၅ နိုဝင်ဘာ ၂၀၂၃

အာရပ်ခေါင်းဆောင်များက ဂါဇာတွင် အစ္စရေးစစ်တပ်ကို ချက်ခြင်းအပစ်အခတ်ရပ်ရန် စနေနေ့က တောင်းဆိုပြီး အစ္စရေးကိုစည်းရုံးပြောဆိုရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်ကို ဖိအားပေးခဲ့သော်လည်း ဘလင်ကန်က ယခုအချိန်တွင် အပစ်အခတ်ရပ်လိုက်ပါက ပါလက်စတိုင်းစစ်သွေးကြွအုပ်စုဟားမာ့စ်ကို ပြန်လည် စုစည်းအုပ်စုပြန်ဖွဲ့ကြီး အစ္စရေးကိုပြန်လည်တိုက်ခိုက်ဖို့လုပ်ပေးသလိုဖြစ်သွားလိမ့်မည်ဟု ပြန်လည် ပြောဆိုခဲ့ ပါတယ်။

ဂျော်ဒန်နိုင်ငံ အာမန်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အများရှေ့မှောက် သဘောမတူမှုတစ်ခုအဖြစ် ဂျော်ဒန်နှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးတို့နှစ်ဦးသည် ဘလင်ကန်ဘေးတွင်ရပ်ရင်း ရန်လိုမှုများကို ရပ်တန့်ရေး ထပ်ကာထပ်ကာ တွန်းအားပေးခဲ့ပါတယ်။ “ အရပ်သားထောင်ပေါင်းများစွာ သေဆုံးနေရတာကို မိမိကိုယ် မိမိ ကာကွယ်နေမှုအဖြစ် ရှင်းချက်ထုတ်၍ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ဟားမားစ်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီးပြီဆိုရင် ဂါဇာ နောက်ဘာဆက်ဖြစ်မလဲဆိုသည့် နက်ရှိုင်းစွာဆွေးနွေးမှုကို သူတို့ကပယ်ချခဲ့ကြပါတယ်။ လက်ငင်းအာရုံစိုက်ရမည်မှာ ရန်လိုမှုတွေရပ်တန့်ရေးကြိုးပမ်းတာပဲဖြစ်သင့်တယ်လို့ သူတို့က ပြောကြပါတယ်။

အောက်တိုဘာ ၇ရက်တွင် အစ္စရေးနှင့်ဟာမားစ်တို့ စစ်ဖြစ်ပြီးကတည်းက ဘလင်ကန်သည် ထိုဒေသသို့ ယခုတစ်ကြိမ် သည် ဒုတိယမြောက်သွားရောက်ခြင်းဖြစ်ပါတယ်။

ဘလင်ကန်နှင့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတာယာဟုတို့တွေဆုံပြီးနောက် အပစ်အခတ်ရပ်ရေးစိတ်ကူးကို အစ္စရေးဝန်ကြီးချုပ်ကပယ်ချခဲ့ပါတယ်။

ယင်းနောက်“ အခုအပစ်အခတ်ရပ်ရင် ဟားမာ့စ်ကို သူ့နေရာသူပြန်ရောက်ပြီး အုပ်စုပြန်ဖွဲ့တာနှင့် အောက်တိုဘာ ၇ ရက်လိုပြန်တိုက်ခိုက်တာပဲ ကျန်ရစ်လိမ့်မယ်။ ကျွန်တော်တို့ရော ဘယ်နိုင်ငံကမှ ဒါမျိုးလုပ်ခံမှာမဟုတ်ဘူး။ အဲဒါကြောင့် အစ္စရေးရဲ့ ကိုယ့်ကိုကိုယ်ခုခံပိုင်ခွင့် အခွင့်အရေးနှင့် တာဝန်ကိုထပ်မံအတည်ပြုပေးဖို့ပဲ အရေးကြီးတယ်” ဟု ဘလင်ကန်က ပြောဆိုခဲ့သည်။

ဘလင်ကန်သည် ဆော်ဒီ၊ကာတာ၊ယူအေအီး၊အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးများ၊ ပါလက်စတိုင်း ကိုယ်စားလှယ်များကို အာမန်တွင် စောစောပိုင်းကတွေ့ဆုံခဲ့ပါတယ်။ အစည်းအဝေးသည် အပစ်အခတ်ရပ်ရေး တောင်းဆိုခြင်း၊ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများပေးရေးနှင့် ဒေသ၏လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ကြောက်ဖက်ဖွယ်အခြေအနေဆိုးရွားနေမှုကို အဆုံးသတ်မည့် နည်းလမ်းများရှာရေး ဟူသည့် အာရပ်တို့၏ ရပ်တည်ချက်ကို အလေးပေးမည်ဟု ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးကပြောခဲ့ပါတယ်။

“ နိုင်ငံတကာအသိုက်အဝန်းရဲ့ တာဝန်ဟာ ဟာ အမြဲတမ်း ရန်လိုမှုတွေရပ်တန့်ရေးဖြေရှင်းဖို့ပဲဖြစ်တယ်။ အကြမ်းဖက်မှုတွေကို ဆက်လက်ဖြစ်ပွားအောင်မြှင့်တင်ပေးဖို့မဟုတ်ဘူး” လို့လည်း အဲဒီ သတင်းစာရှင်းလင်းပွဲမှာ အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး  ဆာမာ ရှောင်ရီကပြောပါတယ်။

“ ကျွန်တော်တို့ရဲ့ဦးစားပေးမှုတွေ ချက်ခြင်းရဖို့လိုအပ်တယ်။ ယခုအချိန်ကစပြီး စစ်ပွဲရပ်တန့်းအောင် အသေအချာ လုပ်ကြရမယ်” လို့ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန်ဆာဖာဒီကပြောပါတယ်။

ဂျော်ဒန်တွင် ဘလင်ကန်နှင့်တွေ့ဆုံစဉ် လက်ဘနွန်အ်ိမ်စောင့်အစိုးရ ဝန်ကြီးချုပ် နာဂျစ်မီကာတီက  ဂါဇာတွင် အပစ်အခတ်ရပ်ရေးအရေးကြီးကြောင်းပြောခဲ့ပြီး လက်ဘနွန်တောင်ပိုင်းကို အစ္စရေး၏ ကျူးကျော်ရန်လိုမှု ရပ်တန့်ရမည်ဟုလည်းပြောခဲ့ပါတယ်။

Source Reuters