#LocalNews
#ရန်ကုန်မြို့လယ်မှဆူးလေစေတီတော်အားအချိန်ခွဲစရာမလိုဘဲဖူးမျှော်နိုင်မည်
++++++++++++++++++++++++++++++++++++++++++

Published - 19 Nov 2021

ရန်ကုန်မြို့လယ်တွင်ရှိသော ဆူးလေစေတီတော်အား နိုဝင်ဘာလ ၁၈ ရက် ၊တန်ဆောင်မုန်း လပြည့်နေ့မှစ၍ ပြန်လည် ဖွင့်လှစ်ကာ နံနက် ၇နာရီမှ ၁၁ နာရီထိ တစ်ကြိမ် ၊ မွန်းလွဲ တစ်နာရီမှ ညနေ ၄ နာရီထိ တစ်ကြိမ် ဖွင့်ပေးခဲ့ရာမှ ယခုအခါ နံနက် ၇ နာရီမှ ညနေ ၄ နာရီထိ တစ်ဆက်တည်း ဖူးမျှော်နိုင်ပြီဖြစ်ကြောင်း ဆူးလေစေတီတော် ဂေါပကအဖွဲ့က သိရသည်။

"သြဝါဒါစရိယဆရာတော်ကြီးတွေရဲ့လမ်းညွန်ချက်တွေအရ ဘုရားဖူးဧည့်သည်တွေ အေးအေးချမ်းချမ်းဖူးမြှော်နိုင်ဖို့ ရှေးရှုပြီးအချိန်ခွဲသတ်မှတ်ချက်ကို ရုပ်သိမ်းပြီး နေ့စဉ်မနက် ၇ နာရီမှ ညနေ ၄ နာရီအချိန်ထိ ဖူးမြှော်နိုင်မှာ ဖြစ်ပါတယ်"ဟု ဂေါပက အဖွဲတာဝန်ရှိသူကပြောသည်။


ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရာမှ ယခုအခါ ကိုဗစ်အကန့်အသတ်များ ဖြေလျှော့ထားသည့်အတွက် တန်ဆောင်မုန်းလပြည့်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်ခြင်းလည်းဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောသည်။

#Yangon_Media_Group