#Local_News
Published _13 September 2022

 

တောင်ကိုရီးယားသို့ ယခုစက်တင်ဘာလ၏ ဒုတိယအကြိမ် လုပ်သား ၁၁၀ ကျော်ကို ယနေ့(စက်တင်ဘာလ ၁၃ ရက်)က ထပ်မံစေလွှတ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးသတင်းများအရ သိရသည်။

 

ယနေ့သွားရောက်သည့် အလုပ်သမားများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၁၂)ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၇၅)ဦး နှင့် ဆောက်လုပ်‌ရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့်လုပ်သားသစ် (၂၄)ဦး စုစုပေါင်း (၁၁၁)ဦး ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အလုပ်သမားများသည် ရန်ကုန်မှ အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ရာ ဆိုးလ်မြို့ရှိ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမားသံအရာရှိက အလုပ်သမားများအားကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်ကလည်း တောင်ကိုရီးယားနိုင်ငံသို့ Re-entry လုပ်သား(၉၂)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့်လုပ်သားသစ်(၄၃)ဦး စုစုပေါင်း (၁၃၅)ဦး တို့သွားရောက်ခဲ့ကြသေးကြောင်း သိရသည်။

#Ymg/mt
#Yangon_Media_Group