ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက တိုက်ခတ်ခဲ့တဲ့ ရာဂီမုန်တိုင်းဒဏ်ကြောင့်ရပ်နားထားခဲ့ရတဲ့ သာစည်-ရွှေညောင်ရထားခရီးစဉ်တွေ ပြန်လည်ပြေးဆွဲတော့မယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှသိရပါတယ်။
#Local_News
Published 25 January 2025
#သာစည်-ရွှေညောင် #ရထားခရီးစဉ်ပြန်လည်ပြေးဆွဲ
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ်တစ်နှစ်တာအတွင်း ဆန်နဲ့ဆန်ကွဲ လျာထားချက်ထက်ကျော်လွန်တင်ပို့နိုင်မယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 25 January 2025
#ဆန်နှင့်ဆန်ကွဲ #လျာထားချက်ထက်ကျော်လွန်တင်ပို့နိုင်
#YMG/NN #Yangon_Times
ယခုနှစ်မှာကျရောက်တဲ့မြွေနှစ်ဟာ တရုတ်-မြန်မာ ချစ်ကြည်ရေးနဲ့ပူးပေါင်းဆောင်ရွက်မှု ထပ်ဆင့်တိုးမြှင့်စေဖို့မျှော်လင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Ms. Ma Jia ကပြောပါတယ်။
#Local_News
#မြွေနှစ်ဟာတရုတ်-မြန်မာ # ချစ်ကြည်ရေးထပ်ဆင့်တိုးမြှင့်
Published 25 January 2025
#YMG/NN #Yangon_Times
#Local_News
Published 25 January 2025
▪️ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း၌ ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၃၂၇ ဧက တည်ထောင်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။
▪️ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသည့် အခွင့်အာဏာများကိုကျင့်သုံး၍ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းရှိ ၃၂၇ ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် ( ၁၂ /၂၀၂၅) အရ ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်) မှ စတင်သတ်မှတ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။
▪️ အဆိုပါ ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိမ္မကားကျေးရွာနှင့် ငါးရယ်ကျေးရွာတို့အကြား၊ ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိခြင်းဖြစ်သည်။
▪️ မင်းတုန်းမင်းတရားကြီးလက်ထက် ၁၂၂၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်တွင် ရှိမ္မကားတောရကြီးကျောင်းနယ်မြေအဖြစ် မူလပထမ ရွှေကျင်ဆရာတော်ဘုရားကြီးထံ လှူဒါန်းခဲ့ပြီး သီတင်းသုံးနေထိုင်သည့် ဆရာတော်ကြီးများက ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသဖြင့် တောတောင်သဘာဝအလှအပရှုခင်းများ၊ အဖိုးတန်ရှေးဟောင်းယဉ်ကျေးမှုလက်ရာများဖြင့် ခံ့ညားထည်ဝါနေသော အဆောက်အအုံများ ယနေ့တိုင်ပျက်စီးပျောက်ကွယ်သွားခြင်းမရှိဘဲ တည်ရှိနေခြင်းဖြစ် ကြောင်း သိရသည်။
▪️ ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၃၂၇ ဧကရှိသောဒေသတွင် သဘာဝဝန်းကျင်ထိန်းသိမ်းရေးအပြည်ပြည်ဆိုင်ရာအဖွဲ့ (IUCN)၏ ကာကွယ်ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက်အရ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ် (Endangered-EN) စာရင်းဝင်ရှားပါး၍ မြန်မာနိုင်ငံတွင်သာ ပေါက်ဖွားကျက်စားလျက်ရှိသော မျိုးစိတ် (Endemic Species - ED) ဖြစ်သည့် မြန်မာ့ရွှေသမင်များနှင့် တောကြောင်မျိုးစိတ်များ၊ ရှဉ့်၊ တွားသွားသတ္တဝါများနှင့် ခါ၊ ရွှေပြည်စိုး၊ ကြက်တူရွေး စသည့်ငှက်မျိုးစိတ်များ ကျက်စားရာဒေသဖြစ်သောကြောင့် ရေရှည်တည်တံ့စေရန်အတွက်လည်းကောင်း၊ အပူပိုင်းတောခြောက်အမျိုးအစားတွင် ရှင်သန်ပေါက်ရောက်သည့် သန်း၊ ဒဟတ်၊ တမာ၊ ရှား၊ ကုက္ကို စသည့်သစ်မျိုးများနှင့် အခြားအပင်မျိုးစိတ်များ ပေါက်ရောက်ခြင်းကြောင့် အပူပိုင်းဒေသဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်စေရန်အတွက်လည်းကောင်း ရည်ရွယ်၍ “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ် ကြောင်းသိရသည်။
▪️ ထိုသို့ ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တည်ထောင်ထိန်းသိမ်းခြင်းအားဖြင့် မြန်မာ့ရွှေသမင်များ ကျက်စားနေထိုင်ရာနေရင်းဒေသများအား ရေရှည်တည်တံ့စေရန် စောင့်ရှောက်နိုင်ခြင်း၊ အပူပိုင်းသစ်တောဂေဟစနစ်များနှင့် သစ်တောဖုံးလွှမ်းမှု ပိုမိုကောင်းမွန်လာပြီး ထာဝစဉ်တည်ရှိနေခြင်းအားဖြင့် ရာသီဥတုမျှတစေခြင်းနှင့် ကောင်းမွန်သော မြေဩဇာ၊ မြေဆီများကို ထိန်းသိမ်းထားနိုင်ခြင်းစသည့် ကောင်းကျိုးများရရှိနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် ရေတိုက်စားခြင်း၊ မြေပြိုခြင်းနှင့် ချောင်းကောခြင်းများကို သက်သာစေနိုင်ခြင်း၊ မြစ်၊ ချောင်းများ ရေစီးရေလာများ ကောင်းမွန်လာစေခြင်း၊ တောတောင်ရေမြေနှင့် သဘာဝသစ်ပင်များ အမြဲတမ်းစိမ်းလန်းစိုပြည်လာခြင်းကြောင့် တောရိုင်းတိရစ္ဆာန်များအတွက် စားကျက်များကောင်းမွန်ခြင်းနှင့် အကောင်အရေအတွက် တိုးတက်ပွားများလာစေခြင်း၊ တောတောင်ရေမြေသစ်ပင်များ ဖွံ့ဖြိုးကောင်းမွန်လာစေခြင်းအားဖြင့် မြေနိမ့်ပိုင်းလယ်ယာမြေများတွင် သဘာဝမြေဩဇာများ ပေါကြွယ်ဝ၍ စိုက်ပျိုးသည့် ကောက်ပဲသီးနှံများ ပိုမိုဖြစ်ထွန်းလာနိုင်ပြီး ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 January 2025
▪️ ပြည်တွင်းထုတ်ဓာတ်ဆီ(RON 68) ကို ဌာနဆိုင်ရာမော်တော်ယာဉ်များနှင့် စည်ပင်သာယာသုံးယာဉ်များတွင် အသုံးပြုရန် ယနေ့စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
▪️ ပြည်တွင်းထုတ်ဓာတ်ဆီကို ပထမအဆင့်အနေဖြင့်နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်များဖြစ်သော နေပြည်တော်တွင် တစ်ဆိုင်မန္တလေးတိုင်းဒေသကြီးတွင် ၂ဆိုင် စုစုပေါင်း ၃ဆိုင်တို့ဖြင့် ဇန်နဝါရီလ၄ရက်မှစတင်ပြီး တစ်လီတာလျှင် ကျပ်၂၂၀၀နှုန်းဖြင့် မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များကိုဖြန့်ဖြူးရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
▪️ ယခုအခါ ဒုတိယအဆင့်အနေဖြင့် အသုံးပြုရန်သင့်လျော်သည့် ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးပိုင်အသုံးပြုယာဉ်များအား ယခုလ၂၅ရက်မှစတင်ကာ လွတ်လပ်စွာဖြန့်ဖြူးရောင်းချပေးနေပြီဖြစ်ကြောင်း၊
▪️ ပြည်တွင်းထုတ်ဓာတ်ဆီကို သုံးစွဲခြင်းဖြင့် ပြည်ပမှဓာတ်ဆီတင်သွင်းမှုကို အထိုက်အလျောက်လျှော့ချနိုင်မှာဖြစ်ပြီးနိုင်ငံခြားငွေသုံးစွဲမှုသက်သာစေခြင်းအသေးစားအလတ်စားစက်မှုလုပ်ငန်းများအတွက်သယ်ယူပို့ဆောင်ရေးလွယ်ကူစေခြင်းဆီစားနှုန်းသက်သာပြီးကြာရှည်အမောင်းခံခြင်းပြည်သူလူထုများနေ့စဉ်စက်သုံးဆီအရောင်းဆိုင်များမှာဈေးနှုန်းမြင့်မားစွာဖြင့်ဝယ်ယူသုံးစွဲရမယ့်အစား သက်သာသောဈေးနှုန်းများဖြင့်ဝယ်ယူသုံးစွဲလာနိုင်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာပြီးမိသားစုဝင်ငွေအထိုက်အလျောက်ရရှိခြင်းစသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 25 January 2025
▪️ ယမာန်နေ့က အမေရိကန်ဒေါ်လာသန်း၂၀ ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ဇန်နဝါရီလ ၂၄ ရက်နေ့၌ ငွေလဲနှုန်း ၃,၅၉၃ ကျပ်နှင့်
အမေရိကန်ဒေါ်လာ သန်း၂၀ ကို ဗဟိုဘဏ်၏ အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက်တွင် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
▪️ ထို့အပြင် AD လိုင်စင်ရဘဏ်များနှင့်လုပ်ငန်းရှင်များ အကြား အမေရိကန်ဒေါ်လာ ၅၉ ဒဿမ ၃၇၇သန်းကျော်၊ တရုတ်ယွမ် ၁ ဒဿမ ၁၇၆ သန်းကျော်နှင့်ထိုင်းဘတ် ၉၆ ဒဿမ ၂၆၃ သန်းကျော် အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
#World_Science
Published 25 January 2025
▪️ နာဆာ(NASA)ဂြိုဟ်တုတွေကနေ ကက်စ်ပီယန်ပင်လယ်မှာ ထူးဆန်းတဲ့ကျွန်းတစ်ကျွန်း တွေ့ရှိခဲ့ပြီးနောက် လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။
အဇာဘိုင်ဂျန်ကမ်းရိုးတန်းမှာ ၂၀၂၃ အစောပိုင်းက ရွှံ့မီးတောင်တစ်ခု ပေါက်ကွဲခဲ့ပြီးနောက် ကျွန်းမြေတစ်ခု ပေါ်ထွက်ခဲ့ပါတယ်။
▪️ ဒါပေမဲ့ ၂၀၂၄ နှစ်ကုန်နားမှာတော့ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။
ဒီကျွန်း ပြန်လည်ဆုတ်ယုတ်သွားပုံက သရဲတစ္ဆေလိုပဲလို့ NASA Earth Observatoryက ဆိုပါတယ်။
▪️ ကူမာနီကမ်းပါး ရွှံ့မီးတောင်ကနေ အင်အားပြင်းထန်စွာ ပေါက်ကွဲမှုကြောင့် အလားတူကျွန်းတွေ ခဏခဏ ထွက်ပေါ်ခဲ့တယ်လို့ ရှင်းပြထားပါတယ်။
Chigil-Denizလို့လည်း ခေါ်တွင်ပြီး အဇာဘိုင်ဂျန် အရှေ့ကမ်းရိုးတန်းကနေ ၂၅ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။
▪️ နာဆာမှ Landsat 8 နဲ့ 9 ဂြိုဟ်တုတွေကနေ ၂၀၂၂ နိုဝင်ဘာ ၁၈၊ ၂၀၂၃ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄ ဒီဇင်ဘာ ၂၅ ရက်နေ့တို့မှာ ကျွန်းရဲ့ပုံရိပ်တွေ ရရှိခဲ့ပါတယ်။
▪️ နိုဝင်ဘာလမှာ မီးတောင်ထိပ်က ပင်လယ်ရေမျက်နှာပြင်အောက် ရှိနေခဲ့ပါတယ်။
ဖေဖော်ဝါရီမှာတော့ ကျွန်းထွက်ပေါ်လာပြီး မီးခိုးငွေ့တွေ ရွေ့လျားသွားခဲ့ပါတယ်။
ဇန်နဝါရီ ၃၀ နဲ့ ဖေဖော်ဝါရီ ၄ ရက်အတွင်း ထိုကျွန်းဟာ ၄၀၀ မီတာခန့် ကျယ်ဝန်းတယ်လို့ ဂြိုဟ်တုစောင့်ကြည့်ချက်များအရ တိုင်းတာရရှိခဲ့ကြောင်း အဒယ်လိတ်တက္ကသိုလ်မှ ဘူမိပညာရှင် မာ့ခ်တင်ဂေးက ပြောပြပါတယ်။
▪️ ၂၀၂၄ နှစ်ကုန်မှာတော့ ကူမာနီကမ်းပါးအပိုင်းနားက ကျွန်းဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။
▪️ ဒီမီးတောင်ဟာ ယခင်က ၈ ကြိမ်ပေါက်ကွဲဖူးတယ်လို့ သိရပြီး ကျွန်းအရွယ်အစားနဲ့ သက်တမ်းအမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။
▪️ ရွှံ့မီးတောင်တွေအကြောင်း သိပ်ပြီးမလေ့လာထားသလို အနည်းငယ်သာ သိရှိနားလည်ကြသေးတယ်လို့ မစ္စတာတင်ဂေးက ဝန်ခံသွားပါတယ်။
Source: MailOnline
#World_Health
Published 25 January 2025
▪️ ကလေးယူဖို့ကိစ္စဆိုတာ နှစ်ဦးနှစ်ဖက်စလုံးနဲ့ ပတ်သက်နေပြီး အမျိုးသားတွေရဲ့ ကျန်းမာရေးက အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
▪️ အမျိုးသမီးတွေနဲ့ သက်ဆိုင်သလို အမျိုးသားတွေရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ အလေ့အကျင့်တွေက သုတ်ပိုးကျန်းမာရေး၊ မျိုးအောင်နိုင်စွမ်း၊ ကလေးရဲ့ကျန်းမာရေးတို့ကိုပါ သက်ရောက်နေပါတယ်။
▪️ ဒါကြောင့် အိမ်ထောင်တစ်ခု တည်ထောင်မယ်ဆိုရင် နှစ်ဦးစလုံးအတွက်ရော ကလေးအတွက်ပါ ကျန်းမာရေးအကောင်းဆုံး ဖြစ်စေမယ့် နည်းလမ်းတွေရဖို့ ပြောင်းလဲမှုတွေ လုပ်ရနိုင်ပါတယ်။
▪️ ကိုယ်ဝန်ရစေပြီး မိသားစုအနာဂတ်အတွက် အုတ်မြစ်ခိုင်မာစေဖို့ အမျိုးသားတွေ ပြုပြင်ပြောင်းလဲသင့်တဲ့ ပုံစံများကို ဖော်ပြသွားပါမယ်။
(၁) ဆေးလိပ်ဖြတ်ပါ
▪️ ဆေးလိပ်သောက်ခြင်းက သုတ်ပိုးအရည်အသွေး၊ အရေအတွက်၊ လှုပ်ရှားနိုင်စွမ်းတို့ကို လျော့ကျစေပြီး မျိုးမအောင်တဲ့ အခြေအနေ နှစ်ဆဖြစ်စေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
(၂) အယ်လ်ကိုဟောကန့်သတ်သောက်သုံးပါ
▪️ အရက်ကို အလွန်အကျွံသောက်ရင် ကျားဟော်မုန်း တက်စ်တိုစတီရုန်း လျော့နည်းစေပြီး သုတ်ပိုးထုတ်လုပ်မှု လျော့ကျစေပါတယ်။
အသင့်အတင့်သောက်သုံးရင်တော့ သုတ်ပိုးကျန်းမာရေး ကောင်းမွန်စေနိုင်ပါတယ်။
(၃) ကြာရှည်စွာအပူထိတွေ့ခြင်းကိုရှောင်ရှားပါ
▪️ သုတ်ပိုးထုတ်လုပ်မှုက ခန္ဓာကိုယ်အပူချိန် အေးမြရင် ပိုကောင်းစေတာကြောင့် မကြာခဏ ရေနွေးစိမ်ခြင်း၊ ချွေးထုတ်ခန်းထဲနေခြင်း၊ ပေါင်ပေါ်မှာ လက်ပ်တော့ထားခြင်းတို့က အပူကဲစေပြီး သုတ်ပိုးထုတ်လုပ်မှု ထိခိုက်စေနိုင်ပါတယ်။
(၄) ဖိစီးမှုလျှော့ချပါ
▪️ ဖိစီးမှုများရင် ကျားဟော်မုန်းထုတ်လုပ်မှုနဲ့ သုတ်ပိုးကျန်းမာရေးကို ထိခိုက်စေသဖြင့် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။
(၅) ကျန်းမာရေးညီညွတ်စွာ စားသုံးပါ
▪️ ဇင့်၊ ဖောလိတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ချို့တဲ့ပါက သုတ်ပိုးကျန်းမာရေး ထိခိုက်စေသဖြင့် ဟင်းရွက်၊ အသီးအနှံ၊ ပြောင်းဂျုံဆန်၊ ပရိုတိန်းများ၊ အခွံမာသီး၊ အစေ့အဆန်များ စားသုံးခြင်းဖြင့် မျိုးပွားနိုင်စွမ်း မြှင့်တင်ပေးနိုင်ပါတယ်။
(၆) ကိုယ်လက်တက်ကြွလှုပ်ရှားပေးပါ
▪️ လေ့ကျင့်ခန်း အသင့်အတင့်လုပ်ခြင်းဖြင့် ကျားဟော်မုန်းမြှင့်တင်ပေးပေမယ့် အပြင်းအထန် လေ့ကျင့်ခြင်း၊ ပြင်းထန်တဲ့ အားကစားတွေကတော့ မျိုးအောင်နိုင်စွမ်း ထိခိုက်စေပါတယ်။
(၇) မူးယစ်ဆေးရှောင်ရှားပါ
▪️ စိတ်အပန်းဖြေရင်သုံးကြတဲ့ ဆေးခြောက်၊ ကိုကိန်း၊ စတီးရွိုက်တွေက သုတ်ပိုးအရည်အသွေးကို သိသာစွာထိခိုက်စေတာကြောင့် ကလေးယူမယ်ဆိုရင် ဒါတွေကိုရှောင်ရှားဖို့ အရေးကြီးပါတယ်။
▪️ ဒီလို ပြောင်းလဲနေထိုင်ခြင်းက ကလေးယူဖို့စဉ်းစားနေတဲ့ ယောက်ျားတွေအတွက် အရေးပါပြီး သေးငယ်တဲ့ ပြောင်းလဲမှုတွေကနေ ထွန်းကားတဲ့မိသားစုဘဝ ဖြစ်လာနိုင်ပါတယ်။
#Source: DoctorNDTV
တရုတ်အလယ်ပိုင်း ဟေနန်ပြည်နယ် ကျန်ကျိုးမြို့မှာ ၆ ရက်တာ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၄ ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲဖိုင်နယ်ဟာ အင်္ဂါနေ့မှာ ပြီးဆုံးခဲ့ပြီး ကမ္ဘာတဝှမ်းမှ လူငယ်စက်ရုပ်ဝါသနာရှင်ပေါင်း ၁၉၀၀၀ ကျော် ပါဝင်ခဲ့ကြပြီး စက်ရုပ်တည်ဆောက်စွမ်းရည်တွေ ပြသခဲ့ကာ စက်ရုပ်ပြိုင်ပွဲတွေ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
#World_Event
Published 24 January 2025
#ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲ #လူငယ်စက်ရုပ်ဝါသနာရှင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 24 January 2025
၁။ အထူးစျေးကွက်နှင့် ချိတ်ဆက်ပေးမည့်ပွဲတွင် ပါဝင်လိုသည့် လုပ်ငန်းရှင်များကို သံရုံးကကူညီပေးမည်
၂။ ဓာတ်ဆီဈေးတက်၊ သုံးပတ်အတွင်းဒီဇယ်တစ်လီတာ ကျပ်၃၀၀ ကျော်ခန့်အထိဈေးတက်လာ
၃။ ကမ္ဘာ့ရွှေဈေးမြင့်တက်နေခြင်းကြောင့်သာ မြန်မာ့ရွှေဈေးတက်လာခြင်းဖြစ်
၄။ (၂၀၂၄)ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲ ဖိုင်နယ်၌ ကမ္ဘာတဝှမ်းမှ လူငယ်စက်ရုပ်ဝါသနာရှင်အများအပြား ဝင်ရောက်ယှဉ်ပြိုင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 24 January 2025
▪️ မန္တလေးမြို့၌ (၂၁)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို လာမည့်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ ထိုသို့ကျင်းပရာတွင် ၇၈ လမ်းနှင့် သိပ္ပံလမ်းထောင့်၊ ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်းတွင် ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည် ဖြစ်ကာ ပန်းအလှပြုပြင်ခြင်းပြိုင်ပွဲ၊ ပန်းအလှပင်ပြိုင်ပွဲ၊ ရာသီပန်းအလှပင်ပြိုင်ပွဲ၊ အရွက်အလှပင်ပြိုင်ပွဲ၊ ရွက်လှပင်ပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲ၊ ပြည်ပသစ်ခွပြိုင်ပွဲ(ကတ်တလီးယားပြိုင်ပွဲ)၊ ပြည်ပသစ်ခွ(စင်ဘီးဒီးယမ်းပြိုင်ပွဲ)၊ ပြည်ပသစ်ခွ(ဗန်ဒါပြိုင်ပွဲ)၊ နှင်းဆီပင်အမျိုးမျိုးပြိုင်ပွဲ များပါဝင်မည်ဖြစ်ကြောင်းသိရသည်။
▪️ ထို့အပြင် ရှားဇောင်းပင်ပြိုင်ပွဲ၊ သက်ကြီးပုပင်(ဘွန်ဆိုင်း)ပြိုင်ပွဲ၊ အသီးပါတဲ့ အလှအပင်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက် အရွက်ပြိုင်ပွဲ(ဥပမာ-မုန်ညင်းရွက်)၊ ဟင်းသီးဟင်းရွက် အထုပ်ပြိုင်ပွဲ(ဥပမာ-ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်)၊ ဟင်းသီးဟင်းရွက် အသီးအပါအဝင်ပြိုင်ပွဲ(ဥပမာ-ခရမ်း၊ ငရုတ်)၊ ဟင်းသီးဟင်းရွက် ဥပြိုင်ပွဲ(ဥပမာ-မုန်လာဥ)၊ သစ်သီးပြိုင်ပွဲ(ဥပမာ-သင်္ဘောသီး၊ ဖရဲသီး)၊ ဟင်းသီး အသီးအလုံးလိုက်ပြိုင်ပွဲ(ဥပမာ-ဘူးသီး)၊ သစ်သီးဝလံအခိုင်လိုက်ပြိုင်ပွဲ(ဥပမာ-ငှက်ပျောခိုင်၊ အုန်းသီးခိုင်)၊ သစ်သီးဝလံဥပြိုင်ပွဲ(ဥပမာ-စိမ်းစားဥ၊ ကန်စွန်းဥ၊ ဝဥ၊ မျောက်ဥ)၊ ဟင်းသီးအသီးအနှံအတွဲလိုက်ပြိုင်ပွဲ (ဥပမာ-ခရမ်းချဉ်သီး)နှင့် သစ်သီးပုံဖော်အလှဆင်ခြင်း ပြိုင်ပွဲများ စုစုပေါင်းပြိုင်ပွဲပေါင်း ၂၃ ပွဲမျိုးကို ထည့်သွင်းကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။
▪️ အဆိုပါ ပြိုင်ပွဲအမျိုးအစားအားလုံးအတွက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု ၃ ဆု ချီးမြှင့်သွားမည် ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များအား ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်း ကွပ်ကဲရေးရုံးသို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက် ရုံးချိန်အတွင်း ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
▪️ ပန်းအလှပြုပြင်ခြင်းနှင့် သစ်သီးပုံဖော်အလှဆင်ခြင်း ပြိုင်ပွဲများအတွက်ကိုမူ ပြိုင်ပွဲဝင်ပစ္စည်းများကို ဖေဖော်ဝါရီလ ၁၀ ရက်၊ မနက် ၁၁ နာရီ အထိ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာ့လက်ဖက် စားသုံးတဲ့ဓလေ့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနက်စကို သို့တင်သွင်းသွားမယ်လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published 24 January 2025
#မြန်မာ့လက်ဖက် #ယူနက်စကိုတင်သွင်း
#YMG/NN #Yangon_Times
Page 88 of 1618