#Local_News
Published 23 July 2024
▪️ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ ဧပြီလမှ ဇွန်လအထိ သုံးလတာကာလအတွင်း တရုတ်နိုင်ငံသို့ တစ်ရှူးငှက်ပျောတန်ချိန်တစ်သိန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
▪️ ထိုသို့တင်ပို့ရာတွင် ဧပြီလ၌ မက်ထရစ်တန်ချိန် ၇၇၆၇၅ တန်ပါဝင်သည့် ကားအစီးရေ ၃၁၀၇ စီး၊ မေလ၌ မက်ထရစ်တန်ချိန် ၃၁၅၂၇ တန်ပါဝင်သည့် ကားအစီးရေ ၁၂၂၆ စီး၊ ဇွန်လ၌ မက်ထရစ်တန်ချိန် ၄၂၄၂ တန် ပါရှိသည့် ကားစီးရေ ၁၃၆ စီးတင်ပို့ထားကြောင်း သိရသည်။
▪️ တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်အတွင်း ဧကခြောက်သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး ငှက်ပျောစိုက်ပျိုးတင်ပို့သည့် ကုမ္ပဏီစုစုပေါင်း ၂၀ ကျော်ရှိကြောင်း သိရသည်။
▪️ အဆိုပါ ကုမ္ပဏီများမှ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေခြင်းဖြစ်ပြီး ကူမင်း၊ ပေကျင်း၊ ကွမ်တုံ၊ သုံးပိတ်၊ ဟိန်းလုံကျန်၊ ရှီအန်၊ ငွေကျုံး၊ ဝုဟန်၊ ထုံချင်း၊ ကျိန်ကျုံးစသည့် ပြည်နယ်များနှင့် တရုတ်ပြည်တစ်နိုင်ငံလုံးသို့ တင်ပို့လျက်ရှိရာ ရုရှားနယ်စပ်အထိ ရောက်ရှိကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#World_News
Published 23 July 2024
▪️ စည်းရုံးရေးပွဲတစ်ခုမှာ ရီပတ်ဘလစ်ကန် သမ္မတလောင်းကိုယ်စားလှယ် ဒေါ်နယ်ထရမ့် ဒဏ်ရာရစေလောက်တဲ့အထိ လုပ်ကြံခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ လုံခြုံရေးယိုယွင်းမှုတွေရှိခဲ့တဲ့အပြင် ထိုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အတိအကျ မရှင်းလင်းပြတဲ့အတွက် ရာထူးမှနုတ်ထွက်ပေးရန် နှစ်ဖက်ပါတီစလုံးမှ တောင်းဆိုနေကြတာတွေကို အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးဌာနရဲ့ ညွှန်ကြားရေးမှူး ကင်ဘာလီချီတယ်လ်က ပြန်လည်တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
▪️ ကိစ္စအများစုမှာ ခါးခါးသီးသီး သဘောထားကွဲပြားနေကြတဲ့ အမေရိကန် အောက်လွှတ်တော်ကြီးကြပ်ရေး ကော်မတီရီပတ်ဘလစ်ကန်ဥက္ကဌ ဂျိမ်းစ်ကော်မာနဲ့ ဒီမိုကရက်ထိပ်သီးပုဂ္ဂိုလ် ဂျေမီရက်စ်ကင်တို့ဟာ ယခုချီတယ်လ်ကိစ္စမှာတော့ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြပါတယ်။
▪️ ယနေ့မှာတော့ လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပျက်ရတယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကာ လက်ရှိညွှန်ကြားရေးမှူးအနေနဲ့ ဦးဆောင်နိုင်မယ်လို့ မယုံကြည်နိုင်ကြောင်း ကော်မာက ချီတယ်လ်ကို ပြောခဲ့ပါတယ်။
▪️ ချီတယ်လ်ဟာ တိုင်းပြည်သမိုင်း အလွန်အရေးကြီးနေတဲ့ အချိန်ကျမှ လွှတ်တော်ရဲ့ ယုံကြည်မှုကို မရတော့ဘဲ ဒီကိစ္စကို မြန်မြန်လေး ဖြေရှင်းဖို့လိုတယ်လို့ ရက်စ်ကင်ကလည်း ပြောပါတယ်။
▪️ ချီတယ်လ်ကလည်း ယခုဇူလိုင် ၁၃ ရက်နေ့ အဖြစ်အပျက်ဟာ လုံခြုံရေးအခြေအနေ အဆိုးရွားဆုံးတွေထဲက တစ်ခုဖြစ်ခဲ့တာကို ဝန်ခံခဲ့ပေမယ့် ယခုအချိန်မှာ လျှို့ဝှက်ထောက်လှမ်းရေးဌာနကို ဦးဆောင်ဖို့ သူမသာအသင့်လျော်ဆုံးဖြစ်ကြောင်း ပြန်လည်ချေပလိုက်ကာ ရာထူးမှနုတ်ထွက်ဖို့ကို အကြိမ်ကြိမ် ခုခံခဲ့ပါတယ်။
▪️ ထိုနေ့စည်းရုံးရေးပွဲမှာ ဒေါ်နယ်ထရမ့်မိန့်ခွန်း ပြောကြားနေစဉ် တစ်စုံတစ်ယောက်က လုပ်ကြံဖို့ကြိုးစားခဲ့ရာ ထရမ့်ရဲနားရွက်တစ်ဖက် ဒဏ်ရာရခဲ့ပြီး စည်းရုံးရေးပွဲလာရောက်သူတစ်ဦး သေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
▪️ အသက် ၂၀ အရွယ် သေနတ်ပစ်တရားခံ သောမတ်ခရွတ်စ်ကို ရဲတပ်ဖွဲ့က အသေပစ်ခတ်ခဲ့ပြီး ယခုလိုလုပ်ကြံရခြင်း ရည်ရွယ်ချက်ကို သေချာမသိရသေးပါဘူး။
▪️ ထရမ့်ကို လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က လုံခြုံရေး အပြည့်အဝ မပေးခဲ့ဘူးလို့ ရီပတ်ဘလစ်ကန်ဘက်က ဆိုလိုက်ကာ ချီတယ်လ်ကတော့ ထိုဖြစ်စဉ်မဖြစ်ခင် သမ္မတဟောင်းအတွက် လုံခြုံရေးတိုးမြှင့်ပေးခဲ့တယ်လို့ ပြောပါတယ်။
▪️ ဒါ့အပြင် ထရမ့်စည်းရုံးရေးပွဲအတွက် လိုအပ်တဲ့လုံခြုံရေးကိုလည်း ဖြည့်တင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
▪️ အတွင်းရေးစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် ရက် ၆၀ လောက်ကြာမှ အချက်အလက် အတိအကျ သိရမယ်လို့ ချီတယ်လ်က ပြောခဲ့တဲ့အပေါ် နှစ်ဖက်ပါတီမှ လွှတ်တော်အမတ်တွေက ငြင်းဆန်လိုက်ပြီး ခြိမ်းခြောက်မှုတွေ မြင့်မားနေတဲ့အချိန်မှာ ရက် ၆၀ နေမှ အစီရင်ခံမယ်ဆိုတာဟာ လက်သင့်ခံစရာမရှိဘူးလို့ ဒီမိုကရက်တစ် ကိုယ်စားလှယ် အဲလက်ဇန်ဒရီယာအိုကေစီယိုကော်တက်ဇ်က ပြောသွားပါတယ်။
#Source: Reuters
#World_Science
Published 23 July 2024
▪️ ယခုထက်ထိ တွေ့ရှိဖူးသမျှ ဂြိုဟ်ပေါင်း ၅၆၀၀ ခန့်ထဲမှာ အရှည်လျားဆုံး ပတ်လမ်းကြောင်းရှိတဲ့ ဂြိုဟ်အသစ်တစ်ခုကို သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ ထိုဂြိုဟ်ဟာ ပတ်လမ်းကြောင်းမှားနေတဲ့ ပုံစံဖြစ်နေပြီး ထူးဆန်းတဲ့ပုံပေါ်နေပြီး ဂြိုဟ်ဖွဲ့စည်းပုံတွေကြား ပျောက်ဆုံးနေတဲ့ ဆက်စပ်မှုကို ရှာဖွေနိုင်ဖို့ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။
▪️ TIC 241249530 b လို့ အမည်ပေးထားတဲ့ ဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်ကနေ အလင်းနှစ် ၁၁၀၀ နီးပါးကွာဝေးတဲ့ ကြယ်တစ်ခုကို လည်ပတ်နေပါတယ်။
▪️ ထိုဂြိုဟ်ဟာ ဗဟိုချက်ချင်း အလွန်ကွဲပြားတဲ့ပုံပေါ်ပြီး ကြယ်နဲ့အလွန်နီးကပ်စွာ လှည့်ပတ်နေပါတယ်။
▪️ နေစကြဝဠာရှိ အခြားဂြိုဟ်တွေက နေကို တူညီတဲ့ဦးတည်ချက်အတိုင်း လှည့်ပတ်နေပေမယ့် ထိုဂြိုဟ်ကတော့ ဆန့်ကျင်ဘက်အတိုင်း ကြယ်ကို လည်ပတ်နေပါတယ်။
▪️ ဒီလိုမျိုး ဗဟိုချက်ချင်းမတူတဲ့ ဂြိုဟ်ဟာ ပူလောင်တဲ့ ဂျူပီတာဖြစ်လာနေတယ်လို့လည်း ယူဆနေကြပါတယ်။
▪️ သူ့ရဲ့လည်ပတ်ပုံကွဲပြားမှုတွေကြောင့် နှစ်ပေါင်းဘီလီယံခန့် ကြာတဲ့အခါ အပူချိန် ကယ်လ်ဗင်ထောင်ချီပူတဲ့ ဂြိုဟ်ဖြစ်လာနိုင်တယ်လို့ MIT ကာဗလီတက္ကသိုလ်မှ ရူပဗေဒ လက်ထောက်ပရော်ဖက်ဆာ ဆာရာမေးလ်ဟော်လန်က ပြောပါတယ်။
▪️ ဂြိုဟ်ရဲ့ပတ်လမ်းကြောင်း ပြောင်းလဲမှုများက အလွန်ကြီးမားလွန်းကြောင်း ဆိုပါတယ်။
▪️ ဂြိုဟ်ပတ်လမ်းကြောင်း ပြောင်းလဲပုံတွေကို ပုံစံတုပြုလုပ်ခြင်းများနဲ့ စောင့်ကြည့်မှုများအရ ပူလောင်တဲ့ဂျူပီတာတွေဟာ ဗဟိုချက်ချင်းကွဲပြားမှု မြင့်မားတာကြောင့် ဖြစ်ပေါ်တယ်လို့ သုတေသနအဖွဲ့က ယူဆနေကြပါတယ်။
#Source: WION
#World_Health
Published 23 July 2024
▪️ အိပ်ချိန်ပုံစံမမှန်ဘဲ အပြောင်းအလဲများတဲ့သူတွေမှာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်း ပိုများတယ်လို့ ဘရစ်ဂမ်နဲ့ အမျိုးသမီးဆေးရုံမှ လေ့လာတွေ့ရှိထားပါတယ်။
▪️ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်နိုင်ခြေ လျှော့ချရာမှာ အိပ်စက်မှုပုံစံကို အတည်တကျ ထိန်းသိမ်းထားရှိဖို့က ဘယ်လောက်အရေးကြီးလဲ ဆိုတာကို လေ့လာလိုတာဖြစ်ကြောင်း သုတေသနပြုစုသူ ဆီနာကီယန်နာဆီက ပြောပါတယ်။
▪️ ဆီးချိုရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုနဲ့ မသန်မစွမ်းဖြစ်မှုဖြစ်စေတဲ့ ထိပ်ဆုံးအကြောင်းအရင်း ၁၀ ခုမှာ ပါဝင်ပြီး ၂၀၅၀ အရောက်မှာ ကမ္ဘာပေါ်ရှိ ဆီးချိုဖြစ်ပွားသူအရေအတွက် နှစ်ဆကျော်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။
▪️ ဒီအတွက် ဗြိတိန်ပြည်ထောင်စုမှ လူပေါင်း ၈၄၀၀၀ ကျော်ကို စက်ပစ္စည်းများတပ်ဆင်ပြီး ၇ ညတာ စောင့်ကြည့်ခဲ့ပါတယ်။
▪️ စမ်းသပ်ပါဝင်သူတွေက ပျမ်းမျှ ၆၂ နှစ်ရှိကြပြီး ဆီးချိုရောဂါ မရှိသူတွေဖြစ်ပါတယ်။
▪️ ဆေးမှတ်တမ်းများကိုကြည့်ပြီး ဆီးချိုရောဂါဖြစ်လာခြင်း ရှိမရှိ ၇ နှစ်ခွဲ စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ ညဘက်အိပ်ချိန် တစ်ညနဲ့တစ်ည ၁ နာရီကျော်လောက် အပြောင်းအလဲရှိသူတွေဟာ ဆီးချိုဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်းပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။
▪️ ကြာမြင့်စွာ အိပ်တတ်သူတွေနဲ့ မျိုးဗီဇအရ ရောဂါဖြစ်နိုင်ခြေ နည်းတဲ့သူတွေမှာ အိပ်ချိန်မမှန်ခြင်းနဲ့ ဆီးချိုရောဂါ ဆက်စပ်မှုက ပိုပြီးသိသာနေပါတယ်။
▪️ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ဖို့အတွက် အိပ်စက်မှုက အရေးကြီးပြီး သွေးတွင်းသကြားဓာတ် မြင့်မားတာဟာ ဆီးချိုလက္ခဏာတစ်ခု ဖြစ်ပါတယ်။
▪️ တစ်နေ့ကို အိပ်ချိန် ၆ နာရီအောက်သာရှိသူတွေဟာ ရောဂါဖြစ်နိုင်ခြေ သိသိသာသာ ပိုများနေပါတယ်။
▪️ စမ်းသပ်ချက်ကတော့ လူတိုင်းအတွက် ကိုယ်စားမပြုနိုင်တာကိုတော့ သိရှိထားဖို့ သုတေသီများဆိုလိုက်ကာ နောက်ထပ်အချက်အလက် ကွဲပြားသူတွေနဲ့လည်း စမ်းသပ်သွားဖို့ စီစဉ်နေကြပါတယ်။
#Source: New York Post
၂၂ ဇူလိုင် ၂၀၂၄
ဒုသမ္မတ ကာမလာ ဟာရစ်ကို သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ပြီဆိုရင်တော့ ဒီမိုကရက်တစ်ပါတီဟာ သမိုင်းတင်မယ့် အလောင်းအစားကြီးတစ်ခုကို ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။ ဒုသမ္မတ ကာမလာဟာရစ် သမ္မတလောင်းဖြစ်လာပြီဆိုရင် လူမည်း အမျိုးသမီးတစ်ဦးဟာ လူမျိုးရေးနှင့်လိင်ခွဲခြားမှုတွေ၊ပြီးတော့ သူမကိုယ်တိုင်ရဲ့ ခြေလှမ်းအမှားတွေကို ကျော်လွှားပြီး ရီပတ် ဘလီကင် ဒေါ်နယ်ထရမ့်ကို နိုင်မလားဆိုတဲ့အပေါ် သူတို့က လောင်းကြတော့မှာပါ။
#Daily_News
Published 22 July 2024
၁။ ရထားလက်မှတ်များကို အွန်လိုင်းငွေပေးချေစနစ်ဖြင့် ဝယ်ယူနိုင်ရန်ရင်းနှီးမြုပ်နှံသူများ စတင်ဖိတ်ခေါ်နေ
၂။ မြန်မာဘဏ်ရှစ်ခုကို နှစ်နိုင်ငံကုန်သွယ်မှု ရူပီး-ကျပ်ငွေပေးချေမှုအတွက် အိန္ဒိယအတည်ပြု
၃။ ရွေးကောက်ပွဲကျင်းပနိုင်ရန် လုံခြုံရေးပိုင်းကိုအချိန်ယူပြီး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ဟုဆို
၄။ ဂရိတွင်အပူလှိုင်းဖြတ်သန်းကာ အပူချိန်အလွန်မြင့်မားနေသဖြင့် ယဉ်ကျေးမှုအမွေအနှစ်နေရာများ ခေတ္တပိတ်သိမ်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
https://www.facebook.com/theyangontimes/videos/1624745395036888
ယခုဘဏ္ဍာနှစ်သုံးလကျော်ကာလအတွင်း ပြည်ပနိုင်ငံတွေကို ပဲမျိုးစုံတန်ချိန်ခုနှစ်သိန်းကျော် တင်ပို့ထားပြီး မတ်ပဲကိုအများဆုံးတင်ပို့ထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက သိရပါတယ်။
#Local_News
Published 22 July 2024
#ပဲမျိုးစုံတန်ချိန် #မတ်ပဲအများဆုံးတင်ပို့
#YMG/NN #Yangon_Times
https://www.facebook.com/theyangontimes/videos/506212388577131
အပူပိုင်းမုန်တိုင်း"ပရားပရွန်"(Prapi roon)သက်ရောက်မှုကြောင့် ရန်ကုန်အပါအဝင်ဒေသ(၉)ခုမှာမိုးသည်းမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 22 July 2024
#အပူပိုင်းမုန်တိုင်း"ပရားပရွန်" #ဒေသ(၉)ခု၌မိုးသည်း
#YMG/tthl #Yangon_Times
https://www.facebook.com/theyangontimes/videos/1711413006062818
လုံခြုံရေးပိုင်းအာမခံချက်ရနိုင်ဖို့ အချိန်ယူဆောင်ရွက်ထားရမှာဖြစ်ပြီး plan တစ်ခု သေချာရေးဆွဲပြီးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးရဲ့ပြောကြားချက်အရ သိရပါတယ်။
#Local_News
Published 22 July 2024
#ရွေးကောက်ပွဲကျင်းပ #လုံခြုံရေးပိုင်းကိုအချိန်ယူ
#YMG/tthl #Yangon_Times
https://www.facebook.com/theyangontimes/videos/1203042364052611
မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှု ရူပီး-ကျပ်ငွေပေးချေမှုအတွက် မြန်မာဘဏ်ရှစ်ခုကို
အိန္ဒိယအတည်ပြုခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 22 July 2024
#မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှု #ရူပီး-ကျပ်ငွေပေးချေမှု
#YMG/NN #Yangon_Times
https://www.facebook.com/theyangontimes/videos/298112719992986
ရထားလက်မှတ်များကို အွန်လိုင်းငွေပေးချေစနစ်ဖြင့် ဝယ်ယူနိုင်ရန်ရင်းနှီးမြှုပ်နှံသူတွေကို စတင်ဖိတ်ခေါ်နေပြီး ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပုဂံ၊ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းများအတွက် ဦးစွာ အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။
#Local_News
Published 22 July 2024
#ရထားလက်မှတ် #အွန်လိုင်းငွေပေးချေစနစ်
#YMG/tthl #Yangon_Times
#Local_News
Published 22 July 2024
▪️ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၌ အိမ်စီးကားတစ်စီး လမ်းလယ်ကျွန်းအား တိုက်မိမှုဖြစ်ပွားပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင်၂၂ရက်နေ့၊ နံနက် ၇ နာခွဲ အချိန်ခန့်က၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၉/၀)နှင့်(၁၀၉/၁)ကြားတွင် Toyota Wish အဖြူရောင်(၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၄)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ၁၁၅ မိုင် အမြန်လမ်းကြက်ခြေနီယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 107 of 1457