#LocalNews
Published - 28 Mar 2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။
မတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်၊ ပုပ္ပါးလမ်းတွင် ၀င်းဌေး မောင်းနှင်ပြီး ဝေဖြိုးအောင် နှင့် ရဲမင်းထွန်း(ခ)စောတင်မောင် တို့လိုက်ပါလာသော Toyota VITZ အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၀င်းဌေး ကိုင်ဆောင်ထားသည့် လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၉,၉၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၉၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးရာ ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာကြောင့် ၀င်းဌေး (၃၆)နှစ်၊ ဝေဖြိုးအောင်(၂၄)နှစ် နှင့် ရဲမင်းထွန်း(ခ)စောတင်မောင်(၃၄)နှစ်တို့အား ရန်ကင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_28 March 2022
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် ကွာရန်တင်းဝင်နေရ သောကြောင့် ယနေ့ ရုံးချိန်းကို မလာရောက်နိုင်ကြောင်းတရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
"သူနဲ့ အတူနေတဲ့ အမျိုးသမီးလေးတစ်ယောက်မှာ ကိုဗစ်တွေ့လို့ သူလည်း ကွာရန်တင်းဝင်နေရ တာ ။ဒီနေ့စစ်ရမယ့် အမှုကိစ္စတွေကိုတော့ သင်္ကြန်ပြီးမှပဲ ပြန်ချိန်းထားတယ်။ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးကောင်းပါတယ်"ဟု အဆိုပါ တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 28 March 2022
ဒီကနေ့နံနက်ပိုင်းက မြဝတီ-ကော့ကရိတ်အာရှလမ်း ဘေလီတံတားအနီးတွင် မြဝတီဘက်က ဆင်းလာသည့် ပရိုဘောက်ယာဉ် တစ်စီးပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါအမျိုးသားတစ်ဦး သေးဆုံးသွားခဲ့တယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါဖြစ်စဥ်ဟာ ယနေ့နံနက် ၈ နာရီ မိနစ် ၂၀ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်ခံရသည့်ဖြစ်စဉ်အတွင်း သေဆုံးသူမှာ မော်လမြိုင်တွင်နေထိုင်သူဖြစ်ပြီး လက်ရှိ သေဆုံးသူ၏ ရုပ်အလောင်းကို ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ကော့ကရိတ်မြို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။
"မြဝတီမှ ဆင်းလာသော Probox ယာဉ် ယာယီဘေလီတံတားအနီးမှာ ပစ်ခတ်ခံရပြီး အမျိုးသား
တစ်ဦးထိမှန်သေဆုံးခဲ့ပါတယ်။ မော်လမြိုင်မြို့နေသူဖြစ်ကြောင်း သိရှိရပါတယ်။ သတိပြုဆင်ခြင်သွားလာကြပါ။"လို့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။
ထို့အပြင် ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာမှပင် ကော့ကရိတ်ဘက်ကတက်လာသည့် ယာဉ်တစ်စီး ထပ်မံပစ်ခတ်ခံရပြီး လူထိခိုက်မှုတော့မရှိခဲ့ကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ သင်္ဃန်းညီနောင်လူမှုကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။
အဆိုပါ မြဝတီ-ကော့ကရိတ်အာရှလမ်းကို အသုံးမပြုကြဖို့ မကြာသေးမီရက်ပိုင်းအတွင်းက KNU ဘက်က အကြောင်းကြားစာ ထုတ်ထားတာဖြစ်ပါတယ်။
အဆိုပါအသိပေးစာကို ဒူးပလာယာခရိုင် (KNU တပ်မဟာ ၆ ) ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၂၇ ရက် နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လမ်းအသုံးပြု၍ ကုန်သွယ်မှုနှင့် ခရီးသွားလာခြင်းမပြုလုပ်ကြဖို့ ပန်ကြားထားတာပါ။
လက်ရှိတွင် မြဝတီ-ကော့ကရိတ်အာရှလမ်းကြီးမှာ နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်နေသည့် အတွက် ခရီးသွားလာကြမည့်သူများအနေနဲ့ တိုက်ပွဲသတင်းများကို နားစွင့်ပြီးမှသာ သွားလာကြဖို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက အသိပေးနှိုးဆော်ထားကြပါတယ်။
Photo - CJ/ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့
ymg/kg
#Yangon_Media_Group
#LocalNews
Published - 28 March 2022
ပူတာအိုဒေသ ခါကာဘိုရာဇီရေခဲတောင်ခြေက မီးဘေးဒဏ်သင့် ထလာထုရွာအတွက် ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
"သဘာဝမီးဘေးဒဏ်ကြောင့် တစ်ရွာလုံးပြာကျမီးလောင်မှုဒဏ်ကို ခံခဲ့ရသောထလာထုရွာကို ပထမအကြိမ် ကူညီရေးခရီးစဉ် ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
အလှူရှင်ဆီက ကူညီလှူဒါန်းပေးတဲ့ အခြေခံစားသောက်ကုန်နှင့် အခြားအသုံးလိုသော ပစ္စည်းများကို မတ်လ ၉ ရက်နေ့က ပူတာအိုမှ ပန်နန်းဒင်မြို့ကို ကားနှစ်စီးဖြင့် တင်ပို့နိုင်ခဲ့ပါတယ်။ ပန်နန်းဒင်ရောက်တော့ ရာသီဥတုဖောက်ပြန်၍ မိုးရွာသောကြောင့် ကားဆက်ကူးမရတာနဲ့ ပန်နန်းဒင်ရှိ လူငယ်နှင့် ငါးလွတ်ထုရှိ ဆိုင်ကယ်ကယ်ရီသမားများကို အကူညီတောင်းခံပြီး နှစ်ရက်အတွင်းမှာ ပစ္စည်းအကုန်လုံး ဆိုင်ကယ်လမ်းဆုံးသည့် ငါးလွတ်ထုအထိ ပို့ဆောင်နိုင်ခဲ့ပါတယ်။
ထလာထုရွာမှ ဆိုင်ကယ်လမ်းဆုံးသည့် ငါးလွတ်ထုအထိ အိမ်တိုင်းမှဆင်းလာပြီး ပစ္စည်းလက်ခံလာပါတယ်။"လို့ ပူတာအိုဒေသခံ ပရဟိတသမားတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါ ထလာထုရွာမှာ အခုမတ်လ ၉ ရက် နေ့က မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး တစ်ရွာလုံးနီးပါး မီးဘေးသင့်ခဲ့ကာ ရွာလုံးကျွတ်ပြာကျမီးလောင်ဆုံးရူံးမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ယင်းကျေးရွာတွင် အိမ်ခြေ ၁၃ အိမ်ရှိပြီး လူဦးရေ ၇၀ ကျော်ရှိကာ မသန်းစွမ်းသူ ၃ ဦးရှိတဲ့
ရွာလေးဖြစ်တယ်လို့ သိရပါတယ်။
"ရွာက ဆင်းရဲခေါင်ပါးလွန်းပြီး သွပ်မိုးပျဉ်အိမ် မဆောက်လုပ်နိုင်တဲ့အတွက် အိမ်တိုင်းက ဝါးအိမ်နှင့် သစ်လုံးလေးတွေနဲ့စီထားတဲ့အိမ်တွေသာ ဆောက်လုပ်ပြီး အကုန်လုံးကို သက်ကယ်ရွက်နဲ့ပဲမိုးထားပါတယ်။
ရွာနယ်မြေကျဉ်းမြောင်းတဲ့အတွက် တစ်အိမ်နှင့် တစ်အိမ်ကြား ၂ ပေလောက်သာကွာခြားတယ်။
တစ်အိမ်မီးကူးရင် ၁ ရွာလုံးပြာကျဖို့သာ ကျန်ရှိတဲ့အနေအထားနဲ့ ရှိတဲ့ရွာကလေးပါ။" လို့ ပူတာအိုမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
ထို့ကြောင့် ဒေသခံလူမှုကူညီရေးအဖွဲ့တွေက စုပေါင်း၍ အလှူရှင်များ၏ ကူညီလှူဒါန်းမှုအားနဲ့
ခါကာဘိုရာဇီရေခဲတောင်ခြေအနီးက မီးဘေးဒဏ်သင့် ထလာထုရွာအတွက် ထောက်ပံ့ရေးပစ္စည်းများကို ပို့ဆောင်နိုင်ဖို့ ကူညီဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#WorldPolitics
Published- 28 March 2022
မြောက်ကိုရီးယားက စွမ်းအားမြင့် တိုက်ခိုက်ရေးလက်နက်များကို ဆက်လုပ်ထုတ်လုပ်သွားမှာဖြစ်ပြီး ထိုလက်နက်ပစ္စည်းများကို လဲလှယ်ရောင်းချခြင်းပြုလုပ်သွားမှာမဟုတ်ဘူးလို့ ကင်မ်ဂျုန်အန်က တနင်္လာနေ့ကပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာကဖော်ပြလိုက်ပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့က မြောက်ကိုရီးယားတိုက သူတို့ရဲ့အင်အားအကြီးမားဆုံးတိုက်ချင်းပစ်ဒုံးကျည်(ICBM)ကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
ထိုစမ်းသပ်မှုမှာပါဝင်ခဲ့ကြတဲ့ အရာရှိများ၊ သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ၊ အလုပ်သမားများနဲ့ ကင်မ်ဂျုန်အန်က တွေ့ဆုံခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က တင်ပြထားပါတယ်။
"ဘယ်သူကမှမရပ်တန့်နိုင်တဲ့ စစ်လက်နက်အင်အားမျိုး ကိုယ့်ဆီမှာရှိမှ စစ်ပွဲကိုတားဆီးနိုင်မယ်၊ နိုင်ငံလုံခြုံရေးကို အာမခံနိုင်မယ်၊ နယ်ချဲ့သမားတွေရဲ့ခြိမ်းခြောက်မှုတွေကို တားဆီးထိန်းချုပ်နိုင်မယ်" လို့ 'ကင်မ်'ကပြောကြားခဲ့ပါတယ်။
ကြာသပတေးနေ့က ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို 'ကင်မ်ဂျုန်အန်'ကိုယ်တိုင်ကြီးကြပ်ခဲ့ရာ အဆိုပါတိုက်ချင်းပစ်ဒုံးကျည်အသစ်က အမေရိကန်တို့ ရဲ့စစ်ရေးလှုပ်ရှားမှုမှန်သမျှကို ဖျက်ဆီးနှောင့်ယှက်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲအပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အမေရိကန်နဲ့မြောက်ကိုရီးယားတို့ စစ်ရေးနည်းပညာပိုင်းမှာ ပြိုင်ဆိုင်နေခဲ့တာဖြစ်ပါတယ်။
အမေရိကန်ကိုပစ်မှတ်ထားတိုက်ခိုက်လာမှာစိုးတဲ့အတွက် မြောက်ကိုရီးယားတို့ အနေနဲ့ နျူကလီးယားလက်နက်များနဲ့ တိုက်ချင်းပစ်ဒုံးကျည်များကို လျှော့ချထုတ်လုပ်ဖို့ အမေရိကန်တို့ ကဖိအားပေးဖို့ ကြိုးစားနေကြပါတယ်။
ဒါပေမဲ့'ကင်မ်'ကတော့ သူတို့ ရဲ့ခုခံကာကွယ်ရေးလက်နက်တွေကို လဲလှယ်ရောင်းချသွားမှာမဟုတ်သလို ခက်ခက်ခဲခဲထုတ်လုပ်ထားရတာကြောင့် ဆက်လက်ထိန်းသိမ်းထားဖို့ တွေဝေနေမှာမဟုတ်ကြောင်း၊ ဒီထက်ပိုမိုစွမ်းအားမြင့်တဲ့စစ်လက်နက်တွေ ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားတို့ ရဲ့လုပ်ရပ်က အန္တရာယ်များတာကြောင့် ကုလသမဂ္ဂအနေနဲ့ ဒဏ်ခတ်ပိတ်ဆိုမှုများပြုလုပ်ဖို့ ကို တိုက်တွန်းသွားမှာဖြစ်ကြောင်း အမေရိကန်က သောကြာနေ့ကပြောကြားလိုက်ပါတယ်။
ဒါပေမဲ့တရုတ်နဲ့ရုရှားတို့ ကတော့ မြောက်ကိုရီးယားကိုသတိပေးပြောကြားဖို့ ကို ငြင်းဆန်လိုက်ကာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခြင်းများကို လျှော့ချပေးဖို့ တုန့်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်မှပြောကြားချက်အရ ကြာသပတေးနေ့ကစမ်းသပ်ပစ်လွှတ်ခဲ့တဲ့ဒုံးကျည်ဟာ ဟွာဆောင်-၁၇ ဖြစ်ပြီး ဂျပန်နဲ့တောင်ကိုရီးယားတို့ ကလည်း ဒီစမ်းသပ်ပစ်လွှတ်မှုက မြောက်ကိုရီးယားတို့ ကအရင်ကစမ်းသပ်ခဲ့တဲ့ဒုံးကျည်တွေထက် အမြင့်ပိုရောက်ကာ ပိုပြီးဝေးကွာတဲ့ပစ်မှတ်သို့ ရောက်ရှိနိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့သုံးသပ်သူတို့ ရဲ့အဆိုအရ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာအနေနဲ့ အရင်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဗီဒီယိုအဟောင်းကို ချပြခဲ့ဟန်တူတယ်လို့ ဆိုနေကြသလို တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနရဲ့ဖော်ပြချက်မှာလည်း ပိုမိုသေးငယ်တဲ့ ဟွာဆောင်-၁၅ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်နိုင်ကြောင်း ဆိုးလ်နဲ့ဝါရှင်တန်တိုမှ ထောက်လှမ်းရေးအရာရှိများက ယူဆနေကြပါတယ်။
Source: Reuters
#LocalNews
Published_ 28 March 2023
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊မြေနီကုန်းတံတားအဆင်းမှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ မတ်လ ၂၈ ရက် ဒီကနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဆိုင်မီးလောင်မှုဟာ မနက် ၇ နာရီ ၂၅ မိနစ်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး တစ်ဆိုင်လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။
အဆိုပါဖြစ်စဥ်ကို မြို့နယ်မီးသတ်စခန်းက Level 1 အဆင့်မီးသတ်ကားတွေနဲ့ ငြိမ်းသတ်ခဲ့ကြပြီး မနက် ၇ နာရီခွဲမှာမီးထိန်းနိုင်ခဲ့ကာ မနက် ၇ နာရီ ၄၀ မိနစ်မှာမီးငြိမ်းသွားခဲ့ပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မထုတ်ပြန်သေးပါဘူး။
#ymg_mnn
#Yangon_Media_Group
#WorldHealth
Published 28 March 2022
အသက်ငယ်ရွယ်သေးတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲရှိ ကိုလက်စ်ထရောနဲ့ ဂလူးကိုစ်ပမာဏကို ပုံမှန်အတိုင်းအတာအတွင်းထိန်းသိမ်းထားနိုင်ပါက အသက်ကြီးလာတဲ့အခါ အယ်ဇိုင်းမားရောဂါဖြစ်ပွားခြင်းကို ကာကွယ်နိုင်ပါတယ်။
အသက် ၃၅ နှစ်အရွယ်မှာ ခန္ဓာကိုယ်အတွက် အကျိုးပြုကိုလက်စ်ထရော(HDL)နည်းပါးခြင်းနဲ့ ထရိုင်ဂလစ္စရိုက်(triglyceride)များပြားခြင်းတို့က အယ်ဇိုင်းမားရောဂါဖြစ်လာနိုင်မှုနဲ့ ဆက်စပ်လျက်ရှိကြောင်း ဘော့စ်တွန်တက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာသုတေသီတို့က ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
အသက် ၅၁ နှစ်မှ ၆၀ နှစ်ကြားမှာ သွေးတွင်းသကြားဓာတ်မြင့်မားနေခြင်းကလည်း အနာဂတ်မှာအယ်ဇိုင်းမားရောဂါဖြစ်လာနိုင်ချေများနေပါတယ်။
"သွေးတွင်းရှိ ကိုလက်စ်ထရောနဲ့ဂလူးကိုစ်ပမာဏက အယ်ဇိုင်းမားရောဂါနဲ့ဆက်စပ်နိုင်ချေရှိတာကို အရင်ကလည်းတွေ့ရှိခဲ့ပြီးဖြစ်ပြီး ကျွန်တော်တို့ထင်ထားတာထက် ပိုပိုစောလျင်စွာဖြစ်ပေါ်လာနိုင်တာကိုတော့ အခုမှသိရှိကြရပါတယ်" လို့ ဘော့စ်တွန်ဆေးပညာတက္ကသိုလ်မှ စာတမ်းပြုစုသူ'လင်ဆေးဖယ်ရာ'က ပြောကြားခဲ့ပါတယ်။
LDL ပမာဏမြင့်မားခြင်းက အယ်ဇိုင်းမားဖြစ်နိုင်ချေနဲ့ဆက်စပ်နေတာကို အရင်ကတွေ့ရှိခဲ့ပေမယ့် HDL နဲ့ အယ်ဇိုင်းမားရောဂါဆက်စပ်မှုကိုတော့ အဲဒီတုန်းကသေချာကောက်ချက်မချနိုင်ခဲ့ပါဘူး။
ဒီလေ့လာမှုမှာ သိပ္ပံပညာရှင်တွေက ဖရမ်မင်ဂမ်နှလုံးဌာနမှလူများကို ၄ နှစ်ခြားတစ်ခါ စစ်ဆေးလေ့လာခဲ့တာဖြစ်ပါတယ်။
လူလတ်အရွယ်အစောပိုင်း(အသက် ၃၅ မှ ၅၀ ကြား)နဲ့ အသက်အလတ်ပိုင်း(အသက် ၅၁ မှ ၆၀ ကြား)လူတွေမှာ ကောင်းကျိုးပြုကိုလက်စ်ထရော(HDL)နည်းပါးခြင်းက အယ်ဇိုင်းမားရောဂါဖြစ်လာနိုင်တဲ့ ရှေ့ပြေးလက္ခဏာဖြစ်နေပါတယ်။
သွေးတွင်းဂလူးကိုစ်ပမာဏများပြားခြင်းကလည်း ဆီးချိုရောဂါဖြစ်လာနိုင်တဲ့အပြင် အယ်ဇိုင်းမားရောဂါပါ ဖြစ်လာနိုင်တဲ့လက္ခဏာဖြစ်ပါတယ်။
ဖရမ်မင်ဂမ်နှလုံးဌာနမှသုတေသနက ပတ်ဝန်းကျင်ဒေသအရပ်ရပ်မှ အသက်အရွယ်ပေါင်းစုံလူတွေကို ၁၉၄၈ ခုနှစ်ကစပြီး လေ့လာနေခဲ့တာဖြစ်ပြီး အယ်ဇိုင်းမားနဲ့ နှလုံးရောဂါ ဆီးချိုရောဂါတို့ကြား ဆက်စပ်ဖြစ်ပွားနိုင်တဲ့လက္ခဏာတွေကို ဘဝသက်တမ်းအစောပိုင်းမှာတွေ့နိုင်လောက်တဲ့အထိ သိရှိခဲ့ရကြောင်း ဆိုပါတယ်။
ဘရစ်ဂန်နဲ့ အမျိုးသမီးဆေးရုံသုတေသီများက နေ့ခင်းအချိန်အလွန်အကျွံအိပ်စက်ခြင်းက အယ်ဇိုင်းမားဖြစ်လာနိုင်ချေများကြောင်းနဲ့ အယ်ဇိုင်းမားဝေဒနာရှင်တွေကို စစ်ဆေးကြည့်တဲ့အခါ အသက်ကြီးလာတာနဲ့အမျှ နေ့ခင်းအိပ်ချိန်ပိုကြာလာကြောင်း တွေ့ရှိခဲ့ကြပါတယ်။
Source: Mercurynews
#Yangon_Media_Group
#WorldHealth
Published 28 March 2022
ကိုဗစ်ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာမှာ လူပေါင်း ၆ သန်းကျော်အသက်သေဆုံးခဲ့ရပေမယ့် ကလေးငယ်တွေမှာ လူကြီးတွေလောက်ရောဂါပြင်းထန်ခြင်းမရှိတာကတော့ နားလည်ရခက်ခဲနေခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ် ကိုဗစ်ရောဂါစတင်ပေါ်ပေါက်ပြီး ကမ္ဘာအနှံအပြားသို့ပျံ့နှံစဉ်က ဒီဗိုင်းရပ်စ်အကြောင်းသိရှိအောင်နဲ့ ကာကွယ်တိုက်ဖျက်ဖို့ကို သိပ္ပံပညာရှင်တွေနားလည်အောင်ကြိုးစားခဲ့ကြပြီး ကိုဗစ်လူနာတွေကိုနည်းလမ်းအမျိုးမျိုးနဲ့ ကယ်တင်နိုင်အောင်ကြိုးပမ်းခဲ့ကြပါတယ်။
ဆေးရုံတက်ကုသခံယူခဲ့ရတဲ့ကလေးငယ်တွေဟာ အနည်းငယ်မျှသာဖြစ်ပြီး ဒီလိုမျိုး ရောဂါပြင်းထန်စွာမဖြစ်ပွားရတဲ့အကြောင်းအရင်းက ကျန်းမာရေးပညာရှင်တွေအတွက်လည်း အံ့အားသင့်ခဲ့ရပါတယ်။
အခုဆိုရင် ကိုဗစ်ရောဂါအပေါ် ကလေးငယ်တွေနဲ့ လူကြီးတွေကြား တုန့်ပြန်ပုံကွာခြားမှုကို တဖြည်းဖြည်းနားလည်လာကြပါပြီ။
"ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့ ကလေးငယ်တွေရဲ့ သဘာဝရောဂါခုခံအားပိုမိုထိရောက်မှု၊ ကိုယ်ခံအားအလွန်အကျွံတုန့်ပြန်မှုအဖြစ်နည်းခြင်း၊ အခြားရောဂါအခံနည်းပါးခြင်း၊ အသက်ရှူလမ်းကြောင်းအပေါ်ဘက်ရှိ ACE-2 receptor နည်းပါးခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်" လို့ ယူကေရှိ ကာဒစ်ဖ်ဆေးပညာတက္ကသိုလ်မှကူးစက်ရောဂါပညာရှင် ဒေါက်တာ'အန်ဒရူးဖရိဒ်မန်း'က ပြောကြားခဲ့ပါတယ်။
ACE-2 receptor ဟာ ကိုရိုနာဗိုင်းရပ်စ်တွေလာရောက်ချိတ်ဆက်တဲ့နေရာဖြစ်ပါတယ်။
တိတိကျကျသိရဖို့ နောက်ထပ်လေ့လာမှုတွေပြုလုပ်ဖို့လိုအပ်သေးပေမယ့် ကလေးငယ်တွေမှာ ရောဂါပြင်းထန်စွာမဖြစ်ကြောင်း အထောက်အထားတွေခိုင်လုံနေတဲ့အပြင် ဘာကြောင့်ဖြစ်ရသလဲဆိုတာကိုလည်း သိရှိလာရပြီဖြစ်ပါတယ်။
ကိုယ်ခန္ဓာထဲမှရောဂါခုခံအားက အသက်အရွယ်ကြီးလာတာနဲ့အမျှ တုန့်ပြန်မှုနှောင့်နှေးလာကြပြီး ရောဂါအခံရှိသူတွေဆိုရင် ကိုဗစ်ရောဂါကိုပိုပြီးခံစားရနိုင်ပါတယ်။
ကလေးငယ်တွေရဲ့သဘာဝရောဂါခုခံအားက လူကြီးတွေထက်ပိုပြီးအားကောင်းနေခြင်းက အဓိကကွာခြားချက်ဖြစ်နေပါတယ်။
ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတို ဝင်ရောက်လာတဲ့အခါ ရောဂါခုခံအားစနစ်က အင်တာဖရွန်(Interferon)တွေထုတ်ပေးပြီး ဗိုင်းရပ်စ်ပွားခြင်းကိုထိန်းချုပ်ပေးနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ ကလေးငယ်တွေအနေနဲ့ ဆေးရုံတွေ စာသင်ကျောင်းတွေကိုသွားတဲ့အခါ ဗိုင်းရပ်စ်တွေနဲ့ပိုမိုထိတွေ့နေရတာကြောင့်လည်း ပါဝင်ပါတယ်။
ထိတွေ့ရတဲ့ဗိုင်းရပ်စ်တွေက သာမန်အအေးမိဖျားနာဗိုင်းရပ်စ်တွေဖြစ်ပြီး ဒီဗိုင်းရပ်စ်တွေကနေ ရောဂါခုခံအားတွေ ပိုမိုရရှိနေတာဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါအတွင်း အသက်သေဆုံးခဲ့တဲ့ကလေးငယ်တွေကတော့ နာတာရှည်ရောဂါတွေခံစားနေရပြီး ရောဂါအခံရှိနေတဲ့ကလေးများဖြစ်ပါတယ်။
Source: CNBC
#Yangon_Media_Group
#TV_Yangon_Times_Mattersအစီအစဉ်
Published - 27 March 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က ဒါရိုက်တာအောင်စိုးဦး(ကိုအလင်္ကာ) နဲ့ အတူ "သီချင်းဖြစ်သွားသောကဗျာများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ဝင်စားဖွယ်ရာ ကဗျာ အကြောင်းအရာတွေ ကိုဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
#TV_Yangon_Times_Mattersအစီအစဉ်
Published - 27 March 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က ဒါရိုက်တာအောင်စိုးဦး(ကိုအလင်္ကာ) နဲ့ အတူ "သီချင်းဖြစ်သွားသောကဗျာများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ဝင်စားဖွယ်ရာ ကဗျာ အကြောင်းအရာတွေ ကိုဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published -27 Mar 2022
မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံတကာတပ်မတော်တွေနဲ့ ဆက်ဆံရေးမြှင့်တင်ကာ ကာကွယ်ရေးလုံခြုံရေးတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
မတ်လ ၂၇ ရက်နေ့ မနက်ကကျင်းပပြုလုပ်တဲ့ ၇၇ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမိန့်ခွန်းပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေဟာ နိုင်ငံတစ်နိုင်ငံထဲသာ တွေ့ကြုံနေရတာမဟုတ်ဘဲ ဒေသတွင်းနိုင်ငံတွေသာမကဘဲ ကမ္ဘာတစ်ဝှမ်းမှာ နိုင်ငံဖြတ်ကျော်မှုအသွင်နဲ့ ရင်ဆိုင်နေကြရတာပါ ဒါ့ကြောင့် တပ်မတော်အနေနဲ့ ဒေသတွင်းနိုင်ငံတွေအပါအဝင် နိုင်တကာတပ်မတော်တွေနဲ့ ဆက်ဆံရေးမြှင့်တင်ပြီး ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ ပိုပြီးပူးပေါင်းဆောင်ရွက်နေပါတယ်"ဟု သူကပြောပါတယ်။
ဒါ့အပြင်မြန်မာ့တပ်မတော်အနေနဲ့ကမ္ဘာ့နိုင်ငံများအား အဓိကခြိမ်းခြောက်နေသည့် အကြမ်းဝါဒနဲ့အကြမ်းဖက်လုပ်ဆောင်မှုများအား ကာကွယ်တိုက်ဖျက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊အာဆီယံအပေါင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ပူးပေါင်းကာဒေသတွင်းဆွေးနွေးပွဲများ၊အလုပ်ရုံဆွေးနွေးပွဲများနဲ့ ညီလာခံများမှာ တက်ကြွစွာပါဝင်လျက်ရှိတယ်လို့ဆက်လက်ပြောဆိုပါတယ်။
"နိုင်ငံတကာတပ်မတော်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ မြန်မာ့တပ်မတော်ရဲ့စွမ်းရည်ကို ပိုမိုတိုးတက်မြင့်မားလာစေပြီး နိုင်ငံတော်ကာကွယ်ရေးစွမ်းအားကို ပိုမိုအထောက်အကူဖြစ်စေပါတယ်"ဟု သူကပြောသည်။
ထို့ကြောင့် ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံတကာတပ်မတော်များနှင့် ကောင်းမွန်ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမယ်"လို့ တပ်ချုပ် က မိန့်ခွန်းပြောကြားရာမှာ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး နစကဥက္ကဌက အကြမ်းဖက်အဖွဲ့တွေနဲ့ ထောက်ပံ့ပေးနေသူတွေကို တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ နှိမ်နှင်းသွားမှာဖြစ်သလို NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စဉ်ဆက်မပြတ်တွေ့ဆုံမှာဖြစ်ကာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်သားလက်နက်ကိုင်တွေကိုလည်း ကြိုတင်ကန့်သတ်ချက်မထားတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ymg/hm
#Yangon_Media_Group
#TV_Yangon_Times_Mattersအစီအစဉ်
Published - 27 March 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က ဒါရိုက်တာအောင်စိုးဦး(ကိုအလင်္ကာ) နဲ့ အတူ "သီချင်းဖြစ်သွားသောကဗျာများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ဝင်စားဖွယ်ရာ ကဗျာ အကြောင်းအရာတွေ ကိုဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
Page 1528 of 1617