#LocalNews
Published-17 Mar 2022
ဖားကန့်မြို့နယ်တွင် ယာဥ်တစ်စီးအားစစ်ဆေးရန်ရပ်တန့်စေရာ ယာဥ်ပေါ်ပါလာသူတစ်ဦးထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကာ ယာဥ်ပေါ်တွင်ငွေကျပ်သိန်း ၇,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၅ ရက်နေ့ ည ၉ နာရီခွဲအချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် သတင်းအရ ခါးလီ(၃၅)နှစ်မောင်းနှင်ပြီး မနန်လွမ်း(ခ)ဇောင်းညွယ်(ခ)အနန်(၂၈)နှစ်နှင့် ဆိုင်းလီ(၂၃)နှစ်တို့ လိုက်ပါလာသည့် Toyota Wish မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်း ခါးလီ မှာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
၎င်းအား ပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ယာဉ်အား အသေးစိတ်ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းကျော် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 17 March 2022
ဒီကနေ့ ပြွန်တန်ဆာမြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့ FUSO ဆီဘောက်ဆာယာဥ် မီးလောင်မှုကြောင့် ယာဥ်ပေါ်ပါလူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ယင်းဖြစ်စဥ်ဟာ ဒီက နေ့(မတ်လ ၁၇ ရက်)၊ နံနက် ၁၀ နာရီ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်၊ ပင်းတလဲကွေ့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၇၆/၆)အနီးမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ ဆီဘောက်ဆာယာဥ်ဟာ ဂါလံ ၂၈၀၀ ဒီဇယ် လောင်စာဆီများတင်ဆောင်လာသော FUSO ဆီတင်ဘောက်ဆာယာဥ်တစ်စီး ဖြစ်ပါတယ်။
ဆီဘောက်ဆာယာဥ်မီးလောင်မှုကို ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပြွန်တန်ဆာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်မှာ မီးငြိမ်းနိုင်ခဲ့တာပါ။
အဆိုပါ ဆီဘောက်ဆာယာဥ် မီးလောင်မှုမှတစ်ဆင့် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်အချို့သို့လည်း မီးကူးစက်လောင်ကျွမ်းမှုတွေလည်း ရှိခဲ့ပါတယ်။
ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူ (၂)ဦးကိုလည်း ပဲခူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#DailyNews
Published - 17 Mar 2022
၁။ ပါဝင်သင့်ပါဝင်ထိုက်သူများပါဝင်လာရေးအတွက် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ကနုတ်ထွက်ခြင်းဟု ဒေါက်တာအေးမောင် ပြောကြား
၂။ မြန်မာနိုင်ငံဘက်က ပို့ကုန် (၇)မျိုးကို တရုတ်က ယာယီပိတ်လိုက်သောကြောင့် ကုန်ကားများ နောက်ကြောင်းပြန်လှည့်ရ
၃။ မိုးလေဝသ သတင်း
၄။ ပဲရစ်မြို့ နိုထာဒမ်ဘုရားကျောင်းပြုပြင်ရေးလုပ်ငန်းပြုလုပ်စဉ် ရှေးဟောင်းအုတ်ဂူများတူးဖော်တွေ့ရှိ.......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Published 17 March 2022
ဆော်ဒီအာရေဗျနိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင်က ယနေ့ နံနက် ၁၀နာရီက နေပြည်တော်တွင် သံအမတ်ခန့်အပ်လွှာကို နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ်ခဲ့တယ်လို့ နစက က သတင်းထုတ်ပြန်ပါတယ်။
သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲကို နစကနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချပ်၊ရန်ကုန်မြို့အခြေစိုက် ဆော်ဒီအာရေဗျသံရုံးမှ သံရုံး အရာရှိများတက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ဟာ ၂၀၀၄ခုနှစ် ဩဂုတ်လ (၂၅)ရက်က စတင်ပြီး သံတမန်ဆက်ဆံရေးထူထောင်ခဲ့ကြပါတယ်။အဲဒီလိုထူထောင်ခြင်းဆိုင်ရာ သဘောတူညီချက်ကို နှစ်နိုင်ငံသံအမတ်ကြီးတွေက နယူးယောက်မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဆော်ဒီအာရေဗျသံအမတ်ကြီးအသစ်ဖြစ်တဲ့ မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင်ဟာ ၁၉၉၃ခုနှစ်မှာ ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ စတင်အမှုထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ပြည်ပ နိုင်ငံတွေက ဆော်ဒီသံရုံးတွေမှာ သူဟာ ရာထူးအဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၃ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကုလသမဂ္ဂအထွေထွေညီလာခံ၊လုံခြုံရေးကောင်စီနှင့် ကိုယ်စားလှယ်အဆိုပြုရေးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ တွင် ကုလသမဂ္ဂဌာနမှာ ညွှန်ကြားရေးမှူးချုပ်အဆင့် တိုးမြှင့်တဝန်ထမ်းဆောင်ခဲ့ပါတယ်။၂၀၁၈ခုနှစ်မှာ အထူးကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူးချူပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက် ၂၀၁၉ခုနှစ်မှစတင်ကာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဌာနညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သံအမတ်ကြီးဟာ အာရဗီနှင့် အင်္ဂလိပ်ဘာသာတို့ကို တတ်ကျွမ်းတဲ့အကြောင်းသိရှိရပါတယ်။
#LocalNews
Published - 17 March 2022
ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့အနီး(ရန်ကုန်မှအလာ ပထမကွေ့ )အနီးတွင် ဆီဘောက်ဆာယာဥ် တစ်စီးအရှိန်လွန်တိမ်းမှောက်ရာမှ မီးလောင်မှုဖြစ်ပွားပြီး အနီးရှိ လူနေအိမ်နှစ်လုံးပါ မီးကူးစက်လောင်ကျွမ်းခဲ့သည့်ဖြစ်စဥ်တစ်ခု ဒီကနေ့(မတ်လ ၁၇)ရက်၊ နံနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါမီးလောင်မှုကို ငြိမ်းသတ်လျက်ရှိနေပါတယ်။
"ပြွန်တန်ဆာမြို့ ရန်ကုန်မှအလာ ပထမကွေ့ မှာပါ။ဆီဘောက်ဆာအရှိန်လွန်တိမ်းမှောက်ပီး မီးလောင်နေတာပါ။ ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ရာမှ အနီးရှိနေအိမ်နှစ်လုံးပါ မီးကူးစက်မှုဖြစ်ပွားခဲ့ပါတယ်။"လို့ ယင်းမီးလောင်မှုဖြစ်စဥ်အား တွေ့မြင်ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှု မည်မျှရှိခဲ့သည်နှင့် ထိခိုက်ဒဏ်ရာရမှု ရှိ၊မရှိကိုတော့ ယခုအချိန်အထိ မသိရှိရသေးပါဘူး။
Photo - CJ
ymg/kg
#Yangon_Media_Group
#UkraineCrisis
Published - 17 March 2022
ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'အား စစ်ရာဇဝတ်ကောင်လို့ မှတ်ချက်ပြုပြောကြားလိုက်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်ဆွေးနွေးရာမှာ ရုရှားတို့ က ယူကရိန်းကိုကျူးကျော်ခြင်းဟာ စီစဉ်ထားတဲ့အတိုင်းဆောင်ရွက်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့တဲ့အတွက် ခွင့်လွှတ်နိုင်စရာအကြောင်းမရှိကြောင်း ပြောကြားလိုက်ပါတယ်။
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းမြို့တော်ကိဗ်အပါအဝင် ဝိုင်းထားတဲ့မြို့တွေကို အဆက်မပြတ်တိုက်ခိုက်နေကြရာ ကဇာတ်ရုံတစ်ခုအတွင်း ပေါင်မုန့်ရရှိဖို့တန်းစီနေကြတဲ့ စစ်ဘေးခိုလှုံသူများသေဆုံးသွားခဲ့ကြောင်း အမေရိကန်နဲ့ယူကရိန်းအရာရှိများက အဆိုပြုခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်း ဥရောပနိုင်ငံတစ်ခုကို အကြီးမားဆုံးစစ်ဆင်ရေးဖြင့်ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် စစ်ရေးပဋိပက္ခတွေပိုဆိုးလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
ပူတင်က ဗုဒ္ဓဟူးနေ့ကပြောကြားရာမှာ ယူကရိန်းကြားနေရေးကိစ္စအကြောင်း လက်ခံဆွေးနွေးသွားမှာဖြစ်ပြီး ယူကရိန်းစစ်အင်အားကိုချေမှုန်းဖို့ အထူးစစ်ဆင်ရေးပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ယူကရိန်းနဲ့မဟာမိတ်နိုင်ငံတွေက ပူတင်ရဲ့လုပ်ရပ်ဟာ ကျိုးကြောင်းဆီလျော်ခြင်းမရှိဘဲ အကြောင်းမဲ့ကျူးကျော်ခြင်းသာဖြစ်ပြီး ယူကရိန်းပြည်သူ ၃ သန်းကျော်ထွက်ပြေးတိမ်းရှောင်နေရကာ လူပေါင်းရာချီပြီးသေဆုံးထားကြောင်း ထုတ်ပြန်ထားပါတယ်။
ရုရှားကိုခုခံတိုက်ခိုက်ဖို့ ယူကရိန်းအတွက် ဒရုန်းတွေ၊ စွမ်းအားမြင့်လက်နက်တွေ၊ လေယာဉ်ပစ်လက်နက်တွေအပါအဝင် နောက်ထပ်ထောက်ပံ့ကူညီမှုတွေနဲ့ ဒေါ်လာသန်း ၈၀၀ ထောက်ပံ့ပေးထားကြောင်း အမေရိကန်ကကြေညာခဲ့ပါတယ်။
"လက်နက်ပစ္စည်းတွေပို့ဆောင်ဖို့ အသင့်ဖြစ်နေပြီမို့လို့ နောက်ထပ်ထောက်ပံ့မှုတွေ ပို့ဆောင်သွားဦးမှာပါ" လို့ 'ဘိုင်ဒန်'ကဆိုလိုက်ပြီး 'ပူတင်'ကိုတော့ စစ်ရာဇဝတ်ကောင်အဖြစ် အပြစ်တင်ရှုတ်ချလိုက်ပါတယ်။
'ဘိုင်ဒန်'ပြောလိုက်တဲ့စကားက လက်ခံနိုင်စရာမရှိတဲ့အပြင် ခွင့်လွှတ်နိုင်စရာလည်းမရှိဘူးလို့ ရုရှားအစိုးရအုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ'ဒီမစ်ထရီပက်စ်ကော့ဗ်'က တုန့်ပြန်လိုက်ကြောင်း တက်စ်သတင်းဌာနကဖော်ပြလိုက်ပါတယ်။
ယူကရိန်းတို့က သံတမန်ရေးအရဖြေရှင်းနိုင်မယ်လို့ မျှော်လင့်နေဆဲဖြစ်ပြီး ဆွေးနွေးညှိနှိုင်းချက်တွေက ပိုပြီးလက်တွေ့ဆန်လာပြီဖြစ်ကြောင်း သမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ပြောပြခဲ့ပါတယ်။
ဆွေးနွေးညှိနှိုင်းနေတဲ့ အဆိုပြုချက်တွေက သဘောတူရန်နီးစပ်နေပြီဖြစ်ကြောင်း ရုရှားဘက်က တင်ပြထားပါတယ်။ မြို့တော်ကိဗ်ရဲ့အရှေ့မြောက်ဘက်ရှိ ချာနီဟစ်ဗ်မြို့မှာ ပေါင်မုန့်ရရှိဖို့ တန်းစီစောင့်ဆိုင်းနေတဲ့လူ ၁၀ ဦးကို ရုရှားတပ်တွေက အသေပစ်ခတ်ခဲ့ကြောင်း ကိဗ်မြို့ တော်ရှိအမေရိကန်သံရုံးက စွပ်စွဲပြောကြားလိုက်ပါတယ်။
ရုရှားတို့ကတော့ ဒီအဖြစ်အပျက်ကိုငြင်းဆိုလိုက်ကာ လုပ်ကြံဖန်တီးမှုသက်သက်ဖြစ်ကြောင်း ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့အဆောက်အအုံတွေမှာ ကယ်ဆယ်ရေးဝန်ထမ်းများလိုက်လံရှာဖွေကြရာ အလောင်း ၅ ခုတွေ့ရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကဆိုပါတယ်။
အဝိုင်းခံထားရတဲ့ မာရီယူပေါလ်တောင်ပိုင်းဆိပ်ကမ်းမြို့မှာ အရပ်သားများခိုလှုံနေတဲ့ပြဇာတ်ရုံတစ်ခုကို ရုရှားတပ်ဖွဲ့တွေက ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြို့တော်ကောင်စီကသတင်းပို့ ခဲ့ပြီး အသေအပျောက်အရေအတွက် မသိရသေးပါဘူး။
ပြဇာတ်ရုံကို လေယာဉ်ဖြင့်တိုက်ခိုက်ခဲ့ခြင်းမလုပ်ခဲ့ဘူးလို့ ရုရှားတို့ ကငြင်းချက်ထုတ်ပြန်ထားပြီး ရိုက်တာသတင်းဌာနအနေနဲ့ သတင်းအတိအကျမသိရှိရသေးပါဘူး။
အမေရိကန်ပုဂ္ဂလိကကုမ္ပဏီဖြစ်တဲ့ မက်ဆာနည်းပညာကုမ္ပဏီက မတ်လ ၁၄ ရက်နေ့က ဂြိုဟ်တုပုံရိပ်ဖမ်းယူရရှိခဲ့ရာမှာ မာရီယူပေါလ်ပြဇာတ်ရုံခေါင်မိုးအပြင်ဘက်မှာ 'ကလေးတွေရှိသည်'ဟု ရုရှားဘာသာစကားဖြင့် ရေးသားထားတာကို တွေ့ရှိခဲ့ရပါတယ်။
Source: Reuters/RT
#LocalNews
Published - 17 March 2022
ရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် ကျားပေါက်လေးတစ်ကောင်မွေးဖွားခဲ့ကြောင်း အဆိုပါ တိရစ္ဆာန်ဥယျာဉ်က ဒီကနေ့(မတ်လ ၁၇)ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
"ထူးခြားပြီး ပျော်ရွှင်စရာကောင်းတဲ့ သတင်းကောင်းလေးတစ်ခုကို မျှဝေပေးပါရစေ။ မျိုးစပ်ဖို့ခက်ခဲမှုတွေကြားက ဖေဖေထူးအောင်နဲ့ မေမေရိုစီတို့က ကျားပေါက်လေးကို ခက်ခက်ခဲခဲမွေးဖွားခဲ့ပါပြီ။ ကျားမေမေ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ CCTV ကနေ ကြည့်ပြီး စောင့်ရှောက်ပေးနေတဲ့ဥယျာဥ်က အုပ်ထိန်းသူတွေကတော့ ကျားပေါက်လေးက ကျားထီးလေး ဖြစ်မလား၊ ကျားမလေးဖြစ်မလား ရင်တွေခုန်နေခဲ့ကြပါတယ်။
တိချစ်သူလေးတွေကော ဘာလေးဖြစ်မယ်မှန်းကြည့်ကြရင်း နာမည်လှလှလေးတွေ ရွေးပေးခဲ့ပါဦးရှင်။"လို့ ရတနာပုံတိရစ္ဆာန်ဥယျာဉ်က သတင်းထုတ်ပြန်ခဲ့တာပါ။
လက်ရှိတွင် မိခင်နှင့် ကလေးငယ်မှာ ကျန်းမာမှုရှိပြီး ပေါက်ပွားလာသော ကျားပေါက်ငယ်အား မိခင်မှ နို့တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) တွင် ကျားအထီး (၃ )ကောင် ၊ ကျားမ (၄) ကောင် မွေးမြူထိန်းသိမ်းစောင့်လျက်ရှိတယ်လို့လည်း အဆိုပါ တိရစ္ဆာန်ဥယျာဉ်၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဓါတ်ပုံ - Yadanarpon Zoo(Mandalay)
ymg/kg
#Yangon_Media_Group
#LocalNews
Published_17 March 2022
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ဇိုင်ချောင်းကျေးရွာတွင် ယနေ့ မတ်လ ၁၇ ရက် နံနက်က ဒေသခံတစ်ဦး ကွန်ပစ်၍ငါးရှာစဉ် ကွန်ဖြင့်ငြိ၍ ရှေးဟောင်းစတူပါတစ်ဆူကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါရှေးဟောင်းစတူပါမှာ ကျောက်သားဖြင့်ထွင်းထုထားခြင်းဖြစ်ပြီး ဝေသာလီခေတ်ကဟု ယူဆရကြောင်းနှင့် အရှည် ၃ ပေကျော်ရှိကြောင်း ဒသခံများပြောကြားချက်သတင်းများအရ သိရသည်။
စတူပါဟူဆိုသည်မှာ ဝေသာလီခေတ်တွင် ထုဆစ်ကိုးကွယ်ခဲ့သော ကျောက်စေတီငယ်တစ်မျိုးဖြစ်ပြီး ဒီဇိုင်းအမျိုးမျိုးဖြင့် ထုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ရခိုင်သမိုင်းရာဇဝင်များတွင် ဖော်ပြထားသည်။
ကျေးရွာဒေသခံ ကိုဦးမင်းစိုးက အဆိုပါရှေးဟောင်းစတူပါကို ဓာတ်ပုံရိုက်၍ မှတ်တမ်းတင်ထားကာ ယခုအခါလက်ရှိတွင် ဇိုင်ချောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
ymg/mt
Photo-KoOoMinSoe
#Yangon_Media_Group
#LocalNews
Published -17 Mar 2022
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ ရပ်ကွက်တစ်ခုအတွင်း စာသောက်ဆိုင်ထိုင်နေသော အမျိုးသား ၂ ဦးကို ဘေးဝိုင်းမှ သေနတ်ပစ်ခတ်ခဲ့ရာ ၂ ဦးလုံးသေဆုံးသွားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့သတင်းအရသိရပါတယ်။
ဖြစ်စဥ်မှာ မတ်လ ၁၆ ရက်နေ့ည ၇ နာရီခန့်သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းရှိ ရွှေပုံစား စားသောက်ဆိုင်အပေါ်ထပ်တွင် ဘုရားကုန်းကျေးရွာနေ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်သူ ဇင်မင်း(ခ)ဂဏန်း ၄၀ နှစ် နှင့် ဗိုလ်ချုပ်ရွာနေ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်သူထွန်းအေးနိုင်(ခ)တောသားကြီး ၂ ဦးမှာ စားသောက်နေစဥ် အနောက်ဘက်တစ်ဝိုင်းကျော်တွင် စားသောက်နေသူ စိစစ်ဆဲအမျိုးသား ၂ ဦးမှ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"ဖြစ်စဥ်ဖြစ်ပွားပြီး ပစ်ခတ်ခံရသူ ၂ ဦးကတော့ သေဆုံးခဲ့ပါတယ်။တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်"ဟု တိုင်းရဲတပ်ဖွဲ့အရာရှိတစ်ဦးကပြောပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ဇင်မင်း(ခ)ဂဏန်း ၏ ယာဘက်ရင်အုံ ဖောက်ထွင်းဒဏ်ရာ ၂ ချက်၊ ထွန်းအေးနိုင်(ခ)တောသားကြီး ၏ ဝဲနံဘေးဖောက်ထွင်းဒဏ်ရာ(၁)ချက်၊ ယာရင်ညွန့် ဖောက်ထွင်း ဒဏ်ရာ(၁)ချက်၊ ယာရင်အုံဖောင်ထွင်းဒဏ်ရာ(၁)ချက်၊ စုစုပေါင်း ဒဏ်ရာ ၃ ချက် ရရှိ၍ အခင်းဖြစ်နေရာတွင် ၂ ဦး လုံး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#WorldHealth
Published - 17 March 2022
ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှုအတက်အကျကို စောင့်ကြည့်လေ့လာတဲ့ ရေဆိုးမြောင်းကွန်ရက်အဖွဲ့အစည်းက အမေရိကန်နိုင်ငံနေရာအနှံ့ အပြားမှာ ရောဂါကူးစက်မှုများထပ်မံမြင့်တက်ဦးမှာဖြစ်တယ်လို့ သတိပေးထားကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)ရဲ့သုံးသပ်ချက်ကို Bloomberg က ဖော်ပြထားပါတယ်။
ရောဂါပိုးတွေ့ရှိကြောင်းတင်ပြချက်တွေ အနည်းငယ်လျော့နည်းလာပေမယ့် CDC ရဲ့ ရေဆိုးမြောင်းစစ်ဆေးရေးနေရာ ၃ ပုံ ၁ ပုံကျော်လောက်မှာ မတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိကာလအတွင်း ကိုဗစ်ပိုးပါဝင်မှုနှုန်းမြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါတယ်။
ကိုဗစ်ကူးစက်မှုမြင့်တက်လာကြောင်းဖော်ပြခဲ့တဲ့ စစ်ဆေးရေးနေရာအရေအတွက်က ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်းကာလကထက် ၂ ဆနီးပါးများပြားလာခဲ့တာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့သူတွေရဲ့မစင်ထဲမှာ ဗိုင်းရပ်စ်အမှုန်တွေပါဝင်လာနိုင်ပြီး အိမ်သာရေဆိုးပိုက်တွေကနေ ရေဆိုးမြောင်းကန်ကြီးထဲရောက်ရှိသွားပါတယ်။
ဒါကြောင့် ရေဆိုးနမူနာစောင့်ကြည့်ခြင်းဖြင့် ကူးစက်မှုအစောပိုင်းအခြေအနေကို သိရှိနိုင်မှာဖြစ်ပါတယ်။
ရေမြောင်းတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေက ကူးစက်မှုဘယ်လောက်အထိဖြစ်စေမှာလဲ၊ နောက်ထပ်ကူးစက်မှုလှိုင်းဖြစ်လာစေမှာလား ဒါမှမဟုတ် တစ်ခဏတာကူးစက်မှုလှိုင်း ဖြစ်စေမှာလား ဆိုတာကိုတော့ အသေအချာမသိရပါဘူး။
အမေရိကန်နိုင်ငံနေရာအများအပြားမှာ ရုံးတက်အလုပ်သွားလုပ်နေကြပြီဖြစ်ပြီး နှာခေါင်းစည်းတပ်ဆင်ခြင်းစည်းကမ်းကိုလည်း ဖြေလျှော့ပေးနေပြီဖြစ်ရာ ရောဂါကူးစက်မှုတွေဖြစ်လာအောင် ဦးတည်သလိုဖြစ်နေပါတယ်။
ရာသီဥတုပူနွေးလာတဲ့အတွက် လူအများအပြားက အပြင်ထွက်လေ့ရှိကြတာကြောင့် ရောဂါကူးစက်ခြင်းဖြစ်ပွားလာပြီး သဘာဝခုခံအားရရှိခဲ့ကြပါတယ်။
ဒါကြောင့် ခဏတာအတွက်တော့ ရောဂါထပ်မံမဖြစ်ပွားအောင် ခုခံအားပေးနိုင်ပြီး ကူးစက်မှုနှုန်းအနည်းငယ်ကျဆင်းစေပါတယ်။
"ရေဆိုးမြောင်းပမာဏ အတော်လေးကျဆင်းလာပေမယ့် မြင့်တက်လာကြောင်းသတင်းပို့ထားတဲ့ နေရာအချို့လည်းရှိပါတယ်။ ကူးစက်မှုမြင့်တက်ခြင်းကလည်း အလွန်နည်းပါးတဲ့ပမာဏလောက်ပဲ ရှိပါတယ်။ လတ်တလော ရောဂါကာကွယ်ရေးစည်းမျဉ်းတွေ ပြောင်းလဲသွားပြီဖြစ်တဲ့အတွက် အချို့နေရာတွေမှာတော့ ကိုဗစ်ကူးစက်မှုမြင့်တက်လာနိုင်ပါတယ်" လို CDC ရေဆိုးမြောင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ မှအကြီးအကဲဖြစ်သူ 'အေမီကာဘီ'က Bloomberg ကို အီးမေးလ်ပေးပို့ ခဲ့ပါတယ်။
မတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ရေဆိုးမြောင်းစောင့်ကြည့်ရေးနေရာ ၅၃၀ နေရာမှ နောက်ဆုံးရအချက်အလက်များကို Bloomberg က သုံးသပ်ဆန်းစစ်ရာမှာ နေရာ ၅၉ ရာခိုင်နှုန်းက ကိုဗစ်ကူးစက်မှုကျဆင်းလာခဲ့ကာ ၅ ရာခိုင်နှုန်းက ဆက်လက်တည်ငြိမ်နေပြီး ၃၆ ရာခိုင်နှုန်းကတော့ မြင့်တက်လာခဲ့ပါတယ်။
ရေဆိုးနမူနာတွေစစ်ဆေးခြင်းက လူဘယ်နှယောက် ကိုဗစ်ကူးစက်သလဲဆိုတာ မဖော်ပြနိုင်ပေမယ့် ရေဆိုးမြောင်းထဲမှာ ဗိုင်းရပ်စ်ဘယ်လောက်ပမာဏလောက်ပါလဲဆိုတာကို တိုင်းတာနိုင်ပါတယ်။
ဗိုင်းရပ်စ်ပမာဏများပြားမယ်ဆိုရင် ကူးစက်မှုပမာဏများပြားမှာဖြစ်ပါတယ်။
အိမ်မှာတင်စစ်ဆေးလို့ ရတဲ့ ကိုဗစ်စစ်ဆေးနည်းပစ္စည်းများ အသုံးပြုလာကြတာကြောင့် ရောဂါမပြင်းထန်တဲ့သူတွေဟာ ပိုးတွေ့ရှိကြောင်းသတင်းမပို့ ဘဲနေတတ်ကြပါတယ်။
ဒီလိုအကြောင်းမကြားတဲ့သူအရေအတွက်က စမ်းသပ်စစ်ဆေးဖို့ ခက်ခဲတဲ့အချိန်ကာလနဲ့ ကူးစက်မှုအမြင့်ဆုံးကာလတွေမှာ ပိုများနေတတ်ပါတယ်။
"ဒေသတွင်းကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ ရောဂါကူးစက်မှုအရေအတွက်တွေကို အနီးကပ်စောင့်ကြည့်နေဖို့ လိုအပ်ပြီး ရေဆိုးပမာဏမြင့်တက်လာတယ်ဆိုရင် စောစောစီးစီးသတိပေးရပါမယ်" လို့ 'ကာဘီ'က မှာကြားလိုက်ပါတယ်။
နိုင်ငံအတွင်း နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ အခြားကိုဗစ်ကာကွယ်ရေးလုပ်ငန်းစဉ်များကို CDC က ပြောင်းလဲပြီးတဲ့နောက်ပိုင်း ၂ ပတ်အကြာမှာ ရေဆိုးမြောင်းထဲကကိုဗစ်ပိုးပါဝင်မှုမြင့်တက်လာမှုကို သတိပေးလာကြပါတယ်။
Source: Bloomberg
#LocalNews
Published_17 March 2022
စွယ်စုံအနုပညာရှင် ဓါတ်ပြားရအဆိုတော်ကြီး ခေတ္တရာတမာချို (ခ)ဒေါ်တင်ဝင်း ကွယ်လွန်သည် မတ်လ ၁၆ ရက် ညနေပိုင်းက ၉၆ ပါး ရောဂါဝေဒနာဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး ယင်း၏ ကြွင်းကျန်ရစ်သောရုပ်အလောင်းကို မတ်လ ၁၈ ရက်တွင် ထိန်ပင်သုဿာန်၌ မီးသင်္ဂြိုဟ်မယ်ဖြစ်ကြောင်း သိရသည်။
တေးသံရှင် ခေတ္တရာတမာချိုသည် လေဘာတီမမြရင်၏ တေးသီချင်းများကို တေးစီးရီး အမှတ်(၁) အမှတ်(၂) အဖြစ်လည်း သီဆိုခဲ့သည့်အပြင် သုမောင် ၊ သိန်းတန်(မြန်မာပြည်) ၊ ကိုမင်းနောင်၊ အေဝမ်းတင်တင်လှ၊စိန်စိန်မြိုင် ၊ အနိုင် ၊ မေဆွိ ၊ ရွှေရည် စသည့်အနုပညာရှင်များနှင့်တန်းတူ တေးသီချင်းစီးရီးများစွာတွင် ပါဝင်သီဆိုခဲ့သူဖြစ်သည်။
ပန်းသလားမေပျို တေးစီးရီး၊ဖြူနီဝါပြာတေးသံသာများ တေးစီးရီးစသည်တို့တွင် ပါဝင်သီဆိုခဲ့သည့်အပြင် ၎င်းသီဆိုသည့် တေးသီချင်းများအနက် လူကြိုက်များသော သက်ေ၀ ၊ တို့ရွှေနန်း၊သံသရာခရီးသည်၊ရွှေပြည်ကြီး၊ဇီးကွက်၊ငယ်ကျွမ်းရေ၊စုံတောမြိုင်၊မြန်မာ့ဂုဏ်ရည်၊ပျိုမှတ်တမ်း၊တစ်ခုလပ်မအသည်း၊လပြည့်ည စသည့်သီချင်းများမှာ လူသိထင်ရှားတေးသီချင်းများဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#WorldHealth
Published - 17 March 2022
စင်္ကာပူနိုင်ငံမှာ အခုလက်ရှိ အိုမီခရွန်မျိုးဗီဇကွဲရဲ့ BA.2 မျိုးနွယ်ခွဲကူးစက်မှုများပြားလျက်ရှိပြီး မတ်လ ၁၁ ရက်နေ့အထိ နေ့စဉ်ကိုဗစ်ရောဂါကူးစက်မှုတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က BA.2 မျိုးနွယ်ခွဲကြောင့်ဖြစ်ကြောင်း ကိုဗစ်လုပ်ငန်းဆောင်တာအဖွဲ့က သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အိုမီခရွန်မှကွဲထွက်လာတဲ့ BA.2 မျိုးနွယ်ခွဲအကြောင်း သိကောင်းစရာကိုဖော်ပြလိုက်ပါတယ်။
(၁) အမျိုးအစား
အိုမီခရွန်မျိုးဗီဇကွဲကနေ BA.1 နဲ့ BA.2 မျိုးနွယ်ခွဲဆိုပြီးပေါ်ထွက်လာကာ BA.2 က ကူးစက်မှုအများဆုံးဖြစ်နေပါတယ်။ BA.1 မျိုးနွယ်ခွဲက အရင်ပေါ်ထွက်ခဲ့တာဖြစ်ပြီး BA.2 မျိုးနွယ်ခွဲက နောက်မှကူးစက်မှုသိသိသာသာ များပြားလာခဲ့ပါတယ်။
(၂) ကူးစက်မှုမြန်ဆန်နှုန်း
အိုမီခရွန်နဲ့မျိုးနွယ်ခွဲအားလုံးက အလွန်ကူးစက်မြန်ကြတယ်ဆိုပေမယ့် BA.2 က BA.1 ထက်ပိုပြီးကူးစက်မြန်တယ်လို အစောပိုင်းလေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။ နိုင်ငံအနည်းငယ်မှာ အိုမီခရွန်မျိုးဗီဇကွဲများအနက် BA.2 က ကူးစက်မှုအများဆုံးဖြစ်နေပြီဖြစ်ပြီး အခြားနိုင်ငံတွေမှာလည်း လျင်မြန်စွာပျံ့နှံ့လျက်ရှိပါတယ်။
(၃) ရောဂါပြင်းထန်မှုနှုန်း
အိုမီခရွန်မျိုးဗီဇကွဲတွေက ဒယ်လ်တာနဲ့အခြားမျိုးဗီဇကွဲတွေနဲ့ယှဉ်ရင် ရောဂါပြင်းထန်မှုနှုန်း၊ ဆေးရုံတက်ကုသခံယူရမှုနှုန်း၊ အသက်သေဆုံးမှုနှုန်းတို့မှာ သိသိသာသာလျော့နည်းပါတယ်။ အခုအချိန်ထိတော့ ဒီအချက်အလက်နဲ့ပတ်သက်ပြီး BA.2 နဲ့ BA.1 တို့ သိပ်ပြီးမကွာခြားလှပါဘူး။
(၄) ကိုဗစ်ကာကွယ်ဆေးထိရောက်မှု
ကာကွယ်ဆေးထိရောက်မှုနဲ့ပတ်သက်ပြီး အိုမီခရွန်မျိုးဗီဇကွဲနဲ့ BA.2 တို့ကြား ခြားနားမှုမရှိပါဘူး။ ယေဘုယျအားဖြင့် အခြားမျိုးဗီဇကွဲနဲ့ယှဉ်ရင် အိုမီခရွန်က ကာကွယ်ဆေးထိုးပြီးသားသူတွေမှာလည်း ရောဂါကူးစက်စေနိုင်ပါသေးတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုကို အတော်အတန်ကာကွယ်ပေးနိုင်ပါတယ်။ အားမြှင့်ကာကွယ်ဆေး(booster)ထိုးခြင်းဖြင့် ရောဂါခုခံအား ပိုမိုအားကောင်းစေပါတယ်။
Source: The Straits Times
Page 1543 of 1616