ဆိုရင် ရွှေဈေးက အပြောင်းအလဲ ရှိတယ်။ မနေ့ကတောင် နည်းနည်းကျတယ်။ဒီနေ့ကတော့ မနေ့ကထက် တက်လာတာကိုတွေ့ရတယ်"ဟု ယင်းကပြောသည်။
ယနေ့ မတ်လ (၈) ရက်ညနေတွင် အကယ်ဒမီ မီးလင်းရွှေတစ်အပိတ်ဈေးမှာ တစ်ကျပ်သားလျှင် 2,016,000(သိန်းနှစ်ဆယ်တစ်သောင်းခြောက်ထောင်)ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး (World Gold Price)တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂,၀၁၈ ဖြစ်သွားခဲ့သည်။
မတ်လ ၇ ရက် ယမန်နေ့ ညနေတွင် အကယ်ဒမီ မီးလင်းရွှေတစ်အပိတ်ဈေးမှာ တစ်ကျပ်သားလျှင် 1,990,000(တစ်ဆယ့် ကိုးသိန်း ကိုးသောင်း)ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး (World Gold Price)တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၉၉၅ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ စာရင်းများအရ သိရသည်။
ရန်ကုန်ရွှေဈေးကွက်တွင် နေ့စဉ် ပုံမှန်ရွှေပိဿာချိန် ၅၀ ခန့် အရောင်းအဝယ်လုပ်နေကြသော်လည်း ယခုရက်ပိုင်းတွင် ပြန်လည်လာရောက်ရောင်းချနေသူများနေကြောင်းလည်း သိရသည်။
ymg/mt
Yangon_Media_Group
#LocalNews
Published_8 March 2022
မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးမှာ အဓိကကျတဲ့ ကျင်စန်းကျော့ဂိတ်က ဖွင့်ခွင့်ပြန်မရသေးတာကြောင့် လက်ရှိ မူဆယ်နယ်စပ်ဂိတ်မှာ ကုန်စိမ်းကားတွေ ရှေ့တိုးမရ ၊ နောက်ဆုတ်ဖို့လည်း ခက်နေတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
#Yangon_Media_Group
#LocalNews
Published_8 March 2022
မြန်မာ့ရွှေဈေးအတက်အကျကိစ္စနဲ့ပတ်သက်ပြီးတော့ ရုရှား - ယူကရိန်း စစ်ရေးအပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 8 Mar 2022
၁။ မူဆယ်နယ်စပ်ဂိတ်တွင် ကုန်စိမ်းကားများ ရှေ့တိုးမရ ၊ နောက်ဆုတ်ရန်လည်းခက်သည့်အခြေအနေဖြစ်နေ။
၂။ ရွှေဈေးအတက်အကျကိစ္စ ရုရှား - ယူကရိန်း စစ်ရေးအပေါ်မူတည်နေ ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကိုဗစ်ကပ်ရောဂါကာလအတွင်း အဓိကစီးပွားရေးအသက်သွေးကြောဖြစ်လာသည့် တရုတ်-ဥရောပကုန်စည်ပို့ဆောင်ရေးရထားလုပ်ငန်း.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 March 2022
စက်သုံးဆီစျေးမြင့်မားမှုကြောင့် ကလေး - ရန်ကုန် ခရီးသည်တင်ကားခစျေးနှုန်းဟာ ယနေ့ကာလမှာ ကျပ်တစ်သိန်းနှစ်သောင်းအထိ ပေါက်စျေးရှိ နေတယ်လို့ သိရပါတယ်။
" ပြောရရင် တမူးက နောက်ဆုံးမြို့ဖြစ်တယ်။ ကလေးကိုသွားပြီးမှ ကလေးမြို့ကနေ ကျန်တဲ့ ကိုယ်သွားချင်တဲ့နေရာတွေ မြို့တွေကို သွားရတာပေါ့။ စက်သုံးဆီစျေးမြင့်တော့ ကားတွေလည်း စျေးတိုးတောင်းလာကြတာပေါ့။ ခရီးသည်တွေအနေနဲ့ သွားလာရေးက အဆင်မပြေတော့ဘူး။ ခရီးသည်တွေက သွားလာဖို့အဆင်မပြေသလို ကားသမားတွေလည်း ဆီစျေးနဲ့ကျ မကိုက်ဘူးပေါ့။ အရင်တုန်းက ကလေးကနေရန်ကုန်ကို ၃ သောင်းဆိုရင် အခုက တစ်သိန်းနှစ်သောင်းလောက် ရှိပါတယ်။ ရန်ကုန် - ကလေးကို တစ်သိန်းနှစ် သောင်း ကလေးကနေ မန္တလေးဆိုရင် ရှစ်သောင်းလောက်အထိ စျေးပေါက်နေပါတယ်။"လို့ တမူးဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
ယခုလို စက်သုံးဆီစျေးနှုန်းတွေ မြင့်တက်လာတာကြောင့် ခရီးသည်တင်ကားတွေရဲ့ စျေးနှုန်းမြင့်တက်လာသလို ကုန်စည်စီးဆင်းမှုအပိုင်းမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေရှိနေတာပါ။
ဒါ့အပြင် အချို့သောကားအုံနာတွေက ဆီစျေးမြင့်တက်မှုကြောင့် အရှုံးပေါ်ကာ ပြေးဆွဲနေသည့်ကားများကို လက်ရှိကာလမှာ ရပ်နားထားရတယ်လို့ဆိုပါတယ်။
"အဲ့လိုတွေပေါ့ အများကြီးကွာသွားတယ်၊ကားသမားကလည်း ဆီစျေးကြောင့်မကိုက်ဘူးလေ။ မဖြစ်မနေ ရုံးကိစ္စအလုပ်ကိစ္စသွားရတဲ့ ခရီးသည်တွေလောက်ပဲ သွားကြတာပေါ့။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ymg/kg
#Yangon_Media_Group
#Local_News
Published_ 8 March 2022
ဒီကနေ့ မတ်လ ၈ ရက် ရန်ကုန်စက်သုံးဆီရောင်းစျေးဟာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၂,၁၃၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၁၉၅ ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၂,၃၂၅ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂,၃၃၅ ကျပ်အထိ မြင့်တက်လာပါတယ်။
မတ်လ ၇ ရက် မနေ့က အောက်တိန်း ၉၂ တစ်လီတာလျှင် ၁,၉၃၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁,၉၉၅ ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၂,၀၂၅ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂,၀၃၅ ကျပ် ရှိခဲ့ပါတယ်။
မနေ့ကနှင့် ဒီကနေ့ နှိုင်းယှဉ်ပါက အောက်တိန်းတစ်လီတာကို ၂၀၀ ကျပ်နှင့် ဒီဇယ်ဆီ တစ်လီတာကို ၃၀၀ ကျပ်စီ အသီးသီးမြင့်တက်လာတာ ဖြစ်ပါတယ်၊အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရုရှားနိုင်ငံထုတ်ကုန်ပစ္စည်းတွေကို ပိတ်ဆို့အရေးယူမှုတွေစတင်အပြီးမှာ ကမ္ဘာ့ရေနံစိမ်းက တစ်စည်ပေါက်ဈေး အမေရိကန်ဒေါ်လာ ၁၃၀ နဲ့အထက်သို့ ရောက်သွားခဲ့ပြီး ဒါဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း အမြင့်ဆုံးအဖြစ် စံချိန်တင်မြင့်တက်သွားတာပဲဖြစ်ပါတယ်။
စက်သုံးဆီဈေးတွေ အဆမတန်မြင့်တက်လာတာကြောင့် ကုန်တင်ယာဉ်နှင့် အငှားယာဉ်တချို့လည်း ပြေးဆွဲမှုတွေရပ်နားနေရပါတယ်။
#ymg_mnn
#Yangon_Media_Group
#LocalNews
Published - 8 March 2022
ရုပ်ရှင်လောကသားများအတွက် ဆန်/ဆီ ရိက္ခာများအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဖြန့်ဝေပေးအပ်လျက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါ ရိက္ခာများ ဖြန့်ဝေပေးအပ်မှုကို ယခု မတ်လ ၄ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ အထိ အလွှာအလိုက် ဖြန့်ဝေ ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
"ဒီနေ့က ကျွန်တော်တို့တည်းဖြတ်အလွှာတွေကို ဖြန့်ဝေပေးတဲ့နေ့ပါ။ ရုပ်ရှင်အလွှာအလိုက် ရက်တွေသတ်မှတ်ပြီး ဖြန့်ဝေပေးနေတာပါ။ သူတို့ဖြန့်ဝေပေးတဲ့ထဲမှာ ဆန်ပါတယ်၊ ဆီပါတယ်၊ ငါးသေတ္တာဗူးတွေပါတယ် ကျန်တဲ့စားသောက်ကုန်တွေပေါ့ ဒါတွေကို ဖြန့်ဝေ ပေးနေတာဖြစ်ပါတယ်။"လို့ ရုပ်ရှင်တည်းဖြတ်အလွှာမှ တည်းဖြတ်ပညာရှင်တစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
ရုပ်ရှင်လောကသားများအတွက် ဆန်/ဆီ ရိက္ခာများအား ဖြန့်ဝေပေးခြင်းကို သတ်မှတ်ရက်များအလိုက် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ရိက္ခာထုတ်ယူလိုသူ ရုပ်ရှင်လောကသားများအနေနဲ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီခွဲ အထိ တစ်ကြိမ် ရုပ်ရှင်အစည်းအရုံးဝင်ကတ်ပြားဖြင့် ကိုယ်တိုင်ထုတ်ယူနိုင်တယ်လို့လည်း သိရပါတယ်။
"အုပ်ချုပ်/ဖြန့်ချိ၊ ဇာတ်ညွှန်း၊ စက်မှု၊ တည်းဖြတ်၊ ဒါရိုက်တာ၊ ဇာတ်ပို့/ဇာတ်ရံ အလွှာအစုံကို ဖြန့်ဝေပေးနေခြင်းဖြစ်ပါတယ်။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ymg/kg
#Yangon_Media_Group
#WorldPolitics
Published 08 March 2022
ရုရှားနိုင်ငံခြားရေးဝန်ကြီး'ဆာဂျီလက်ဗ်ရော့ဗ်'နဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး'ဒီမစ်ထရိုကူလ်ဘာ'တို့ဟာ တူရကီတောင်ပိုင်းနေရာမှာ ကြာသပတေးနေ့တွေ့ဆုံဆွေးနွေးသွားဖို့ သဘောတူခဲ့ကြပါတယ်။
ရုရှားတို့ ယူကရိန်းနိုင်ငံကို စတင်ကျူးကျော်ပြီးနောက်ပိုင်း နှစ်နိုင်ငံထိပ်သီးသံတမန်တွေ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးတဲ့ပွဲ ဖြစ်လာဖို့ရှိနေပါတယ်။
ဆွေးနွေးပွဲပြုလုပ်မယ့်အကြောင်းကို တူရကီနိုင်ငံခြားရေးဝန်ကြီး'မီဗ်လုကာဗူဆိုဂလူ'က တနင်္လာနေ့ကကြေညာလိုက်ပြီး အန်တယ်လ်ယာအပန်းဖြေမြို့မှာပြုလုပ်မယ့် အစည်းအဝေးပွဲကို သူကိုယ်တိုင်တက်ရောက်သွားမှာဖြစ်ကြောင်းဆိုပါတယ်။
အစည်းအဝေးပွဲကိစ္စကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုလိုက်ပါတယ်။
ပင်လယ်နက်အတွင်း ရုရှား ယူကရိန်းတို့နဲ့ ရေပိုင်နက်ချင်းထိစပ်နေတဲ့ နေတိုး(NATO)အဖွဲ့ဝင်နိုင်ငံတူရကီဟာ အဆိုပါနှစ်နိုင်ငံအကြား ဖျန်ဖြေညှိနှိုင်းမှုပြုလုပ်ပေးဖို့ ကမ်းလှမ်းနေခဲ့တာဖြစ်ပါတယ်။
တူရကီဟာ ရုရှားရော ယူကရိန်းနဲ့ပါ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေပြီး ရုရှားတို့ကျူးကျော်ခြင်းက လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ပြောကြားခဲ့ပေမယ့် ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကိုလည်း ကန့်ကွက်ကြောင်းကြေညာခဲ့ပါတယ်။
တူရကီသမ္မတ'တာယစ်အာဒိုဂန်'က ဆွေးနွေးပွဲကိုလက်ခံကျင်းပပေးဖို့ အကြိမ်ကြိမ်ကမ်းလှမ်းနေကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'နဲ့ တနင်္ဂနွေနေ့က ဖုန်းဆက်ပြောဆိုခဲ့ရာ နောက်ပိုင်းမှာတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက လက်ခံသဘောတူခဲ့တာဖြစ်ပါတယ်။
"ဒီဆွေးနွေးပွဲက အခြေအနေအလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ပြီး စစ်ပြေငြိမ်းရေးအတွက် အရေးကြီးခြေလှမ်းတစ်ခုဖြစ်လာဖို့ မျှော်လင့်ပါတယ်"လို့ 'ကာဗူဆိုဂလူ'က ဆိုလိုက်ပြီး နှစ်နိုင်ငံမှနိုင်ငံခြားရေးဝန်ကြီးတွေကလည်း ဒီဆွေးနွေးပွဲကိုတက်ရောက်ဖို့ သူ့အားဖိတ်ခေါ်ထားကြောင်း အသိပေးလိုက်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ'မာရီယာဇာခါရိုဗာ'ကလည်း ဒီအစည်းအဝေးပွဲကိစ္စအတည်ပြုခဲ့ကြောင်း တယ်လီဂရမ်ကနေ ဖော်ပြထားပါတယ်။
ဆွေးနွေးမယ့်အကြောင်းအရာတွေက အရေးပါအကျိုးရှိမှ 'လက်ဗ်ရော့ဗ်'နဲ့ဆွေးနွေးမှာဖြစ်တယ်လို့ 'ကူလ်ဘာ'က စနေနေ့ကဆိုခဲ့ပါတယ်။
ရုရှားဘက်က လူသားချင်းစာနာထောက်ထားမှုကို ပြသတဲ့အနေနဲ့ ဗုံးဒဏ်ခံခဲ့ရပြီးပိတ်မိနေတဲ့ ယူကရိန်းနိုင်ငံသားတွေကို့ ရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံများထံ ပို့ဆောင်ပေးဖို့ တနင်္လာနေ့ကကြေညာခဲ့ရာ ဒါဟာ ကလိမ်ကျတဲ့လုပ်ရပ်တစ်ခုအဖြစ် ယူကရိန်းဘက်က တုန့်ပြန်ရှုတ်ချလိုက်ပါတယ်။
အပစ်အခတ်ရပ်စဲခြင်းမရှိ အဝိုင်းခံထားရတဲ့'မာရီယူပေါလ်'မြို့ပေါ်က သိန်းပေါင်းများစွာသောလူတွေဟာ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့အတွက် ထွက်ပြေးလွတ်မြောက်ခြင်းမရှိခဲ့ဘဲ အစာရေပြတ်လတ်ကာ ပိတ်မိနေတာဖြစ်ပါတယ်။
ရုရှားတို့က ယူကရိန်းနိုင်ငံအပေါ် အထူးစစ်ဆင်ရေးပြုလုပ်ကာ ကျူးကျော်တိုက်ခိုက်ခဲ့ကြပါတယ်။
နောက်ဆက်တွဲအနေနဲ့ လူပေါင်း ၁ သန်းခွဲကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကာ ဒုတိယကမ္ဘာစစ်အပြီး ဥရောပမှာစစ်ဘေးဒုက္ခသည်အများဆုံးဖြစ်လာတဲ့ အခြေအနေဖြစ်နေကြောင်း ကုလသမဂ္ဂကပြောကြားလိုက်ပါတယ်။
တူရကီနိုင်ငံဟာ ကာကွယ်ရေး၊ ကူးသန်းရေး၊ စွမ်းအင်ရရှိရေးတို့မှာ ရုရှားနဲ့ဆက်ဆံရေးကောင်းမွန်အောင်ပြုလုပ်နေပြီး နှစ်စဉ်ရုရှားခရီးသွားဧည့်သည်သန်းပေါင်းများစွာကိုလည်း ဝင်ခွင့်ပြုလက်ခံပေးနေတာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံကိုလည်း တူရကီက ဒရုန်းယာဉ်များရောင်းချပေးနေတာကြောင့် ရုရှားတို့အမျက်ထွက်စရာဖြစ်ခဲ့ပါတယ်။
ဆီးရီးယားနဲ့လစ်ဗျားနိုင်ငံကိစ္စတွေမှာ ရုရှားတို့ရဲ့မူဝါဒပေါ်လစီကို တူရကီတို့က ဆန့်ကျင်ရှုတ်ချခဲ့ပြီး ၂၀၁၄ ခုနှစ် ယူကရိန်းထံမှ ခရိုင်းမီးယားကျွန်းဆွယ်ကိုသိမ်းယူခဲ့စဉ်ကလည်း ကန့်ကွက်ဆန့်ကျင်ခဲ့ဖူးပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1557 of 1615