Published 16 March 2022
ပြင်းအား၇.၃ အဆင့်ရှိတဲ့ အလွန်ပြင်းထန်နဲ့ ငလျင်ကြီးတစ်ခု ဂျပန်နိုင်ငံ အရှေ့ပိုင်းမှာ မတ်လ(၁၆)ရက်နေ့ည ၁၁နာရီ၃၆ မိနစ်ခန့်က လှုပ်ရှားသွားခဲ့ပါတယ်။ အဲဒီငလျင်ဟာ မြို့တော်တိုကျိုကိုပါ တုန်ခါသွားစေပြီး အရှေ့မြောက်ကမ်းခြေ တလျောက် ဆူနာမီ သတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်လို့ ဂျပန်မိုးလေဝသဌာနကပြောပါတယ်။
ပြင်းထန်တဲ့အဲဒီငလျင်ကြောင့် အိမ်ခြေနှစ်သန်းကျော် လျှပ်စစ်မီးများပြတ်တောက်သွားပါတယ်။ ငလျင်ဟာ ဖူကူရှီမားဒေသ မြေအောက်အနက်၃၇မိုင်ခန့်ကို ဗဟိုပြုပြီး လှုပ်ရှားသွားတာဖြစ်ပါတယ်။
ယခုအထိတော့ ထိခိုက်ပျက်စီးမှုသတင်းတွေမရရှိသေးပါဘူး။
Published 16 March 2022
၂၀၂၂ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ပွဲကို မတ်လ(၁၆)ရက် တပေါင်းလပြည့်နေ့က နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီးမှာကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဗန်းမော်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာ သဒ္ဓမ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ ကြီးမှူးတဲ့ ဆရာတော်ကြီးများနှင့် ဘွဲ့တံဆိပ်တော် ဆက်ကပ်အပူဇော်ခံယူကြမယ့် ဆရာတော်သံဃာတော်တွေ ကြွရောက်ချီးမြှင့်တော်မူခဲ့ပါတယ်။
နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းနှင့်ဇနီးတို့အပါအဝင် နစကအဖွဲ့ဝင်များ၊အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ရှေးဦးစွာ နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးထံမှာ ဧည့်ပရိသတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရွာမပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တ တိလောကာဘိဝံသထံမှ ဩဝါဒကထာကို နာယူခဲ့ကြပါတယ်။
အဲဒီနောက်မှာ နစကဥက္ကဋ္ဌက ဗန်းမော်ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းတွေကို ဆက်ကပ်လှူဒါန်းပြီး အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့ရရှိတော်မူတဲ့ ရေစကြိုမြို့၊ မဇ္ဈိမာရုံ ပါရမီစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဉာဏိန္ဒသာရထံ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ် ပစ္စည်းတွေကို ဆက်လက်ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
အဲဒီနောက်နစကဒုတိယဥက္ကဋ္ဌနှင့် ကောင်စီဝင်များက ဘွဲ့တံဆိပ်တော်များရရှိတော်မူကြတဲ့ ဆရာတော်ကြီးများကို ဆက်လက်ပြီး ဘွဲ့တံဆိပ်တော်တွေနှင့်လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
Published - 16 March 2022
Published 16 March 2022
ပိုလန်ဝန်ကြီးချုပ် မက်တေးရှမောဗီယာစကီ၊ဒုတိယဝန်ကြီးချုပ် ဂျာရိုဆလက်ဗ်ကေဇင်စကီ၊ချက်ဝန်ကြီးချုပ် ပက်တရယ်ဖီရာလာ၊ ဆလိုဗေးနီယားဝန်ကြီးချုပ် ဂျန်နက်ဇ်ဂျန်ဆာတို့ဟာ ယူကရိန်းနိုင်ငံကို ထောက်ခံတာပြသတဲ့အနေနှင့် မြို့တော်ကိဗ်ကို ရောက်ရှိလာကြပါတယ်။ အဆွေတော်တို့ရဲ့အလည်အပတ်ခရီးဟာ ယူကရိန်းရဲ့ ခက်ခဲနေတဲ့ အချိန်မှာဖြစ်တဲ့ အတွက် ထောက်ခံမှုအတွက် ခိုင်မာတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ကျေးဇူးတကယ်တင်ပါတယ်လို့ ယူကရိန်းသမ္မတ ဇီလင်စကီ ကပြောခဲ့ပါတယ်။
Source : AFP
#LocalNews
Published - 16 March 2022
ပိုင်ရှင်မဲ့ ပုပ်ပွသေဆုံးသူ အမျိုးသား၏ မိသားစုအားသိရှိပါက ဆက်သွယ်အကြောင်းကြား
ပေးကြဖို့ လားရှိုးလူမှုကူညီ ရေးအဖွဲ့ ကမေတ္တာရပ်ခံထားပါတယ်။
ဖြစ်စဉ်မှာ ဒီကနေ့ မတ်လ ၁၆ ရက်၊ မွန်းလွဲ ၁၂ နာရီ ၁၈ မိနစ် အချိန်တွင် လားရှိးမြို့ ၊ ရပ်ကွက်(၅)၊နယ်မြေ(၁၂)၊ ၄၃ လမ်းနှင့် လမ်း ၂၀ ထောင့်၊အောင်မင်္ဂလာဈေးအနီးရှိ ရေမြှောင်းအောက်ထဲတွင် အမျိုးသားတစ်ဦးသေဆုံးနေပါသဖြင့် ကူညီပေးပါရန်
အကြောင်းကြားလာမှု ကြောင့် လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ က သွားရောက်ကူညီ ဆောင်ရွက် ပေးခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပွားရာနေရာသို ရောက်ရှိချိန်တွင် နယ်မြေခံ ရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းကာ ပုပ်ပွသေဆုံးသူ အမျိုးသား(၁)ဦးအား ရေမြှောင်းအတွင်းမှ ခက်ခက်ခဲခဲ ထုတ်ယူသယ်ဆောင်ပြီး လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနသို့ လည်းကောင်း ထိုမှတစ်ဆင့် လားရှိုးပြည်သူ့ဆေးရုံကြီး-ရင်ခွဲရုံသို့ (PR-001)ဖြင့် ကူညီပို့ ဆောင်ပေးခဲ့ရတာဖြစ်တယ်လို့ အဆိုပါ လူမှုကူညီ ရေးအသင်းကသတင်းထုတ်ပြန်ခဲ့တာပါ။
လက်ရှိ အချိန်အထိ သေဆုံးသူ၏(အမည်၊နေရပ်)အားမသိရှိရသေးသည့် အတွက် သေဆုံးသူအားသိရှိပါက မိသားစုဝင်များထံသို့အမြန်ဆုံးဆက်သွယ် အကြောင်းကြားပေးဖို့ကိုလည်း မေတ္တာရပ်ခံပန်ကြားထားတာ ဖြစ်ပါတယ်။
ဓါတ်ပုံ - လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ ။
ymg/kg
#Yangon_Media_Group
#LocalNews
Published- 16 March 2022
ထိုင်းနိုင်ငံသို့ ခိုးဝင်သည့်မြန်မာနိုင်ငံသားများပါ မော်တော်ယာဉ်တစ်စီးမှာ ဘန်ကောက်မြို့အဝင် ဖေစ်ကစေမ်လမ်း ပင်မ ကီလိုမီတာ ၃၁၆-၈၀၀၊ အမှတ် ၉ ဗန်းနောင်နမ်းခေါင် တမ်ဘွန်ခေါင်ဝပ် ပကျွတ်စီရီခမ်ခရိုင်တွင် ယမန်နေ့က မတော်တဆမှုဖြစ်၍ ၆ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာ ရသွားကြောင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီနေသူများထံမှ သိရသည်။
မွန်ပြည်နယ် မုဒုံမြို့ နယ်မှ ထိုင်းနိုင်ငံ မဟာချိုင် စမွတ်စခေါင်ခရိုင်သို့ သွားရောက်အလုပ်လုပ်ရန် လိုက်ပါသူများတင်ဆောင်မောင်းနှင်လာသော မတော်တဆ ဖြစ်ပွားသည့်အဆိုပါ ယာဉ်အမျိုးအစားမှာ အနက်ရောင် ပစ်ကပ်ဖြစ်ပြီး ရှေ့ဘီးတာယာပေါက်ကွဲကာ ထိန်းချုပ်မရတော့ဘဲ လမ်းဘေး၌ကာရံထားသော သံပြားနှင့်တိုက်မိခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း သိရသည်။
ယာဉ်ပေါ်တွင် မြန်မာနိုင်ငံသား ၁၈ ဦး လိုက်ပါသည့်အနက် ၅ ဦးတွင် ပြင်းထန်စွာဒဏ်ရာရရှိကာ ၇ ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၃ ဦး ၊ ကလေးငယ်(မ) ၁ ဦး သေဆုံးခဲ့ကြောင်း ၊ ဒဏ်ယာရရှိသူများအားပကျွတ်စီရီခမ်ဆေးရုံသို့ ပို့ ဆောင်ပေးထားကြောင်း သိရသည်။
ymg/mt
Yangon_Media_Group
#LocalNews
Published- 16 Mar 2022
မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့ “Hana Microfinance” အသေးစားချေးငွေရုံးမှ ဝန်ထမ်းအမျိုးသမီးအား သေနတ်ဖြင့် ခြိမ်းခြောက်ကာငွေတောင်းခံ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာမကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့ အမှတ် (၆)ရပ်ကွက် အောင်မင်္ဂလာလမ်းသွယ်ရှိ “Hana Microfinance” အသေးစားချေးငွေရုံးခန်းသို့ မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် အမည်မသိလူ၂ ဦး ဝင်ရောက်လာပြီး ငွေကိုင်ဝန်ထမ်း မသီရိထွန်း (၂၉)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သွားတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက သွားရောက်စစ်ဆေးရာ အဆိုပါ ဝန်ထမ်းအမျိုးသမီးသည် ရုံးအတွင်း တစ်ဦးတည်းရှိနေစဉ် Mask အနက်များ တပ်ဆင်ထားသူ ၂ ဦးက ရုံးအတွင်း ဝင်ရောက်လာကာ သေနတ်ဖြင့် ချိန်ရွယ်ပြီးငွေသေတ္တာအား ဖွင့်ပေးရန်ပြောဆိုသဖြင့် ဝန်ထမ်းအမျိုးသမီးမှာ ကြောက်လန့်၍ ရုံးအနောက်ဘက်အခန်းသို့ ထွက်ပြေးရာ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့တာကြောင့်ဝန်ထမ်းအမျိုးသမီး၏ ဝဲတင်ပါးဖောက်ဝင်ဒဏ်ရာ ၁ ချက် ထိမှန်သွားခဲ့ပြီး အဆိုပါလူ၂ ဦးမှာ ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ဝန်ထမ်းအမျိုးသမီးအား လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပခုက္ကူ ဆေးရုံသို့ ပို့ ဆောင်ဆေးကုသပေးစေခဲ့ပြီး သေနတ် သမား ၂ ဦးအား ဖမ်းဆီးရမိရေး လိုက်လံပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 16 Mar 2022
ဂျာမနီနိုင်ငံအနေနဲ့ ပြည်တွင်းမှာလိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို WFPနဲ့လက်တွဲပြီး ဆက်လက်ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာဂျာမဏီသံရုံးကထုတ်ပြန်လိုက်ပါတယ်။
သံရုံးအကြီးအကဲ Mr. York Schuegraf ကအကြမ်းဖက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများကို တွေ့ကြုံခံစားနေရသည့် ဘာသာပေါင်းစုံမှ စစ်ဘေးရှောင်ပြည်သူများအတွက် စစ်ဘေးရှောင်စခန်းများသို့ WFP နှင့်အတူ သွားရောက်လေ့လာခဲ့ပြီးမြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ပြည်သူများ တွေ့ကြုံနေရသည့် အခက်အခဲများအကြောင်းကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
“ပြည်သူတွေ ကြုံတွေ့ခံစားနေရတာတွေကို ကျွန်တော်တို့ ခရီးစဉ်အတွင်း နားထောင်ခဲ့ပါတယ်။ သူတို့ရဲ့ အတွေ့အကြုံဖြစ်ရပ်တွေကို ကြားသိရတာဟာ ကျွန်တော်တို့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပိုမိုကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် အလွန်ပဲ အရေးကြီးပါတယ်။ ဒါနဲ့စပ်လျဉ်းပြီး တစ်နိုင်ငံလုံးက မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေ ပေးနေတဲ့ WFP ရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ အလေးအနက် အသိအမှတ်ပြုပါတယ်။” လို့ Mr. Schuegraf က ပြောပါတယ်။
ဂျာမနီအနေနဲ့WFP မြန်မာအတွက် ယူရို ၅ သန်းကို ယမန်နှစ်က ထည့်ဝင် ပံ့ပိုးပေးခဲ့ပြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖွဲ့ အတွက် အနာဂါတ်တွင်လည်း ဆက်လက်ပံ့ပိုးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 16 March 2022
ရွှေတိဂုံစေတီတော်ကြီးတွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို(၁၀)ရက်တိုင်တိုင် အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ထံမှ သိရပါတယ်။
ရွှေတိဂုံစေတီတော်ကြီး၏ ၂၆၁၀ နှစ်မြောက်၊ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်နေ့ (မတ်လ ၇ ရက် နေ့မှ ဒီက နေ့ မတ်လ ၁၆ ရက်) နေ့ အထိ (၁၀)ရက်တိုင်တိုင် ရွှေတိဂုံစေတီတော်ရင်ပြင်ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကာလအတွင်း ရတနတ္တယပူဇာမင်္ဂလာနှင့်လျော်ညီစွာ (၂၁၆)နာရီ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ လပြည့်နေ့အရုဏ်တက်ချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့အကျိုးဆောင်အဖွဲ့ များ၊ ရုံးဝန်ထမ်းများက အာရုံခံမုခ်တပေါင်းအောင်ပွဲရေစက်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ အနုမောဒနာအအသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးကို ခမ်းအနားကျင်းပခဲ့ကြတာပါ။
ဒါ့အပြင် ယနေ့ တပေါင်းလပြည့်နေ့အထိ မုခ်ဦး(၄)ခုရှိ ရုပ်ပွားတော် (၄)ဆူ၊ ဧည့်ခံတန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်များနှင့် အထက်ပစ္စယံပတ္တမြားမျက်ရှင်ရုပ်ပွားတော်တို့အား ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်း၊ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပင့်သံဃာတော်များ၊ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်သည့် ဘာဏကသံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ နဝကမ္မနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း
တို့ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်၍ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲရေစက်ချအနုမောဒနာအခမ်းအနားကိုလည်း ဒီကနေ့ ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်နေ့ (မတ်လ ၁၆ ရက်) နံနက် ၉ နာရီ အချိန်တွင် ရွှေတိဂုံစေတီတော် ရင်ပြင်ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ယနေ့ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြတယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ဓါတ်ပုံ - ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ။
ymg/kg
#Yangon_Media_Group
Published 16 March 2022
ရေနံစိမ်းထုတ်လုပ်မှု ပြန်တောက်မယ့်အပေါ် စိုးရိမ်ပူပန်မှုတွေ လျော့ကျလာတဲ့အလျောက် ကမ္ဘာ့ရေနံဈေးနှုန်းတွေဟာ အင်္ဂါနေ့က ကျဆင်းလာနေပါတယ်။
ဧပြီလပေးပို့မယ့် WTI ရဲ့ရေနံစိမ်းဈေးနှုန်းဟာ တစ်စည်ကို ၆.၅၇ဒေါ်လာလျော့ကျသွားပြိး ၉၆.၄၄ ဒေါ်လာဖြစ်သွားပါတယ်။ ဈေးနှုန်း ၆.၃၈ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ နယူးယောက် ကုန်သွယ်အိတ်ချိန်းရဲ့ သတင်းအချက်အလက်အရသိရပါတယ်။ မေလပေးပို့မယ့်ဘရန့်ရေနံစိမ်းဈေးနှုန်းဟာ ၆.၅၄ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ ငွေအားဖြင့် ၆.၉၉ ဒေါ်လာကျသွားတာ ဖြစ်ပါတယ်။ရေနံစိမ်းတစ်စည်ဟာ ၉၉.၉၁ ဒေါ်လာဖြစ်သွားတယ်လို့ လန်ဒန်ရဲ့ ICE Futures အိတ်ချိန်းကသိရပါတယ်။
တနင်္လာနေ့မှာ WTI နှင့် ဘရန့် တို့ရဲ့ ရေနံစိမ်းဈေးနှုန်းဟာ ၅.၈ရာခိုင်နှုန်းနှင့် ၅.၁ရာခိုင်နှုန်းစီ အသီးသီးကျဆင်းခဲ့တာပါ။
Source CMG
Page 1544 of 1616