#Local_News
Published 15 January 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ကမ္ဘာအေးကုန်းမြေတွင် တည်ထားကိုးကွယ်သော ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိရာယခုနှစ်တွင် ဖေဖော်ဝါရီလ ၄ ရက် (၁၃၈၆ခုနှစ်၊ တပို့တွဲလဆန်း ၇ရက်) မှ ၉ ရက် (တပို့တွဲလဆန်း ၁၂ ရက်) အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းပွဲတော်တွင် ဖေဖော်ဝါရီလ ၄ ရက် (တပို့တွဲလဆန်း ၇ ရက်) မှ ၉ ရက် (တပို့တွဲလဆန်း ၁၂ ရက်) အထိ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နှင့် ၆ ရက် (တပို့တွဲလဆန်း ၈ ရက်နှင့် ၉ ရက်) မနက် ၇ နာရီတွင်မူ ထမနဲထိုးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင်ဖေဖော်ဝါရီလ ၉ ရက်၊ မနက်ပိုင်း၌ မြတ်စွာဘုရားကို ရည်မှန်းပြီး ဆွမ်းတော်ကြီးကပ်လှူပူဇော် ခြင်း၊ မနက် ၈ နာရီ၌ စေတီတော်အတွင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ နှင့် ဆရာတော်ကြီးများ ဦးဆောင်သော စေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများအပါအဝင် ပင့်သံဃာတော် ၄၅ ပါးတို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ခြင်းများ ကျင်းပမှာဖြစ်ကြောင်း သိရသည်။
▪️ ထို့နောက် မနက် ၉ နာရီတွင် မြတ်စွာဘုရားရှင်နှင့် အဂ္ဂသာဝက အရှင်မြတ်ကြီးနှစ်ပါးတို့အား အမှူးထား၍ နိုင်ငံတော်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ ဦးဆောင်သော ပင့်သံဃာတော် ၄၅ ပါး၊ စုစုပေါင်း သံဃာတော် ၄၈ ပါး တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 15 January 2025
▪️ ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းရန်အတွက် လေအားလျှပ်စစ်စီမံကိန်း ၈ ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
▪️ အဆိုပါ စီမံကိန်း၈ခုတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြိုနယ်တွင်တည်ရှိသည့် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်ကာ လက်ရှိတွင်စီမံကိန်းဆောင်ရွက်ရန် လိုအပ်သည့်မြေနေရာအခြေအနေများ၊ လေအားလျှပ်စစ်စီမံကိန်းလည်ပတ်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်းလေ့လာခြင်းများဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
▪️ ထိုစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းဆိုင်ရာအချက်အလက်များ ရှင်းလင်းပွဲကို ယခုလ၁၄ရက်က ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံတော်က လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များကို အသုံးပြု၍ နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လေအားလျှပ်စစ်စီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လေစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရန် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ဆောင်ရွက်ဆဲ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသည့် လေအားလျှပ်စစ်စီမံကိန်း ၈ ခုတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းတစ်ခုလည်း ပါဝင်ကြောင်း၊ ဝန်ကြီးက စီမံကိန်းအား အမြန်ဆုံး အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများဆောင်ရွက်နေမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များကို နိုင်ငံတော်မူဝါဒများနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်း ကို Zeya & Associates နှင့် Rosatom Renewable Energy မှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ဖို့ ရာသီစတင်ချိန်နီးကပ်လာတာကြောင့် ဈေးကွက်ထဲမှာ စုဆောင်းဝယ်ယူသူ တွေရှိလာတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက နေသိရပါတယ်။
#Local_News
Published 15 January 2025
#ထိုင်းသို့ပြောင်းတင်ပို့ #မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း
#YMG/NN #Yangon_Times
မြန်မာလုပ်သားသစ် ၁၄၄ ဦးကို ကိုရီးယားသမ္မတနိုင်ငံသို့ ယမန်နေ့ကစေလွှတ်ခဲ့တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရပါတယ်။
#Local_News
Published 15 January 2025
#ကိုရီးယား #မြန်မာလုပ်သားသစ်များစေလွှတ်
#YMG/SW #Yangon_Times
ပြည်တွင်းက မသန်စွမ်းလုပ်သားတွေကို ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 15 January 2025
#မသန်စွမ်းလုပ်သား #ဂျပန်
#YMG/SW #Yangon_Times
#World_News
Published 15 January 2025
▪️ အမေရိကန်အစိုးရက ဒီဇင်ဘာလအတွက် ဒေါ်လာ ၈၇ ဘီလီယံလိုငွေပြခဲ့ကြောင်း ထုတ်ပြန်လိုက်ပြီး အကျိုးခံစားခွင့် ပေးချေမှုများကို နိုဝင်ဘာလသို့ ပြောင်းရွှေ့ကာ တစ်စိတ်တစ်ပိုင်း လျှော့ချနိုင်ခဲ့ပေမယ့် ၂၀၂၅ ဘဏ္ဍာရေးနှစ် ပထမသုံးလအတွက် ဒေါ်လာ ၇၁၁ ဘီလီယံအထိ စံချိန်တင်လိုငွေပြနေကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။
▪️ လာမယ့် သီတင်းပတ် ဒေါ်နယ်ထရမ့် သမ္မတတာဝန် စတင်မထမ်းဆောင်ခင်မှာပဲ ဘဏ္ဍာရေးက နောက်ဆုံးရ ဘတ်ဂျက်အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာမှာ သုံးစွဲငွေ သိသိသာသာ များပြားခဲ့ပြီး အခွန်ဝင်ငွေတွေ အနည်းငယ် ကျဆင်းခဲ့တာကြောင့် ယမန်နှစ် ထိုကာလက ဒေါ်လာ ၅၁၀ ဘီလီယံလိုငွေပြခဲ့ခြင်းထက် ယခုအောက်တိုဘာ-ဒီဇင်ဘာမှာ ဒေါ်လာ ၇၁၁ ဘီလီယံ လိုငွေပြခြင်းက ၃၉ ရာခိုင်နှုန်း တစ်နည်းအားဖြင့် ဒေါ်လာ ၂၀၁ ဘီလီယံ ပိုများနေပါတယ်။
▪️ အကျိုးခံစားခွင့် ပြက္ခဒိန်နှစ်ပြောင်းရွှေ့လိုက်ခြင်းကြောင့် ၂၀၂၃ ဒီဇင်ဘာလက ၁၂၉ ဘီလီယံ လိုငွေပြခဲ့တာနဲ့ယှဉ်ရင် ၅၁ ဘီလီယံလျော့နည်းသွားပြီး ယခုဒီဇင်ဘာလအတွက် လိုငွေ ၈၇ ဘီလီယံ ဖြစ်သွားပါတယ်။
▪️ ထိုလအတွက် လက်ခံရရှိငွေက ၆ ရာခိုင်နှုန်းတက်လာကာ ဒေါ်လာ ၄၅၄ ဘီလီယံရှိလာပြီး သုံးစွဲငွေကတော့ ၃ ရာခိုင်နှုန်း လျော့ကျသွားကာ ၅၄၁ ဘီလီယံရှိခဲ့တယ်လို့ သိရပါတယ်။
#Source: Reuters
#Local_News
Published 15 January 2025
▪️ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ရွှေကြိုမောင်မယ်များအဖြစ်ပါဝင်နိုင်ရန် ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သော်လည်း ဆက်လက်ရွေးချယ်ခြင်းမခံခဲ့ရသည့် မောင်မယ်များအနေဖြင့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၏ ဖျော်ဖြေရေးအစီအစဉ်တွင်ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ဒုတိယအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ပြီး ရွေးချယ်ခြင်းမခံခဲ့ရသည့် ရွှေကြိုမောင်မယ်များအနေဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၏ ဖျော်ဖြေရေးကဏ္ဌတွင် ပါဝင်နိုင်ရန် ယခုလ ၁၆ ရက်နောက်ဆုံးထား စာရင်းပေးသွင်းရန် လိုအပ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသိပေးထုတ်ပြန်ထားသည်။
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ရွှေကြိုပြိုင်ပွဲနောက်ဆုံးအဆင့်ထိတက်ရောက်ကာ ရွေးချယ်ခြင်းမခံခဲ့ရသူများအား မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၏ ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်နိုင်ရန်လည်း ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Lifestyle
Published 15 January 2025
▪️ ဆောင်းရာသီအတွင်း ဦးရေပြားဗောက်ထခြင်း၊ ဆံကေသာ မှေးမှိန်ခြောက်သွေ့ခြင်း၊ ယားယံခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်းတို့ ကြုံတွေ့ရတတ်ပြီး ဆံပင်ကျွတ်ကြပါတယ်။
▪️ ဒီအတွက် ပုံမှန်ဆီလိမ်းပေးခြင်းက အထိရောက်ဆုံး နည်းလမ်းဖြစ်ပြီး ဦးရေပြား နှိပ်နယ်ပေးခြင်းကလည်း သွေးလည်ပတ်မှု ကောင်းစေပြီး ဦးရေပြာကျန်းမာရေး တိုးတက်စေပါတယ်။
▪️ ဆံကေသာကို ဆီလိမ်းပေးခြင်းဖြင့် ခြောက်သွေ့ကြွပ်ဆတ်ခြင်းကို သက်သာစေကာ အရေပြားဆရာဝန် ဒေါက်တာ ဂျူရှာဘာတီယာဆာရင်က ဆံကေသာမှာ ဆီဘယ်လိုသုံးရမလဲဆိုတာကို ဖော်ပြသွားပါတယ်။
▪️ ဆောင်းတွင်းမှာ အသုံးပြုရန် အသင့်လျော်ဆုံးဆီက အုန်းဆီလက်ဟောင်း ကောင်းကောင်းဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ဆီပါတဲ့ ပုလင်းကို ရေပူထဲစိမ်ပြီး ဆီပျော်စေကာ အသုံးပြုနိုင်သလို သန့်စင်ထုတ်လုပ်ထားတဲ့ အုန်းဆီတွေလည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
▪️ အုန်းဆီက သဘာဝအတိုင်း စိုစွတ်မှုထိန်းသိမ်းပေးပြီး ပျော့ပျောင်းစေသလို ဆံပင်နှစ်ခွဖြစ်ခြင်း၊ ကြွပ်ဆတ်ခြင်းတို့ကို လျော့ပါးစေကာ သဘာဝအတိုင်း တောက်ပြောင်စေတယ်လို့ ဖော်ပြထားပါတယ်။
▪️ အုန်းဆီကို အထိရောက်ဆုံး အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုက ခေါင်းမလျှော်ခင် ၁၅-၂၀ မိနစ်လောက်မှာ အသုံးပြုရတာ ဖြစ်ပါတယ်။
▪️ ဒါ့အပြင် ရေချိုးရင်ဆောင်းတဲ့ ဦးထုပ်အသုံးပြုပါက ဆံပင်တွေကနေ အုန်းဆီကို ပိုမိုထိတွေ့စေသလို ရေပူမှရေနွေးငွေ့ကလည်း အုန်းဆီကို ပိုမိုစုပ်ယူစေနိုင်တယ်လို့ မျှဝေသွားပါတယ်။
#Source: DoctorNDTV
#World_Science
Published 15 January 2025
▪️ ရင်သားကင်ဆာ စစ်ဆေးရာမှာ AIဉာဏ်ရည်တုစနစ် အသုံးပြုပြီးတော့ ဆရာဝန်တွေအတွက် ရောဂါပိုမိုသိရှိစေလိမ့်မယ်လို့ လေ့လာချက်အသစ်တစ်ခုမှာ တွေ့ရပါတယ်။
▪️ ဒါဟာ လက်တွေ့ရောဂါစစ်ဆေးရေး အစီအစဉ်တစ်ခုရဲ့ ကြီးမားကျယ်ပြန့်တဲ့ စမ်းသပ်မှုဖြစ်ပြီး ရောဂါတွေ့ရှိမှုနှုန်း တိုးတက်လာနိုင်သလို မှားယွင်းတဲ့ ရောဂါတွေ့ရှိမှုမျိုးတွေ မလိုလားအပ်တဲ့ နောက်ဆက်တွဲ စစ်ဆေးမှုတွေ လျော့နည်းလာစေမယ်လို့ The Guardian က ဖော်ပြထားပါတယ်။
▪️ ၂၀၂၁ ဇူလိုင်မှ ၂၀၂၃ ဖေဖော်ဝါရီကြားမှာ ဂျာမနီမှ ရင်သားကင်ဆာ စစ်ဆေးမှုခံယူခဲ့တဲ့ အမျိုးသမီး ၄၆၁၈၁၈ ဦးထံမှ အချက်အလက်တွေကို ဆန်းစစ်ခဲ့ပြီး အသက် ၅၀ မှ ၆၉ နှစ်ကြား ရောဂါလက္ခဏာမပေါ်တဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ စစ်ဆေးရေးအစီအစဉ်တစ်ခုမှာ AIဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
▪️ တစ်ဦးချင်းစီရဲ့ ဓာတ်မှန်တွေကို ဓာတ်ရောင်ခြည်ပညာရှင် ၂ ဦးမှ သုံးသပ်ခဲ့ပြီး အမျိုးသမီး တဝက်လောက်အတွက် AIအကူအညီ အသုံးပြုခဲ့ပါတယ်။
▪️ AI ကိရိယာက သံသယရှိတဲ့နေရာတွေကို ထောက်ပြပြီး ဓာတ်မှန်ပညာရှင်တွေ လွဲချော်တာရှိရင် အချက်ပြပေးပါတယ်။
▪️ စမ်းသပ်ချက်များအရ AIအကူအညီ အသုံးပြုတဲ့ စစ်ဆေးမှုတွေမှာ ရင်သားကင်ဆာ တွေ့ရှိမှုနှုန်းက ၆.၇ ရာခိုင်နှုန်း ပိုများနေပါတယ်။
▪️ ပိုပြီးအရေးကြီးတာက AIကိရိယာ အသုံးပြုခြင်းက လွဲမှားတဲ့တွေ့ရှိမှုမျိုးတွေ ဖြစ်မလာတော့ဘဲ မလိုလားအပ်တဲ့ နောက်ဆက်တွဲစစ်ဆေးမှုတွေ လုပ်စရာမလိုတော့ပါဘူး။
▪️ ဒါ့အပြင် AIဖြင့် ဓာတ်မှန်ပညာရှင်တွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချနိုင်ကာ ဓာတ်မှန်တွေနဲ့ ပိုမိုရှုပ်ထွေးတဲ့ ကိစ္စတွေမှာ အာရုံစိုက်နိုင်စေမယ်လို့ Varaကုမ္ပဏီတည်ထောင်သူ ဒေါက်တာ စတီဖန်ဘန့်ခ်က ပြောပါတယ်။
▪️ ဒီတွေ့ရှိချက်တွေကို ပညာရှင်တွေက ချီးကျူးနေကြပေမယ့် AIအကူအညီက စိတ်ချရနိုင်မလားဆိုတာ နောက်ထပ်သုတေသနတွေ ပြုလုပ်ဖို့လိုတယ်လို့ ယူဆနေကြပါတယ်။
#Source: WION
၁၅ ဇန်နဝါရီ ၊၂၀၂၅
▪️စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆတ်ယိုးကို ယနေ့ ဇန်နဝါရီ ၁၅ရက် ဗုဒ္ဓဟူးနေ့မှာ တောင်ကိုရီးယားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ သူ့ကို ဒီဇင်ဘာ ၃ ရက်နေ့ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ပတ်သက်ပြီး ပုန်ကန်သောင်းကျန်းမှုစွပ်စွဲချက်နှင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
▪️ဗုဒ္ဓဟူးနေ့မနက်ခင်းမှာ သူ့ရဲ့ အိမ်တော်ထဲကို ရဲတပ်ဖွဲ့အရာရှိ ၃၀၀၀ကျော် သူ့ကိုဖမ်းဆီးဖို့ ဝင်ရောက်လာပြီးနောက် သူ့အနေနှင့် အကြမ်းဖက်မှုတစ်စုံတစ်ရာဖြစ်မှာကိုရှောင်ရှားလိုလို့ သူ့ကို စုံစမ်းစစ်ဆေးနိုင်ရန် သူ့ကိုယ်သူ အဖမ်းခံလိုက်တယ်လို့ ယွန်က ကြေညာချက်မှာဖော်ပြထားပါတယ်။
▪️“ သူတို့ဟာ လုံခြုံရေးဧရိယာထဲ မီးသတ်ကိရိယာတွေအသုံးပြုချိုးဖောက်ဝင်ရောက်လာတာ ကျွန်တော် တွေ့ရပါတယ်။ အဲဒါကြောင့်သွေးထွက်သံယိုမှုတွေကို ဟန့်တားနိုင်အောင် စုံစမ်းစစ်ဆေးမှုကိုခံယူဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်”လို့ ယွန်ကပြောပါတယ်။
Source Reuters
အမေရိကန် မီချီဂန်မှာပြုလုပ်တဲ့ ဒက်ထရွိက်မော်တော်ယာဉ်ပြပွဲမှာ အမေရိကန်မှ ကားထုတ်လုပ်သူတွေဟာ သူတို့ရဲ့ နောက်ဆုံးပေါ် လျှပ်စစ်ကားပုံစံများ ပြသနေပြီး ဝယ်ယူအား နှောင့်နှေးနေပေမယ့် EV ကဏ္ဍအနာဂတ်အကြောင်းနဲ့ ပတ်သက်လို့ဆက်ပြီး အကောင်းမြင်စရာတွေ တွေ့ရပါတယ်။
#World_Event
Published 14 January 2025
#ဒက်ထရွိက်မော်တော်ယာဉ်ပြပွဲ #EVအမျိုးအစားများစွာပြသ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 14 January 2025
၁။ လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို သက်သေခံလက်မှတ်ထုတ်ပေးရန် ညှိနှိုင်းနေ
၂။ တိုင်းနှင့်ပြည်နယ်ငါးခု၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးစီမံချက်ဆောင်ရွက်မည်
၃။ မြန်မာ့နှမ်းနက် တရုတ်ဝယ်လက်ဆင်းဝယ်၍ ဈေးနှစ်ဆမြင့်တက်
၄။ ဒက်ထရွိုက်မော်တော်ယာဉ်ပြပွဲ၌ အမေရိကန် EV အမျိုးအစားများစွာပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 99 of 1618