Published 25 February 2022
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတဗလက်ဒီမီယာပူတင်တို့ဟာ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်လို့ ဖေဖော်ဝါရီ(၂၅)ရက် သောကြာနေ့မွန်းလွဲပိုင်းမှာ တယ်လီဖုန်းဆက်သွယ်ပြောဆိုခဲ့ကြပါတယ်။
ရုရှားရဲ့သမ္မတပူတင်က အမေရိကန်နှင့်နေတိုးအဖွဲ့ဟာ ရုရှားရဲ့ တရားဝင် လုံခြုံရေးရာစိတ်ပူပန်မှုကိုမျက်ကွက်ပြုပြီး ရုရှားရဲ့ မဟာဗျူဟာမျဉ်းနီကို စိန်ခေါ်ခဲ့တယ်လို့ပြောလိုက်ပြီး ယူကရိန်းနှင့်အဆင့်မြင့်အပိုင်းဆွေးနွေးဖို့ဆန္ဒရှိတယ်လို့ပြောပါတယ်။ တရုတ်သမ္မတရှီကလည်း ရုရှားရဲ့ စေ့စပ်ဆွေးနွေးမှုက တစ်ဆင့်ဖြေရှင်းမယ်ဆိုတာကို ထောက်ခံတယ်လို့ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
Source CMG
Published 25 February 2022
ရုရှားကျူးကျော်တိုက်ခိုက်မှုအပေါ် ဥရောပသမဂ္ဂ၏ တုန့်ပြန်မှုဟာ သိပ်ပြီးနှေးကွေးလွန်းတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇီလင်စကီး က ဖေဖော်ဝါရီ ၂၅ရက်က ဝေဖန်ပြောကြားလိုက်ပါတယ်။ လက်စားချေတုန့်ပြန်မယ့်အစီအစဉ်တွေဟာ အဆင်သင့်ရှိနေရမယ်လို့သူကတောင်းဆိုလိုက်ပါတယ်။
Source AFP
Published 25 February 2022
အိမ်နီးချင်းဥရောပနိုင်ငံတွေဟာ ယူကရိန်းနိုင်ငံသားတွေ ထွက်ပြေးဖို့ ပိုသင့်တော်တဲ့နေရာတွေဖြစ်ပေမယ့် အမေရိကန်ပြည်ထောင်စုအနေနှင့်လည်း ယူကရိန်းက ဒုက္ခသည်တွေကို လက်ခံဖို့ပြင်ဆင်နေတယ်လို့ အိမ်ဖြူတော် သတင်းပြန်ကြားရေးမှူး ဂျင်းနစ်ဆာကီက ပြောပါတယ်။ ဒါပေမယ့် ယူကရိန်းအများစုကတော့ ဥရောပမှာပဲ အခြေချချင်ကြမှာြဖစ်တယ်လို့ သူမက စောဒကတက်လိုက်ပါတယ်။
ဖေဖော်ဝါရီ၂၄ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ “ အမေရိကန်အနေနှင့် ယူကရိန်းဒုက္ခသည်တွေကို လက်ခံမှာလား” ဆိုတဲ့ မေးခွန်းကို ဆာကီက တုန့်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ ဒါပေမယ့် အများစုကတော့ အိမ်နီးချင်းဥရောပနိုင်ငံတွေကိုပဲသွာချင်ကြမယ်လို့ ကျွန်မတို့ အသေအချာမျှော်လင့်ထားပါတယ်” လို့ သူမကပြောပါတယ်။
ဘိုင်ဒင်ရဲ့အစိုးရအနေနှင့် သူတို့ရဲ့လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ၊ ဒုက္ခသည်တွေအတွက် သူတို့လက်ခံနိုင်မယ့်နေရာက ဘယ်မှာလဲဆိုတာတွေနှင့်ပတ်သက်ပြီး ဥရောပနိုင်ငံတွေနှင့်အလုပ်လုပ်နေတယ်လို့လည်း သူမကဆက်ပြောပါတယ်။
ဥပမာပြရရင် ပိုလန်နိုင်ငံဆိုရင် လွန်ခဲ့သော ၂၄နာရီကတည်းက ယူကရိန်းတွေ အလုံးလိုက်အရင်းလိုက်ဝင်ရောက်လာနေတဲ့ အတွေ့အကြုံတွေရှိနေပြီ လို့လည်းသူမက ရည်ညွှန်းပြောဆိုပါတယ်။
ဒုက္ခသည်တွေကို အမေရိကန်ကိုယ်တိုင်က လက်ခံဖို့ ပြင်ဆင်နေပြီလားလို့ ထပ်မေးတဲ့အခါ “ သမ္မတအနေနှင့် ဒါအတွက် အသေအချာပြင်ဆင်မှာပါ”လို့ သူမကဖြေပါတယ်။ အိမ်နီးချင်းဥရောပနိုင်ငံတော်တော်များများဟာ ဒုက္ခသည်တွေအတွက်ဖွင့်ပေးမယ်လို့ပြောဆိုထားပါတယ်။ ယူကရိန်းနိုင်ငံသားတော်တော်များများကတော့ ဥရောပနိုင်ငံတွေကိုပဲသွာချင်ကြမှာပါ လို့သူမကပြောပါတယ်။
ရုရှားသမ္မတပူတင်က လူဟန့်နှင့်ဒွန်ညက်တို့ကို ကာကွယ်ဖို့ ဒွန်ဘတ်စ်ဒေသမှာ အထူးစစ်ဆင်ရေးလုပ်မယ်လို့ ကြေညာပြီးတဲ့နောက် ရုရှးဟာ ကြာသပတေးနေက ယူကရိန်းကို လေကြောင်း တိုက်ခိုက်မှုတွေစတင်ခဲ့ပါတာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံသားတော်တော်များများဟာ နိုင်ငံကထွက်ခွာနေကြတာကို ဗွီဒီယိုတွေမှာမြင်တွေ့ကြရပါတယ်။ အများစုကတော့ ပိုလန်နှင့် အိမ်နီးချင်ဥရောပနိုင်ငံတွေဘက် ဦးတည်သွားနေကြတာဖြစ်ပါတယ်။
Source RT
#LocalNews
Published - 25 Feb 2022
အရှိန်မထိန်းနိုင်သည့်ကားက ဆိုင်ကယ်အား တိုက်ပြေးမှုကြောင့် ဆိုင်ကယ်စီးလာသူ တစ်ဦးသေဆုံးခဲ့ပြီးတစ်ဦးဒဏ်ရာရခဲ့သည့်ဖြစ်စဉ်တစ်ခု မုံရွာမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ဒီကနေ့( ဖေဖော်ဝါရီ ၂၅)ရက်တွင် မုံရွာ -မန်းလေးလမ်း ချောင်းဦးမြို့အဝင် "စိုး" ဆီဆိုင်အနီး
တွင် ကားတစ်စီမှ ဆိုင်ကယ်တစ်စီးအား တိုက်ပြေးသဖြင့် ဒဏ်ရာရ လူနာ(၂)ဦး ရှိကြောင်း တာဝန်သိပြည်သူတစ်ဦးက သတင်း ပေးပို့လာသဖြင့် မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)က ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။
ယင်းဖြစ်စဉ်ကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။အဆိုပါ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူအား ချောင်းဦး မီးသတ်တပ်ဖွဲ့ နဲ့အတူ ချောင်းဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် မုံရွာဆေးရုံကြီးသို့ ကူညီပို့ဆောင်ခဲ့တယ်လို့လည်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)က သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)
ymg/kg
#Yangon_Media_Group
#LocalNews
Published - 25 Feb 2022
ပြည်ပစားသုံးဆီတင်သွင်းမှုအနေနဲ့ ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာပွင့်ဆန်း ပြောကြားချက်အရသိရပါတယ်။
ပြည်ပကနေ စားသုံးဆီတင်သွင်းမှုအနေနဲ့ ကာလတူနှိုင်းယှဉ်ချက်အရ ယခင်နှစ်တွင် တန်ချိန် ၃ ဒဿမ ၁ သိန်းကျော်ခန့် တင်သွင်းခဲ့ပြီး ယခုနှစ်မှာ ၂ ဒဿမ ၃ သိန်းခန့်သာ တင်သွင်းခဲ့တဲ့အတွက် ရာခိုင်နှုန်းအနေနဲ့ ၃၀ ရာခိုင်နှုန်း အထိ လျှော့ချထိန်းညှိနိုင်ခဲ့တယ်လို့ စားသုံးဆီ အရည်အသွေး၊ ဈေးနှုန်းကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ ဝန်ကြီးက အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။
ဒ့ါအပြင် ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို မူဝါဒအရ လျှော့ချပြီး အကန့်အသတ်နဲ့ တင်သွင်းတဲ့အစီအစဉ်ကို ယခု Mini Budget မှစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်းလိုအပ်ကြောင့် စားသုံးဆီကို ပြည်ပကနေ တင်သွင်းနေရတာကြောင့် နိုင်ငံခြားငွေ ဆုံးရှုံးတဲ့အတွက် ဆီလျှော့စားသုံးဖို့ နစက ဥက္ကဋ္ဌက သတိပေးတာတွေရှိခဲ့ပါတယ်။
ကမ္ဘာ့ဈေးနှုန်းမှာ ယခုနှစ် ဇန်နဝါရီလအတွင်း စားသုံးဆီ တစ်တန်ကို ပျမ်းမျှ ၁၄၀၇ ဒေါ်လာရှိပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်း ပျမ်းမျှအားဖြင့် ၁၅၅၀ ဒေါ်လာခန့်မှ ယခုအပတ်အတွင်း ပျမ်းမျှအားဖြင့် ၁၆၄၀ ဒေါ်လာခန့်ထိ တဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်။
ပြည်တွင်းစားသုံးဆီဈေးနှုန်းမှာ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၇ ရက်အထိ ရည်ညွှန်းဈေးနှုန်းအနေနဲ့ တစ်ပိဿာကို လက်ကားဈေးနှုန်း ၅၄၀၀ ကျပ်၊ လက်လီပေပါဈေးနှုန်း ၅၄၅၀ ကျပ်နဲ့ လက်လီပုံးဆွဲဈေးနှုန်းမှာ ၅၅၅၀ ကျပ်ရှိ ကြောင်း သိရပါတယ်။
ymg/ei
#Yangon_Media_Group
Published 25 February 2022
အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြာကျွန်းမြောက်ပိုင်းမှာ သောကြာနေ့မနက်က
ပြင်းအား ၆.၂အဆင့်ရှိတဲ့ ငလျင်ကြီးတစ်ခု လှုပ်ရှားသွားပါတယ်။
ဆူမတ်တြာကျွန်း၊ ဘူကစ်တင်ဂီမြို့ကနေ ၆၆ကီလိုမီတာဝေးတဲ့အရပ်ကို ဗဟိုပြုပြီး
ငလျင်ဟာ မြေအောက် အနက်၇.၅မိုင်ခန့်ကနေ လှုပ်ရှားသွားတာဖြစ်ပါတယ်။
ငလျင်ကြောင့်မြေပြိုမှုတွေဖြစ်ပွားပြီး အနည်းဆုံးလူနှစ်ဦးသေဆုံးပြီး လူ(၂၀)ခန့် ဒဏ်ရာရရှိကာ အိမ်နှင့်အဆောက်အဦအချို့ပြိုကျပျက်စီးခဲ့တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။
အနောက်ပါဆာမန်မှာရှိတဲ့ဆေးရုံမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ပို့ဆောင်ပေးနေပါတယ်
မလေးရှားနှင့်စင်္ကာပူမှာရှိတဲ့သူတွေကလည်း ငလျင်ဒဏ်ခံစားကြရတယ်လို့ပြောပါတယ်
Source AFP
#DailyNews
Published - 25 Feb 2022
(၁) ယခုရက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်မှု ပြန်တက်လာ
(၂) လျှပ်စစ်မီးပုံမှန်မရသလို စက်သုံးဆီဈေးကြောင့် အထည်ချုပ်စက်ရုံများအပိုကုန်ကျစရိတ်များလျှော့ချနေရ
(၃) နေ့စဉ်မိုးလေဝသ သတင်း
(၄) ပြင်သစ်တွင် အဖိုးတန်သားရေအလုပ်ရုံနှစ်ရုံဖွင့်လှစ်ခဲ့သည့် လူးဝစ်ဗစ်တန်ကုမ္ပဏီ.....အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ။
#Yangon_Media_Group
#sport
Publishes_ 25 Feb 2022
အောင်လအန်ဆန်းနှင့် ရုရှားနိုင်ငံသား ဗစ်တာလီဗစ်ဒက်ရှ်တို့ ယနေ့ ညနေပိုင်းမှာ စင်ကာပူနိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ ယခုအကြိမ် ထိုးသတ်မှုကတော့ တတိယအကြိမ်မြောက် တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။
ဒီကနေ့ပွဲကိုတော့ One Championship က စီစဉ်တာဖြစ်ပြီး စင်ကာပူ နိုင်ငံမှာ ပြုလုပ်ခြင်းဖြစ်ကာ ၎င်းတို့ပွဲစဉ်အပါအဝင် တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်မှာဖြစ်ပါတယ်။ဒီကနေ့ ပွဲစဉ်တွေမှာ ကမ္ဘာ့ချန်ပီယံလုပွဲ ၂ ပွဲ ပါဝင်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ လက်ရှိချန်ပီယံ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် စိန်ခေါ်သူ ကာဂျစ္စတန် နိုင်ငံသား အဘာဆော့ဗ်တို့ ထိုးသတ်မှာဖြစ်ကာ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာတော့ လက်ရှိ ချန်ပီယံ ယူကရိန်း နိုင်ငံသား ရိုမန်နှင့် စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား မူရတ်တို့ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
Published 25 February 2022
လွန်ခဲ့တဲ့သုံးနှစ်ကျောက်က ရုပ်ရှင်မင်းသား၊ဟာသသရုပ်ဆောင်နှင့် ဖျော်ဖြေရေးကုမ္ပဏီအမှုဆောင်တစ်ဦးအဖြစ် လူသိထင်ရှားဖြစ်ခဲ့တဲ့ ဗိုလိုဒီမီယာ ဇီလင်စကီးဟာ အခုတော့ ယူကရိန်းသမ္မတအဖြစ်နှင့် ရုရှားနှင့်စစ်ဖြစ်ပွားနေတဲ့ နိုင်ငံကို ဦးဆောင်သူဖြစ်နေရပြီလို့ NPR သတင်းဌာနကသတင်းရေးသားလိုက်ပါတယ်။
ရွေးကောက်ပွဲမဝင်ခင်က ဇီလင်စကီးဟာ နာမည်ကျော် Servant Of the People ပြည်သူတို့၏ အစေခံ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ဇာတ်လိုက်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဇာတ်ကားကို သူကိုယ်တိုင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အသက်၃၀ကျော်အရွယ် အထက်တန်းကျောင်းက သမိုင်းဆရာကလေးတစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။ တစ်ရက်မှာ သူဟာ အတန်းထဲမှာ အစိုးရရဲ့ အကျင့်ပျက်ခြာစားမှုတွေကို လှောင်ပြောင်ဝေဖန်ပြောဆိုခဲ့တာကို အတန်းထဲက တပည့် တစ်ဦးက ဆိုရှယ်မီဒီယာ ပေါ်တင်လိုက်တဲ့အတွက် နေ့ချင်းညချင်းနာမည်ကြီးသွားပြီး အဲဒီကနေ သမ္မတအဖြစ် အရွေးခံရတဲ့ သရော်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
သူဟာ အသက်(၁၇)နှစ်အရွယ်ကတည်းက KVN လို့ခေါ်တဲ့ ပြည်တွငး်က ဟာသသရုပ်ဆောင်ပြိုင်ပွဲအဖွဲထဲ ဝင်ရောက်ခဲ့ရင်း ရုပ်ရှင်နှင့်ရုပ်သံလောကထဲရောက်ရှိလာသူပါ။ သူဟာ ရုပ်သံဇာတ်လမ်းတွေမှာ သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး ၂၀၁၅မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Servant Of the People ဇာတ်လမ်းတွဲမှာတော့ ယူကရိန်းသမ္မတအဖြစ် သရုပ်ဆောင်ရင်း နာမည်ကျော်လူကြိုက်များခဲ့တာပါ။
အဲဒီအောင်မြင်မှုကိုရယူရင်း ၂၀၁၈ခုနှစ်မှာ သူဟာ သူရဲ့ Kvartal 95 ရုပ်သံထုတ်လုပ်ရေးကုမ္ပဏီကအဖွဲ့သားတွေနှင့်အတူတူ Servant Of the People အမည်နှင့်ပဲ နိုင်ငံရေးပါတီတည်ထောင်ခဲ့ပါတယ်။အဲဒီကမှတစ်ဆင့် လူကြိုက်များမှုအပေါ်အခြေခံကာ သမ္မတရွေးကောက်ပွဲအဆင့်ဆင့်ဖြတ်ကျော်ရင်း ယူကရိန်းသမ္မတဖြစ်လာခဲ့ပါတယ်။
တကယ်တမ်းအပြင်မှာ သူသမ္မတဖြစ်ခဲ့ရတာကတော့ တကယ့်ကိုမမျှော်လင့်ဘဲ ဖြစ်ခဲ့ရတာပါလို့ နယူးယောက်ကာသတင်းစာရဲ့ မော်စကိုသတင်းထောက် ဂျိုရှားယာဖာက ပြောပါတယ်။
ဒွန်ဘတ်စ်မှာဖြစ်ခဲ့တဲ့စစ်ရဲ့ရလာဒ်အဖြစ် ၂၀၁၉ခုနှစ်အထိ ယူကရိန်းမှာဖြစ်ခဲ့တဲ အားလျော့စိတ်ပျက်မှုတွေရဲ့အပေါ် သူက အမြတ်ထုတ်နိုင်ခဲ့ပြီး သမ္မတဖြစ်လာခဲ့တာပါ။အဲဒီပြသနာတွေက အခုထက်ထိဖြေရှင်းလို့လည်းမရသေးပါဘူးလို့ ယာဖာက ပြောပါတယ်။
“အဲဒီအချိန် ယူကရိန်းပြည်သူတွေက အခြားအပြောင်းလဲတစ်ခုကို အငမ်းမရလိုချင်ကြတယ်။အဲဒီအချိန်မှာ ဇီလင်စကီးက နိုင်ငံရေးမြင်ကွင်းမှာ ပေါ်လာပြီး သူရဲ့ နည်းပါးတဲ့အတွေ့အကြုံက အကျိုးရှိသွားစေတာလို့ ပွင့်ပွင့်လင်းလင်းပြောနိုင်တယ်” လို့ သူကဆက်ပြောပါတယ်။
“ရုရှားရဲ့ ယူကရိန်းအပေါ်ကျူးကျော်မှုဟာ ဇီလင်စကီးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု အသေအချာပဲ။ဒါပေမယ့် သူအစကနဦဲးမှာ အရင်ဆုံးရင်ဆိုင်ရတာက ရုပ်သံဇာတ်လမ်းထဲက သမ္မတနှင့် အပြင်က တကယ့်သမ္မတမတူတဲ့ ခက်ခဲရှုပ်ထွေးမှုတွေကို ထိန်းကျောင်းဆောင်ရွက်ရတဲ့ စိန်ခေါ်မှုပဲဖြစ်တယ်” လို့ ယာဖာကဆက်ပြောပါတယ်။
“အဲဒါကြောင့် သူ့ရဲ့သမ္မတအလုပ်ဟာ တကယ့်ကိုဖရိုဖရဲနှင့်အခက်အခဲတွေကြုံရတယ်။ဒါကို ဇီလင်စကီးနှင့် သူ့မိတ်ဆွေတွေက ကောင်းကောင်းသဘောပေါက်လိမ့်မယ်လို့ ကျွန်တော်တော့မထင်ဘူး။ လှည့်ဖျားမှုနှင့်ရှုပ်ထွေးမှုတွေအမျိုးမျိုးတွေနှင့် တကယ်တမ်းတော့ နိုင်ငံကိုအုပ်ချုပ်ရတာဖြစ်တယ်” လို့ယာဖာကပြောပါတယ်။
ယခုအချိန်မှာတော့ အသက်၄၄နှစ်ရှိပြီဖြစ်တဲ့ သမ္မတ ဇီလင်စကီးဟာ နိုင်ငံခြားသံရုံးတွေ ကိဗ်ကနေ ထွက်ပြေးနေတာ၊နိုင်ငံခြားသားကျွမ်းကျင်သူ တွေ၊ရင်းနှီးမြှပ်နှံသူတွေ ထွက်ပေးသွားကြတာကို စောင့်ကြည့်နေရတယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအသစ်ဆိုရင်လည်း ရပ်သွားပြီ” လို့ သူကဆက်ပြောပါတယ်။
“ပူတင်၊အနောက်နိုင်ငံတွေနှင့် ယူကရိန်းနိုင်ငံတွင်းက ပြည်တွင်း ဂိုဏ်းဂဏတွေအကြား သူ့အနေနှင့် ဖြေရှင်းပေးဖို့ အတော်မဖြစ်နိုင်ဘူး။ဒီစစ်ပွဲကို ဇီလင်စကီးမရပ်နိုင်ရတဲ့ ကြီးမားတဲ့အကြောင်းရင်းတစ်ခုကတော့ ဗလက်ဒီမာပူတင်ပဲ ဖြစ်ပါတယ် “လို့သူကပြောလိုက်ပါတယ်။
Source NPR/Wiki
Page 1417 of 1456