#World_Research
Published 27 July 2024
▪️ မွေးကင်းစကလေးတွေဟာ မိခင်ရဲ့အနံ့ကနေ လူတွေရဲ့မျက်နှာကို သိရှိမြင်တွေ့ကြတယ်လို့ သုတေသီအဖွဲ့တစ်ခုက အံ့အားသင့်ဖွယ် ရှာတွေ့ထားပါတယ်။
▪️ အဖွဲ့အစည်းအမျိုးမျိုးမှ သုတေသီတွေက ဒီဖြစ်စဉ်ကို နားလည်ဖို့အတွက် လေ့လာချက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
▪️ မွေးကင်းစကလေးတွေရဲ့အဆိုပါစွမ်းရည်ဟာ အသက် ၄ လမှ ၁၂ လအတွင်း အသိသာဆုံးဖြစ်ပါတယ်။
▪️ ဒါပေမဲ့ ထိုထက်အသက်ကြီးသွားတဲ့ ကလေးတွေကတော့ မျက်နှာတွေသိရှိဖို့အတွက် အမြင်အာရုံကိုပဲ အဓိကအသုံးပြုကြပါတယ်။
▪️ အာရုံခံသိရှိခြင်းဆိုတာဟာ ဦးနှောက်ထဲက ရှုပ်ထွေးတဲ့ဖြစ်စဉ်ဖြစ်ပြီး တချိန်တည်းမှာပဲ လှုံ့ဆော်မှုအမျိုးမျိုးကနေ ရောက်ရှိလာကြတယ်လို့ အာရုံကြောသိပ္ပံ တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ အာနော့လယ်လူက ပြောပါတယ်။
▪️ မိခင်ရဲ့ကိုယ်နံ့ကနေ လူမျက်နှာတွေကို သိရှိတဲ့စွမ်းရည်ဟာ ကလေးတွေ အသက်ကြီးလာတဲ့အခါ လျော့ပါးလာပြီး အမြင်အာရုံကနေ သိရှိလာကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။
▪️ ကလေးတွေမှာ အာရုံခံသိရှိခြင်းပုံစံ အမျိုးမျိုးကို လေ့လာမှုကြီးပြုလုပ်ရာမှာ သက်တမ်းအစောပိုင်းမှာ ပုံစံအမျိုးမျိုးဖြင့် အာရုံကြောလှုံ့ဆော်မှုတွေကနေ သိရှိမှုလေ့လာသိရှိခြင်းက ဘယ်လောက်အရေးကြီးလဲဆိုတာကို တွေ့ရှိလာပါတယ်။
▪️ ဒါ့အပြင် အခြားအာရုံကြော စွမ်းရည်တွေ ဖွံ့ဖြိုးဖို့အတွက်လည်း အစောပိုင်းသိရှိခြင်းက အရေးပါနေပြီး အရာအမျိုးမျိုးဖြင့် ထိတွေ့သိရှိပေးဖို့လိုအပ်ကြောင်းကို ဖော်ပြသွားကြပါတယ်။
#Source: WION
#World_Health
Published 27 July 2024
▪️ အသည်းရောင်-စီရောဂါ (HCV)ကို ကိုယ်တိုင်စစ်ဆေးနိုင်မယ့် ပထမဆုံးစမ်းသပ်နည်းကို WHO က အသိအမှတ်ပြုလိုက်ပြီး အသည်းရောင်ရောဂါကို ပိုမိုလွယ်ကူစွာ စစ်ဆေးနိုင်ကာ ရောဂါဖယ်ရှားနိုင်ရန် ရည်ရွယ်နေကြတာ ဖြစ်ပါတယ်။
▪️ ကမ္ဘာပေါ်မှာ နေ့စဉ်နေ့တိုင်း အသည်းရောင်ရောဂါကြောင့် လူ ၃၅၀၀ နှုန်းသေဆုံးနေကြပြီး ၂၀၂၂ နှစ်ကုန်အထိ အသည်းရောင်-စီရောဂါရှိသူ သန်း ၅၀ ထဲက ၃၆ ရာခိုင်နှုန်းသာ ရောဂါတွေ့ရှိခဲ့ကာ ၂၀ ရာခိုင်နှုန်းကသာ ကုသမှု ခံယူခဲ့ကြပါတယ်။
▪️ OraQuick HCV လို့အမည်ပေးထားတဲ့ ကိုယ်တိုင်စမ်းသပ်နည်းအသစ်ကို OraSure Technologies မှ ထုတ်လုပ်ထားပြီး ကြိုတင်အသိအမှတ်ပြု ရရှိထားပြီ ဖြစ်ပါတယ်။
▪️ လက်ထိပ်ဖောက်ခြင်းနဲ့ သွေးပြန်ကြော ဖောက်ခြင်းဖြင့် HCV ပဋိဇီဝပစ္စည်းကို ရှာဖွေခြင်းအတွက် ထိုနည်းလမ်းကို ယခင်ကတည်းက အသိအမှတ်ပြုထားပါတယ်။
▪️ ထိုနည်းလမ်းက မိနစ် ၂၀ အတွင်း တိကျတဲ့စစ်ဆေးမှုရလဒ်ကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ထိုပစ္စည်းမှာ လူတိုင်းကိုယ်တိုင် အသုံးပြုနိုင်စေရန် ဖန်တီးထားပြီး လိုအပ်တဲ့ပစ္စည်းတွေ ပါဝင်ပါတယ်။
▪️ အသည်းရောင်-စီ ကိုယ်တိုင်စမ်းသပ်နည်းဟာ လက်ရှိစမ်းသပ်နည်းတွေကို ဖြည့်စွက်နိုင်မယ်လို့ ၂၀၂၁ တုန်းက WHO ထောက်ခံထားပါတယ်။
▪️ ကိုယ်တိုင်စမ်းသပ်နည်းဟာ လက်တွေ့စမ်းသပ်ထားကာ အလွယ်တကူ စမ်းသပ်ထိန်းချုပ်နိုင်စေရန် အားပေးနိုင်စေမယ်လို့ အမျိုးသားစီမံကိန်းတွေမှာ တွေ့ထားပါတယ်။
▪️ HCV ကို ကိုယ်တိုင်စစ်ဆေးနိုင်မယ့် နည်းလမ်းက WHO မှ ကြိုတင်အသိအမှတ်ပြုထားပြီး စီးပွားရေး အလယ်အလတ်မှ နိမ့်ပါးတဲ့နိုင်ငံတွေမှာ ပိုမိုသက်သာပြီး ဘေးကင်းတဲ့နည်းလမ်းဖြင့် အသုံးပြုလာနိုင်မှာဖြစ်ပြီး HCV ရောဂါရှိတဲ့ လူ ၉၀ ရာခိုင်နှုန်းမှာ ရောဂါတွေ့ရှိနိုင်ဖို့ အရေးကြီးကြောင်း WHO ကွပ်ကဲရေးဌာမှ ညွှန်ကြားရေးမှူး ဒေါက်တာ ရိုဂျဲရီယိုဂက်စ်ပါက ပြောပါတယ်။
▪️ WHO ကလည်း ဒီလိုစမ်းသပ်နည်းတွေကို ပိုမိုကျယ်ပြန့်စွာချမှတ်ပြီး အဖွဲ့အစည်းများနဲ့ အတူတကွ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
#Source: India Today
Lawson Inc စတိုးဆိုင်လုပ်ငန်းကြီးအား ဂျပန်တယ်လီကွန်းကုမ္ပဏီ KDDI လွှဲပြောင်းရယူလိုက်သဖြင့် ၂၄နှစ်ကြာ အများပိုင်ကုမ္ပဏီအဖြစ်မှ အဆုံးသတ်သွား
ဂျပန်မှ KDDI ကော်ပိုရေးရှင်းက ယခုနှစ်အစောပိုင်းမှာ စတိုးဆိုင်လုပ်ငန်းကြီး Lawson Inc. ကို လွှဲပြောင်းရယူခဲ့သဖြင့် Lawson အနေနဲ့ တိုကျိုစတော့အိတ်စ်ချိန်းစာရင်းမှာ မပါဝင်တော့ဘဲ ၂၄ နှစ်ကြာ အများပိုင်ကုမ္ပဏီအဖြစ်ကနေ အဆုံးသတ်သွားပါပြီ။
#World_Business
Published 26 July 2024
#ဂျပန်တယ်လီကွန်းကုမ္ပဏီ #အများပိုင်ကုမ္ပဏီအဖြစ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 26 July 2024
၁။ တရုတ်-မြန်မာနှစ်နိုင်ငံ မူကြီး(၅)ရပ်ကို ဆက်လက်ကျင့်သုံးပြီး ဖွံ့ဖြိုးရေးဆိုင်ရာ အစီအမံ(၃)ခုဆက်၍ ဖော်ဆောင်မည်
၂။ ထိုင်ဝမ်မုန်တိုင်းအတွင်း မြန်မာသင်္ဘောသား(၉)ဦး ပျောက်ဆုံးပြီး(၄)ဦးကယ်တင်နိုင်ခဲ့၊MSF အကူအညီပေးမည်ဆို
၃။ လှိုင်နှင့်သောင်းရင်းမြစ်ရေ မြင့်တက်မှုများကြောင့် ကူညီကယ်ဆယ်ရေးများပြုလုပ်ပေးနေရ
၄။ Lawson Incစ တိုးဆိုင်လုပ်ငန်းကြီးအား ဂျပန်တယ်လီကွန်းကုမ္ပဏီ KDDIလွှဲပြောင်းရယူလိုက်သဖြင့် ၂၄နှစ်ကြာ အများပိုင်ကုမ္ပဏီအဖြစ်မှ အဆုံးသတ်သွား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၆ ဇူလိုင် ၂၀၂၄
တိုင်းရင်းသားပြည်သူလူထုကို ကာကွယ်သည့် ကာကွယ်စစ်သည် မုချမအာင်ရမည်သာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုပ်သံဖြင့်ပြောကြားရာမှာ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးအပ်ပါတယ်။
@ymg/knl
သောင်ရင်းမြစ်၊ ဘီးလင်းမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ်ရေတွေဟာ စိုးရိမ်ရေအမှတ်အထက်ပေဝက်မှ ၂ပေခွဲအထိဆက်တက်ရန်ရှိပြီး မြို့(၅)မြို့ မြစ်ရေဆက်ကြီးနိုင်တယ်လို့ သိရပါတယ်။ တောင်ကျရေကြောင့် ဇူလိုင်(၂၆)ရက်မှာ ဘီးလင်းလမ်းပိုင်းနဲ့မစောတံတား ခေတ္တပိတ်ထားရတယ်။
#Local_News
Published 26 July 2024
#မြို့(၅)မြို့မြစ်ရေဆက်ကြီးနိုင် #မစောတံတားခေတ္တပိတ်
#YMG/tthl #Yangon_Times
ရန်ကုန်တိုင်းနဲ့ ကရင်ပြည်နယ်တွေမှာရှိတဲ့ လှိုင်နဲ့သောင်းရင်းမြစ်ရေမြင့်တက်မှုတွေကြောင့်ဒေသခံတွေကို ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ပေးနေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါတယ်။
#Local_News
Published 26 July 2024
#လှိုင်နှင့်သောင်းရင်းမြစ်ရေ #ကူညီကယ်ဆယ်ရေး
#YMG/NN #Yangon_Times
ထိုင်ဝမ်မုန်တိုင်းအတွင်း မြန်မာသင်္ဘောသား(၉)ဦး ပျောက်ဆုံးပြီး၊ (၄)ဦးကယ်တင်နိုင်ခဲ့၊ MSF အကူအညီပေးမည်ဆို
ထိုင်ဝမ်မုန်တိုင်းအတွင်း မြန်မာသင်္ဘောသား(၉)ဦးပျောက်ဆုံးပြီး လတ်တလော(၄)ဦးကယ်တင်နိုင်ခဲ့ကြောင်းနဲ့ MSFမှ ပျောက်ဆုံးသွားတဲ့သင်္ဘောသား မိသားစုဝင်တွေကိုအကူအညီပေးဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 26 July 2024
#မြန်မာသင်္ဘောသား(၉)ဦးပျောက် #(၄)ဦးကယ်တင်နိုင်ခဲ့
#YMG/tthl #Yangon_Times
တရုတ်-မြန်မာနှစ်နိုင်ငံ မူကြီး(၅)ရပ်ကို ဆက်လက်ကျင့်သုံးပြီး ဖွံ့ဖြိုးရေးဆိုင်ရာအစီအမံ (၃)ခုဆက်၍ ဖော်ဆောင်မည်
တရုတ်-မြန်မာနှစ်နိုင်ငံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို ဆက်လက်ကျင့်သုံးပြီး ဖွံ့ဖြိုးရေးဆိုင်ရာအစီအမံ (၃)ခုဆက်ပြီး ဖော်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 26 July 2024
#မူကြီး(၅)ရပ် #တရုတ်-မြန်မာနှစ်နိုင်ငံ
#YMG/tthl #Yangon_Times
၂၆ ဇူလိုင် ၂၀၂၄
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မြောက်ပိုင်းရဲ့အခြေအနေကို အနီးကပ်အာရုံစိုက်ထားပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ကြာသပတေးနေ့ ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ရှမ်းမြောက်အခြေအနေနှင့်ပတ်သက်လို့တုန့်ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Source CCT
#Local_News
Published 26 July 2024
▪️ မြစ်ရေကြီးမှုမှကာကွယ်ရန် ဧရာဝတီနှင့်ပဲခူးတိုင်းတို့ရှိ ရေကာတာနှင့် တာဘောင်ကြံ့ခိုင်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင်၂၅ ရက်နေ့၊ ည၈နာရီ ၄၅ မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာရှိ ညောင်ဝိုင်းရေကာတာ အောက်ခြေမှရေယိုစိမ့်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် မအူပင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အတားအဆီးများ၊ သဲအိတ်ဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ဇူလိုင်၂၆ ရက်နေ့၊ နံနက်၈နာရီ အချိန်ခန့်က ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်လာပါသဖြင့် ကျောက်ကြီးစုရပ်ကွက်ရှိ ကျောက်ကြီးစုတာဘောင်ကြံ့ခိုင်ရေးနှင့် ပန်းလှိုင်ရပ်ကွက်ရှိ ပန်းလှိုင်တာဘောင်ကြံ့ခိုင်ရေးတို့အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသည် သဲအိတ်များဖြင့် တာဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 July 2024
▪️ ရန်ကုန် - နေပြည်တော်အမြန်လမ်းမကြီး၌ Hondafit ယာဉ်မှ Guard railတန်းအား တိုက်မိပြီးနှစ်ဦး ေ-သဆုံး၊ တစ်ဦးဒ-ဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာ၂၆ ရက်နေ့၊ မနက်၆ နာရီ ၂၀မိနစ် အချိန်ခန့်က ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၇၁/၀ အနီးတွင် Hondafit အမျိုးအစား( အနက်ရောင်)ယာဉ်သည် Guard rail တန်းအားတိုက်မိပြီး ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး အနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကျား(၂)ဦး (သေဆုံး)တို့အား ဆွာနာရေးလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 102 of 1457