#World_Health
Published 03 August 2024
▪️ ကိုဗစ်-၁၉ရောဂါဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ဟာ တောရိုင်းတိရိစ္ဆာန်မျိုးစိတ်တွေကြား ပျံ့ပွားနေတယ်လို့ ဗာဂျီးနီးယားတက်ခ်မှ သုတေသီအဖွဲ့က ဆိုပါတယ်။
▪️ ဗာဂျီးနီးယားမှာ ခြံတွေနောက်ဖက်မှာမြင်တွေ့နေရတဲ့ မျိုးစိတ် ၂၃ ခုကို စစ်ဆေးခဲ့ကြရာ ၆ မျိုးထဲမှာ ဗိုင်းရပ်စ်တွေ့ခဲ့ပါတယ်။
▪️ ထိုထဲမှာ မြေကြွက်၊ သားပိုက်ကောင်ငယ်၊ ရက်ကွန်း၊ တွင်းတူးကြွက်၊ ယုန်၊ လင်းနို့နီတို့ ပါဝင်ပါတယ်။
▪️ ၅ မျိုးထဲမှာတော့ ယခင်က ကိုရိုနာဗိုင်းရပ်စ် ထိတွေ့ပြီး ပဋိဇီဝပစ္စည်း ထွက်ရှိထားတာကို တွေ့ရှိထားပါတယ်။
▪️ တောရိုင်းသတ္တဝါတွေကို မျိုးဗီဇစောင့်ကြည့်ရာမှာ ဗိုင်းရပ်စ်တွေ့ရှိပြီး လူတွေမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေနဲ့ အတော်လေးဆင်တူတယ်လို့ သိရပါတယ်။
▪️ ဗိုင်းရပ်စ်က လူသားတွေထံကနေ တိရိစ္ဆာန်တွေသို့ ကူးစက်လာတာကို လေ့လာဖော်ပြနေကြပါတယ်။
▪️ တောင်တက်လမ်းတွေနဲ့ လူနေထူထပ်ရာ နေရာတွေက သတ္တဝါတွေမှာ ကိုဗစ်ဗိုင်းရပ်စ် ထိတွေ့မှုအများဆုံးဖြစ်တာကို ဖရာလင်ဇီဝဆေးဘက်ဆိုင်ရာ သုတေသနတက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပါတယ်။
▪️ တိရိစ္ဆာန်ကနေ လူသားတွေထံ ကူးစက်တာတော့ မတွေ့ရတာကြောင့် စိတ်ပူစရာမရှိဘူးလို့လည်း ပြောပါတယ်။
▪️ ဗိုင်းရပ်စ်ရဲ့ ရည်ရွယ်ချက်က အသက်ရှင်သန်ရန်အတွက် ပျံ့ပွားရတာဖြစ်ကြောင်း၊ လူသားတွေထံ ကူးစက်ချင်ပေမယ့် ကာကွယ်ဆေးတွေက ကာကွယ်နေတဲ့အတွက် တိရိစ္ဆာန်တွေထံ ကူးစက်ပြီး လက်ခံကောင်အသစ်တွေမှာ ဆင့်ကဲပြောင်းလဲလာရကြောင်း ဆိုပါတယ်။
▪️ ဗာဂျီးနီးယားမှာသာ လေ့လာခဲ့ပေမယ့် မြောက်အမေရိကအနှံ့မှာလည်း ပျံ့နှံ့နေနိုင်ပါတယ်။
ဒါကြောင့် အခြားနေရာတွေမှာ ပျံ့ပွားနေနိုင်တာကြောင့် စောင့်ကြည့်သွားဖို့ လိုအပ်ကြောင်း သုတေသီများ ဆိုပါတယ်။
#Source: WION
ပဲရစ်အိုလံပစ်အားကစားပွဲကျင်းပနေချိန်တွင် ရှေးဟောင်းအိုလံပီယာအမွေအနှစ်နေရာ၌ ခရီးသွားဧည့်သည်များပြားလာနေ
၂၀၂၄ နွေရာသီ ပဲရစ်အိုလံပစ်အားကစားပွဲတွေမှာ ကမ္ဘာ့ထိပ်သီး အားကစားသမားများ ယှဉ်ပြိုင်နေကြသလို အိုလံပစ်မီးရှူးတိုင် စတင်ထွန်းညှိတဲ့ ရှေးဟောင်းအိုလံပီယာ ယဉ်ကျေးမှုနေရာမှာလည်း ခရီးသွားဧည့်သည်တွေ စည်ကားနေပါတယ်။
#World_Sports
Published 2 August 2024
#ပဲရစ်အိုလံပစ်အားကစားပွဲ #ရှေးဟောင်းအိုလံပီယာယဉ်ကျေးမှုနေရာ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 2 August 2024
၁။ ကမ္ဘာ့ရွှေဈေး တစ်ရက်တည်းနှင့်(၃၅)ဒေါ်လာတက်၊ YGEA ရွှေဈေးပါ(၇)သောင်းကျော်တက်လာ
၂။ စားသုံးဆီ၊ ဆေးဝါးနှင့် ဓာတ်မြေသြဇာတင်သွင်းသည့် ကုမ္ပဏီများကို ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်းကိုဗဟိုဘဏ်ရောင်းချပေး
၃။ တောင်ငူမြို့၌ မြစ်ရေစိုးရိမ်ရေအမှတ်အထက်တက်နိုင်
၄။ ပဲရစ်အိုလံပစ်အားကစားပွဲကျင်းပနေချိန်တွင် ရှေးဟောင်းအိုလံပီယာအမွေအနှစ်နေရာ၌ ခရီးသွားဧည့်သည်များပြားလာနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တိုင်းနဲ့ပြည်နယ်အလိုက် စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာပြီး ရန်ကုန်မှာတော့ ဓာတ်ဆီနဲ့ဒီဇယ်တစ်လီတာကို ၁၅၀ကျပ်ဝန်းကျင်အထိမြင့်တက်လာတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 2 August 2024
#ဓာတ်ဆီနှင့်ဒီဇယ် #စက်သုံးဆီဈေးနှုန်းမြင့်တက်
#YMG/NN #Yangon_Times
#World_Health
Published 03 August 2024
▪️ သိပ္ပံပညာရှင်တွေက သာမန်သွေးစစ်ဆေးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါကို ရှာဖွေနိုင်ဖို့ တိုးတက်မှုတွေ ရှိလာပါတယ်။
▪️ အယ်လ်ဇိုင်းမားရောဂါဆိုတာက ဦးနှောက်ယိုယွင်းလာတဲ့ အခြေအနေဖြစ်ပြီး မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ ဦးနှောက်လုပ်ဆောင်ချက် ကျဆင်းခြင်း၊ အပြုအမူ ပြောင်းလဲခြင်းတို့ ဖြစ်စေကာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ အဓိကခံစားရပြီး နေ့စဉ်နေထိုင်လှုပ်ရှားမှုဘဝကို ထိခိုက်စေပါတယ်။
▪️ အဆိုပါ သွေးစစ်ဆေးမှုနည်းလမ်းဟာ ယခင်သာမန် နည်းလမ်းတွေထက် ပိုပြီးတိကျတယ်လို့ လေ့လာချက်မှာ တွေ့ရပါတယ်။
▪️ ထိုတွေ့ရှိချက်တွေကို ဖီလာဒယ်လ်ဖီယာက အယ်လ်ဇိုင်းမား နိုင်ငံတကာကွန်ဖရင့် အဖွဲ့အစည်းမှာ တင်ပြခဲ့ပြီး အယ်လ်ဇိုင်းမားအတွက် စစ်ဆေးကိရိယာတွေ ထုတ်လုပ်နိုင်ဖို့ ခြေလှမ်းဖြစ်လာပါတယ်။
▪️ ဒီနည်းလမ်းဖြင့် ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်လာနိုင်မယ်လို့လည်း ပညာရှင်များ ယုံကြည်နေကြပါတယ်။
▪️ ထိုလေ့လာချက်ကို ဆွီဒင်မှာ မကြာသေးမီက ပြုလုပ်ခဲ့ပြီး မဖြန့်ဖြူးခင်မှာ လူမျိုးအများအပြားမှာ စမ်းသပ်အတည်ပြုဖို့ လိုအပ်ပါသေးတယ်။
▪️ မှတ်ဉာဏ်ဆုံးရှုံးလာပြီး ဦးနှောက်လုပ်ဆောင်ချက် ကျဆင်းလာတဲ့ လက္ခဏာများ ခံစားနေရသူတွေအတွက် အသုံးပြုနိုင်မှာဖြစ်ကာ လက်ရှိမှာကျန်းမာပြီး အယ်လ်ဇိုင်းမားဖြစ်လာနိုင်ခြေ ရှိမရှိ ခန့်မှန်းဖို့တော့ မဟုတ်ပါဘူး။
▪️ သွေးစစ်ဆေးမှုတွေကို အမိုင်လွိုက်ပရိုတိန်း တိုင်းတာတဲ့ ရွှေစံနှုန်းဖြင့် အတည်ပြုစစ်ဆေးသင့်ပါတယ်။
▪️ ဒီနည်းလမ်းဖြင့် အယ်လ်ဇိုင်းမားရောဂါ ရှာဖွေမှုမှာ ပိုမိုထိရောက်စွာ အသုံးပြုနိုင်ဖို့နဲ့ အနာဂတ်မှာ ဘယ်လိုထိန်းချုပ်မလဲဆိုတာကို မျှော်လင့်လာနိုင်ပါတယ်။
#Source: India Today
ဩဂုတ်၂ရက်မနက်အစောပိုင်းမှာ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ သံကူကွန်ကရစ်တံတားတစ်စင်း မို-င်းခွဲခံရတာကြောင့်လမ်း ယာယီပိတ်ပြီးနောက် နေ့ချင်းပြီး မြေဖို့
စမ်းသပ်ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 2 August 2024
#ရန်ကုန်-မော်လမြိုင် #တံတားတစ်စင်းမို-င်းခွဲခံရ
#YMG/NN #Yangon_Times
စစ်တောင်းမြစ်ရေတက်နေတဲ့အတွက် တောင်ငူမြို့မှာ မြစ်ရေစိုးရိမ်ရေအမှတ်အထက်တက်လာနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 2 August 2024
#မြစ်ရေစိုးရိမ်ရေအမှတ်အထက်တက် #တောင်ငူမြို့
#YMG/tthl #Yangon_Times
နိုင်ငံခြားငွေကြေးစျေးကွက်မှာစားသုံးဆီ၊ ဓာတ်မြေသြဇာ၊ဆေးဝါးနဲ့ဆက်စပ်တဲ့ပစ္စည်းတင်သွင်းတဲ့ကုမ္ပဏီတွေကို ထိုင်းဘတ်ငွေ ၆၉ သန်းနဲ့ တရုတ်ယွမ် ၉ သန်းတို့ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ရောင်းချပေးခဲ့ပါတယ်။
#Local_News
Published 2 August 2024
#စားသုံးဆီ၊ဆေးဝါး #ဗဟိုဘဏ်ရောင်းချပေး
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးဟာ ဩဂုတ်(၂)ရက်မှာ တစ်ရက်တည်းနဲ့(၃၅)ဒေါ်လာတက်လာပြီး YGEA ရွှေဈေးပါ(၇)သောင်းကျော်တက်လာတယ်လို့ သိရပါတယ်။
#Local_News
Published 2 August 2024
#ကမ္ဘာ့ရွှေဈေး(၃၅)ဒေါ်လာတက် #YGEAရွှေဈေး(၇)သောင်းကျော်တက်
#YMG/tthl #Yangon_Times
#World_News
Published 02 August 2024
▪️ အမေရိကန်က ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံ ရွေးကောက်ခံကိုယ်စားလှယ် အက်ဒ်မွန်ဒိုဂွန်ဇာလက်ဇ်ကို အနိုင်ရသူအဖြစ် အသိအမှတ်ပြုလိုက်ပြီးနောက် ဗင်နီဇွဲလား ရွေးကောက်ပွဲအာဏာပိုင်များအနေနဲ့ သမ္မတ နီကိုလက်စ်မက်ဒူရိုကို သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာချက် ထုတ်ခဲ့တဲ့အပေါ် သက်သေအထောက်အထားပြဖို့ ဖိအားများလာပါတယ်။
▪️ မက်ဒူရိုရဲ့ နီးစပ်တဲ့မိတ်ဖက်များ အပါအဝင် အစိုးရအဖွဲ့တွေက ဗင်နီဇွဲလား နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကောင်စီကို မဲအရေအတွက်များ အတိအကျ ထုတ်ပြန်ပေးရန် တောင်းဆိုလိုက်ပြီးနောက် အမေရိကန်ကလည်း အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
▪️ ရွေးကောက်ပွဲကော်မတီက တနင်္လာနေ့မှာ မက်ဒူရိုကို အနိုင်ရသူအဖြစ် ကြေညာခဲ့ပေမယ့် အတိုက်အခံ ညွန့်ပေါင်းအဖွဲ့က မဲစာရင်း ၃ ပုံ ၂ ပုံကျော်မှာတော့ မဲဆန္ဒတွေက ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အထောက်အထား ရှိထားတယ်လို့ နာရီပိုင်းအကြာမှာ ထုတ်ပြန်ခဲ့ပါတယ်။
▪️ အထောက်အထား အများအပြားအရ အက်ဒ်မွန်ဒိုဂွန်ဇာလက်ဇ်အာရူရှာဟာ ဇူလိုင် ၂၈ ရက်နေ့ ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲမှာ မဲအများဆုံးရခဲ့တယ်ဆိုတာ အမေရိကန်ရော ဗင်နီဇွဲလားပြည်သူတွေရော သိနေကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားသွားပါတယ်။
▪️ ရွေးကောက်ပွဲမှ မဲရေတွက်မှုတွေကို ထုတ်ပြန်ရန် မက်ဒူရိုကို သံတမန်ရေးအရ ဖိအားပေးလာကြပြီး မဲရလဒ်များကို ပြင်ပမှ သုံးသပ်ပေးရန် တောင်းဆိုလာကြရာ အမေရိကန်အစိုးရက ယခုလို ပါဝင်လာပါတယ်။
▪️ ဘရာဇီးလ်၊ ကိုလံဘီယာ၊ မက္ကဆီကိုအစိုးရတို့က ဗင်နီဇွဲလားအနေနဲ့ ရွေးကောက်ပွဲ မဲပေးမှုအချက်အလက်များကို ချပြရန် ဗင်နီဇွဲလားအစိုးရအဖွဲ့ကို တောင်းဆိုကြောင်း ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
▪️ တနင်္လာနေ့မှာ ရွေးကောက်ပွဲကောင်စီက မက်ဒူရိုကို ရွေးကောက်ပွဲ အနိုင်ရသူအဖြစ် ကြေညာပြီးနောက် အတိုက်အခံလိုလားသူများက လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
▪️ ဆန္ဒပြသူ ရာနဲ့ချီအဖမ်းခံခဲ့ရပြီး ၁၁ ဦးသေဆုံးခဲ့တယ်လို့ ဗင်နီဇွဲလားအခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်း ဖိုရိုပီနယ်က ပြောပါတယ်။
▪️ ရွေးကောက်ပွဲအာဏာပိုင်များက မဲအရေအတွက်များကို ဘာကြောင့်မထုတ်ပြန်လဲလို့ မေးမြန်းရာ ရွေးကောက်ပွဲကောင်စီဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေ အပါအဝင် ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုလိုက်ပါတယ်။
#Source: AP News
#Local_News
Published 2 August 2024
ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနီးရှိကျိုက်ထီးရိုးကျောင်းတိုက်တွင် သစ်ပင်လဲကျ၍ ဘုန်းကြီးကျောင်းစောင်းတန်းနှင့် ဆွမ်းစားဆောင်ပေါ်သို့ ပိမိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဩဂုတ်၂ ရက်နေ့၊ မနက်၇ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ငါးထပ်ကြီးမြောက်ရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်း၊ ကျိုက်ထီးရိုးကျောင်းတိုက်တွင် သစ်ပင်လဲကျ၍ ဘုန်းကြီးကျောင်းစောင်းတန်းနှင့် ဆွမ်းစားဆောင်ပေါ်သို့ ပိနေကြောင်း သတင်းရရှိသဖြင့် အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 02 August 2024
▪️ ဝါရှင်တန်မှ ကင်ဆာအာဟာရပညာရှင် နီကိုးလ်အန်ဒရူးက သစ်တော်သီးဟာ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အာဟာရဓာတ်များ ကြွယ်ဝပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းကူညီပေးနိုင်ကြောင်း တစ်တော့ကနေ အကြံပြုသွားပါတယ်။
▪️ ဘယ်လိုသစ်တော်သီးပဲဖြစ်ဖြစ် အရသာဆင်တူနီးပါးဖြစ်ပြီး စားသုံးရန် သင့်လျော်တယ်လို့ ဆိုပါတယ်။
▪️ သစ်တော်သီးအနေတော်တစ်လုံးမှာ အမျှင်ဓာတ် ၆ ဂရမ်ပါဝင်ပြီး နေ့စဉ်လိုအပ်ချက်ရဲ့ ၂၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။
▪️ အမျှင်ဓာတ်ဟာ အစာခြေခြင်းကို ကောင်းမွန်စေပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
▪️ ကာဗိုဟိုက်ဒရိတ်နဲ့ သကြားဓာတ်စုပ်ယူမှုကို လျှော့ချသဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
▪️ သစ်တော်သီးရဲ့ အခွံမှာ အမျှင်အများစုပါဝင်ပြီး အရသာ၊ သွင်ပြင်၊ အာဟာရဓာတ်များကို ထိန်းသိမ်းထားပါတယ်။
▪️ ဗိုက်တာမင်-စီ ၈ မီလီဂရမ်ခန့် ပါဝင်ပြီး ရင်သားနဲ့ အဆုတ်ကင်ဆာတို့ကို ကာကွယ်ပေးပါတယ်။
ပိုတက်ဆီယံ၊ နှလုံးရောဂါကို ကာကွယ်ပေးတဲ့ အန်သိုဆိုင်ယာနင်၊ ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးတဲ့ ဖလေဗိုနွိုက်လည်း ကြွယ်ဝပါတယ်။
▪️ ဗိုက်တာမင်-ကေ ကလည်း သွေးခဲခြင်းကို ထောက်ပံ့ပေးကာ အရိုးများ သန်စွမ်းစေပြီး ဆဲလ်တွေထိခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ အသီးတွေကို သဘာဝအတိုင်း စားသုံးတာက အကောင်းဆုံးဖြစ်ပါတယ်။
#Source: New York Post
Page 95 of 1456