#Local_News
Published 17 January 2025
▪️ ပုပ္ပားဒေသတွင်သာရှိသည့် ပုပ္ပားမျောက်မြှီးရှည်များ ခွင့်ပြုချက်ဖြင့် လာရောက်လေ့လာနိုင်မည်ဖြစ်ကြောင်းပုပ္ပားတောင်ဘေးမဲ့တောဥယျာဉ်မှ သိရသည်။
▪️ ယခင်ကမျောက်မျက်ကွင်း ဖြူဟုခေါ်ဆိုခဲ့သည့်မီးတောင်ချိုင့်ဝှမ်းအတွင်းတွင်သာ တွေ့ရှိရသော မျောက်များကို ၂၀၁၆ ခုနှစ်တွင် IUCN Red List အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ၊ ၁၁ ရက်နေ့တွင် မျိုးစိတ်သစ်အဖြစ် သတ်မှတ်ကြေငြာကာ ပုပ္ပားမျောက်မြှီးရှည်များဟု ပြောင်းလဲခေါ်ဆိုခဲ့ကြောင်း၊ အဆိုပါ ပုပ္ပားမျောက်မြှီးရှည်များ မျိုးသုန်းပျောက်ကွယ်ခြင်းမှကာကွယ်ရန် ၎င်းတို့နေထိုင်ကျက်စားရာ တောများအား ထိန်းသိမ်းကာကွယ်ခြင်း၊ ပျက်စီးပြုန်းတီးသွားသောတောများကို ပြန်လည်ပြုစု ပျိုးထောင်ခြင်း၊ ဖမ်းဆီးပစ်ခတ်ခြင်းအား ထိရောက်စွာတားမြစ်ခြင်းနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများကပါ ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတွင်သာ တွေ့ရှိနိုင်သည့် ပုပ္ပားမျောက်မြှီးရှည်များကို ဒေသခံများက မျောက်သူတော်ဟုလည်းကောင်း၊ မျောက်ဇီးကွက်ဟုလည်းကောင်း၊ မျောက်မျက်ကွင်း ဖြူဟုလည်းကောင်း ခေါ်ဆိုခဲ့ကြပြီး ပတ်ဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးထားရှိသည့် စိုက်ခင်းများက သီးနှံများ စားသောက်ဖျက်ဆီးခြင်းမပြုပဲ သဘာဝတောထဲက အသီးအ ရွက်နုများကို စားသောက်ကြကြောင်း၊ လူများနှင့်အနီးကပ်နေထိုင်မှုမရှိပဲ တောနက်ထဲနှင့် မတ်စောက်သည့် ကျောက်ထပ်ကမ္ဘားယံများတွင် အနေအထိုင်များကြောင်း၊ မနက်ပိုင်း နေထွက်ချိန်များတွင် မိသားစုလိုက်ဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ နေပူစာလှုံလေ့ရှိကြောင်း ထောင်ခြောက်ကင်မရာမှတ်တမ်းများအရ သိရသည်။
▪️ ပုပ္ပားမျောက်မြှီးရှည်များ သည် ပုပ္ပားတောင်ဥယျာဉ်ရှိ မီးတောင် ချိုင့်ဝှမ်းအတွင်း၌သာမက နွားလဘို့တောင်၊ မှန်ပြတောင်၊ ဆေးမွန်တောင်တို့တွင် နေထိုင် ကျက်စားနေကြောင်း ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စာရင်းကောက် ယူမှုမှတ်တမ်းများအရ အကောင်ရေ (၁၁၆) ကောင်ခန့် တွေ့ရှိရပြီး ၂၀၂၄ ခုနှစ် စာရင်း ကောက်ယူမှုမှတ်တမ်းများအရအကောင်ရေ (၁၅၀)ခန့်တွေ့ရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 17 January 2025
▪️ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေးများကို ယနေ့မှစတင်၍ ပြန်လည်ထိုးပေးနေပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဉီးစီဌာနမှ သိရသည်။
▪️ အဆိုပါ မြို့နယ်၌ ကိုဗစ်ကာကွယ်ဆေးမထိုးပေးနိုင်သည်မှာ ခြောက်လကျော်သွားပြီဖြစ်ရာ လူများ၏ ခန္ဓာကိုယ်ခုခံအားစနစ်လည်းကျဆင်းနေပြီ ဖြစ်သောကြောင့် ကိုယ်ခံစွမ်းအားပြန်လည်မြင့်တင်ရန် လိုအပ်နေသည့် အတွက် ပြန်လည်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင်ကိုဗစ်ရောဂါသည် ကမ္ဘာမြေမှလုံးဝပျောက်ကွယ်သွားခြင်း မဟုတ်သေးဘဲ ခေတ္တခဏငုတ်လျှိုးနေခြင်းသာဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ကူးစက်မြန်ကိုဗစ်ရောဂါပြန်လည်ခေါင်းထောင်မလာစေရန် ၊ကိုဗစ်ကာကွယ်ဆေးပြန်ထိုးနှံ၍ ကိုယ်ခံအားကို ပြန်လည်မြင့်တင်မည်ဖြစ်ကြောင်း သိရသည်။
▪️ မြို့နယ်ဆေးရုံ၊တိုက်နယ်ဆေးရုံနှင့်ကျေးလက်ကျန်းမာရေးဌာနများတွင် ကိုဗစ်ကာကွယ်ဆေးကိုရုံးချိန်အတွင်းလာရောက်ထိုးနှံနိုင်ပြီဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 17 January 2025
▪️ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဒေါ်နယ်ထရမ့်က ဂျွန်ဗွိုက်၊ မဲလ်ဂစ်ဘ်ဆန်၊ ဆီလ်ဗက်စတာစတားလုန်းတို့ကို ကယ်လီဖိုးနီးယား ဟောလိဝုဒ်အတွက် အထူးသံအမတ်များအဖြစ် ခန့်အပ်ကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
▪️ လတ်တလောနှစ်များအတွင်း အခြားနိုင်ငံများနဲ့ယှဉ်ရင် စီးပွားရေးဆုံးရှုံးမှုများ ဖြစ်ထားတယ်လို့ ဆိုထားတဲ့ ဟောလိဝုဒ်ကို ပြန်လည်မြှင့်တင်ရမယ့် အထူးသံတမန်တာဝန်များ ပေးအပ်ထားကြောင်း ထရမ့်က အလေးပေးဖော်ပြထားပါတယ်။
▪️ Truth Social ဆိုရှယ်မီဒီယာမှာ ဖော်ပြထားရာမှာ "ဂျွန်ဗွိုက်၊ မဲလ်ဂစ်ဘ်ဆန်၊ ဆီလ်ဗက်စတာစတားလုန်းတို့ကို အလွန်တာဝန်ကြီးမားတဲ့ ဟောလိဝုဒ်လို နေရာမျိုးမှာ အထူးသံအမတ်များအဖြစ် ခန့်အပ်ကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း စီးပွားရေးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ထားတဲ့ ဟောလိဝုဒ်ကို အရင်ကထက် ပိုမိုသာလွန်တောင့်တင်းအောင် ပြုလုပ်ဖို့ရည်ရွယ်ချက်အတွက် ဖော်ဆောင်သွားကြမှာ ဖြစ်ပါတယ်" လို့ သိရပါတယ်။
▪️ ထရမ့်က သူတို့ရဲ့ အရည်အချင်းတွေကို ယုံကြည်ထာပြီး ဟောလိဝုဒ်ရွှေရောင်ခေတ် ပြန်ရောက်လာစေမယ်လို့ ဆိုလိုက်ပါတယ်။
▪️ ထရမ့်ဟာ ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင်မှာ အိမ်ဖြူတော်အဖွဲ့အတွက် အရေးပါတဲ့ ခန့်အပ်မှုတွေကို ကြေညာထားပါတယ်။
▪️ သမ္မတလက်ထောက်နဲ့ အကြီးတန်းအကြံပေးအဖြစ် စတန်လေအီးဝုဒ်ဝပ်၊ ပေါ်လစီဆိုင်ရာ သမ္မတလက်ထောက်အဖြစ် ရောဘတ်ဂေဘရီယယ်ဂျူနီယာ၊ ဗျူဟာမြောက် အကောင်အထည်ဖော်ရေး ဒုဦးစီးချုပ်အဖြစ် နီကိုလတ်စ်အက်ဖ်လူနာ၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒုဦးစီးချုပ်အဖြစ် ဝီလီယံဗျူရိုဟာရစ်ဆန်တို့က တာဝန်ယူသွားမှာဖြစ်ပါတယ်။
#Source: ANI News
#Local_News
Published 17 January 2025
▪️ ရန်ကုန်မြို့တွင် ပြုလုပ်မည့်(၁၀) ကြိမ်မြောက်သီတဂူစက္ခုဒါန-သီတဂူ မျက်စိအလှူတော် အတွက် စာရင်းပေးထားသူ တစ်ထောင် ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ယင်းဆေးရုံကြီးမှ သိရသည်။
▪️ အဆိုပါ(၁၀) ကြိမ်မြောက် သီတဂူစက္ခုဒါန-သီတဂူမျက်စိ အလှူတော် အစီအစဉ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌
သီတဂူအဖွဲ့က မြန်မာနိုင်ငံ အရပ်မျက်နှာအသီးသီးမှ မျက်စိဝေဒနာရှင်များအား
ကြည့်ရှု စစ်ဆေးစမ်းသပ်ခွဲစိပ်ကုသခြင်းလုပ်ငန်းများကို အခမဲ့ (FOC) စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ မျက်စိဝေဒနာရှင်များသည် ဇန်နဝါရီ ၁ရက်နေ့မှစတင်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက်(ရုံးခန်း)တွင် လူကိုယ်တိုင် သို့မဟုတ်
မျက်စိဝေဒနာရှင်ကိုယ်စား အခြားတစ်ဦးတစ်ယောက်မှ ဖြစ်စေ၊ စာရင်းပေးသွင်းလျှက်ရှိရာလတ်တလောတွင် စာရင်းပေးသွင်းသူဦးရေ ၁၃၀၀အထိရှိလာပြီဖြစ်ကြောင်း သိရသည်။
▪️ ယခုအကြိမ်မျက်စိအလင်းအလှူကိုဖေဖော်ဝါရီ ၁၁ရက်နေ့တွင် စတင်ပြုလုပ်ရန် ကျေးဇူးရှင်သီတဂူဆရာတော်ကြီးကအမိန့်ရှိထားပြီး မျက်စိ စမ်းသပ်ပေးမည့် နေ့ရက်ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
#World_Health
Published 17 January 2025
▪️ လေယာဉ်ပျံဆူညံသံတွေ ဆက်တိုက်ကြားတဲ့သူတွေမှာ ကျန်းမာရေးအန္တရာယ်များစေနိုင်ကြောင်း ယူကေလေ့လာချက်တစ်ခုမှာ တွေ့ထားပါတယ်။
▪️ လေယာဉ်ပျံသံတွေ ဆူညံနေတဲ့ အခြေအနေနဲ့ ဆူညံသံမရှိတဲ့ အခြေအနေတို့ရဲ့ သက်ရောက်မှုတွေကို စစ်ဆေးကြည့်ရှုရန် လေဆိပ်အနီးနားနေသူ ၃၆၀၀ ခန့်နဲ့ လေယာဉ်လမ်းကြောင်း နီးစပ်ခြင်းမရှိသူ ၂၁၃၀၀ ဦးတို့ရဲ့ ကျန်းမာရေးမှတ်တမ်းများကို လန်ဒန်တက္ကသိုလ်ကောလိပ်မှ သုတေသီများ ဆန်းစစ်ခဲ့ကြပါတယ်။
▪️ အထူးသဖြင့် ညဘက်တွေမှာ ဆူညံသံတွေ ကြားရတဲ့သူတွေက နှလုံးကြွက်သားများ ထူထဲလာပြီး နှလုံးဖောက်နိုင်ခြေ ၂ဆကနေ ၄ဆလောက်အထိ များနိုင်ကာ နှလုံးခုန်မမှန်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ များစေကြောင်း သုတေသီတွေဆိုပါတယ်။
▪️ နေ့ဘက်မှာ ၅၀ ဒက်ဆီဘယ်ထက် ပိုများပြီး ညဘက်မှာ ၄၅ ဒက်ဆီဘယ်ထက် ပိုများရင် ဆူညံသံကျယ်လောင်တယ်လို့ ယူဆပါတယ်။
▪️ WHOကတော့ လေယာဉ်တွေအနေနဲ့ နေ့ဘက်မှာ ၄၅ ဒက်ဆီဘယ်၊ ညဘက်မှာ ၄၀ ဒက်ဆီဘယ်အထိ လျှော့ချဖို့ အကြံပြုထားပါတယ်။
▪️ လေယာဉ်ဆူညံသံတွေက ကားလမ်း ရထားလမ်းဆူညံသံတို့နဲ့ နှိုင်းယှဉ်ရင် ပိုမိုကျယ်လောင်ပြီး ခန့်မှန်းဖို့ခက်ခဲပါတယ်။
▪️ ယခင်သုတေသနမှာ လေယာဉ်ဆူညံသံ အဆက်မပြတ် ကြားနေရခြင်းဖြင့် အိပ်စက်မှု အနှောင့်အယှက်ဖြစ်ခြင်း၊ ဖိစီးမှုများခြင်း၊ ကလေးများတွင် ဦးနှောက်လုပ်ဆောင်ချက် ချို့ယွင်းခြင်း၊ သွေးပေါင်ချိန်တိုးခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ များခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
▪️ လေဆိပ်အနီးနားမှာ နေထိုင်သူများ ပြောင်းရွှေ့နေထိုင်ပါက ကျန်းမာရေး တိုးတက်လာစေနိုင်ပါတယ်။
▪️ လေဆိပ်နားမှာ နေထိုင်သူတွေက နှလုံးတည်ဆောက်ပုံနဲ့ လုပ်ဆောင်ချက်တွေ ၁၀ - ၂၀ ရာခိုင်နှုန်း ဆိုးရွားလာတယ်လို့ အမေရိကန် နှလုံးကောလိပ်ဂျာနယ်မှာ ဖော်ပြထားပါတယ်။
#Source: New York Post
အီရန်စစ်တပ်က ပြည်တွင်းထုတ် ဗျူဟာမြောက်ဒရုန်း ၁ ထောင်ကိုလက်နက်တိုက်မှာ အင်အားဖြည့်တင်းလိုက်ကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
#World_Military
Published 16 January 2025
#ဗျူဟာမြောက်ဒရုန်းတစ်ထောင် #အီရန်စစ်လက်နက်အင်အား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 16 January 2025
၁။ သံမဏိစက်ရုံ(ပင်းပက်)မှ စက်ရုံသုံးရုံကို ရုရှားနည်းပညာဖြင့် လည်ပတ်မည်
၂။ ကုမ္ပဏီပေါင်း ၁၇ဝ ကျော်ကို အသေးစားငွေရေး၊ ကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုထား
၃။ ရေထွက်ကုန်တန်ချိန်လေးသိန်းကျော်အား နိုင်ငံပေါင်း ၃၀ ကျော်သို့တင်ပို့ထား
၄။ ပြည်တွင်းထုတ် ဗျူဟာမြောက်ဒရုန်းတစ်ထောင်ဖြင့် အီရန်စစ်လက်နက်အင်အားဖြည့်တင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၆ ဇန်နဝါရီ ၂၀၂၅
အိန္ဒိယနိုင်ငံ မီဇိုရမ်ရဲတပ်ဖွဲ့က မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် အခြေပြုသည့် သူပုန်အဖွဲ့တစ်ခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNF ၏အဓိကခေါင်းဆောင် အပါအဝင် အနည်းဆုံးလူငါးဦးကို လက်နက်မှောင်ခိုမှုဖြင့် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
သူတို့ကို မီဇိုရမ်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မာမစ်ခရိုင်အတွငး်မှာ လက်နက်ခဲယမ်း မီးကျောက်တွေနှင့်အတူ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာများကရေးသားဖော်ပြကြပါတယ်။
ချင်း CNF ၏ အဓိကခေါင်းဆောင်လို့သာ သတင်းမှာဖော်ပြထားပြီး ထိုသူမည်သူမည်ဝါနှင့် မည်သည့် အဆင့်ဖြစ်ကြောင်းကိုမူ သတင်းထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။
သူတို့ထံမှ AK-47 တိုက်ခိုက်ရေးရိုင်ဖယ် (၆)လက်၊ ကျည်ဆန် ၁၀,၀၅၀ တောင့်၊ ကျည်ကပ် ၁၃ခုတို့ကို သိမ်းဆည်းရမိတယ်လို့ သတင်းများကရေးသားပါတယ်။
မီဇိုရမ်ပြည်နယ်ရဲနှင့် ယင်းရဲ့မိတ်ဖက်ထောက်လှမ်းရေးအဖွဲ့အစည်းတို့ပူးတွဲပြီး အနောက်ပိုင်း ဖိုင်လင်းရဲစခန်း နယ်မြေအတွင်းက ဆိုင်းသာရွာအပြင်ဘက်ဘက်မှာ စစ်ဆင်ရေးပြုလုပ်ပြီး သူတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ယခုဖမ်းဆီးနိုင်မှုဟာ ပြည်နယ်အတွင်း အကြီးမားဆုံးလက်နက်သိမ်းဆည်းရရှိမှုတွေထဲက တစ်ခုဖြစ်ပြီး ဒါတွေဟာ ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်မှုတစ်ခုကို နှိမ်နှင်းနိုင်ခဲ့တာ လို့ ပြည်နယ်ရဲက သတင်းထုတ်ပြန်ပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို CNF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်စွယ် (CHT) မှာရှိတဲ့ United People’s Democratic Front (UPDFP) သူပုန်အုပ်စုများအကြား အရောင်းအဝယ်ပြုလုပ်ကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းဖော်ထုတ်မှုများအရသိရပါတယ်။
CNF ရဲ့ အဓိကခေါင်းဆောင်ကို ဖမ်းဆီးမိလိုက်တာဟာ မီဇိုရမ်ရဲ့ အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမှုကို အနောက်ပိုင်း ဖိုင်လင်းရဲစခန်းမှာဖွင့်ထားပြီး လက်နက်မှောင်ခိုမှုကွန်ယက်ကြိးကို ဖြိုခွင့်ဖို့ အတွက် ဆက်လက်စုံစမ်းဖော်ထုတ်မှုတွေပြုလုပ်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
#Local_News
Published 16 January 2025
▪️ EPS-TOPIK ကုန်ထုတ်လုပ်ငန်း (ဒုတိယအသုတ်)စာမေးပွဲများ ဖေဖော်ဝါရီလတွင် စတင်ဖြေဆိုရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။
▪️ ထုတ်ပြန်ချက်အရ ဖြေဆိုမည့်ဦးရေ ၃၇၉၅၇ ဦးရှိပြီး စာမေးပွဲများကို ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် မေလများတွင် ဖြေဆိုရမည်ဖြစ်ကြောင်း၊ ကိုရီယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ဖြေဆိုခဲ့သည့် EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ် စာတွေ့စာမေးပွဲကို ဇွန် ၃ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ (ထပ်တိုးဖြေဆိုသူများအပါအဝင်) ဖြေဆိုခဲ့ရပြီး စုစုပေါင်းဖြေဆိုသူဦးရေ ၄၈၀၀၀ တွင် စာတွေ့အောင်မြင်သူဦးရေ ၅၅၄၀ ရှိခဲ့ကြောင်း သိရသည်။
▪️ ထိုစာတွေ့အောင်မြင်သူဦးရေ ၅၅၄၀အနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း (Skills Test)ကို ဖြေဆိုခဲ့ပြီး ၅၃၇၇ ဦး အောင်မြင်ကာ ၁၆၃ ဦး ကျရှုံးခဲ့ကြောင်း သိရသည်။
▪️ EPS-TOPIK နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁) အောင်မြင်ပြီးသူများအား အလုပ်လျှောက်လွှာများစတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) ကြီးမှူးကျင်းပမယ့် ထိုင်းကုန်သွယ်မှုပြပွဲကို တက်ရောက်မယ့် မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ ပြခန်းအခမဲ့ရရှိမှာဖြစ်တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။
#Local_News
Published 16 January 2025
#ထိုင်းကုန်သွယ်မှုပြပွဲ #ပြခန်းအခမဲ့ရရှိ
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ကိုးလတာအတွင်း မြန်မာ့ရေထွက်ကုန်တန်ချိန်လေးသိန်းကျော်ကို နိုင်ငံပေါင်း၃၀ကျော်သို့တင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 16 January 2025
#မြန်မာ့ရေထွက်ကုန် #ငါးလုပ်ငန်းဦးစီးဌာန
#YMG/NN #Yangon_Times
ပြည်တွင်း၊ ပြည်ပကုမ္ပဏီပေါင်း ၁၇၀ ကျော်ကို အသေးစားငွေရေး၊ ကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားပြီး ၎င်းကုမ္ပဏီတွေကနေ အသင်းဝင်သုံးသန်းကျော်ကိုငွေကျပ်သန်း၂၀၀၀ ကျော်အထိ ထုတ်ချေးပေးထားတယ်လို့ သိရပါတယ်။
#Local_News
Published 16 January 2025
#ပြည်တွင်း၊ပြည်ပကုမ္ပဏီ #အသေးစားငွေရေး၊ကြေးရေးလုပ်ငန်း
#YMG/NN #Yangon_Times
Page 97 of 1618