ထိုင်ဖင်လင်း အမှတ်(၁) နျူကလီးယားဓာတ်အားပေးစက်ရုံဟာ ကြာသပတေးနေ့က လုပ်ဆောင်ချက် စမ်းသပ်မှုများ စတင်ပြုလုပ်ခဲ့ကြောင်း တရုတ်အထွေထွေနျူကလီးယား (CGN)က သောကြာနေ့က ကြေညာလိုက်ပါတယ်။
#Asia_Development
Published 03 July 2024
#ထိုင်ဖင်လင်းအမှတ်(၁) #နျူကလီးယားဓာတ်အားပေးစက်ရုံ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 03 July 2024
၁။ နိုင်ငံခြားတွင်အလုပ်ရမည်ဆိုပြီး မြန်မာအမျိုးသမီးငယ်လေးများထံမှ ပတ်စ်ပို့ကြေး၊ ဗီဇာကြေးလိမ်လည်မှုများနေ
၂။ မိုးကောင်း၊ ဗန်းမော်၊ ရွှေကူတွင် မြစ်ရေများတိုးမည်ဖြစ်၍ သတိထားရန်လို
၃။ ယူ-၁၂ လူငယ်ကစားသမားရွေးချယ်ပွဲများ ရက်ပိုင်းအတွင်း မန္တလေး၌ စတင်မည်
၄။ တရုတ်နိုင်ငံတွင် ထိုင်ဖင်လင်းအမှတ်(၁) နျူကလီးယားဓာတ်အားပေးစက်ရုံ စမ်းသပ်လည်ပတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအတွင်း အခေါက်ရွှေဈေးနှုန်းတွေအနည်းငယ်ဆက်လက်ကျဆင်းနေပြီး တောင်ကြီးမြို့ရှိ ရွှေဆိုင်တွေပါ ရည်ညွှန်းဈေးအတိုင်းရောင်းချနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 03 July 2024
#ရွှေဈေးအနည်းငယ်ကျ #ရည်ညွှန်းဈေးအတိုင်းရောင်းချ
#NN #Yangon_Times
ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ရာမှာ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေရှိနေတဲ့အပြင် ထိုင်းဝယ်လိုအားကြောင့် လက်ရှိမှာဈေးတွေလည်းကျဆင်းနေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 03 July 2024
#ပြောင်းဈေးများကျဆင်း #သယ်ယူပို့ဆောင်ရေးအခက်အခဲရှိ
#NN #Yangon_Times
ယူ-၁၂လူငယ်ကစားသမား ရွေးချယ်ပွဲများဘောလုံးအကယ်ဒမီ (မန္တလေး)မှာ ဇူလိုင်လ ၁၂၊ ၁၃၊ ၁၄ ရက်နဲ့ အမျိုးသား ဘောလုံးအကယ်ဒမီ(ရန်ကုန်) ဇူလိုင်လ ၆၊ ၇၊ ၈ ရက်မှာ စတင်ရွေးချယ်သွားမှာဖြစ်တယ်လို သိရပါတယ်။
#Local_News
Published 03 July 2024
#ယူ-၁၂လူငယ်ကစားသမားရွေးချယ်ပွဲ #ဘောလုံးအကယ်ဒမီ(ရန်ကုန်)
#tthl #Yangon_Times
နန်းယင်းချောင်းနဲ့ နန့်ကောင်းချောင်းရေဟာ မိုးကောင်းမှာ၊ ဧရာဝတီမြစ်ဟာ ဗန်းမော်၊ ရွှေကူနဲ့ကသာမှာ၊ ချင်းတွင်းမြစ်ရေဟာလည်း ဟုမ္မလင်း၊ ဖောင်းပြင်၊မော်လိုက်၊ ကလေးဝ၊ မင်းကင်းဒေသတို့မှာ တိုးဖို့ရှိနေတယ်လို့ သိရပါတယ်။
#Local_News
Published 03 July 2024
#မြစ်ရေများတိုး #နန်းယင်းချောင်း #နန့်ကောင်းချောင်း
#tthl #Yangon_Times
နိုင်ငံခြားမှာ အလုပ်ရမယ်ဆိုပြီးသင်တန်းကြေး၊ ပတ်စ်ပို့ကြေး၊ ဗီဇာကြေးတွေ မြန်မာအမျိုးသမီးငယ်လေးတွေထံမှ အလိမ်ခံရတာများနေတယ်လို့ သိရပါတယ်။ တရားဝင်အေးဂျင့်တွေနဲ့ဆက်သွယ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
#Local_News
Published 03 July 2024
#ပတ်စ်ပို့ကြေး #ဗီဇာကြေးများအလိမ်ခံရမှုများ
#tthl #Yangon_Times
#Local_News
Published 03 July 2024
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပခဲ့သည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ(နဂါးလှေလှော်)ပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်နှစ်ခုဖြင့် နိုင်ငံအလိုက်ပထမရရှိသော အောင်ပွဲရမြန်မာအားကစားအဖွဲ့အား ကြိုဆိုခဲ့ကြောင်း သိရသည်။
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Barnaul မြို့တွင် ဇွန်(၂၈)ရက်နေ့မှ ဇူလိုင်(၂၈)ရက်နေ့အထိကျင်းပခဲ့သော နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ (နဂါးလှေပြိုင်ပွဲ) (Altai Regatta Dragon Festival ) ပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်နှစ် ခုဖြင့် နိုင်ငံအလိုက်ပထမရရှိသောအောင်ပွဲရ မြန်မာအားကစားအဖွဲ့သည် ဇူလိုင်(၃)ရက်တွေင်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
▪️ အောင်ပွဲရမြန်မာလှေလှော်အားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး၀န်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊မြန်မာနိုင်ငံလှေလှော်လှာ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ၊ အမှုဆောင်များနှင့် လှေလှော်အားကစားသမားများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား၊ကျောင်းသူများ၊ မိဘဆွေမျိုးများသောင်းသောင်းဖျဖျကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
▪️ မြန်မာအသင်းသည် မီတာ၂၀၀နှင့် မီတာ၅၀၀တို့တွင် ပထမဆု ရွှေတံဆိပ်တစ်ခုစီ ရယူခဲ့ပြီး မီတာ၂၀၀၀တွင်မြန်မာအသင်းအနေဖြင့်အကောင်းဆုံးယှဉ်ပြိုင်လှော်ခတ်သွားနိုင်သော်လည်း ရလဒ်အနေဖြင့် အဆင့် ၆ ဖြင့်သာကျေနပ်ခဲ့ရပြီး နိုင်ငံအလိုက်ပထမဆုရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါပြိုင်ပွဲတွင်အိမ်ရှင်ရုရှား၊ မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှာ၊ ကမ္ဘောဒီယား၊ ဥဇဘက်ကစ်စတန် မြန်မာနိုင်ငံတို့ပါ၀င်ကာ အသင်း ၁၃ သင်း၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ယင်းပြိုင်ပွဲသို့မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း ၊ အုပ်ချုပ်/နည်းပြ နှစ်ဦးအမျိုးသားအားကစားသမား၁၂ဦးတို့ ပြန်လည်လိုက်ပါခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_3 July 2024
▪️ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်း သယ်ဆောင်သည့် ဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇွန် ၂၅ ရက် နံနက် ၇ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တောင်စဉ်အေး စစ်ဆေးရေးစခန်းတွင် ပျဉ်းမနားဘက်မှ ရေနီဘက်သို့ ဇေယျာကျော် မောင်းနှင်ပြီး ဟိန်းကျော်မင်း လိုက်ပါလာ သည့် LIGHT TRUCK မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလ တန်ဖိုးငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၃ ဒသမ ၄၄ သန်း သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ စစ်ဆေးဖော်ထုတ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားများ ကလောမှ ပျော်ဘွယ်သို့ သယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူများဖြစ်ကြသည့် မြတ်ပိုင်သူ၊ ဖြိုးစည်သူဟိန်းနှင့် အောင်အောင်(ခ)အောင်ကြီးတို့ ၃ ဦးကို ရ မည်းသင်းမြို့နယ်၊ တွင်းကျေးရွာအနီးတွင် သယ်ဆောင်ခဲ့သည့် NISSAN BOX မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် နွယ်နီသင်း၊ ရဲဒွေးလှိုင် (ခ)ဗလနှင့် မြင့်အောင်တို့ ၃ ဦးအား ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်ရှိ မိုတယ်တွင် TOYOTA WILL မော် တော်ယာဉ်တစ်စီး၊ TOYOTA ESTIMA မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် စီမံဆောင်ရွက်သူ ဝေမင်းဖြိုး(ခ)အုန်းအုန်းနိုင်အား ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်တွင် လည်းကောင်း၊ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
▪️ ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ဂိုဏ်းဖွဲ့သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအ ရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_3 July 2024
▪️ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးများပစ်ခတ်ခံရ၍ အသက်(၁၂)နှစ်နှင့် (၁၄)နှစ် အရွယ် ကလေး ၃ ဦး အပါအဝင် ဒေသခံ ၆ ဦး သေဆုံးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ ယနေ့ ဇူလိုင်လ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က လားရှိုးမြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများက မြို့၏အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့် အကွာမှ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ(၃)၊ သာယာလမ်းပေါ်ရှိ လူနေအိမ်ပေါ်သို့ ကျရောက်ပေါက် ကွဲခဲ့ကြောင်း သိရသည်။
▪️ ယင်းကြောင့် ကချင်တိုင်းရင်းသားမိသားစုဖြစ်သော ဒေါ်မာဂျီ ၄၉ နှစ် ၊ ဆိုင်းခွန် ၃၅ နှစ် ၊ မေရီ ၃၃ နှစ် ၊ ဇဇောင်း ၁၂ နှစ် ၊ ဒွဲအောင် ၁၄ နှစ် ၊ ဇေညွယ် ၁၂ နှစ် တို့ နေရာတွင်ပင် သေဆုံးခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သေဆုံးသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက လားရှိုးမြို့ပြည်သူ့ဆေး ရုံသို့ ပို့ဆောင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 3 July 2024
▪️ ကချင်ပြည်နယ်၊ ရွှေကူမြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များသို့ ဧရာ၀တီမြစ်ရေဝင်ရောက်၍ ကူညီကယ်ဆယ်ပေးနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင်၃ ရက်နေ့၊ မနက် ၈ နာရီအချိန်ခန့်က ကချင်ပြည်နယ်၊ ရွှေကူမြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ဧရာ၀တီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေကူမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 June 2024
▪️ ဇူလိုင်လအတွက် သင့်တင့်မျှတသည့် ဆန်ဈေးများ သတ်မှတ်ပေးထားပြီးပြန်လည်ရောင်းချသူများအနေဖြင့် ယင်း သတ်မှတ်ဈေးထက် ၈ ရာခိုင်နှုန်းထက်ပိုပြီး ရောင်းချခွင့်မပြုကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MSF)မှသိရသည်။
▪️ ထိုသို့သတ်မှတ်ရာတွင် ပြည်ပပို့ဆန်ကြမ်းများဖြစ်သည့် ၅မှတ်နှင့် ၁၀မှတ်ရှိသည့် ဆန်တစ်အိတ်လျှင်ကျပ် ၇သောင်းခွဲမှ ရှစ်သောင်းရှစ်ထောင်ကျပ်၊ ၁၅မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၇သောင်းနှစ်ထောင်မှ ရှစ်သောင်းလေးထောင်ကျပ်၊၂၅မှတ် ဆန်တစ်အိတ်လျှင် ကျပ်၇သောင်းခုနှစ်ထောင်မှ ရှစ်သောင်းကျပ်စသည်ဖြင့် အသီးသီးသတ်မှတ်ထား ကြောင်းသိရသည်။
▪️ ပြည်ပတင်ပို့သည့် အပြင်ပြည်တွင်းစားသုံးသည့် ဆန်များဖြစ်သည့် ဧရာမင်း၊ ရက်၉၀၊ မဂျမ်းတောအပါအဝင် ၅ မှတ်နှင့်၁၀မှတ် ဆန်တစ်အိတ်လျှင်ကျပ်ရှစ်သောင်းခွဲမှ တစ်သိန်းသုံးသောင်းကျပ်၊ ဧရာဝတီပေါ်ဆန်းအုပ်စုဆန်တစ်အိတ်လျှင်ကျပ်ကိုးသောင်းခွဲမှ တစ်သိန်းသုံးသောင်းကျပ်အထိနှင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၁၃၅,၀၀၀မှ ၁၄၅,၀၀၀ကျပ် အထိဈေးနှုန်းအသီးသီးသတ်မှတ်ထားကြောင်း သိရသည်။
▪️ ဈေးရောင်းစင်တာ များတွင် ရောင်းချရမည်ါ သင့်တင့်မျှတသည့် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း1kg တစ်အိတ်လျှင် ကျပ် ၃၅၀၀ မှ ၃၈၀၀ကျပ်၊ ဧရာဝတီပေါ်ဆန်း 1kg တစ်အိတ်လျှင် ကျပ် ၃၀၀၀ မှ ၃၃၀၀ကျပ်၊ ရက်၉၀ /အထူးဧည့်မထ 1kg တစ်အိတ်လျှင် ကျပ် ၂၂၀၀ မှ ၂၅၀၀ကျပ်အထိဈေးနှုန်းသတ်မှတ်ထား ကြောင်းသိရသည်။
▪️ 2 kg , 5kg , 10kg , 12kg စသည့် အရွယ်အစားများဖြင့် ထုတ်ပိုးရောင်းချရာတွင်လည်း အခြေခံသတ်မှတ်ပေးထားသည့် 1kgဈေးနုန်းကိုသာအခြေခံတွက်ချက်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ MSFက ဇူလိုင်လအတွက် သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် သတ်မှတ်ပေးထားသည့် ဆန်များကိုဈေးကွက်အတွင်းရောင်းချသည့် အခါမှာ သတ်မှတ်ထားသည့် သင့်တင့်မျှတသည့်ဈေးနှုန်းအပေါ် ၈ရာခိုင်နှုန်းထက်ပို၍ ရောင်းချခွင့်မပြုကြောင်း သိရသည်။
▪️ အဆိုပါ သင့်တင့်မျှတသည့် ဈေးကွက်ဈေးနှုန်းတွက်ချက်ခြင်းသည် စိုက်ပျိုးသူများ၊ တောင်သူများ၊ ဆန်စက်လုပ်ငန်းများ၊သိုလှောင်ဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသည့် ဈေးနှုန်းများဖြစ်စေရန်တွက်ချက်ထားခြင်းဖြစ်ပြီး ယခင်နှစ်ဈေးနှုန်းများ၊နိုင်ငံတကာဈေးနှုန်းများ၊ပြည်ပဈေးကွက်ရှိအခြားကုန်ဈေးနှုန်းများ နှင့် ချင့်ချိန်ပြီးတွက်ချက်ထားကြောင်း သိရသည်။
▪️ Super Market များ၊mini Market များရှိ Consumer Packaging နှင့် Modern Trade ရောင်းချမှုများ အတွက် သီးခြားထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးများ ကိုသာအသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။
▪️ ဝယ်ယူရန်အခက်အခဲရှိပါက MSFသို ဆက်သွယ်ညှိနှိင်းဝယ်ယူနိုင် ကြောင်းသိရသည်။ သင်တင့်မျှတသည့် ဈေးနှုန်းဖြင့် မရောင်းချပါကစားသုံးသူရေးရာဦးစီးဌာနနှင့် MSFသို့ အသိပေးတိုင်ကြားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 126 of 1457