#Daily_News
Published 27 July 2024
၁။ ရန်ကုန်နှင့်ပဲခူး၌ သက်သာသောစျေးနှုန်းဖြင့် ဆေးဝါးများ တိုးချဲ့ရောင်းပေးမည်
၂။ ရေကြီးနစ်မြုပ်မှုကြုံခဲ့ရသည့် မိုးစပါးစိုက်တောင်သူများကို မျိုးစပါး၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးများ ကူညီပံ့ပိုးပေးမည်
၃။ အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်အပါအဝင်မိုးကြီးမည့်ဒေသ(၇)ခုရှိ
၄။ (၂၀၂၃)အတွင်းကမ္ဘာပေါ်၌ လူ(၁၁)ဦးလျှင်တစ်ဦးနှုန်းငတ်မွတ်ခေါင်းပါးဘေးကြုံတွေ့နေရဟု ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးတင်ပြချက်တွင် ဖော်ပြထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်ဈေးကွက်ထဲမှာ စက်သုံးဆီအမျိုးအစားအားလုံး ဈေးတွေဆက်လက်ကျဆင်းလာတယ် လို့ ဈေးကွက်ထဲက သိရပါတယ်။ ဓာတ်ဆီ 92 တစ်လီတာ ၅၅ ကျပ်၊ 95 တစ်လီတာ ၇၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၅၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၆၅ ကျပ် အသီးသီးကျဆင်းသွားပါတယ်။
#Local_News
Published 27 July 2024
#စက်သုံးဆီဈေးနှုန်း #ဈေးနှုန်းများဆက်လက်ကျဆင်း
#YMG/NN #Yangon_Times
#Local_News
Published 27 July 2024
▪️ ပြင်သစ်နိုင်ငံတွင်ကျင်းပနေသည့် ၂၀၂၄အိုလံပစ်ပြိုင်ပွဲတွင် မြန်မာကြက်တောင် လက်ရွေးစင်သက်ထားသူဇာပါဝင်ယှဉ်ပြိုင်နေကြောင်း သိရသည်။
▪️ ပွဲဦးထွက်အနေဖြင့် မြန်မာမှ သက်ထားသူဇာနှင့် ဂျပန်မှAkane Yamaguchi (Japan)နှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ သက်ထားသူဇာက "သက်ထား group C ထဲမှာပါတဲ့ Akane Yamaguchi (Japan) နဲ့ Michelle Li (Canada) နှစ်ယောက်ထဲမှာ Japan က Akane နဲ့ အရင်ဦးဆုံး 27th July Olympic ကြက်တောင်ပြိုင်ပွဲ စစချင်းနေ့မှာ ပြိုင်ရမှာဖြစ်ပါတယ်"ဟု ဖော်ပြထားသည်။
▪️ အချိန်ကတော့ Paris Time Zone 7:30 PM တွင် ကွင်းနံပတ် 2 မှာရိုက်ရမည်ဖြစ်ပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ ၂၀၂၄အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုသက်ထားသူဇာနှင့်ဘုန်းပြည့်ဟန်တို့က အမျိုးသမီး တစ်ယောက်ချင်း ကြက်တောင်ရိုက်အားကစားနဲ့ အမျိုးသား မီတာ ၁၀၀ အလွတ်ကူး အားကစားတွေမှာ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်အရသိရသည်။
#YMG/tthl #Yangon_Times
အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ မုတ်သုံလေအားအလွန်ကောင်းတဲ့အတွက် ရန်ကုန်အပါအဝင်မိုးကြီးမည့်ဒေသ(၇)ခုရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 27 July 2024
#လေဖိအားနည်းရပ်ဝန်း #မိုးကြီးမည့်ဒေသ(၇)ခု
#YMG/tthl #Yangon_Times
ရေကြီးနစ်မြုပ်မှုကြုံခဲ့ရတဲ့ မိုးစပါးစိုက်တောင်သူတွေကို မျိုးစပါး၊ မြေဩဇာနဲ့ စိုက်ပျိုးရေးဆေးတွေ ကူညီပံ့ပိုးပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 27 July 2024
#ရေကြီးနစ်မြုပ်မှု #စိုက်ပျိုးရေးဆေးများ
#YMG/NN #Yangon_Times
ရန်ကုန်နဲ့ပဲခူးမြို့တွေမှာ သက်သာတဲ့ စျေးနှုန်းတွေနဲ့ ဆေးဝါးတွေကို အခုလကုန်ပိုင်းကနေ စတင်ပြီး တိုးချဲ့ရောင်းပေးသွားမယ်လို့ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 27 July 2024
#ဆေးဝါးများတိုးချဲ့ရောင်းပေး #သက်သာသောစျေးနှုန်း
#YMG/NN #Yangon_Times
#Local_News
Published 27 July 2024
▪️ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ စမ်းချောင်းမြို့နယ်၌ ဘုန်းကြီးကျောင်းအုတ်တံတိုင်းပြိုကျပြီး မော်တော်ယာဉ်(၆)စီးပေါ်ပိမိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင်၂၇ရက်နေ့၊ မနက်၁၁ နာရီ၂၀ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်းတောင်ရပ်ကွက်၊ ကျွန်းတောလမ်း၊ ဘီးလင်းကျောင်းတိုက် အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားပြီး မော်တော်ယာဉ်(၆)စီးပေါ်ပိမိနေကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 27 July 2024
▪️ ရီပတ်ဘလစ်ကန် သမ္မတလောင်းကိုယ်စားလှယ် ဒေါ်နယ်ထရမ့်က ဖလော်ရီဒါ ပမ်းလ်ကမ်းခြေရှိ မာရာလာဂိုမှာ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူနဲ့ သောကြာနေ့က တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သူ့ရဲ့ ဒီမိုကရက်တစ်ပြိုင်ဘက် ကာမယ်လာဟားရစ်ကို ပုတ်ခတ်ပြောဆိုလိုက်ပြီး ဂျူးလူမျိုးတွေက သူမကို ဘယ်လိုမဲပေးကြမှာလဲဆိုပြီး မေးခွန်းထုတ်လိုက်ပါတယ်။
▪️ ဂျူးလူမျိုးတစ်ယောက်က သူမအတွက် ဘယ်လိုများမဲပေးမလဲဆိုတာ နားမလည်ကြောင်း၊ ဒါကလည်း သူတို့အပေါ်သာ မူတည်ကြောင်း ထရမ့်က ဆိုပါတယ်။
▪️ အစ္စရေးလ်ဝန်ကြီးချုပ်နဲ့အတူ ပါလာတဲ့ အစ္စရေးလ်သတင်းထောက်တွေကို ဆွေးနွေးပွဲသို့ အဝင်မခံပေမယ့် အမေရိကန် သတင်းထောက်အချို့တော့ ဝင်ခွင့်ပေးခဲ့ကာ နှစ်ဦးစလုံးကို မေးမြန်းခဲ့ကြပါတယ်။
▪️ ဒုသမ္မတ ကာမယ်လာဟားရစ် ကြာသပတေးနေ့က အိမ်ဖြူတော်မှာ နေတန်ညာဟူနဲ့ ဆွေးနွေးပြီးနောက် ဓားစာခံလွှတ်ပေးရေး ဒုတိယအဆင့်အပြီးမှာ အစ္စရေးလ်အနေနဲ့ ဂါဇာကနေ ဆုတ်ခွာရမယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်တဲ့အကြောင်းကို မေးမြန်းခဲ့ကြပါတယ်။
▪️ အစ္စရေးလ်ဘက်က ထိုအဆင့်အထိ လုပ်ဆောင်သွားဖို့ မသေချာသေးဘဲ နေတန်ညာဟူကတော့ ဝါရှင်တန်သို့ ယခုအပတ် ခရီးသွားရောက်စဉ် ဟားရစ်ရော ထရမ့်နဲ့ပါ တွေ့ဆုံခဲ့ကာ သမ္မတအဖြစ် မည်သူရွေးချယ်ခံရသည်ဖြစ်စေ ဆက်ဆံရေးတည်ဆောက်သွားဖို့ ပြင်ဆင်နေပါတယ်။
▪️ ဒါပေမဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မှုတွေကြား သူကိုယ်တိုင်ရောက်ရှိနေတာကို နေတန်ညာဟူ ချက်ချင်းသတိမူမိပါတယ်။
▪️ ဂါဇာအရေးနဲ့ ပတ်သက်ပြီး ဟားရစ်ရဲ့ထုတ်ပြန်ချက်က အစ္စရေးလ်အစိုးရကို စိတ်ပျက်စေပြီး ဓားစာခံသဘောတူညီချက် ဆွေးနွေးမှုများကို ထိခိုက်စေမှာကို စိုးရိမ်နေကြပါတယ်။
▪️ ထရမ့်ကပြောကြားရာမှာ ဟားရစ်က အစ္စရေးလ်ကို မလေးမစားလုပ်နေတယ်လို့ မြင်နေကြောင်း၊ သူမဟာ လက်ဝဲနိုင်ငံရေးသမားတွေထဲမှာ အညောင့်သဘောရောက်ကြောင်း၊ ဆန်ဖရန်ဆစ္စကိုကို ဖျက်လိုဖျက်ဆီး လုပ်နေပြီး ဘယ်လိုတည်ဆောက်ရမလဲ နားမလည်ကြောင်း ဆိုပါတယ်။
▪️ ထရမ့်က ယင်းနဲ့ နေတန်ညာဟူကြား ဆက်ဆံရေးယိုယွင်းလာတယ်ဆိုတာကို ငြင်းပယ်လိုက်ပြီး အမြဲတမ်း ဆက်ဆံရေးကောင်း ရှိနေတယ်လို့ ရှင်းပြခဲ့ပါတယ်။
▪️ အစ္စရေးလ်နဲ့ ဆက်ဆံရေးကောင်းမြဲနေရတဲ့ လျှို့ဝှက်လက်နက်က နေတန်ညာဟူရဲ့ဇနီး ဆာရာကြောင့်ဖြစ်တယ်လို့ နောက်ပြောင်ပြောဆိုလိုက်ကာ သူမရဲ့ပခုံးပေါ် လက်တင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
▪️ ၂၀၁၇ မှ ၂၀၂၁ အတွင်း ထရမ့်သမ္မတဖြစ်စဉ်ကထက် ဘယ်အမေရိကန်သမ္မတကမှ အစ္စရေးလ်အတွက် အကျိုးမပြုခဲ့ဘူးလို့ ထရမ့်က ဆိုပါတယ်။
▪️ ဂိုလန်ဟိုက်ကို အစ္စရေးလ် နယ်မြေပိုင်အဖြစ် အသိအမှတ်ပြုခြင်းနဲ့ ဂျေရုဆလမ်ကို အစ္စရေးလ်မြို့တော်အဖြစ် အသိအမှတ်ပြုခြင်းတို့ ပါဝင်ထားကာ အမေရိကန်သံရုံးကို တဲလ်အေဗစ်ကနေ ဂျေရုဆလမ်သို့ ရွှေ့ပြောင်းပြီး အီရန်နျူကလီးယား သဘောတူညီချက်မှာလည်း ပါဝင်ထားပါတယ်။
▪️ ယင်းသာ ရွေးကောက်ခံရပါက အီရန်နျူကလီးယား အဆုံးသတ်ရေး သဘောတူညီချက်ကို ချက်ချင်းဆောင်ရွက်နိုင်ပေမယ့် ဒီမိုကရက်တွေကတော့ ဒီကိစ္စကို အရေးမထားဘူးလို့ ဆိုပါတယ်။
▪️ အခုဆိုရင် ဘိုင်ဒင်နေရာ အစားဝင်လာတဲ့ ဟားရစ်က ပို၍ပင်ဆိုးရွားနေကာ အရှေ့အလယ်ပိုင်းမှာ အဓိကစစ်ပွဲကြီး ဖြစ်လာနိုင်ပြီး တတိယကမ္ဘာစစ်ပင် အချိန်ဖြစ်ပွားလာနိုင်တယ်လို့ ထရမ့်က ပြောပါတယ်။
▪️ အစ္စရေးလ်အနေနဲ့ စစ်ပွဲကို မြန်မြန်အဆုံးသတ်ပြီး ဓားစာခံပြန်ရရေးကိုသာ သေချာပြုလုပ်ဖို့ ထရမ့်က တိုက်တွန်းခဲ့ပါတယ်။
#Source: The Jerusalem Post
#Local_News
Published 27 July 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာနှင့် ညောင်နီကျေးရွာတွင် ယနေ့မနက်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင်၂၇ ရက်နေ့၊မနက် ၆ နာရီအချိန်ခန့်တွင် ကွမ်းခြံကုန်းမြို့နယ်မီးသတ်စခန်းနှင့် ကော့မှူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲသူရိန်(စမ်းချောင်း)အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မုဒိတာလူမှုကူညီရေးအသင်း၊ သောင်ခုန်မေတ္တာမွန်လူမှုကူညီရေးအသင်း၊ စိတ္တသုခ(တွံတေး)လူမှုကူညီရေးအသင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ယမန်နေ့ဇူလိုင်၂၆ ရက်နေ့၊ မနက်၄ နာရီ ၄၄ မိနစ်အချိန်ခန့်ကလည်း ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာနှင့် ညောင်နီကုန်းကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွါးခဲ့ရာ ကွမ်းခြံကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ကော့မှူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 July 2024
▪️ တရုတ်နိုင်ငံမှမြန်မာနိုင်ငံမြောက်ပိုင်းဒေသ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းစွာဆွေးနွေးရေးအရှိန်အဟုန်ကို ထိန်းသိမ်းထားရန် တွန်းအားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mrs. Mao Ning ကထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
▪️ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mrs. Mao Ning သည် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ လက်ရှိအခြေအနေနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေကို အလွန်ဂရုပြုလျက်ရှိကြောင်း၊
▪️ မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက တွေ့ဆုံဆွေးနွေးမှုကိုကိုင်စွဲ၍ အမြန်ဆုံးအပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲပြားမှုများကိုဖြေရှင်းပြီး အခြေအနေပိုမိုအရှိန်မြင့်လာမှုကို ရှောင်ရှားရန် မိမိတို့က အမြဲတိုက်တွန်းလျက်ရှိကြောင်း၊
▪️ အထူးသဖြင့် တရုတ်နိုင်ငံနယ်စပ်ဒေသ၊ နယ်စပ်ဒေသနေ ပြည်သူများနှင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ၊ ကုမ္ပဏီများ၊ ဝန်ထမ်းများ၏ လုံခြုံရေးကို မထိခိုက်စေရန် တိုက်တွန်းလျက်ရှိကြောင်း၊
▪️ မိမိတို့သည် ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းစွာဆွေးနွေးရေးအရှိန်အဟုန်ကို ထိန်းသိမ်းထားရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#World_Research
Published 27 July 2024
▪️ မွေးကင်းစကလေးတွေဟာ မိခင်ရဲ့အနံ့ကနေ လူတွေရဲ့မျက်နှာကို သိရှိမြင်တွေ့ကြတယ်လို့ သုတေသီအဖွဲ့တစ်ခုက အံ့အားသင့်ဖွယ် ရှာတွေ့ထားပါတယ်။
▪️ အဖွဲ့အစည်းအမျိုးမျိုးမှ သုတေသီတွေက ဒီဖြစ်စဉ်ကို နားလည်ဖို့အတွက် လေ့လာချက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
▪️ မွေးကင်းစကလေးတွေရဲ့အဆိုပါစွမ်းရည်ဟာ အသက် ၄ လမှ ၁၂ လအတွင်း အသိသာဆုံးဖြစ်ပါတယ်။
▪️ ဒါပေမဲ့ ထိုထက်အသက်ကြီးသွားတဲ့ ကလေးတွေကတော့ မျက်နှာတွေသိရှိဖို့အတွက် အမြင်အာရုံကိုပဲ အဓိကအသုံးပြုကြပါတယ်။
▪️ အာရုံခံသိရှိခြင်းဆိုတာဟာ ဦးနှောက်ထဲက ရှုပ်ထွေးတဲ့ဖြစ်စဉ်ဖြစ်ပြီး တချိန်တည်းမှာပဲ လှုံ့ဆော်မှုအမျိုးမျိုးကနေ ရောက်ရှိလာကြတယ်လို့ အာရုံကြောသိပ္ပံ တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ အာနော့လယ်လူက ပြောပါတယ်။
▪️ မိခင်ရဲ့ကိုယ်နံ့ကနေ လူမျက်နှာတွေကို သိရှိတဲ့စွမ်းရည်ဟာ ကလေးတွေ အသက်ကြီးလာတဲ့အခါ လျော့ပါးလာပြီး အမြင်အာရုံကနေ သိရှိလာကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။
▪️ ကလေးတွေမှာ အာရုံခံသိရှိခြင်းပုံစံ အမျိုးမျိုးကို လေ့လာမှုကြီးပြုလုပ်ရာမှာ သက်တမ်းအစောပိုင်းမှာ ပုံစံအမျိုးမျိုးဖြင့် အာရုံကြောလှုံ့ဆော်မှုတွေကနေ သိရှိမှုလေ့လာသိရှိခြင်းက ဘယ်လောက်အရေးကြီးလဲဆိုတာကို တွေ့ရှိလာပါတယ်။
▪️ ဒါ့အပြင် အခြားအာရုံကြော စွမ်းရည်တွေ ဖွံ့ဖြိုးဖို့အတွက်လည်း အစောပိုင်းသိရှိခြင်းက အရေးပါနေပြီး အရာအမျိုးမျိုးဖြင့် ထိတွေ့သိရှိပေးဖို့လိုအပ်ကြောင်းကို ဖော်ပြသွားကြပါတယ်။
#Source: WION
#World_Health
Published 27 July 2024
▪️ အသည်းရောင်-စီရောဂါ (HCV)ကို ကိုယ်တိုင်စစ်ဆေးနိုင်မယ့် ပထမဆုံးစမ်းသပ်နည်းကို WHO က အသိအမှတ်ပြုလိုက်ပြီး အသည်းရောင်ရောဂါကို ပိုမိုလွယ်ကူစွာ စစ်ဆေးနိုင်ကာ ရောဂါဖယ်ရှားနိုင်ရန် ရည်ရွယ်နေကြတာ ဖြစ်ပါတယ်။
▪️ ကမ္ဘာပေါ်မှာ နေ့စဉ်နေ့တိုင်း အသည်းရောင်ရောဂါကြောင့် လူ ၃၅၀၀ နှုန်းသေဆုံးနေကြပြီး ၂၀၂၂ နှစ်ကုန်အထိ အသည်းရောင်-စီရောဂါရှိသူ သန်း ၅၀ ထဲက ၃၆ ရာခိုင်နှုန်းသာ ရောဂါတွေ့ရှိခဲ့ကာ ၂၀ ရာခိုင်နှုန်းကသာ ကုသမှု ခံယူခဲ့ကြပါတယ်။
▪️ OraQuick HCV လို့အမည်ပေးထားတဲ့ ကိုယ်တိုင်စမ်းသပ်နည်းအသစ်ကို OraSure Technologies မှ ထုတ်လုပ်ထားပြီး ကြိုတင်အသိအမှတ်ပြု ရရှိထားပြီ ဖြစ်ပါတယ်။
▪️ လက်ထိပ်ဖောက်ခြင်းနဲ့ သွေးပြန်ကြော ဖောက်ခြင်းဖြင့် HCV ပဋိဇီဝပစ္စည်းကို ရှာဖွေခြင်းအတွက် ထိုနည်းလမ်းကို ယခင်ကတည်းက အသိအမှတ်ပြုထားပါတယ်။
▪️ ထိုနည်းလမ်းက မိနစ် ၂၀ အတွင်း တိကျတဲ့စစ်ဆေးမှုရလဒ်ကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ထိုပစ္စည်းမှာ လူတိုင်းကိုယ်တိုင် အသုံးပြုနိုင်စေရန် ဖန်တီးထားပြီး လိုအပ်တဲ့ပစ္စည်းတွေ ပါဝင်ပါတယ်။
▪️ အသည်းရောင်-စီ ကိုယ်တိုင်စမ်းသပ်နည်းဟာ လက်ရှိစမ်းသပ်နည်းတွေကို ဖြည့်စွက်နိုင်မယ်လို့ ၂၀၂၁ တုန်းက WHO ထောက်ခံထားပါတယ်။
▪️ ကိုယ်တိုင်စမ်းသပ်နည်းဟာ လက်တွေ့စမ်းသပ်ထားကာ အလွယ်တကူ စမ်းသပ်ထိန်းချုပ်နိုင်စေရန် အားပေးနိုင်စေမယ်လို့ အမျိုးသားစီမံကိန်းတွေမှာ တွေ့ထားပါတယ်။
▪️ HCV ကို ကိုယ်တိုင်စစ်ဆေးနိုင်မယ့် နည်းလမ်းက WHO မှ ကြိုတင်အသိအမှတ်ပြုထားပြီး စီးပွားရေး အလယ်အလတ်မှ နိမ့်ပါးတဲ့နိုင်ငံတွေမှာ ပိုမိုသက်သာပြီး ဘေးကင်းတဲ့နည်းလမ်းဖြင့် အသုံးပြုလာနိုင်မှာဖြစ်ပြီး HCV ရောဂါရှိတဲ့ လူ ၉၀ ရာခိုင်နှုန်းမှာ ရောဂါတွေ့ရှိနိုင်ဖို့ အရေးကြီးကြောင်း WHO ကွပ်ကဲရေးဌာမှ ညွှန်ကြားရေးမှူး ဒေါက်တာ ရိုဂျဲရီယိုဂက်စ်ပါက ပြောပါတယ်။
▪️ WHO ကလည်း ဒီလိုစမ်းသပ်နည်းတွေကို ပိုမိုကျယ်ပြန့်စွာချမှတ်ပြီး အဖွဲ့အစည်းများနဲ့ အတူတကွ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
#Source: India Today
Page 101 of 1456