#Local_News
Published 10 January 2025
▪️ KBZPay အသုံးပြုသူများအားလုံး အသုံးပြုနိုင်မည့် Device Management စနစ်အသစ်တစ်ခုကို မကြာမီ မိတ်ဆက်သွားရန်ရှိကြောင်း KBZPay က ယမန်နေ့တွင်အသိပေးထုတ်ပြန်ထားသည်။
▪️ ဇန်နဝါရီလ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် ထုတ်ပြန်ချက်အရ ခေတ္တရပ်နားခဲ့သည့် KBZPay ၏ ဖုန်းဟန်းဆက်ပြောင်းလဲသည့် လုပ်ငန်းစဉ် (Device Change) လုပ်ဆောင်ချက်အား ယခုအချိန်တွင် ပြန်လည် အသုံးပြုနိုင်ပြီဖြစ်သော်လည်း KBZPay အကောင့်အသုံးပြုသည့် မိုဘိုင်းအော်ပရေတာ အပေါ်မူတည်ပြီး ဖုန်းဟန်းဆက်ပြောင်းလဲသည့် လုပ်ငန်းစဉ် (Device Change) ဆောင်ရွက်ပုံ ကွာခြားနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့်ယခုအချိန်တွင် ဖုန်းဟန်းဆက်ပြောင်းလဲမှုနည်းလမ်းများမှာ ဖုန်းအော်ပရေတာ အပေါ်မူတည်ပြီး ကွဲပြားနေမည် ဖြစ်သော်လည်း မကြာမီအချိန်အတွင်း KBZPay အသုံးပြုသူများအားလုံး အသုံးပြုနိုင်မည့် Device Management စနစ်အသစ်တစ်ခုကို မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 January 2025
▪️ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ မြင်းခြံမြိုနယ်အတွင်းရှိ တောင်ပင်လယ်ဆည်ကြိုးပြင်ကာကွယ်တော သတ်မှတ်လိုက်ကြောင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အသိပေးကြေညာထားချက်အရ သိရသည်။
▪️ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ မြင်းခြံမြိုနယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၅,၈၆၁ ဧကရှိသော နယ်မြေကို “တောင်ပင်လယ်ဆည် ကြိုးပြင် ကာကွယ်တော” အဖြစ် အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။
▪️ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အပူပိုင်းဒေသဖြစ်သော မြင်းခြံမြိုနှင့်ပတ်ဝန်းကျင်ဒေသအား အပူချိန်လျော့ နည်းကျဆင်းပြီး ပူပြင်းခြောက် သွေ့မှု ကာကွယ်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရန်၊ မြေဆီလွှာပိုမိုကောင်းမွန် လာစေရန်၊ မြေဆီလွှာတိုက်စား မှုများ တားဆီးကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်များမှ အကာအကွယ်ပေးနိုင်ရန်၊ ဒေသခံပြည်သူများ၏ လယ်ယာ သုံး သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင် ရန်နှင့် ရေဝေရေလဲဒေသများနှင့် အပူပိုင်းသစ်တောများ ထိန်းသိမ်းရန်ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများအဖြစ် ဖွဲစည်းသတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ တောင်ပင်လယ်ဆည် ကြိုး ပြင် ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော အပူပိုင်းဒေသ၏ ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် သန်း၊ ဒဟတ်၊ ရှား၊ ထနောင်း၊ တမာ၊ ဆူးဖြူစသည့် သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဒေသခံပြည်သူများအတွက် လယ်ယာလုပ်ငန်းသုံး သစ်၊ ထင်း၊ ဝါးနှင့် အခြားအပူပိုင်းဒေသထွက် သစ်တောထွက်ပစ္စည်းများ ပိုမိုရရှိနိုင် ခြင်း၊ အရိပ်နှင့်နားခိုရာနေရာများ တိုးပွားလာစေခြင်း၊ ခါ၊ ချိုး၊ ဖွတ်၊ ပဒက်၊ တောကြောင်၊ ငုံး၊ ယုန် စသည့်တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းနိုင်မည် ဖြစ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး အထောက်အကူ ပြုလုပ်ငန်းများ ဆောင်ရွက်နိုင် မည်ဖြစ်ခြင်း၊ ရေတိုက်စားမှု၊ လေတိုက်စားမှုများမှ တားဆီးကာကွယ်နိုင်မည်ဖြစ်ခြင်း၊ မြေ ဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ မြေအောက်ရေ ထိန်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှု တိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန် မျှတလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 10 January 2025
▪️ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ်ဂဲလန့်တို့ကို ဖမ်းဝရမ်းထုတ်ပြန်ထားတဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)ကို အမေရိကန် အောက်လွှတ်တော်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ဥပဒေကြမ်းတစ်ရပ် အတည်ပြုလိုက်ပါတယ်။
▪️ တရားရုံးရဲ့ တရားမဝင်ထုတ်ပြန်ချက်ကို တန်ပြန်တဲ့ဥပဒေလို့ အမည်ပေးထားကာ မဲဆန္ဒ ၂၄၃-၁၄၀ ဖြင့် အတည်ပြုနိုင်ခဲ့ပြီး အစ္စရေးလ်အပေါ် အရေးတယူ ထောက်ခံကြောင်း ပြသလိုက်ပါတယ်။
▪️ Al Jazeeraသတင်းဌာန ဖော်ပြချက်အရ ထိုဥပဒေကြမ်း ထောက်ခံတဲ့နေရာမှာ ရီပတ်ဘလစ်ကန် ၁၉၈ ဦးနဲ့အတူ ဒီမိုကရက်တစ် ၄၅ ဦးပါဝင်ခဲ့ပြီး အခုဆိုရင် ရီပတ်ဘလစ်ကန်တွေပဲ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်ကနေ စဉ်းစားသုံးသပ်သွားမှာ ဖြစ်ပါတယ်။
▪️ မိတ်ဖက်နိုင်ငံ အစ္စရေးလ်ရဲ့ ဝန်ကြီးချုပ်ကို ဖမ်းဆီးဖို့ကြိုးစားနေတဲ့ တရားရုံးကြောင့် ဒီဥပဒေ ထုတ်ပြန်ရတာဖြစ်တယ်လို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဌ ဘရိုင်ယန်မတ်စ်က ပြောသွားပါတယ်။
▪️ အဆိုပြုထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာ အမေရိကန် နိုင်ငံသားများ ဒါမှမဟုတ် မဟာမိတ်နိုင်ငံများမှ နိုင်ငံသားများကို စုံစမ်းမေးမြန်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းတို့ ပြုလုပ်ရန် ကြိုးပမ်းနေတဲ့ ICCကို အကူအညီပေးနေတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းမှန်သမျှကို ပစ်မှတ်ထားပါတယ်။
▪️ ဒဏ်ခတ်ပိတ်ဆို့မှုများအနေနဲ့ ICCလုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေရဲ့ ပိုင်ဆိုင်မှုများ ထိန်းသိမ်းထားခြင်း၊ ဗီဇာကန့်ကွက်ခြင်းတို့ ပါဝင်မှာဖြစ်ပါတယ်။
၂၀၂၃ မေလက ICCဟာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီး လူအများအပြား သေကြေပျက်စီးစေခဲ့တဲ့ ဂါဇာပဋိပက္ခမှာ နေတန်ညာဟူနဲ့ ဂဲလန့်တို့ စစ်ရာဇဝတ်မှုများ ကျူးလွန်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
▪️ အမေရိကန်တို့က ICCရဲ့ထုတ်ပြန်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရန် ကြိုးပမ်းနေတာကို လူ့အခွင့်အရေး အဖွဲ့အစည်းများက ဝေဖန်လာကြပါတယ်။
▪️ အထက်လွှတ်တော်မှ အလျင်အမြန် အသိအမှတ်ပြုပေးပြီး ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့် ရောက်လာတာနဲ့ ဥပဒေကြမ်းကို လက်မှတ်ထိုးပေးနိုင်ဖို့ အမေရိကန်တို့ မျှော်လင့်နေကြပါတယ်။
#Source: ANI News
#Local_News
Published 10 January 2025
▪️ မန္တလေးမြို့ရှိ ချမ်းအေးသာစံမြို့နယ်တွင် ယနေ့မနက်ပိုင်း၌ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဇန်နဝါရီ ၁၀ ရက်နေ့၊ ၉နာရီ ၅၀မိနစ် အချိန်ခန့်က၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၃၀)၊ (၆၈x၆၉)ကြားတွင် မီးလောင်မှုဖြစ်ပွာခဲ့ ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၉နာရီ ၅၉ မိနစ်အချိန် ၌ မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ ၃မိနစ် အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
▪️ မီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်သည့်ကိစ္စရပ်များအပါအဝင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအားဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published10 January 2025
▪️ ယောက်ျားတွေအနေနဲ့ ဆေးလိပ်တစ်လိပ်သောက်တိုင်း ဘဝသက်တမ်း ၁၇ မိနစ် တိုတောင်းစေပြီး မိန်းမတွေကတော့ တစ်လိပ်သောက်တိုင်း ၂၂ မိနစ် တိုတောင်းစေတယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ ယခင်လေ့လာချက်မှာ ဆေးလိပ်တစ်လိပ်သောက်တိုင်း ၁၁ မိနစ် သက်တမ်းတိုစေတယ်ဆိုတဲ့ ခန့်မှန်းချက်ထက်ပင် ပိုများနေတာ ဖြစ်ပါတယ်။
▪️ နာတာရှည်ရောဂါများ ခံစားရတတ်တဲ့ ဘဝနှောင်းပိုင်းထက်စာရင် ကျန်းမာသန်စွမ်းရမယ့် သက်လတ်ပိုင်းအရွယ်က နှစ်တွေကို တိုတောင်းစေတာဖြစ်တယ်လို့ လေ့လာချက်ပြုစုသူများ ဆိုပါတယ်။
▪️ ဆေးလိပ် ၂၀ ပါဝင်တဲ့ အထုပ်တစ်ထုပ်သောက်ရင် ဘဝသက်တမ်း ၇ နာရီနီးပါး တိုတောင်းစေတဲ့ သဘောဖြစ်ပါတယ်။
▪️ လူတွေက ဆေးလိပ်အန္တရာယ်ပေးပုံကို သိကြပေမယ့် ဘယ်လောက်အထိ ပေးနိုင်လဲဆိုတာကို လျှော့တွက်နေကြပြီး သာမန်အားဖြင့် ဆေးလိပ်မဖြတ်ဘဲ တသက်လုံး ဆေးလိပ်သောက်ကြသူတွေဟာ ဆယ်စုနှစ် တစ်ခုစာလောက် အသက်တိုကြရကာ ချစ်ခင်မြတ်နိုးသူတွေနဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ဆုံးရှုံးရကြောင်း UCLကောလိပ်တက္ကသိုလ်မှ ဒေါက်တာ ဆာရာဂျက်ခ်ဆန်က ပြောပြပါတယ်။
▪️ ဆေးလိပ်မြန်မြန်ဖြတ်ပါက အသက်ရှည်ကျန်းမာတဲ့ ဘဝကို ပြန်လည်ရရှိနိုင်တယ်လို့ သုတေသနမှာ အကြံပြုထားပါတယ်။
▪️ ကျန်းမာရေးအတွက် အကောင်းဆုံး အကျိုးပြုစေရန် ဆေးလိပ်ကို လုံးဝဖြတ်သင့်ပါတယ်။
▪️ ကမ္ဘာတဝှမ်းမှာ ဆေးလိပ်ပြဿနာက အကြီးမားဆုံး ကျန်းမာရေး ပြဿနာတွေထဲက တစ်ခုဖြစ်ပြီး နှစ်စဉ် ဆေးလိပ်သောက်သူ ၈ သန်းကျော် သေဆုံးနေပြီး ဘေးကနေ ဆေးလိပ်ငွေ့ရှူမိခြင်းကြောင့် သေဆုံးသူကတော့ ၁.၃ သန်းခန့် ရှိနေပါတယ်။
▪️ ကမ္ဘာတဝှမ်း ဆေးလိပ်သောက်သူ ၁.၃ ဘီလီယံခန့်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ဝင်ငွေအလယ်အလတ်နဲ့ နိမ့်ပါးတဲ့နိုင်ငံတွေမှာ နေထိုင်ပါတယ်။
#Source: NDTV
#World_Health
Published 10 January 2025
▪️ တစ်နေ့တာအတွက် အရေးကြီးဆုံး မနက်စာ စားတဲ့နေရာမှာ ပမာဏနဲ့ အာဟာရတန်ဖိုးတို့က နှလုံးရောဂါ ဖြစ်နိုင်ခြေများတဲ့ သက်ကြီးရွယ်အိုတွေအတွက် အထူးအရေးကြီးပါတယ်။
▪️ အသက်ကြီးလာတဲ့အခါ ကျန်းမာရေးထိန်းသိမ်းဖို့အတွက် မျှတစွာစားသောက်ဖို့က အဓိကဖြစ်တယ်လို့ သုတေသနအသစ်မှာ တွေ့ထားပါတယ်။
▪️ မနက်စာရဲ့ အာဟာရ အရည်အသွေးနဲ့ ကယ်လိုရီပါဝင်မှုက ဇီဝဖြစ်စဉ်ရောဂါများနဲ့ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို ဘယ်လိုသက်ရောက်နေလဲဆိုတာကို စပိန်သုတေသီများ လေ့လာခဲ့ကြပါတယ်။
▪️ ဇီဝဖြစ်စဉ်ရောဂါရှိတဲ့ အသက် ၅၅ နှစ်မှ ၇၅ နှစ်ကြား လူကြီး ၃၈၃ ဦးကို မနက်စာ စားသောက်ခြင်းအလေ့အထနဲ့ ကျန်းမာရေးအခြေအနေတို့အကြောင်း စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ မနက်စာစားရာမှာ တစ်နေ့တာ ကယ်လိုရီရဲ့ ၂၀ ရာခိုင်နှုန်းအောက်နဲ့ ၃၀ ရာခိုင်နှုန်းအထက် ပါဝင်စားသုံးသူတွေဟာ ကျန်းမာရေးရလဒ်မကောင်းတာ တွေ့ရပါတယ်။
▪️ မနက်စာနဲ့ ပတ်သက်လာရင် အာဟာရအရည်အသွေးဟာလည်း ပမာဏလောက် အရေးပါနေပါတယ်။
▪️ အရည်အသွေးမကောင်းတဲ့ မနက်စာစားသူတွေဟာ ကျန်းမာရေးမကောင်းတဲ့ပုံစံ မြင်တွေ့ရပါတယ်။
▪️ မနက်စာအရည်အသွေးကို ဆုံးဖြတ်ရာမှာ ပရိုတိန်း၊ အဆီ၊ အမျှင်၊ ပိုတက်ဆီယံ၊ ကယ်လ်စီယံ၊ သံဓာတ်စတဲ့ အာဟာရဓာတ်များကို ထည့်သွင်းပါတယ်။
▪️ မနက်စာ မစားဘဲနေခြင်းမျိုး ရှောင်ရှားသင့်သလို စားတဲ့အခါမှာလည်း ပမာဏရော အာဟာရအရည်အသွေးပါ သေချာထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ တွေ့ရှိဖော်ပြထားပါတယ်။
▪️ သင့်တင့်တဲ့ မနက်စာဆိုတာက နေ့စဉ်ကယ်လိုရီစားသုံးခြင်းရဲ့ ၂၀-၃၀ ရာခိုင်နှုန်း ပါဝင်သင့်ပြီး ကယ်လိုရီ ၂၀၀၀မှာ ၄၀၀-၆၀၀ ကယ်လိုရီနဲ့ ညီမျှပါတယ်။
▪️ ပြောင်းဂျုံများ၊ ပရိုတိန်းများ၊ ကျန်းမာရေးညီညွတ်အဆီများ၊ အသီးအနှံနဲ့ ဟင်းရွက်များကို ဦးစားပေး စားသုံးရပါမယ်။
▪️ အချိုဓာတ်တွေ၊ ကျန်းမာရေးမညီညွတ်တဲ့အဆီတွေ များပြားတဲ့ အဆင့်ဆင့်ထုပ်ပိုး အစားအစာများကိုတော့ ရှောင်ရှားရပါမယ်။
▪️ မနက်စာကို အရည်အသွေးအကောင်းဆုံးဖြစ်အောင် စားသုံးခြင်းဖြင့် ကျန်းမာရေးအခြေအနေတွေကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
#Source: Hindustan Times
အိုကီနာဝါစီရင်စုသို့ အမေရိကန်စစ်စခန်းရွှေ့ပြောင်းခြင်းအပေါ် ဂျပန်ပြည်သူအချို့ဆန့်ကျင်ဆန္ဒပြ
ဂျပန်နိုင်ငံသား ဒါဇင်ခန့်ဟာ မိုးရွာသွန်းမှုဒဏ်ကို အံတုကာ တနင်္လာနေ့ညနေက ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရှေ့မှာ စုရုံးခဲ့ကြပြီး အိုကီနာဝါစီရင်စု နာဂိုမြို့ရှိ ဟီနိုကိုသို့ အမေရိကန် လေတပ်စခန်း ပြောင်းရွှေ့နေရာချရေးကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး အမေရိကန် စစ်အခြေစိုက်စခန်းများ အဆုံးသတ်ရန် အလိုရှိကြောင်း တောင်းဆိုခဲ့ကြပါတယ်။
#Asia_Military
Published 9 January 2025
#အမေရိကန်စစ်စခန်းရွှေ့ပြောင်းခြင်း #ဂျပန်ပြည်သူအချို့ဆန္ဒပြ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 9 January 2025
၁။ မြန်မာနိုင်ငံတွင်ပထမဆုံး Coffee Quality Institute အသိအမှတ်ပြု Robusta သင်တန်းဖွင့်မည်
၂။ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းကျော်ဖြင့်လျာထားချက်နီးပါးပြည့်မှီတင်ပို့ထား
၃။ လာမည့်လမှသာ အင်းလေးမှ ခရမ်းချဉ်သီးများ ပြန်လည်ထွက်ရှိနိုင်မည်
၄။ အိုကီနာဝါစီရင်စုသို့ အမေရိကန်စစ်စခန်းရွှေ့ပြောင်းခြင်းအပေါ် ဂျပန်ပြည်သူအချို့ဆန့်ကျင်ဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေရေးအတွက် သတ်မှတ်ချက်နဲ့အညီဆောင်ရွက်ကြဖို့ လိုတယ်လို့ အလုပ်သမားဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။
#Local_News
Published 9 January 2025
#အလုပ်သမားဦးစီးဌာန #ဥပဒေနှင့်အညီဆောင်ရွက်ရန်
#YMG/SW #Yangon_Times
အင်းလေးဒေသထွက် ခရမ်းချဉ်သီးတွေ လာမယ့်ဖေဖော်ဝါရီလမှသာ အများအပြားပြန်လည် ထွက်ရှိနိုင်မယ်လို့ စိုက်ပျိုးသူတွေနဲ့ပွဲရုံတွေကနေသိရပါတယ်။
#Local_News
Published 9 January 2025
#ခရမ်းချဉ်သီး #အင်းလေးဒေသ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် Coffee Quality Instituteက အသိအမှတ်ပြုတဲ့ Robusta သင်တန်းCQI certified Robusta for Arabica Lovers အတန်းသစ် ကို ဖွင့်လှစ်ပေးသွားမယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းက သိရပါတယ်။
#Local_News
Published 9 January 2025
#Coffee_Quality_Institute #မြန်မာနိုင်ငံကော်ဖီအသင်း
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန်နှစ်သန်းကျော်တင်ပို့ထားပြီး လျာထားချက်နီးပါးပြည့်မှီနေပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ စာရင်း တွေအရ သိရပါတယ်။
#Local_News
Published 9 January 2025
#ဆန်နှင့်ဆန်ကွဲ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
Page 104 of 1618