#LocalNews


Published - 20 Nov 2021


၂၀၂၁ခုနှစ်၊နိုဝင်ဘာလ၄ရက်နံနက်ပိုင်းကမရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ တေးနုယဉ်လမ်းနေ ဦးသိန်းအောင်သည် ဇနီးနှင့်အတူ အိမ်ရာဝင်း အတွင်း လမ်းလျှောက်နေစဉ် (စိစစ်ဆဲ)ကျား ၁ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးသိန်းအောင်သေဆုံးခဲ့ပြီးဇနီးဖြစ်သူမှာဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် မှ ကျူးလွန်သူများကို ဖမ်းဆီးရမိတယ်လို့ နစက ကထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ရာတွင်ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင် မသင်္ကာဖွယ်ရာစက်ဘီးစီးလာသည့် ကျား ၃ ဦးနှင့် ၎င်းတို့၏ နောက်မှ ကပ်လျက်လိုက်ပါလာသည့်HYUNDAIACCENTအမျိုးအစား အဖြူရောင် ယာဉ်အားတွေ့ရှိကြောင်းသိရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာနိုဝင်ဘာလ၈ရက်တွင်ပစ်ခတ်မှုဖြစ်စဉ်ပါ တရားခံဖြစ်သော စစ်ဇော်ကံ(ခ) ဟန်သာထွန်း(၁၉)နှစ် အား မင်္ဂလာဒုံမြိုနယ်၊ ပတ္တမြား ရပ်ကွက်၊ နီလာလမ်း၊ အမှတ်(၁၈၇)နေအိမ်၌ဆက်စပ်တရားခံဖြိုးအိကျော်(၂၄)နှစ် နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူ

စစ်ဇော်ကံ(ခ)ဟန်သာထွန်း ၏ ထွက်ဆို ချက်အရလှိုင်မြို့နယ်၊(၇)ရပ်ကွက်၊ကျောင်းကုန်း(၁)လမ်းနေပစ်ခတ်မှုဖြစ်စဉ်ပါသူဗညားစိုးထက်(ခ)လီယို(၂၃)နှစ်အားလည်းကောင်း၊တိုက်ကြီးမြို့နယ်၊အုတ်ပုံစုရပ်ကွက်၊တောင်ပေါ်လမ်း(ခ)ဂျိုးဖြူကန်လမ်းနေဆက်စပ်တရားခံစိုင်းစည်သူ (၃၅)နှစ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့တယ်လို့
သိရပါတယ်။

 စစ်ဇော်ကံ(ခ)ဟန်သာထွန်း သည် ဧပြီလ အတွင်း KNLA တပ်မဟာ(၆)နယ်မြေတွင်အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့ကြောင်းဖော်ထုတ်သိရှိရပြီး၎င်းအနေဖြင့်ရန်ကုန်မြို့ တွင်းဥက္ကာ(ဖမ်းဆီးရန်ကျန်)ခေါင်းဆောင်သော  ရန်ကုန်တော်လှန်ရေး အင်အားစု(YangonRevolution Force-YRF)တွင် ဒုတိယ ခေါင်းဆောင်အဖြစ်ပါဝင်၍ တရားခံ ဗညားစိုးထက်(ခ)လီယို မှာတတိယခေါင်းဆောင် အဖြစ်ပါဝင်ကြောင်း၊ တရားခံ ဖြိုးအိကျော်သည် YRF အဖွဲ့ တွင် ဘဏ္ဍာရေးမှူးအဖြစ်ပါဝင်ပြီး ထောက်ပံ့ရရှိငွေ များနှင့် လိုအပ်သည့် လက်နက်/ခဲယမ်းများ ဝယ်ယူမှုအား ချိတ်ဆက်ဆောင်ရွက်ပေးသူဖြစ်ကြောင်းဖော်ထုတ်သိရှိရကြောင်းဖော်ပြထားပါတယ်။
 
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရဦးသိန်းအောင်အား လုပ်ကြံသတ်ဖြတ်သည့်နေ့တွင်၎င်းသေနတ်များအားအသုံးပြုရန်ဗညားစိုးထက်(ခ)လီယိုမှတစ်ပါတည်းယူဆောင်ခဲ့ကာHYUNDAIACCENT(အဖြူရောင်)ယာဉ်အားမောင်းနှင်ပြီးစစ်ဇော်ကံ(ခ)ဟန်သာထွန်းနှင့်အတူသွားရောက်ခဲ့ကြောင်း၊ ဖမ်းဆီး ရန်ကျန် တရားခံများဖြစ်သည့်  ဖိုးသား နှင့် သားငယ် တိုသည် စက်ဘီး ၂ စီးဖြင့်လိုက်ပါလာခဲ့ကြောင်း၊ ကုန်းမြင့်သာလမ်းအရောက်တွင်စစ်ဇော်ကံ(ခ)ဟန်သာထွန်း သည် ယာဉ်ပေါ်မှဆင်းပြီး ဖိုးသားထံမှ စက်ဘီးအားယူ၍ စီးနင်းထွက်ခွာသွားခဲ့ပြီးဖိုးသားမှခြေလျင်ဖြင့်သွားရောက်၍ တေးနုယဉ်လမ်း အရောက်၌ ဦးသိန်းအောင် နှင့် ဇနီး ဖြစ်သူတိုအားပစ္စတိုဖြင့်၇ချက်ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။