#LocalNews
Published - 3 Mar 2022
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကြီးကို(မတ်လ ၂ ရက်) နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘီအေဘွဲ့ရပုဂ္ဂိုလ်( ၂၂၁)ဦးကို အခမ်းအနားချိန် ၁ နာရီအတွင်း ပြီးစီးအောင်မြင်စွာဖြင့် ဘွဲ့များကို ချီးမြှင့်အပ်နှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားကို ခေတ်အခြေအနေအရ အကြပ်အတည်းကာလမှာ အခမ်းအနားကို ကျဉ်းနိုင်သမျှကျဉ်းအောင် တိတ်ဆိတ်ငြိမ်သက်စွာ ကျင်းပခဲ့သော်လည်း ဝေဝေဆာဆာမြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ကြောင်းနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပါဝင်ကြသည့် သင်္ကန်းအလှူရှင်၊ နဝကမ္မအလှူရှင်၊ ဆွမ်းအလှူရှင်၊ တံဆိပ်တုံးအလှူရှင်များနှင့် ဝေယျာဝစ္စ ပါဝင်ကုသိုလ်ပြုကြသူအားလုံးတို့အား အထူးကျေးဇူးတင်ရှိကြောင်း သီတဂူစတားအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခမ်းအနားအပြီးတွင် သင်္ကန်းအလှူနှင့် နေ့ဆွမ်းတို့ကိုလည်း ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - သီတဂူစတား။
ymg/kg
#Yangon_Media_Group
#DailyNews
Published - 3 Mar 2022
၁။ ကျောက်တူးခွင့်ပိတ်ထားသည့်ကြားမှ ဖားကန့်မြေစာပုံပြိုကျမှုဖြစ်ပွားဟု ဒေသခံများပြော
၂။ တရုတ်-မြန်မာ နယ်စပ်ဂိတ်များအားလုံး ပြန်ပိတ်သွားပြန်
၃။ မိုးလေဝသ သတင်း
၄။ ဗင်နီဇွဲလားပန်းချီဆရာတစ်ဦး ကမ္ဘာလှည့်သွားလာ၍ ကလေးတွေကိုပန်းချီပညာသင်ကြားပေးလျက်ရှိ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published-3 March 2022
ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့သွားမည့် မြန်မာစကားမပြောတတ်သည့် အထောက်အထားမဲ့ ၆၅ ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မတ်လတစ်ရက်က ဖမ်းဆီးအမှုဖွင့်ခံလိုက်ကြောင်း သိရသည်။
၎င်းတို့ မှာရခိုင်ပြည်နယ် စစ်တွေ ၊ မောင်တော ၊ ဘူးသီးတောင်မြို့နယ်များမှဖြစ်ပြီး မြဝတီမြို့ ရပ်ကွက်(၂) ရှိနေအိမ်တစ်လုံးတွင်တည်းခိုနေစဉ် မြဝတီမြို့မှ ရဲတပ်ဖွဲ့နှင့် လဝကတို့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သိရသည်။
"သူတို့တွေက ရခိုင်ပြည်နယ် စစ်တွေ ၊ မောင်တော ၊ ဘူးသီးတောင်မြို့နယ်တွေက မွတ်ဆလင်တွေလို့ သိရတယ်။သူတို့ကို မေးကြည့်တဲ့အခါ မလေးရှားက ဆွေမျိုးတွေဆီကိုသွားမယ်လို့ ပြောတယ်။ထိုင်းကနေတစ်ဆင့် သွားကြမှာပေါ့။ရောက်လာတာကိုဒေသခံတွေက သိလို့ ဖမ်းကြတာ။မြန်မာစကားမပြောတတ်ကြဘူး"ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူကပြောသည်။
အဆိုပါ ၆၅ ဦးတွင် အမျိုးသမီး ၃၈ ဦး ၊ အမျိုးသား ၂၇ ဦးဖြစ်ကြောင်းနှင့် ယင်းအထဲတွင် ကလေးငယ် ၁ဝ ဦးလည်းပါဝင်ကြောင်း ၊ယခုအခါ လဝက အက်ဥပဒေပုဒ်မ(၆၃)ဖြင့် အမှုဖွင့်ထားပြီး ပြစ်ဒဏ်ချမှတ်ပြီးပါက ရခိုင်သို့ ပြန်ပို့ရန်စီစဉ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 3 Mar 2022
ကရင်ပြည်နယ်မှ အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်ဖြစ်ခဲ့သော ပညာရေးဝန်ထမ်း ၂၆၅ ဦး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခွင့် ရရှိခဲ့ကြောင်း သိရပါတယ်။
အလုပ်ပြန်လည်ဝင်ခွင့်ရရှိသူများမှာ သင်ကြားရေးဝန်ထမ်း အထက်တန်းပြ ၃၀ ဦး၊ အလယ်တန်းပြ ၇၈ ဦး၊ မူလတန်းပြ ၁၂၈ ဦးနှင့် ရုံးဝန်ထမ်း ၁၃ ဦး စုစုပေါင်း ၂၆၅ ဦး ဖြစ်ကြောင်း သိရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်ခဲ့ကြတဲ့ ပညာရေးဝန်ထမ်းများအား ကရင်ပြည်နယ်အတွင်း လူသားအရင်းမြစ်များ မဆုံးရှုံးစေရေးအတွက် ထုတ်ပယ်ခြင်းခံရသူများထဲမှ အယူခံတင်ပြမှုအပေါ် ရာထူးတိုး ၂ နှစ် ဆိုင်းငံ့တဲ့ ပြစ်ဒဏ်ကိုသာချမှတ်၍ ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့တယ်လို့ နစက၊ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောပါတယ်။
ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ကာ အစိုးရကပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
အစဉ်လေ့လာသင်ယူနိုင်သော လူ့ဘောင်အဖွဲ့အစည်းကိုဖန်တီးပေးနိုင်တဲ့ ပညာရေးစနစ်တစ်ခုဖြစ်ထွန်းလာစေရန် ကြိုးစားဆောင်ရွက်ပေးကြဖို့ အလုပ်ပြန်လည်ဝင်ရောက်လာကြတဲ့ ပညာရေးဝန်ထမ်းတွေကို သူက တိုက်တွန်းထားပါတယ်။
#ymg_mnn
#Yangon_Media_Group
#LocalNews
Published-3 March 2022
ရခိုင်ပြည်တွင် Covid-19 ကူးစက်မှုမြင့်တက်လာသောကြောင့် စည်းမျဉ်းစည်းကမ်းများသတ်မှတ်ထားရာ ယင်းစည်းကမ်းများကို မလိုက်နာပါက အရေးယူမှုများပြုလုပ်နေကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ရှိသူက YMG ကို ပြောသည်။
လက်ရှိတွင် အဆိုပါအရေးယူမှုများကို ခံဝန်လက်မှတ်ထိုးသည့်အဆင့်ဖြင့် စတင်နေခြင်းဖြစ်ပြီး နောက်တစ်ကြိမ်ကျူးလွန်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
"အခုဖြစ်နေတဲ့စတုတ္ထလှိုင်း ကို omicron လှိုင်းလို့ ပြောနိုင်ပါတယ်။ ရခိုင်ပြည်နယ်တော့ အသေအပျောက်မရှိသေးပါ။လေယာဉ်ကွင်းရှိတဲ့နေရာတွေမှာ ကိုဗစ်စစ်နေပါတယ်။မောင်တောကတော့ ဝန်ထမ်းတွေကို အခါအားလျော်စွာစစ်ပါတယ်။ကျန်လူနာက ဖျားနာလို့ စစ်ဆေးတဲ့အခါတွေ့တာပါ။ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကဆိုရင် မြေပုံမြို့မှာ Mask မတပ်တဲ့သူတွေကို ခံဝန်လက်မှတ်ရေးထိုးခိုင်းတယ်။ စုစုပေါင်း လူနှစ်ရာကျော်ပါတယ်။ အဲဒီလူတွေကို Mask မတပ်ဘဲနောက်တစ်ကြိမ်တွေ့ရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေနဲ့ အရေးယူဖို့ရှိပါတယ်၊ဒီလိုလုပ်တာကို မြို့နယ်တိုင်းမှာလုပ်မှာပါ။အခု မြို့နယ်တိုင်းမှာ Mask Campain လုပ်နေပါတယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
သို့သော်လည်း ကိုဗစ်ရောဂါပိုးမကူးစက်စေရေး ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူကိုယ်တိုင်ပါဝင်မှသာ ရရှိမည်ဖြစ်ကြောင်းနှင့် တစ်ဦးတစ်ယောက်ချင်းစီ မိမိကျန်းမာရေးကို မိမိကာကွယ်မှုပြုလုပ်ရန်သာ အဓိကလိုအပ်ကြောင်းလည်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
"အခု ဖြစ်နေတာက ကိုဗစ်ပိုးမပြင်းထန်ဘူးဆိုပြီး ပေါ့ပေါ့နေကြတာပါ။ကျွန်တော်တို့ စစ်တွေမှာ Mask မတပ်သူများတယ်။အဲဒီလို Mask မတပ်တိုင်းသာ အရေးယူမယ်ဆိုရင်မဖြစ်နိုင်ဘူးလေ။ကာကွယ်ဖို့ကိစ္စက လူတိုင်း သူ့အသိစိတ်နဲ့ သူရှိဖို့လိုတယ်။လူတွေက ပေါ့ဆပါတယ်"ဟု အဆိုပါ မြို့ခံက ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၂ ရက်ထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း ၆,၄၄၅ ဦးရှိပြီး သေဆုံးသူ ၅၀၀ ကျော်ထိရှိကြောင်း ရခိုင်ပြည်နယ်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ စာရင်းအရသိရသည်။
ymg/mt
Yangon_Media_Group
#WorldMilitary
Published - 03 March 2022
ယူကရိန်းအားထိုးစစ်ဆင်နွှဲရာမှာ ရုရှားတပ်သား ၄၉၈ ဦးသေဆုံးထားပြီး ၁,၆၀၀ နီးပါးဒဏ်ရာရရှိထားကြောင်း ရုရှားစစ်တပ်ဘက်က ဗုဒ္ဓဟူးနေ့မှာအတည်ပြုပြောကြားလိုက်ပါတယ်။
ရုရှားဘက်မှ မရေမတွက်နိုင်လောက်အောင် အကျအဆုံးများနေတယ်ဆိုတဲ့ သတင်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ကာ ဒီသတင်းတွေဟာ ရန်သူဘက်မှ တမင်တကာထုတ်လွှင့်လိုက်တဲ့ သတင်းအမှားတွေသာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ရုရှားစစ်တပ်ဘက်ရဲ့ခန့်မှန်းချက်များအရ ယူကရိန်းစစ်သားများနဲ့ အရပ်ဘက်လက်နက်ကိုင်အဖွဲ့များမှ အနည်းဆုံး ၂,၈၇၀ ဦးသေဆုံးပြီး ၃,၇၀၀ ခန့် ဒဏ်ရာရရှိထားကြောင်း သိရှိရပါတယ်။ယူကရိန်းစစ်သည် ၅၇၂ ဦးကိုတော့ စစ်သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ယူကရိန်းအားထိုးစစ်ဆင်တဲ့တိုက်ပွဲမှာ ရုရှားရှေ့တန်းတပ်ဖွဲ့ တွေကို စစ်မှုထမ်းအများစုနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုငြင်းဆိုလိုက်ကာ ရှေ့တန်းတိုက်ခိုက်ရေးတပ်တွေဟာ ပရော်ဖက်ရှင်နယ်စစ်သားများနဲ့သာ ဖွဲ့ စည်းထားကြောင်း စစ်တပ်ကတုန့်ပြန်ပြောကြားလိုက်ပါတယ်။
ရုရှားမှထုတ်ပြန်လိုက်တဲ့ စစ်တပ်အင်အားအကျအဆုံးအရေအတွက်က ယူကရိန်းဘက်မှ ထုတ်ပြန်ခဲ့တဲ့အရေအတွက်နဲ့ များစွာကွာခြားနေတာဖြစ်ပြီး ယူကရိန်းရဲ့ပြောကြားချက်အရ ကျူးကျော်စစ် စတင်ကတည်းက ရုရှားစစ်သား ၅,၈၀၀ ကျော် သေဆုံးပျောက်ပျက်ထားတယ်လို့ သိရှိရပါတယ်။
ယူကရိန်းအရှေ့ဘက်ရှိ ခွဲထွက်ရေးဒေသများဖြစ်တဲ့ ဒိုနက်စ်နဲ့လူဟန့်စ်က်ပြည်သူ့သမ္မတနိုင်ငံများကို ကာကွယ်ဖို့ အကြောင်းပြချက်ဖြင့် ရုရှားတို့ က ပြီးခဲ့တဲ့အပတ်က ယူကရိန်းနိုင်ငံကို စတင်တိုက်ခိုက်ကျူးကျော်ခဲ့ပါတယ်။
စစ်ဆင်ရေးပစ်မှတ်တွေထဲမှာ ယူကရိန်းစစ်ရေးအချက်အခြာနေရာများအား ဖြိုခွဲဖျက်ဆီးပြီး နာဇီဝါဒလွှမ်းမိုးမှုရှင်းလင်းရေးအကြောင်းပြချက်များ ပါဝင်ပါတယ်။
ခွဲထွက်ရေးဒေသတွေကို အင်အားသုံးပြန်လည်သိမ်းယူဖို့ အစီအစဉ်မရှိဘူးလို့ ယူကရိန်းက ငြင်းဆိုလိုက်ပြီး ရုရှားတို့ က တိုက်ခိုက်ဖို့ အတွက် သက်သက်မဲ့အကြောင်းပြချက်ရှာတာဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။
ဒီမိုကရက်တစ်နည်းလမ်းအရ ရွေးခြယ်တင်မြှောက်ထားတဲ့ အစိုးရကိုဖြုတ်ချခဲ့တဲ့ ၂၀၁၃ ယူကရိန်းဆန္ဒပြပွဲအပြီး ၂၀၁၄ မှာ ဒိုနက်စ်နဲ့လူဟန့်စ်က်ပြည်နယ်တို့ က ယူကရိန်းကနေ ခွဲထွက်လာခဲ့တာဖြစ်ပါတယ်။
ယခုကျူးကျော်မှုမပြုလုပ်ခင် အဆိုပါဒေသနှစ်ခုကို လွတ်လပ်ကွဲထွက်သည့်နိုင်ငံများအဖြစ် ရုရှားက တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။
Source: RT
#LocalNews_Politics
Published - 3 March 2022
အမေရိကန်ပြည်ထောင်စုအနေဖြင့် အာဆီယံ၏ ဦးဆောင်မှုအတိုင်းလိုက်ပါဆောင်ရွက်မှာဖြစ်တဲ့အတွက် ဒီလထဲမှာ ဝါရှင်တန်မှာ ပြုလုပ်မယ့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံအတွက် နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားမယ်လို့ပြောပါတယ်။
မတ်လ၂၈ရက်နေ ၂၉ရက်အထိ သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်ပြည်ထောင်စုနှင့်အာဆီယံခေါင်းဆောင်တွေအကြား အထူးထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။
“ အမေရိကန်ပြည်ထောင်စုဟာ အဆင့်မြင့်အာဆီယံ အခမ်းအနားအတွက် မြန်မာနိုင်ငံမှ နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ် တစ်ဦးကို ဖိတ်ကြာတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်" လို့ အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ တစ်ဦးက ဘားမားဆိုတဲ့ အမည်ဟောင်းကို သုံးနှုံးပြီးပြောပါတယ်။
“ အဲဒါကြောင့် ထိပ်သီးဆွေးနွေးပွဲကို အဲဒီအတိုင်းပဲ ကျွန်တော်တို့က မြန်မာနိုင်ငံမှ နိုင်ငံရေးမဟုတ်တဲ့ကိုယ်စားလှယ် တစ်ဦးကို ဖိတ်ကြားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက်ကို မြန်မာအစိုးရဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ တိုးတက်မှုတွေပြုလုပ်ဖို့ပျက်ကွက်ခဲ့တယ်" လို့ အဲဒီအရာရှိကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အာဆီယံဟာ မြန်မာက အာဆီယံသဘောတူညီချက်(၅)ချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး အစည်းအဝေးတွေကို နိုင်ငံရေးမဟုတ်တဲ့ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားခဲ့ပေမယ့် မြန်မာက ငြင်းပယ်ခဲ့ပြီးကိုယ်စားလှယ်စေလွှတ်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
Source CNA
#WorldHealth
Published 03 March 2022
ဗြိတိန်ပြည်ထောင်စုမှာပြုလုပ်တဲ့ နောက်ပိုင်းအဆင့်စမ်းသပ်ချက်များကို ချဲ့ထွင်ဆန်းစစ်ခဲ့ကြရာ နိုဗာဗက်ဇ်(Novavax) ကိုဗစ်ကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်ကို ရေရှည်ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ကြကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ပရိုတိန်းအခြေပြုကာကွယ်ဆေး NVX-CoV2373 ဟာ အချိန် ၆ လကျော်ကြာတဲ့အထိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်စွမ်းက ၈၂.၇ ရာခိုင်နှုန်းရှိနေကြောင်း ကုမ္ပဏီကထုတ်ဖော်လိုက်ပါတယ်။
ရောဂါလက္ခဏာပေါ်ပေါက်ခြင်းနဲ့ လက္ခဏာမပေါ်တတ်တဲ့ကူးစက်ခြင်းတွေကိုလည်း ၈၂.၅ ရာခိုင်နှုန်း ထိန်းသိမ်းကာကွယ်ပေးထားနိုင်ပြီး ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်မှုကိုတော့ ၁၀၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။
ဒီဆန်းစစ်လေ့လာမှုတွေကို ဒယ်လ်တာနဲ့အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှု မလွှမ်းမိုးခင် ၂၀၂၀ နိုဝင်ဘာလနဲ့ ၂၀၂၁ မေလကြားမှာ ပြုလုပ်ထားတာဖြစ်ပါတယ်။
နိုဗာဗက်ဇ်က အိုမီခရွန်သီးသန့်ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ဖို့ကြိုးစားနေပြီး ပထမသုံးလအတွင်း ဈေးကွက်ဖြန့်ဖြူးရောင်းချနိုင်မည့် ကာကွယ်ဆေးတွေ စတင်ထုတ်လုပ်သွားနိုင်ဖို့မျှော်လင့်ထားကြောင်း တနင်္လာနေ့က အသိပေးလိုက်ပါတယ်။
ပထမသုံးလအတွင်း ကာကွယ်ဆေးပေါင်းဘယ်လောက်အထိ ပို့ဆောင်နိုင်ဖို့မျှော်လင့်ထားသလဲဆိုတာကို အသိမပေးထားပေမယ့် ၂၀၂၂ အတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၅ ဘီလီယံကြားရရှိဖို့ ခန့်မှန်းထားပါတယ်။
"ဒီကာကွယ်ဆေးက ရောဂါလက္ခဏာပေါ်ပေါက်ခြင်းနဲ့ လက္ခဏာမပေါ်တတ်တဲ့ကူးစက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပြီး ကိုဗစ်ရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ကိုဗစ်ကာကွယ်ဆေးက ကြာရှည်ခံနိုင်စွမ်းရှိပြီး သတ်မှတ်ထားတဲ့အချိန်တစ်ခုအတွင်း ဘေးကင်းစိတ်ချစွာ ဆက်လက်ကာကွယ်ပေးနေမှာဖြစ်ပါတယ်" လို့ သုတေသနဖွံ့ဖြိုးတိုးတက်ရေးဥက္ကဌ 'ဂရီဂေါ်ရီဂလန်း'က ဝမ်းသာအားရပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီလအစောပိုင်းက အသက်အရွယ်ရောက်ပြီးသူတွေမှာ နိုဗာဗက်ဇ်နှစ်ကြိမ်ထိုးနှံရခြင်းကို ဗြိတိန်ကအသိအမှတ်ပြုခဲ့ပါတယ်။
ဒီကာကွယ်ဆေးကို အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့က လေ့လာသုံးသပ်လျက်ရှိကာ ဥရောပသမဂ္ဂနဲ့ WHO အပါအဝင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှာ အသုံးပြုခွင့်ရရှိထားပါတယ်။
နှောင်းပိုင်းအဆင့်စမ်းသပ်ချက်တွေအရ နိုဗာဗက်ကာကွယ်ဆေးဟာ ဆယ်ကျော်သက်အရွယ်တွေမှာ ရောဂါကာကွယ်နိုင်စွမ်း ၈၀ ရာခိုင်နှုန်းပေးစွမ်းနိုင်ကြောင်း ကုမ္ပဏီက အသိပေးထားပါတယ်။
Source: The Straits Times.
#Yangon_Media_Group
#WorldHealth
Published 03 March 2022
လတ်တလော အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုမြင့်မားနေတဲ့ကာလအတွင်း ဖိုင်ဇာနဲ့ဘိုင်အိုတက်ခ်ကုမ္ပဏီတို့မှထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်းဖြင့် အသက် ၅ နှစ်မှ ၁၁ နှစ်ကြားကလေးငယ်တွေမှာ ရောဂါပြင်းထန်စွာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အဆိုပါအသက်အရွယ်ရှိတဲ့ကလေးငယ်တွေမှာ ကာကွယ်ဆေးရဲ့အာနိသင်က အချိန်တိုအတွင်း လျင်မြန်စွာကျဆင်းလာကြောင်း နယူးယော့ခ်သုတေသီများရဲ့ လေ့လာချက်များအရ သိရှိရပါတယ်။
ကလေးငယ်တွေမှာ ကာကွယ်ဆေးရဲ့ရောဂါကာကွယ်နိုင်စွမ်းက ဒီဇင်ဘာလလယ်အတွင်း ၆၈ ရာခိုင်နှုန်းရှိနေခဲ့ရာမှ ဇန်နဝါရီလကုန်မှာ ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ဖော်ပြထားပါတယ်။
အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြားလူငယ်တွေမှာတော့ ကာကွယ်ဆေးရဲ့ရောဂါကာကွယ်နိုင်စွမ်းက ဒီဇင်ဘာလလယ်အတွင်း ၆၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇန်နဝါရီနှောင်းပိုင်းမှာ ၅၁ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပါတယ်။
"ဒီအချက်အလက်တွေကြောင့် ကလေးတွေမှာ ကာကွယ်ဆေးနောက်ထပ်တစ်ကြိမ်ထိုးနှံဖို့ကိစ္စ လေ့လာဖို့လိုအပ်လာနိုင်ဖွယ်ရှိနေပါတယ်။ ရောဂါကူးစက်မှုကို ကာကွယ်ဖို့အတွက် နှာခေါင်းစည်းတပ်ဆင်ခြင်းများကဲ့သို့ ကာကွယ်မှုမျိုးလည်း ဆက်လက်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်" လို့ သုတေသီများက အကြံပြုလိုက်ပါတယ်။
ရောဂါပြင်းထန်မှုကို ကာကွယ်တဲ့နေရာမှာ ကာကွယ်ဆေးရဲ့ထိရောက်မှု သိသိသာသာကျဆင်းသွားတယ်လို့ ဆိုနိုင်လောက်အောင် တွေ့ရှိချက်အချက်အလက်တွေက ခိုင်မာမှုရှိ/မရှိကို ဖီလာဒဲဖီယာကလေးဆေးရုံမှ ကလေးကူးစက်ရောဂါကျွမ်းကျင်ပညာရှင် ဒေါက်တာ'ပေါလ်အော့ဖစ်'က မေးခွန်းထုတ်လိုက်ပါတယ်။
"ရောဂါအပျော့စားဖြစ်ပွားမှုအပေါ် ကာကွယ်နိုင်စွမ်းလျော့နည်းလာတာက အထူးအဆန်းတော့မဟုတ်ပါဘူး။ အိုမီခရွန်က ရောဂါခုခံအားကို ရှောင်ရှားသွားနိုင်တာသိထားပါတယ်။ ကာကွယ်ဆေးထိုးနှံရခြင်းရည်ရွယ်ချက်က ရောဂါပြင်းထန်မှုကိုကာကွယ်ပြီး ကလေးတွေကို ဆေးရုံတက်ရောက်ကုသစရာမလိုအောင် ထိန်းသိမ်းနိုင်ဖို့ဖြစ်ပါတယ်" လို့ 'အော့ဖစ်'က ဆိုပါတယ်။
ရောဂါကူးစက်ခြင်းမှရရှိတဲ့ ခုခံအားက ရောဂါပြင်းထန်စွာဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြားလူငယ်တွေမှာ ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေးကို လူကြီးတွေထိုးတဲ့အတိုင်း ၃၀ မိုက်ခရိုဂရမ်ပမာဏထိုးပေးပြီး ကလေးငယ်တွေမှာတော့ ၁၀ မိုက်ခရိုဂရမ်ထိုးပေးကာ တတိယအကြိမ်ကာကွယ်ဆေးပါ ထိုးနှံနိုင်ပါတယ်။
ကလေးသူငယ်တွေမှာ တတိယအကြိမ် ကာကွယ်ဆေးထိုးနှံဖို့အစီအစဉ်ကို လေ့လာဆန်းစစ်နေပြီဖြစ်ကြောင်း ဖိုင်ဇာကပြောကြားလိုက်ကာ သက်လတ်ပိုင်းတွေမှာပြုလုပ်တဲ့ လေ့လာချက်တွေအရ တတိယအကြိမ်ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေက ရောဂါခုခံနိုင်စွမ်းပိုမြင့်မားကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။
Source: Reuters.
#Yangon_Media_Group
#Local_News
Published_ 3 Mar 2022
မြန်မာနိုင်ငံသား ၁၃၁ ဦးကို မတ်လ ၁ ရက် မနေ့ကမွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ တာဝန်ရှိသူများထံသို့ ရေလမ်းခရီးမှ လာရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား ခလေးငယ် နှစ်ဦးအပါအဝင် အမျိုးသား ၉၅ ဦး၊ အမျိုးသမီး ၃၄ ဦး၊ စုစုပေါင်း အလုပ်သမား ၁၃၁ ဦးတို့ ဖြစ်ကြပါတယ်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလတစ်လျှောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ယခုအခါ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်ရောဂါပိုးတွေ့ရှိမှု များပြားနေသဖြင့် ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်ပါတယ်။
ပြန်လည်ရောက်ရှိလာသူများမှာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသားမဟုတ်သူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်း ရှိ/မရှိ၊ သတိပြုစစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေး နှင့်လိုအပ်တဲ့ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
၎င်းတို့ကို ကော့သောင်းမြို့ရှိ Quarantine Center ၂ ခုတွင် Facility Quarantine ၁၀ ရက် အသွားအလာကန့်သတ်ထားရှိစောင့်ကြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခြင်းမရှိမှသာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
ymg_mnn
Yangon_Media_Group
#LocalNews
Published-2 Mar 2022
ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုအပေါ် ICJ သို့ သွားရောက်ရင်ဆိုင်ခဲ့တဲ့ နစက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ဥပဒေရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသီတာဦးတို့ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ယနေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
ပြန်လည်ရောက်ရှိလာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ၊ဘာသာရေးဆိုင်ရာအသင်းအဖွဲ့များ၊နိုင်ငံရေးပါတီတွေက တာဝန်ရှိသူများနဲ့ ပြည်သူတွေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့မှာ ကြိုဆိုခဲ့ကြပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ဇန်နဝါရီလ ၂၀ ရက်တွင် ကနဦးကန့်ကွက်လွှာအား တင်သွင်းခဲ့ကာ ဖေဖော်ဝါရီ ၂၁ ရက်တွင် ကန့်ကွက်လွှာနဲ့ပတ်သတ်တဲ့ ကြားနာပွဲသို့ တက်ရောက်ခဲ့ပြီး ပထမအကြိမ်နှုတ်ဖြင့် လျှောက်လဲခဲ့ခြင်း၊ဖေဖော်ဝါရီ ၂၅ ရက်တွင် ဒုတိယအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုများအား ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
#WorldEntertainment
Published 02 March 2022
ရောက်ရှိနိုင်ဖို့အလွန်ခက်ခဲပြီး ကမ္ဘာ့အဝေးလံဆုံးနေရာတစ်ခုဖြစ်တဲ့ ဘူတန်နိုင်ငံမှာရိုက်ကူးခဲ့တဲ့ 'Lunana: A Yak in the Classroom'ရုပ်ရှင်ဟာ အကယ်ဒမီဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သည့် ပထမဆုံးဘူတန်ရုပ်ရှင်ဇာတ်ကား ဖြစ်လာခဲ့ပါတယ်။
#Yangon_Media_Group
Page 1355 of 1403