English Section

Senior General Reveals Conditional Election Plans Amidst Security Concerns

NAY PYI TAW, July 31— Myanmar’s State Administration Council  Chairman Senior General Min Aung Hlaing stated that elections will initially be held in areas with stable security conditions.

He emphasized the necessity of enhancing security in unstable areas before elections can take place. This remark was made during today's National Defence and Security Council meeting at the SAC Chairman’s office.

The entrenchment of multi-party democracy and necessary reform tasks can only be speedily implemented if stability is ensured; therefore, any measures related to security matters should be continued and accelerated, he told NDSC members, according to SAC’s press release

SAC said earlier that the national census is scheduled for October, with the national election to follow next year.

@ymg/knl

Myanmar Extends State of Emergency for Another Six Months

Nay Pyi Taw, July 31

Myanmar has extended its state of emergency for another six months, according to a press release from the State Administration Council (SAC). The decision was made during a meeting of the National Defence and Security Council (NDSC) held on May 31 in Nay Pyi Taw.

The meeting, chaired by Acting President (Duty) and Commander-in-Chief of Defence Services Senior General Min Aung Hlaing, resulted in a unanimous decision. Attendees included Deputy Commander-in-Chief of Defence Services and Commander-in-Chief (Army) Vice-Senior General Soe Win, Pyithu Hluttaw Speaker U Ti Khun Myat, Union Minister for Defense Admiral Tin Aung San, Union Minister for Home Affairs Lt General Yar Pyae, and Union Minister for Border Affairs Lt General Tun Tun Naung. The SAC Secretary and Joint Secretary were also present as invited attendees.

During the meeting, Senior General Min Aung Hlaing explained the reasons for extending the state of emergency. He emphasized the need to maintain peace and stability in light of ongoing terrorist acts and highlighted the necessity of conducting a national census to ensure valid and accurate ballots. Following his briefing, all NDSC members discussed the current situation and agreed to extend the state of emergency for another six months, in accordance with Article 425 of the 2008 State Constitution, as stated in the press release.

The state of emergency, initially declared following the military takeover in February 2021, has seen multiple extensions as the SAC continues to navigate the nation's complex political situations.

@ymg/knl

Myanmar Deputy Prime Minister VSG Soe Win Delivers Opening Remarks at SCO Green Development Forum

QINGDAO, China, July 8

Myanmar Deputy Prime Minister Vice Senior General Soe Win attended and delivered the opening remarks at the Green Development Forum of the Shanghai Cooperation Organization (SCO) Countries this morning. The event was held at the Qingdao International Conference Center in Qingdao, People's Republic of China.

The Deputy Prime Minister outlined how Myanmar has been implementing green development through national environmental strategies and policies in his remarks. He also mentioned that Myanmar is now also focusing on blue development due to its extensive coastline.

The forum was hosted by GNFCCSCO (Good-Neighborliness, Friendship, and Cooperation Commission of the Shanghai Cooperation Organization). GNFCCSCO Chairperson, Ms. Shen Yueyue, read out a congratulatory letter sent by Chinese President Xi Jinping and then delivered a keynote speech.

President Xi described the SCO as a model for a new type of international relations and regional cooperation. He noted in his letter that China has recently taken over the rotating presidency of the SCO.

Xi also highlighted that it is the consensus of SCO countries to protect the environment and promote green development.

Ms. Shen Yueyue who is also Vice-Chairperson of the National Committee of the Chinese People's Political Consultative Conference(CPPCC) explained China’s initiatives on green development and expressed sincere thanks to those who joined the forum.

Other senior and high-ranking officials from SCO countries, as well as SCO Secretary General Mr. Zhang Ming, also gave remarks at the forum.

Vice Senior General Soe Win, along with Ms. Shen Yueyue and other senior officials, visited the exhibition on Empowering Regional Cooperation and Promoting Development upon their arrival at the Forum Hall.

-ymg/knl

Asean

  • ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် တရုတ် ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟဲဝေတုန်တို့ နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စများ ဆွေးနွေး

    ၁၇ စက်တင်ဘာ ၂၀၂၄

    နစက အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟဲဝေတုန် (General He Weidong) နှင့် တရုတ်    ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တော်တွင် တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး    ရေးအပါအဝင် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

    ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး  တုန်ကျွင်း (Admiral Dong Jun)၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် ပေကျင်း   ရှန်ကျန်း ဖိုရမ် (11th Beijing Xiangshan Forum) သို့ ပါဝင်တက်ရောက်ခဲ့စဉ်မှာ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့် ပေကျင်းမြို့ ပိုင်ယိခန်းမ (Bayi Hall) ၌ စက်တင်ဘာ ၁၃ရက်က တွေ့ဆုံဆွေးနွေးစဉ် အဆိုပါကိစ္စရပ်များကို ဆွေးနွေး     ခဲ့တာဖြစ်ပါတယ်။

    ဗိုလ်ချုပ်ကြီးတင် အောင်စန်းသည် တရုတ် ဗိုလ်ချုပ်ကြီး ဟဲဝေတုန်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်    အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးဆိုင်ရာ နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများစေလွှတ်ရေး၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်   မှာဖော်ပြထားပါတယ်။

    ခရီးစဉ်အတွင်းဗိုလ်ချုပ်ကြီးတင်အောင်စန်းအဖွဲ့သည် တရုတ်နိုင်ငံပေကျင်းမြို့ အခြေစိုက်အဆင့်မြင့် စက်မှုနည်းပညာ ဆိုင်ရာ   ကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့ပြီး လေကြောင်းနည်းပညာဆိုင်ရာ ခေတ်မီထုတ်ကုန်များ၊ မောင်းသူမဲ့   လေယာဉ်     ထုတ်လုပ်မှုများ၊ အီလက်ထရောနစ် စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်  ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ပြီး နည်းပညာပူးပေါင်းဆောင်ရွက် နိုင်မှုအခြေအနေများကို ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထား ပါတယ်။

     (၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (11th Beijing Xiangshan Forum) သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဒုတိယ    ဝန်ကြီးချုပ်များနှင့် ကာကွယ်ရေးဝန်ကြီး ၂၂ ဦး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်    များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၁၈၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်။

    #ymg/knl

Most Popular - Local News

  • တပ်ကုန်းမြို့နယ် ချောင်းခြားကျေးရွာရှိ သဘာဝဘေးဒဏ်ခံစားရသည့်ပြည်သူများ လှူဒါန်းသည့် အစား အစာများ‌ကြောင့် အစာအဆိပ်သင့်ကာ ဆေးရုံများတွင် တက်ရောက်ကုသခံနေရ

    စက်တင်ဘာ ၁၈၊၂၀၂၄

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ချောင်းခြားကျေးရွာရှိ  သဘာဝဘေးဒဏ် ခံစားနေရသည့် ပြည်သူများသည် အလှူရှင်များမှ လာရောက်လှူဒါန်းသော အစားအသောက်များစားမိ   သဖြင့် အစာအဆိပ်သင့်ရောဂါများဖြစ်ပွားခဲ့ရာ  ဆေးရုံများသို့ တင်ပို့ကုသခဲ့ရကြောင်း နစက သတင်း  ထုတ် ပြန်ချက်အရသိရပါတယ်။

    အဆိုပါ ချောင်းခြားကျေးရွာတွင် စက်တင်ဘာ ၁၇ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီခန့်တွင် အလှူရှင်များမှ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များအား စားသောက်

    ပြီးနောက် ယင်းနေ့၊ ညနေပိုင်းတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်းအစရှိသော အစာအဆိပ်သင့်ရောဂါ လက္ခဏာများ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    ရောဂါဖြစ်ပွားခဲ့သူတွေကို ဆေးရုံများသို့ တင်ပို့ခဲ့ရာတပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာအဖြစ် (၅၀)ဦး၊ အတွင်းလူနာအဖြစ် (၅၆)ဦး၊ ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်တွင်အတွင်းလူနာအဖြစ် (၅)ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)တွင် အတွင်းလူနာအဖြစ်(၄)ဦး တက်ရောက်ကုသမှုခံယူလျက်ရှိပြီး လူနာများ အခြေအနေမှာ သက်သာ ကောင်းမွန်လျက်ရှိတယ်လို့ သတင်းထထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    သတင်းရရှိလျင်ရရှိခြင်း စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ရောဂါဖြစ်ပွားရာ ချောင်းချားကျေးရွာသို့ တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦး ဦးဆောင်သော အရေးပေါ်တုံ့ပြန်  ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ တပ်ကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၁) ဦး   ဆောင်သော အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ ညောင်လွန့် ကျေးလက်ကျန်းမာရေးဌာန မှ ကျန်းမာရေးမှူး(၂) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ စက်တင်ဘာ ၁၈ ရက်  ရက်နေ့တွင် နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(ကူးစက်) ဦး   ဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)မှ ဆရာဝန်တစ်ဦး ဦးဆောင်သော ဆေးအဖွဲ့ (၁)ဖွဲ့၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေး   ဦးစီး   ဌာနမှ ကျန်းမာရေးမှူး (၁) ဦးဆောင်သော အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့(၁)ဖွဲ့တို့မှ ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့လည်းသိရပါတယ်။

    သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များ  အနေဖြင့် ပူပူနွေးနွေး ပြင်ဆင်ထားသည့် သန့်ရှင်းသော အစားသောက်များအား ပြင်ဆင်ပေးပို့ လှူဒါန်းကြရန်နှင့် ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များနှင့် ဆက်သွယ်၍ ဆောင်ရွက်ရန်၊ယာယီ ကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့်ညီညွတ် စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန်ကျန်းမာရေး ဌာနမှ တိုက်တွန်းနှိုးဆော်ထားပါတယ်။

    #ymg/knl

  • ရေကြီးမှုကြောင့် ယာယီဒုက္ခသည်စခန်းများတွင် လူပေါင်း ၁၆၃၅၇၃ ဦး ရှိနေ၊ သေဆုံးသူ ၂၂၆ ဦးထိ ရှိလာဟုဆို

    #Local_News
    Published_18 Sept 2024


    ▪️ ရေကြီးနစ်မြုပ်မှုကြောင့်နေပြည်တော်ကောင်စီ နယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် ၂၂၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ဦး၊ ရေစီးဖြင့်မျောပါသူ ၁၂ ဦး၊ ဒဏ်ရာ ရရှိသူ ၄၇ ဦးရှိကြောင်း ယနေ့ စက်တင်ဘာလ ၁၇ ရက်တွင်ပြုလုပ်သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးက သိရသည်။

     

    ▪️ ယင်းအပြင်လူနေအိမ် ၁၉၁၅ လုံး လုံးဝပျက်စီးခဲ့ ပြီး ၂၀၁ လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း၊ ရေဝင် နစ်မြုပ်မှုမှာ ၁၅၈၃၄၃ လုံးရှိကြောင်း၊ ယာယီဒုက္ခသည်စခန်းများတွင် ၁၆၃၅၇၃ ဦးရောက်ရှိလျက်ရှိပြီး ဆွေမျိုးများအိမ်တွင် သွားရောက်နေထိုင်သူ ၂၃၄၅၃၅ ဦးရှိကြောင်း သိရသည်။

     

    ▪️ အဆိုပါရေဘေးသင့်သူများအတွက် ထိုက်သင့်သည့် ထောက်ပံ့မှုများကိုဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး အသင့်စားခေါက်ဆွဲများအပါအဝင်အခြားစားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

     

    ▪️ တိုင်ဖွန်းမုန်တိုင်း ရာဂီ၏အရှိန်ကြောင့် မြန်မာနိုင်ငံရှိတိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတို့၌ မိုးသည်ထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခဲ့မှု၊ မိုးကြီးခြင်း၊ ရေကြီးရေလျှံခြင်း၊ လမ်းတံတားများ၊ တာတမံများထိခိုက်ပျက်စီးခြင်း၊ ကမ်းပြိုခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

     

    ▪️ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးသွားသော မီးရထားလမ်းများနှင့် တံတားများ ပြန်လည်ပြင်ဆင်နိုင်ရေး စီစဉ်နေပြီး မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ကောင်းမွန်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

     

    ▪️ အစည်းအဝေးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရှင်းလင်း ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေမည့်အရာများကို အမြန်ဆုံးရှင်းလင်းရန်၊ အလှူငွေများ လက်ခံရာတွင်လည်း ကော်မတီအနေဖြင့် စနစ်တကျ စီမံခန့်ခွဲရန်၊ အစားအသောက်များ လှူဒါန်းမှုကိုလက်ခံ ရာတွင်လည်း သန့်ရှင်းလတ်ဆက်သည့် အစားအသောက်များဖြစ်ရန်၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ပျက်စီးခဲ့သည့် လမ်း၊ တံတားများကို အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်ရန်၊ မိုးလေဝသသတင်းများကိုလည်း ပြည်သူများရှင်းလင်းစွာဖြင့် အချိန်တိုအတွင်နားလည် မှုလွယ်ကူ စေရေး ထုတ်ပြန်ရန် ၊သစ်များထုတ်လုပ်လျက်ရှိသည့် သစ်ဆိပ်များတွင် သစ်များ ခုတ်ယူထားရှိပြီး သယ်ယူရန်ကျန်ရှိနေသည့် သစ်လုံးများမှာရေစီးဖြင့် မျောပါလာခဲ့သည့်အတွက် ထိခိုက်မှုများဖြစ် ပေါ်စေခဲ့ သောကြောင့်သစ်ထုတ်လုပ်မှုများပြုလုပ်ရာတွင် ခုတ်ယူထားသည့်သစ်များကို သစ်ကွင်းများ၌ မကျန်ရှိမှုမရှိစေရေး သတ်မှတ်သစ်ဆိပ်နေရာများသို့ မိုးမကျမီ သယ်ဆောင်ထားရန်ပြောကြားခဲ့ကြောင်း သိရသည်။

     

    ▪️ ယင်းအပြင် တရားမဝင်သစ်ထုတ်လုပ်မှုများမရှိစရေး ပူးပေါင်းအဖွဲ့များဖြင့် တားမြစ်ရန် ၊ရေများကျဆင်းချိန်တွင် ကျောက်ထုတ်စခန်းများမှ ကျောက်များမှာ ရေစီးဖြင့် မျောပါလာခဲ့သည့်အတွက် အန္တရာယ်ရှိသောကြောင့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်တွက်ဆ၍ လုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ပျက်စီးသွားသည့် သီးနှံများကို စနစ်တကျပြန်လည်စိုက်ပျိုးသွားရန်နှင့် လိုအပ်သည့် စိုက်ပျိုးရေးထောက်ပံ့ငွေများနှင့် စိုက်ပျိုးရေးချေးငွေများ ပေးအပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန်၊ ကုန်စည်စီးဆင်းမှုများ ကောင်းမွန်ချောမွေ့စေရေးအတွက်လည်း မီးရထားလမ်းများ ပြန်လည်ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း ဖြင့် မှာကြားခဲ့ကြောင်း သိရသည်။

     

    ▪️ အောက်တိုဘာလ ၁ ရက်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်း များကို ဆောင်ရွက်တော့မည်ဖြစ်သောကြောင့် ကူညီကယ်ဆယ်ရေးစခန်း များရှိ ပြည်သူများအား နေရပ်များသို့ အတတ်နိုင်ဆုံးအမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေးဆောင်ရွက်ပေးသွားရန်၊ ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ ပျက်စီးမှုအနည်း၊ အများအလိုက်ဦးစားပေးအဆင့်သတ်မှတ်ပြီး အမြန်ဆုံးပြီးစီးစေရန်နှင့် အချိန်အကြာဆုံး ၆ လတာကာလအတွင်း ပြီးစီးစေရေး ဆောင်ရွက်သွားရန်၊ ပိတ်ထားရသည့် ကျောင်းများကိုလည်း အမြန်ဆုံးဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ ကျောင်းပြန်လည်ဖွင့်လှစ်ချိန်တွင် သင်ခန်းစာများလစ်ဟင်းမှု မရှိစေရေး အချိန်ပိုများ သင်ကြားပေးရန်၊ ကျောင်းပိတ်ရက် အလွန်များပြားသွားမည်ဆိုပါက နွေရာသီတွင် ပြန်လည်သင်ကြားပေးနိုင်ရေး စီမံသွားရန်တို့ကို ပြောကြားခဲ့ကြောင်း သိရသည်။

     

    #Yangon_Times/PP

  • မြန်မာနိုင်ငံတွင် စူပါတိုင်ဖွန်းယာဂီကြောင့် ရေကြီးရေလျှံမှုများသည် မကြာသေးခင်သမိုင်းအရ အဆိုးရွားဆုံးဖြစ်ဟု ကုလ စားနပ်ရိက္ခာအစီအစဉ် ပြောကြား

    ၁၆ စက်တင်ဘာ ၂၀၂၄

    “စူပါတိုင်ဖွန်းယာဂီဟာ မြန်မာနိုင်ငံနေရာအများစုကို ထိခိုက်စေခဲ့ပြီး မြန်မာနိုင်ငံရဲ့မကြာသေးခင်သမိုင်းကြောင်းအရ အဆိုး  ရွားဆုံး ရေကြီးမှုတစ်ခုဖြစ်ခဲ့ရတယ်” လို့  မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ဌာနေကိုယ်စားလှယ် ရှီလာ   မက်သယူးက သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားတယ်လို့ အေအက်ဖ်ပီက သတင်းရေးသားပါတယ်။

    ဒါပေမယ့် စိုက်ပျိုးရေးလုပ်ငန်းတွေပေါ် ထိခိုက်မှုအသေးစိတ် အတိအကျကို မသိရသေးဘူးလို့ သူမက ဆက်ပြောပါတယ်။

    “ ဒါပေမယ့် သေချာတာတစ်ခုကတော့ စားနပ်ရိက္ခာလုံခြုံရေးအပေါ် ထိခိုက်မှုကတော့ အကြီးအကျယ်ပျက်စီးတာပဲ”လို့ သူမကဖြည့်စွက်ပြောပါတယ်။

    မြန်မာနိုင်ငံမှာရေကြီးရေလျှံမှုကြောင့်  ၁၁၃ ဦးသေဆုံးခဲ့ပြီး လူပေါင်း သုံးသိန်းနှစ်သောင်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

    မြန်မာနိုင်ငံမှာ ၂၀၁၁ခုနှစ်နှင့် ၂၀၁၅ တို့မှာ ရေကြီးရေလျှံမှုဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။  ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့်  လူပေါင်း ၁၃၈,၀၀၀ ကျော် သေဆုံးပျောက်ဆုံးဖြစ်ခဲ့ရပါတယ်။

    နောက်ဆုံးအကျပ်အတည်းကြောင့် အစိုးရအနေနှင့် နိုင်ငံခြားအကူအညီကို မတောင်းခံစဖူး တောင်းခံခဲ့ပါတယ်။ အိမ်နီးချင်း အိန္ဒိယက ရိက္ခာခြောက်၊အဝတ်အစားနှင့်ဆေးဝါး ၁၀ တန်ကူညီဖို့ရှိနေပါတယ်။

    Source AFP

  • အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောရေကြီးရေလျှံမှုများအတွက် အရေးပေါ်အကူအညီ (၁၀)တန် ပေးပို့ကူညီမည်

    ၁၆ စက်တင်ဘာ ၂၀၂၄

    အိန္ဒိယအစိုးရက တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ရေကြီးရေလျှံမှုများဖြစ်ခဲ့ရသည့် မြန်မာနိုင်ငံအတွက်  အရေးပေါ်အကူအညီ (၁၀)တန်ကို ပေးပို့လှူဒါန်းသွားမယ်လို့ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

    အိန္ဒိယနိုင်ငံက ရိက္ခာခြောက်၊ အဝတ်အထည်တွေ နှင့် ဆေးဝါးများအပါအဝင် တန်ချိန်၁၀ တန်ရှိတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံသို့ ပေးအပ်သွားမှာဖြစ်ပါတယ်။

    အဲဒီအကူအညီတွေသယ်ဆောင်လာတဲ့ အိန္ဒိယစစ်ရေယာဉ် INS Satpura ဟာ အိန္ဒိယနိုင်ငံမှ ယနေ့ထွက်ခွာသွားပြီးဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံဟာ စေတနာ စစ်ဆင်ရေး လို့အမည်ရတဲ့  Operation Sadbhav  နှင့် အိန္ဒိယက မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်နှင့် လာအိုတို့ကိုပါ ကူညီဖို့ဆောင်ရွက်နေပါတယ်။

    အိန္ဒိယလေတပ်ဟာ ဗီယက်နမ်သို့ အကူအညီတန်ချိန် ၃၅တန်နှင့် လာအိုသို့ အကူအညီ၁၀တန် ကို မြန်မာနိုင်ငံနှင့်တစ်ပြိုင်နက် ပေးပို့ကူညီသွားမှာဖြစ်ကြောင်းသိရပါတယ်။

    #knl/ymg

Most Popular - World News

  • ရေးဘင်မျက်မှန်နှင့် ဖေ့စ်ဘုတ်ခ်မက်တာတို့ ပူးပေါင်း၍ စမတ်မျက်မှန်များ ထုတ်လုပ်မည်

    ၁၇ စက်တင်ဘာ ၂၀၂၄

    ရေးဘင် Ray-Ban မျက်မှန်တွေထုတ်လုပ်တဲ့ EssilorLuxottica ကုမ္ပဏီက သူတို့ဟာ ဖေ့စ်ဘုတ်ခ်နှင့် အင်စတာဂရမ်ပိုင်ရှင် မက်တာ Meta ကုမ္ပဏီတို့ဟာ စမတ်မျက်မှန်တွေထုတ်လုပ်ဖို့ မိတ်ဖက်ပူးပေါင်းလုပ်ကြတယ်လို့သိရပါတယ်။

    အသုံးပြုသူတွေဖုန်းခေါ်ဆိုတာ၊ ဓါတ်ပုံတွေရိုက်တာ နှင့် သီချင်းတွေနားထောင်တာတွေလုပ်လို့ရတဲ့ မျက်မှန်တွေ ထုတ်လုပ် လာနိုင်ပြီးနောက် ရေးဘင်နှင့် မက်တာတို့ စမတ်မျက်မှန်ပူးတွဲ ထုတ်လုပ်ဖို့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

    ကမ္ဘာပေါ်မှာ မျက်မှန်ထုတ်လုပ်တဲ့ ထိပ်တန်းကုမ္ပဏီကြီးနှင့် အမေရိကန် နည်းပညာကုမ္ပဏီကြီးဟာ ၂၀၁၉ခုနှစ်ကတည်းက ပူးပေါင်းဆောင်ရွက်လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့သူတို့ဟာ ဉာဏ်ရည်တုအသုံးပြုထားတဲ့ ပထမဆုံး ရေးဘင်မက်တာ  မျက်မှန်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

    ကုမ္ပဏီနှစ်ခုဟာ ကာလရှည်သဘောတူညီချက်အသစ်တစ်ရပ်အရ လာမယ့် ဆယ်စုနှစ်မှာ မျိုးဆက်စုံ စမတ်မျက်မှန်တွေ ထုတ်လုပ်ရာမှာ အတူပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်” လို့ ရေးဘင်က သတင်းထုတ်ပြန်ပါတယ်။

    “ မျက်မှန်ကနေ  အဓိကကျတဲ့ နည်းပညာပလက်ဖောင်းအသွင်ပြောင်းမယ့် အခွင့်အလမ်းတွေ ကျွန်တော်တို့ရရှိနေပါပြီ” လို့ မက်တာရဲ့ အမှုဆောင်အရာရှိချုပ် မတ်ဇူကာဘတ်ကလည်း သတင်းထုတ်ပြန်ရာမှာ ပြောဆိုထားပါတယ်။

    EssilorLuxottica ကုမ္ပဏီဟာ ရေးဘင်ကို ၁၉၉၉ ခုနှစ်ဝန်းကျင်ကတည်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။

    Source AFP

  • တိုင်ဖွန်းယာဂီကြောင့် ဗီယက်နမ်တွင် ဒေါ်လာ ၁.၆ ဘီလျံခန့် ပျက်စီးဆုံးရှုံးမှုဖြစ်

    ၁၆ စက်တင်ဘာ ၂၀၂၄

    တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံခန့် ဆုံးရှုံးမှုဖြစ်ပွားခဲ့တယ်လို့ နိုင်ငံပိုင်

    မီဒီယာက ယနေ့တနင်္လာနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေဟာ မကြာသေးခင်ကာလများအတွင်း မြန်မာနိုင်ငံရဲ့ အဆိုးရွားဆုံးရေကြီးမှုလို့ ပြောလိုက်ချိန်

    မှာ ဗီယက်နမ်ကလည်း ယင်းရဲ့ဆုံးရှုံးမှုကိုထုတ်ပြောလာတာဖြစ်ပါတယ်။

    ယာဂီဟာ မြန်မာ၊ဗီယက်နမ်၊လာအို၊ ထိုင်း နိုင်ငံတွေကို အင်အားပြင်းလှတဲ့ လေတွေနှင့်အတူ မိုးတွေသည်းသည်း

    ထန်ထန်ရွာချခဲ့ပါတယ်။ အဲဒါကြောင့် ရေကြီးရေလျှံမှုတွေနှင့်မြေပြိုမှုတွေဖြစ်ခဲ့ရပြီး တရားဝင်ထုတ်ပြန်ချက်များအရ လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့ရပါတယ်။

    ယာဂီဟာ လူဦးရေထူထပ်လှပြီး စိုက်ပျိုးရေးဒေသကြီးဖြစ်တဲ့  မြစ်နီမြစ်ဝကျွန်းပေါ်တစ်လျောက်ပြင်းစွာတိုက်ခတ်ခဲ့ပါတယ်။ ဗီယက်နမ်ရဲ့ အဲဒီဒေသဟာ အဓိကကုန်ထုတ်လုပ်တဲ့နေရာကြီးလည်းဖြစ်လို့ စက်ရုံတွေနှင့် အခြေခံအဆောက်အဦတွေကို ပျက်စီးသွားစေရပြီး လယ်ကွင်းတွေကိုလည်း ရေလွှမ်းမိုးသွားခဲ့ရပါတယ်။

    အဲဒီတိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ဗီယက်နမ်ဒေါင်ငွေ ထရီလီယံ ၄၀ (အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံ) ခန့်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက အစိုးရရဲ့ကနဦးတွက်ချက်မှုကို ကိုးကားပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဗီယက်နမ်မှာသေဆုံးသူပေါင်းဟာ ယနေ့အထိ ၂၉၂ ဦးရှိပြီး ၃၈ ဦးပျောက်ဆုံးနေပါတယ်။ အိမ်ခြေပေါင်း နှစ်သိန်းသုံးသောင်း ကျော်ပျက်စီးခဲ့ပြီး စိုက်ခင်းဟက်တာ နှစ်သိန်းရှစ်သောင်းခန့် ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

    #AFP

  • ထရမ့် ဒုတိယအကြိမ်မြောက် လုပ်ကြံသတ်ဖြတ်ရန်ကြံစည်ခံရသော်လည်း လွတ်မြောက်

    ၁၆ စက်တင်ဘာ ၂၀၂၄

    ရီပတ်ဗလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ  တနင်္ဂနွေနေ့က ဖလော်ရီဒါမှာရှိတဲ့ သူရဲ့ဝက်စ်ပမ်ကမ်းခြေ West Palm Beach ဂေါက်ကွင်းမှာ ဂေါက်ကစားနေစဉ် သူ့ကို လုပ်ကြံသတ်ဖြတ်ပုံရတဲ့ အကြံအစည်တစ်ခု ကနေ လွတ်မြောက်သွားခဲ့တယ်လို့ အက်ဖ်ဘီအိုင်ကပြောပါတယ်။

    ထရမ့် ဂေါက်ကစားနေစဉ် သေနတ်သံကြားခဲ့ရတာဖြစ်ပြီး ထောက်လှမ်းရေးတွေက ဂေါက်ကစားနေရာမှ ကိုက်အနည်းငယ် အကွာမှာသာရှိနေတဲ့ သေနတ်သမားတစ်ဦးရဲ့နောက်လိုက်ပြီး ပစ်ခတ်ခဲ့တယ်လို့ ရဲအရာရှိတွေကပြောပါတယ်။

    သေနတ်သမားဟာ AK-47 စတိုင် တိုက်ခိုက်ရေးရိုင်ဖယ်တစ်လက်နှင့်အခြားပစ္စည်းတွေကို ထားရစ်ခဲ့ပြီး ကားတစ်စီးနှင့် ထွက်ပြေးသွားပေမယ့် နောက်ပိုင်းမှာတော့ သူ့ကိုဖမ်းမိခဲ့ပါတယ်။

    ဒါဟာ ပန်ဆယ်ဗေးနီးယားပြည်နယ်မှာကျင်းပတဲ့ မဲဆွယ်ပွဲတစ်ခုမှာ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရလို့ ညာဖက်နားမှာ ထိခိုက်မှုအနည်းအကျဉ်းဖြစ်ခဲ့ပြီး နှစ်လအကြာမှာ ထရမ့်ကို ဒုတိယမြောက်လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားခြင်းဖြစ်ပုံရပါတယ်။

    ဒီဖြစ်ရပ်ဟာ လာမယ့် နိုဝင်ဘာ ၅ ရွေးကောက်ပွဲမှာ သမ္မတလောင်းတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအပေါ် စိန်ခေါ်မှုတွေကို ပြသနေတာလို့ ရိုက်တာ သတင်းဌာနကရေးသားပါတယ်။

    ထရမ့် အဲဒီအချိန်မှာ ဂေါက်ကစားနေမှာကို သေနတ်သမားက ဘယ်လိုသိနေသလဲဆိုတာတော့ သိပ်မရှင်းလင်းလှပါဘူး။  ဒါပေမယ့် ဒီလိုလုပ်ကြံဖို့ထပ်မံကြိုးစားတာကတော့ ထရမ့်ကိုပေးထားတဲ့လုံခြုံရေးအဆင့်အတန်းအပေါ် မေးခွန်းထုတ်စရာတွေဖြစ်လာနေပါတယ်။

    စီအင်န်အင်န်၊ ဖောက်စ်နယူးနှင့် နယူးယောက်တိုင်းမ်သတင်းစာများက သေနတ်သမားဟာ ဟာဝိုင်ယီက အသက် ၅၈နှစ် အရွယ် ရိုင်ဝက်စ်လေရုသ် ဆိုသူဖြစ်တယ်လို့ ရေးသားကြပါတယ်။

    ရိုက်တာက သူ့ရဲ့ပရိုဖိုင်းကို အိတ်စ်၊ဖေ့စ်ဘုတ်ခ်နှင့် LinkedIn တို့မှာရှာတွေ့ပါတယ်။  အဲဒီအကောင့်တွေမှာတော့ သူဟာ ယူကရိန်းစစ်ပွဲကို ထောက်ခံသူဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။သူဟာ ယူကရိန်းစစ်မှာ စစ်သားတွေခေါ်ယူရာမှာ ကူညီဖို့ ကြိုးစားခဲ့တာတွေ့ရပါတယ်။

    ထောက်လှမ်းရေးတွေက သူ့ကို သေနတ်လေးချက်ပစ်ခတ်တဲ့အခါ သူဟာ ရိုင်ဖက်သေနတ်ကိုထားခဲ့ပြီး ကားမောင်း ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

    သူ့ကို ဂေါက်ကွင်းကနေ မိုင် ၄၀လောက် အကွာမှာ ဖမ်းဆီးမိခဲ့ပါတယ်။

    ထရမ့်နှင့်သူ့မိတ်ဆွေတွေ ဂေါက်စားနေစဉ် နံပါတ်ငါးကျင်းအရောက်မှာ သေနတ်သံတွေကြားခဲ့ရတာလို့ဆိုပါတယ်။

    ယခုအဖြစ်အပျက်ကို သမ္မတ ဘိုင်ဒင်နှင့် ဒုတိယသမ္မတ ဟာရစ်တို့သိရှိခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

    ထရမ့်လုံခြုံရေးအတွက် အသေအချာလုပ်ဖို့ ထောက်လှမ်းရေးအဖွဲံတွေကိုမှာထားကြောင်း ဘိုင်ဒင်ကပြောပြီး “အကြမ်းဖက်မှုအတွက် အမေရိကန်တွင်နေရာမရှိဘူး” လို့လည်းဟာရစ်က အိတ်မှာ ပို့စ်ရေးတင်ခဲ့ပါတယ်။

    Source : Wire News outlets

  • ဗင်နီဇွဲလားသမ္မတကိုလုပ်ကြံကာ အစိုးရကိုဖြုတ်ချဖို့ စီအိုင်အေ၏ အစီအစဉ်တွင်ပါဝင်သည့် အမေရိကန်သား (၃)ဦးနှင့် အခြား နိုင်ငံခြားသား (၃)ဦးတို့ကို ဖမ်းဆီးမိဟု ဗင်နီဇွဲလားအစိုးရကြေညာ

    ၁၅ စက်တင်ဘာ ၂၀၂၄

    ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ်မာဒူရိုကို လုပ်ကြံသတ်ဖြတ်ဖို့ ရောက်ရှိလာကြတဲ့ အမေရိကန်(၃)ဦး၊ စပိန်(၂)ဦးနှင့်  ချက်နိုင်ငံ   သား (၁)ဦးတို့ကို စနေနေ့က ဖမ်းဆီးရမိလိုက်တယ်လို့ ဗင်နီဇွဲလားအရာရှိတွေကပြောပါတယ်။

    ဖမ်းဆီးမိတဲ့သတင်းကို နိုင်ငံပိုင်ရုပ်သံကနေ နိုင်ငံရဲ့ ဩဇာရှိလှတဲ့ ပြည်ထဲရေးဝန်ကြီး ကာဘီလိုက ကြေညာခဲ့တာဖြစ်ပါတယ်။

    အဆိုပါ နိုင်ငံခြားသားတွေဟာ ဗင်နီဇွဲလားအစိုးရကိုဖြုတ်ချပြီး အစိုးရခေါင်းဆောင်အများအပြားကို သတ်ပစ်ဖို့ကြံစည်တဲ့ စီအိုင်အေ  ဦးဆောင်တဲ့  လျှို့ဝှက်အစီအစဉ်ရဲ့ အပိုင်းတစ်ပိုင်းဖြစ်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေနှင့်အတူ တွေ့ရှိရတဲ့ ရိုင်ဖယ်သေနတ်ပုံတွေကိုလည်း ကာဘီလိုက ထုတ်ပြခဲ့ပါတယ်။

    ဖမ်းဆီးရမိတဲ့ အမေရိကန်နိုင်ငံသားတွေထဲမှာ ရေတပ်အဖွဲ့ဝင်တစ်ဦးလည်းပါဝင်တယ်လို့ ကာဘီလိုက ဆက်ပြောပါတယ်။

    အမေရိကန် တပ်ဖွဲ့ဝင်တစ်ဦးအဖမ်းခံရတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့နှောင်းပိုင်းမှာ အတည်ပြု ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား (၂)ဦးထပ်ပြီးအဖမ်းခံရတယ်ဆိုတဲ့ အတည်ပြုလို့မရသေးတဲ့ သတင်းတွေကိုလည်း သူတို့ ရထားပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

    “ မာဒူရိုကို ဖြုတ်ချဖို့ အကြံအစည်မှာ အမေရိကန်ပါတယ်ဆိုတဲ့ စွပ်စွဲချက်အားလုံး မဟုတ်ပါ။ ဗင်နီဇွဲလားရဲ့ နိုင်ငံရေး အကျပ်အတည်းကို ဒီမိုကရေစီနည်းလမ်းနှင့်ဖြေရှင်းတာကို အမေရိကန်က ဆက်လက်ထောက်ခံနေတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    အငြင်းပွားနေတဲ့ ဇူလိုင်၂၈ရက် ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲအတွင်း မဲပေးတာကို ဟန့်တားနှောက်ယှက်ခဲ့တယ်လို့ သမ္မတ မာဒူရိုကို အမေရိကန်အစိုးရကစွပ်စွဲပြီး  မာဒူရိုရဲ့မဟမိတ် ၁၆ ဦးကို အရေးယူကန့်သတ်မှုတွေပြုလုပ်ခဲ့ပြီး  နှစ်ရက် အကြာ ယခုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

    ဒီတစ်ပတ်စောစောပိုင်းမှာလည်း စပိန်အစိုးရက အတိုက်အခံသမ္မတလောင်း အက်ဒန်ဒို ဂွန်ဇာလက်ဇ်ကို ရွေးကောက်ပွဲ နိုင်သူ အဖြစ် စပိန်အစိုးရက အသိအမှတ်ပြုခဲ့လို့ သမ္မတ မာဒူရို ဒေါသဖြစ်ခဲ့ပြီး စပိန်နှင့် စီးပွားရေး သံတမန်ရေး အဆက်ဖြတ်ဖို့ အစိုးရကို သူက တိုက်တွန်းခဲ့ပါတယ်။

    @ymg/knl

    GettyImages 21672037405130136009424612935 710x324 1espanoles detenidos en Venezuela

  • သူသမ္မတဖြစ်လာပါက အိုဟိုင်းအိုးမှ ဟေတီလူမျိုး အမြောက်အများကို နေရပ်ပြန်ပို့ပစ်မည်ဟု ထရမ့်ပြော

    ရန်ချို ပါလော့စ်ဗာဒက်စ်၊ ကာလီဖိုနီးယား ၊ စက်တင်ဘာ ၁၄

    သူသာသမ္မတဖြစ်လာပါက အမေရိကန်ပြည်ထောင်စုတွင် ဟေတီလူမျိုးအများစုမှာ တရားဝင်နေထိုင်နေကြသော်လည်း အိုဟိုင်းအိုပြည်နယ် စပရင်းဖီးလ်မြို့တွင်ရှိနေသည့်  ရွှေ့ပြောင်းရောက်ရှိလာသော ဟေတီများကို အမြောက်အများ ပြည်နှင်ဒဏ်ပေးပစ်မယ်လို့ အမေရိကန် ရီပတ်ဗလီကန် သမ္မတလောင်း ဒေါ်နယ် ထရမ့်က ပြောကြားလိုက်ပါတယ်။

    အဲဒီမှာရှိနေကြတဲ့ ဟေတီလူမျိုးတွေဟာ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်စားကြတယ်လို့ ဆိုရှယ်မီဒီယာမှာ ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

    “အိုဟိုင်းအို စပရင်းဖီးလ်မှာ နေရပ်ကို အကြီးအကျယ်ပြန်ပို့တာကို ကျွန်တော်တို့လုပ်မယ်” လို့ သူ့ရဲ့ ဂေါက်ကွင်းအပန်း   ဖြေစခန်းမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ကပြောခဲ့တာပါ။

    စပရင်းဖီးလ်မှာရှိနေတဲ့ ဟေတီသား ၁၅,၀၀၀ထဲက အများစုဟာ တရားဝင်နေထိုင်ကြတာပါ။ နေရပ်ကို အမြောက်အများ ပြန်ပို့မယ်လို့ ကာလရှည်ကြာ ထရမ့်ရဲ့ ကတိဟာ နိုင်ငံမှာ တရားမဝင်နေထိုင်သူတွေကို ရည်ညွှန်းလေ့ရှိတာဖြစ်ပါတယ်။

    “ စပရင်းဖီးလ်မှာ တရားမဝင်ရွှေ့ပြောင်းလာရောက်နေထိုင်သူတွေကို ကျွန်တော်စိတ်ဆိုးတယ်။ ဒါဟာအမှိုက်တွေပဲ။ ဟုတ်တယ်မဟုတ်လား” လို့ သောကြာနေ့က လားဗီဂါးစ်မှာကျင်းပတဲ့ လူထုစည်းရုံးပွဲမှာ ထရမ့်ကပြောခဲ့ပါတယ်။

    “ ကျွန်တော်တို့နိုင်ငံထဲကို အလွန်လွယ်ကူစွာနှင့် တရားမဝင်ဘဲ ရောက်လာကြတဲ့ လူ့အရိုင်းအစိုင်း ရာဇဝတ်သား  ပြည်ပသားတွေဟာ အမေရိကန်မိန်းမပျိုတွေကို မုဒိမ်းပြုကျင့်ပြီး သတ်ပစ်နေကြတာကို ကျွန်တော်စိတ်ဆိုးတယ်” လို့ ထရမ့်က ဆက်ပြောပါတယ်။

    အမေရိကန်နိုင်ငံတစ်လွှားက ဟေတီအသိုက်အဝန်းခေါင်ဆောင်တွေက ထရမ့်ရဲ့မှတ်ချက်စကားဟာ စပရင်ဖီးလ်မှာ  အသက်အန္တရာယ်တွေ စိုးရိမ်ရပြီး တင်းမာမှုကို မီးထပ်မွှေးတာလို့ ပြောနေကြပါတယ်။

    “ ကျွန်တော်တို့အကူအညီလိုပါတယ်။ အမုန်းတွေ မလိုပါ” လို့ စပရင်းဖီးလ်မြို့တော်ဝန် ရော့ရူးက အေဘီစီသတင်းဌာနကို ပြောပါတယ်။

    အိမ်မွေးတိရိစ္ဆာန်တွေသတ်စားတယ်ဆိုတဲ့ မယုံကြည်ရတဲ့ သတင်းတွေရရှိနေတယ်လို့ မြို့ အရာရှိတွေကပြောကြပါတယ်။

     ဟေတီဒေသခံတွေကို ပစ်မှတ်ထားတဲ့ မုန်းတီးမှုကြောင့်ဖြစ်တဲ့ ရာဇဝတ်မှုတွေအကြောင်း သတိမထားမိဘူးလို့ မြို့ ပြောရေးဆိုခွင့်ရ ကာရင်ဂရေ့ဗ်ကပြောပါတယ်။ ဒါပေမယ့် အချို့မှာ ခိုးမှုလို အခွင့်အရေး အသုံးချ ရာဇဝတ်မှုအချို့မှာ သားကောင်ဖြစ်ရသူတွေတော့ရှိတယ်လို့သူမကပြောပါတယ်။

    သောကြာနေ့ကတော့ စပရင်းဖီးလ်မှာ ဗုံးဖောက်ခွဲမယ်ဆိုတဲ့ အမည်မသိ ခြိမ်းခြောက်မှုတွေကြောင့် မူလတန်းကျောင်း နှစ်ကျောင်းက ကလေးတွေကိုကယ်ထုတ်ခဲ့ရပြီး အလယ်တန်းကျောင်းတစ်ကျောင်းကို ပိတ်ပစ်ခဲ့ရပါတယ်။

    ဘိုင်ဒင်အစိုးရဟာ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ ဟေတီသား ထောင်ပေါင်းများစွာကို ထုတ်ပေးထားတဲ့ ယာယီအကာအကွယ်ပေးတဲ့ အဆင့်အတန်းကို သက်တမ်းတိုးခဲ့ပါတယ်။ အဲဒီအစီအစဉ်ဟာ တရားဝင်ရွှေ့ပြောင်း နေထိုင်လာကြသူများ နေရပ်ပြန်ပို့ပေးကို ကာကွယ်ပေးပြီး အလုပ်လုပ်ခွင့်လည်းပေးထားပါတယ်။  ဂိုဏ်း စစ်ပွဲတွေကြောင့် ဟေတီမှာ လူငါးသောင်းခန့်ဟာ နေရပ်ရွှေ့ပြောင်းခံခဲ့ကြရပြီး လူငါးသန်းခန့်ဟာ စားနပ်ရိက္ခာမပြည့်စုံမှုနှင့် ကြုံတွေ့နေကြရပါတယ်။

     Source Reuters

  • တောင်ကမ္ဘာဖွံ့ဖြိုတိုးတက်ရေးကို တရုတ်နှင့်အာဖရိကနိုင်ငံများအတူလုပ်ဆောင်မည်ဟု တရုတ်သမ္မတရှီကျင့်ဖျင်ပြော

    ၆ စက်တင်ဘာ ၂၀၂၄

    ခေတ်မီဖွံဖြိုးတိုးတက်ရေးသို့သွားရာလမ်းမှာ ဘယ်နိုင်ငံကမှ နောက်မှာကျန်ရစ်မနေသင့်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာ ၅ ရက်က ဘေဂျင်းမြို့တော်မှာကျင်းပတဲ့ တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက် ရေးဖိုရမ်ရဲ့ ၂၀၂၄ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ တောင်ကမ္ဘာရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို တရုတ် နှင့်အာဖရိကတို့ အတူတကွ ပူးပေါင်းအားထုတ်ကြဖို့လည်း သူကတောင်းဆိုလိုက်ပါတယ်။

    Source CCTV+

     

Politics

ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် တရုတ် ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟဲဝေတုန်တို့ နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စများ ဆွေးနွေး

၁၇ စက်တင်ဘာ ၂၀၂၄

နစက အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟဲဝေတုန် (General He Weidong) နှင့် တရုတ်    ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တော်တွင် တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး    ရေးအပါအဝင် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး  တုန်ကျွင်း (Admiral Dong Jun)၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် ပေကျင်း   ရှန်ကျန်း ဖိုရမ် (11th Beijing Xiangshan Forum) သို့ ပါဝင်တက်ရောက်ခဲ့စဉ်မှာ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့် ပေကျင်းမြို့ ပိုင်ယိခန်းမ (Bayi Hall) ၌ စက်တင်ဘာ ၁၃ရက်က တွေ့ဆုံဆွေးနွေးစဉ် အဆိုပါကိစ္စရပ်များကို ဆွေးနွေး     ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးတင် အောင်စန်းသည် တရုတ် ဗိုလ်ချုပ်ကြီး ဟဲဝေတုန်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်    အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးဆိုင်ရာ နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများစေလွှတ်ရေး၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်   မှာဖော်ပြထားပါတယ်။

ခရီးစဉ်အတွင်းဗိုလ်ချုပ်ကြီးတင်အောင်စန်းအဖွဲ့သည် တရုတ်နိုင်ငံပေကျင်းမြို့ အခြေစိုက်အဆင့်မြင့် စက်မှုနည်းပညာ ဆိုင်ရာ   ကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့ပြီး လေကြောင်းနည်းပညာဆိုင်ရာ ခေတ်မီထုတ်ကုန်များ၊ မောင်းသူမဲ့   လေယာဉ်     ထုတ်လုပ်မှုများ၊ အီလက်ထရောနစ် စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်  ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ပြီး နည်းပညာပူးပေါင်းဆောင်ရွက် နိုင်မှုအခြေအနေများကို ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထား ပါတယ်။

 (၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (11th Beijing Xiangshan Forum) သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဒုတိယ    ဝန်ကြီးချုပ်များနှင့် ကာကွယ်ရေးဝန်ကြီး ၂၂ ဦး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်    များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၁၈၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်။

#ymg/knl

မြန်မာနိုင်ငံတွင် စူပါတိုင်ဖွန်းယာဂီကြောင့် ရေကြီးရေလျှံမှုများသည် မကြာသေးခင်သမိုင်းအရ အဆိုးရွားဆုံးဖြစ်ဟု ကုလ စားနပ်ရိက္ခာအစီအစဉ် ပြောကြား

၁၆ စက်တင်ဘာ ၂၀၂၄

“စူပါတိုင်ဖွန်းယာဂီဟာ မြန်မာနိုင်ငံနေရာအများစုကို ထိခိုက်စေခဲ့ပြီး မြန်မာနိုင်ငံရဲ့မကြာသေးခင်သမိုင်းကြောင်းအရ အဆိုး  ရွားဆုံး ရေကြီးမှုတစ်ခုဖြစ်ခဲ့ရတယ်” လို့  မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ဌာနေကိုယ်စားလှယ် ရှီလာ   မက်သယူးက သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားတယ်လို့ အေအက်ဖ်ပီက သတင်းရေးသားပါတယ်။

ဒါပေမယ့် စိုက်ပျိုးရေးလုပ်ငန်းတွေပေါ် ထိခိုက်မှုအသေးစိတ် အတိအကျကို မသိရသေးဘူးလို့ သူမက ဆက်ပြောပါတယ်။

“ ဒါပေမယ့် သေချာတာတစ်ခုကတော့ စားနပ်ရိက္ခာလုံခြုံရေးအပေါ် ထိခိုက်မှုကတော့ အကြီးအကျယ်ပျက်စီးတာပဲ”လို့ သူမကဖြည့်စွက်ပြောပါတယ်။

မြန်မာနိုင်ငံမှာရေကြီးရေလျှံမှုကြောင့်  ၁၁၃ ဦးသေဆုံးခဲ့ပြီး လူပေါင်း သုံးသိန်းနှစ်သောင်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ခုနှစ်နှင့် ၂၀၁၅ တို့မှာ ရေကြီးရေလျှံမှုဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။  ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့်  လူပေါင်း ၁၃၈,၀၀၀ ကျော် သေဆုံးပျောက်ဆုံးဖြစ်ခဲ့ရပါတယ်။

နောက်ဆုံးအကျပ်အတည်းကြောင့် အစိုးရအနေနှင့် နိုင်ငံခြားအကူအညီကို မတောင်းခံစဖူး တောင်းခံခဲ့ပါတယ်။ အိမ်နီးချင်း အိန္ဒိယက ရိက္ခာခြောက်၊အဝတ်အစားနှင့်ဆေးဝါး ၁၀ တန်ကူညီဖို့ရှိနေပါတယ်။

Source AFP

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောရေကြီးရေလျှံမှုများအတွက် အရေးပေါ်အကူအညီ (၁၀)တန် ပေးပို့ကူညီမည်

၁၆ စက်တင်ဘာ ၂၀၂၄

အိန္ဒိယအစိုးရက တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ရေကြီးရေလျှံမှုများဖြစ်ခဲ့ရသည့် မြန်မာနိုင်ငံအတွက်  အရေးပေါ်အကူအညီ (၁၀)တန်ကို ပေးပို့လှူဒါန်းသွားမယ်လို့ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အိန္ဒိယနိုင်ငံက ရိက္ခာခြောက်၊ အဝတ်အထည်တွေ နှင့် ဆေးဝါးများအပါအဝင် တန်ချိန်၁၀ တန်ရှိတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံသို့ ပေးအပ်သွားမှာဖြစ်ပါတယ်။

အဲဒီအကူအညီတွေသယ်ဆောင်လာတဲ့ အိန္ဒိယစစ်ရေယာဉ် INS Satpura ဟာ အိန္ဒိယနိုင်ငံမှ ယနေ့ထွက်ခွာသွားပြီးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ စေတနာ စစ်ဆင်ရေး လို့အမည်ရတဲ့  Operation Sadbhav  နှင့် အိန္ဒိယက မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်နှင့် လာအိုတို့ကိုပါ ကူညီဖို့ဆောင်ရွက်နေပါတယ်။

အိန္ဒိယလေတပ်ဟာ ဗီယက်နမ်သို့ အကူအညီတန်ချိန် ၃၅တန်နှင့် လာအိုသို့ အကူအညီ၁၀တန် ကို မြန်မာနိုင်ငံနှင့်တစ်ပြိုင်နက် ပေးပို့ကူညီသွားမှာဖြစ်ကြောင်းသိရပါတယ်။

#knl/ymg

Business

ရေးဘင်မျက်မှန်နှင့် ဖေ့စ်ဘုတ်ခ်မက်တာတို့ ပူးပေါင်း၍ စမတ်မျက်မှန်များ ထုတ်လုပ်မည်

၁၇ စက်တင်ဘာ ၂၀၂၄

ရေးဘင် Ray-Ban မျက်မှန်တွေထုတ်လုပ်တဲ့ EssilorLuxottica ကုမ္ပဏီက သူတို့ဟာ ဖေ့စ်ဘုတ်ခ်နှင့် အင်စတာဂရမ်ပိုင်ရှင် မက်တာ Meta ကုမ္ပဏီတို့ဟာ စမတ်မျက်မှန်တွေထုတ်လုပ်ဖို့ မိတ်ဖက်ပူးပေါင်းလုပ်ကြတယ်လို့သိရပါတယ်။

အသုံးပြုသူတွေဖုန်းခေါ်ဆိုတာ၊ ဓါတ်ပုံတွေရိုက်တာ နှင့် သီချင်းတွေနားထောင်တာတွေလုပ်လို့ရတဲ့ မျက်မှန်တွေ ထုတ်လုပ် လာနိုင်ပြီးနောက် ရေးဘင်နှင့် မက်တာတို့ စမတ်မျက်မှန်ပူးတွဲ ထုတ်လုပ်ဖို့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ မျက်မှန်ထုတ်လုပ်တဲ့ ထိပ်တန်းကုမ္ပဏီကြီးနှင့် အမေရိကန် နည်းပညာကုမ္ပဏီကြီးဟာ ၂၀၁၉ခုနှစ်ကတည်းက ပူးပေါင်းဆောင်ရွက်လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့သူတို့ဟာ ဉာဏ်ရည်တုအသုံးပြုထားတဲ့ ပထမဆုံး ရေးဘင်မက်တာ  မျက်မှန်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

ကုမ္ပဏီနှစ်ခုဟာ ကာလရှည်သဘောတူညီချက်အသစ်တစ်ရပ်အရ လာမယ့် ဆယ်စုနှစ်မှာ မျိုးဆက်စုံ စမတ်မျက်မှန်တွေ ထုတ်လုပ်ရာမှာ အတူပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်” လို့ ရေးဘင်က သတင်းထုတ်ပြန်ပါတယ်။

“ မျက်မှန်ကနေ  အဓိကကျတဲ့ နည်းပညာပလက်ဖောင်းအသွင်ပြောင်းမယ့် အခွင့်အလမ်းတွေ ကျွန်တော်တို့ရရှိနေပါပြီ” လို့ မက်တာရဲ့ အမှုဆောင်အရာရှိချုပ် မတ်ဇူကာဘတ်ကလည်း သတင်းထုတ်ပြန်ရာမှာ ပြောဆိုထားပါတယ်။

EssilorLuxottica ကုမ္ပဏီဟာ ရေးဘင်ကို ၁၉၉၉ ခုနှစ်ဝန်းကျင်ကတည်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။

Source AFP

မွေးကင်းစကလေးငယ်များကို ဝယ်ရောင်းလုပ်သည့် ကလေးလူကုန်ကူးဂိုဏ်း ဗီယက်နမ်တွင် ဖမ်းဆီးမိ

၂၈ ဩဂုတ် ၂၀၂၄

မွေးကင်းစကလေးငယ်များကို လူကုန်ကူးတဲ့ လူပေါင်း ၁၂ ဦးကျော်ပါတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို ဗီယက်နမ်နိုင်ငံတွင် ဖမ်းဆီးမိတယ်လို့သိရပါတယ်။

သူတို့ဟာ ဗီယက်နမ်က မြို့ကြီးများနှင့် ပြည်နယ်တစ်လွှားမှာ မွေးကင်းစ ကလေးငယ် ၁၆ ဦးကို လူကုန်ကူးခဲ့ကြတာဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းက ဗီယက်နမ်နိုင်ငံပိုင်မီဒီယာကို ကိုးကားပြီး ရေးသားပါတယ်။

အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၁၆ ဦးကို  အသက် သုံးရက်သားမှ သုံးလသားအကြား ကလေးငယ်တွေကို အရောင်းအဝယ်ပြုလုပ်မှုနှင့် ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။  ကလေးတွေကို ဆက်ပြီးကျွေးမွေးရမှာ မတတ်နိုင်တော့တဲ့ မိခင်တွေကို အဆိုပါဂိုဏ်းက သီးသန့်အုပ်စုများမှတစ်ဆင့် ပစ်မှတ်ထား ဆက်သွယ်ကြတာဖြစ်ပါတယ်။ သူတို့ဟာ ကလေးတစ်ဦးကို ဒေါ်လာ ၄၀၀ မှ ဒေါ်လာ ၉၃၀ အကြား ပေးပြီးဝယ်ယူကြပါတယ်လို့သတင်းကရေးသားပါတယ်။ အဲဒီနောက် သူတို့ဟာ မွေးစားစာချုပ်အတုတွေပြုလုပ်ပြီး တစ်ဦးကို ဒေါ်လာ ၁၄၀၀ နှင့် ဒေါ်လာ ၃၀၀၀ အကြား ပြန်ရောင်းကြတယ်လို့သိရပါတယ်။

ယခုနှစ်စကတည်းက မြို့ကြီးများနှင့်ပြည်နယ် ၃၂ခုတို့မှာ သံသယဖြစ်စရာ မွေးကင်းစကလေးငယ် လူကုန်ကူးသံသယရှိသူ ၈၄ ဦးကို ဗီယက်နမ်ရဲတွေက စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။

#Source- AFP

တယ်လီဂရမ် စီအီးအို ဘီလျံနာ ပါဗဲဒူရော့ဗ် ပြင်သစ်တွင် ဖမ်းဆီးထိန်းသိမ်းခံရ

၂၅ ဩဂုတ် ၂၀၂၄

ပြင်သစ်ရဲတွေက တယ်လီဂရမ် စီအီးအို ပါဗဲလ်ဒူရော့ဗ်ကို စနေနေ့ ဩဂုတ် ၂၄ရက်က ပါရီအနီးက လေဆိပ်တစ်ခု မှာ ဖမ်းဆီးလိုက်ပါတယ်။ နာမည်ကျော် တယ်လီဂရမ် အက်ပလီကေးရှင်းနှင့်ပတ်သက်တဲ့အမှုတစ်ခုခုနှင့် ဖမ်း ဆီးခံရတာဖြစ်တယ်လို့ အေအက်ဖ်ပီက သတင်းရေးပါတယ်။

အသက် ၃၉နှစ်အရွယ်ရှိ ပြင်သစ်-ရုရှား ဘီလျံနာဟာ  ပြင်သစ်မြို့တော်ပါရီမြို့ မြောက်ဘက်က လေဘူဂက်လေဆိပ် Le Bourget မှာ စနေနေ့ညနေပိုင်းက အဖမ်းခံရတာဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

သူဟာ အာဘာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှ ခရီးသွားပြီးပြန်လာတာမကြာသေးပါဘူးလို့လည်း အခြားသတင်းအရင်းအမြစ်က ပြောပါတယ်။

ဒူရော့ဗ်ကို တနင်္လာနေ့မှာ တရားရုံးထုတ်ဖို့ရှိနေပါတယ်။

ပြင်သစ်နိုင်ငံရဲ့ အရွယ်မရောက်သေးသူတွေအပေါ်အကြမ်းဖက်မှုတားဆီးရေး အဖွဲ့ဖြစ်တဲ့ OFMINက ဒူရော့ဗ်အပေါ် လိမ်လည်မှု၊မူးယစ်ဆေးဝါးတရားမဝင်ဖောက်ကားမှု၊ ဆိုက်ဘာအနိုင်ကျင့်မှု၊ ရာဇဝတ်ဂိုဏ်းနှင့် အကြမ်းဖက်မှုမြှင့်တင်ဆောင် ရွက်မှုစတာတွေအပေါ် ကနဦးစုံစမ်းစစ်ဆေးဖို့ ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်။

ဒူရော့ဗ်ဟာ သူ့ပလက်ဖောင်းကို ရာဇဝတ်မှုတွေအတွက်အသုံးပြုနေတာကို နှိမ်နှင်းဖို့ပျက်ကွက်ခဲ့တယ်လို့သံသယရှိထားတာ ဖြစ်ပါတယ်။

Ref AFP

Health

တပ်ကုန်းမြို့နယ် ချောင်းခြားကျေးရွာရှိ သဘာဝဘေးဒဏ်ခံစားရသည့်ပြည်သူများ လှူဒါန်းသည့် အစား အစာများ‌ကြောင့် အစာအဆိပ်သင့်ကာ ဆေးရုံများတွင် တက်ရောက်ကုသခံနေရ

စက်တင်ဘာ ၁၈၊၂၀၂၄

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ချောင်းခြားကျေးရွာရှိ  သဘာဝဘေးဒဏ် ခံစားနေရသည့် ပြည်သူများသည် အလှူရှင်များမှ လာရောက်လှူဒါန်းသော အစားအသောက်များစားမိ   သဖြင့် အစာအဆိပ်သင့်ရောဂါများဖြစ်ပွားခဲ့ရာ  ဆေးရုံများသို့ တင်ပို့ကုသခဲ့ရကြောင်း နစက သတင်း  ထုတ် ပြန်ချက်အရသိရပါတယ်။

အဆိုပါ ချောင်းခြားကျေးရွာတွင် စက်တင်ဘာ ၁၇ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီခန့်တွင် အလှူရှင်များမှ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များအား စားသောက်

ပြီးနောက် ယင်းနေ့၊ ညနေပိုင်းတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်းအစရှိသော အစာအဆိပ်သင့်ရောဂါ လက္ခဏာများ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရောဂါဖြစ်ပွားခဲ့သူတွေကို ဆေးရုံများသို့ တင်ပို့ခဲ့ရာတပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာအဖြစ် (၅၀)ဦး၊ အတွင်းလူနာအဖြစ် (၅၆)ဦး၊ ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်တွင်အတွင်းလူနာအဖြစ် (၅)ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)တွင် အတွင်းလူနာအဖြစ်(၄)ဦး တက်ရောက်ကုသမှုခံယူလျက်ရှိပြီး လူနာများ အခြေအနေမှာ သက်သာ ကောင်းမွန်လျက်ရှိတယ်လို့ သတင်းထထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်းရရှိလျင်ရရှိခြင်း စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ရောဂါဖြစ်ပွားရာ ချောင်းချားကျေးရွာသို့ တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦး ဦးဆောင်သော အရေးပေါ်တုံ့ပြန်  ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ တပ်ကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၁) ဦး   ဆောင်သော အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ ညောင်လွန့် ကျေးလက်ကျန်းမာရေးဌာန မှ ကျန်းမာရေးမှူး(၂) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ စက်တင်ဘာ ၁၈ ရက်  ရက်နေ့တွင် နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(ကူးစက်) ဦး   ဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)မှ ဆရာဝန်တစ်ဦး ဦးဆောင်သော ဆေးအဖွဲ့ (၁)ဖွဲ့၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေး   ဦးစီး   ဌာနမှ ကျန်းမာရေးမှူး (၁) ဦးဆောင်သော အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့(၁)ဖွဲ့တို့မှ ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့လည်းသိရပါတယ်။

သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များ  အနေဖြင့် ပူပူနွေးနွေး ပြင်ဆင်ထားသည့် သန့်ရှင်းသော အစားသောက်များအား ပြင်ဆင်ပေးပို့ လှူဒါန်းကြရန်နှင့် ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များနှင့် ဆက်သွယ်၍ ဆောင်ရွက်ရန်၊ယာယီ ကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့်ညီညွတ် စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန်ကျန်းမာရေး ဌာနမှ တိုက်တွန်းနှိုးဆော်ထားပါတယ်။

#ymg/knl

ထိုင်းတွင် ကူးစက်မှုမြင့်မားသော မျောက်ကျောက်ဗိုင်းရပ်စ်မျိုးစိတ်သစ် တွေ့ရှိပြီးနောက် ကာကွယ်ထိန်းချုပ်ရေး အရှိန်မြှင့်လာ

၂၅ ဩဂုတ် ၂၀၂၄

ထိုင်းနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ကူးစက်မြန်သော မျောက်ကျောက်မျိုးစိတ်သစ် Clade 1b တွေ့ရှိပြီးနောက် ကူးစက်မှု  မပျံ့နှံ့   ရေးအတွက် စောင့်ကြည့် ကာကွယ်မှုတွေ တိုးလုပ်နေပါတယ်။ ထိုင်းနိုင်ငံအပြင် အာရှတွင် ပါကစ္စတန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှာ ကူးစက်သူတစ်ဦးစီတွေ့ရပြီး သူတို့မှာ အပျော့စားမျိုးစိတ် Clade II ကူးစက်ခံခဲ့ရသူတွေဖြစ်ကြပါတယ်။

Source CCTV+

မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြေညာ

၁၅ ဩဂုတ် ၂၀၂၄

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အာဖရိကမှာပျံ့နှံ့နေတဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ    အဖြစ် ဩဂုတ် ၁၄ ရက်က ကြေညာလိုက်ပါတယ်။ ဒါဟာ အခြေအနေအဆိုးရွားဆုံးဖြစ်လာနိုင်တယ်လို့  သတိပေးလိုက်တာပါ။

“ ယနေ့မှာ အရေးပေါ်ကော်မတီအစည်းအဝေးလုပ်ပါတယ်။ သူတို့က အခြေအနေကို နိုင်ငံတကာဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်တင်ပြပါတယ်။ ကျွန်တော်သူတို့အကြံပေးချက်ကိုလက်ခံခဲ့ပါတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို အက်ဟန်နွမ် ဂီဘရေရက်ဆတ်စ်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အာဖရိက ကွန်ဂိုနိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်မှုတွေမြင့်တက်လာပြီးနောက် အနီးအနားနိုင်ငံတွေအထိပျံ့နှံ့ကူးစက်လာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပညာရှင်တွေ အစည်းအဝေးကျင်းပပြီး အခြေအနေကို သုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။

ပြည်သူ့အရေးပေါ်အခြေအနေကြေညာချက်ဟာ နိုင်ငံတကာကျန်းမာရေးစည်းမျည်းတွေအရ အမြင့်ဆုံးသတိပေးချက်ဖြစ်ပြီး  နိုင်ငံပေါင်း ၁၉၆နိုင်ငံက ဥပဒေအရကိုလိုက်နာကျရတာဖြစ်ပါတယ်။

ကွန်ဂိုမှာ ယခုနှစ်အတွင်း မျောက်ကျောက်ရောဂါကူးစက်ခံရသူပေါင်း တစ်သောင်းလေးထောင်ရှိပြီး အဲဒီအထဲက ၅၂၄ ဦးသေဆုံးခဲ့ရပါတယ်။ ကူးစက်ခံရမှုမှ အဓိကအားဖြင့် လိင်မှုဆိုင်ရာ ကွန်ယက်တွေကတစ်ဆင့်ဖြစ်ပါတယ်လို့ တက်ဒရော့စ်က ပြောပါတယ်။

မျောက်ကျောက်ရောဂါဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ တိရိစ္ဆာန်တွေမှတစ်ဆင့် လူတွေကို ကူးစက်တာဖြစ်ပြီး လူချင်းထိတွေ့ဆက်ဆံရာမှလည်းကူးစက်ပါတယ်။

မျောက်ကျောက်ရောဂါလက္ခဏာတွေက ဖျားနာခြင်း၊ ကြွက်သားကိုက်ခဲခြင်းနှင့် အရေပြားမှာ အနာစိမ်းလို့ အနာကြီးတွေ ထွက်ခြင်းဖြစ်ကြောင်းသိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ၂၀၂၂ ဇူလိုင်မှ ၂၀၂၃ မေအထိ ကြေညာဖူးပါတယ်။ ၂၀၂၂ မေလတုန်းက မျောက်ကျောက်ရောဂါကမ္ဘာအနှံ့ကူးစက်ခဲ့ပြီး အများစုမှာ ဂေးများနှင့် နှစ်ဖက်ချွန်အမျိုးသား များဖြစ်ကြပါတယ်။

Sports

ရွှေလီ-မူဆယ် နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးမာရသွန်ပြေးပွဲ ရွှေလီမြို့တွင် ကျင်းပ

၂ ဇန်နဝါရီ ၂၀၂၄

ရွှေလီ-မူဆယ် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၃၁ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို မြန်မာနှင့်တရုတ်နှစ်နိုင်ငံမှ အပြေးသမားပေါင်း ၇၀၀၀ကျော်ဟာ အမျိုးအစားလေးမျိုးမှာ ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြပါတယ်။

Source CCTV+

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်းနှင့်ကစားမည့် မြောက်ကိုရီးယားဘောလုံးအသင်း ရန်ကုန်သို့ရောက်ရှိ

၁၈ နိုဝင်ဘာ ၂၀၂၃

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်ဘောလုံးအသင်း နှင့် ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားလက်ရွေးစင်ဘောလုံးအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နိုဝင်ဘာ ၁၈ရက် ညပိုင်းက ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 

မြောက်ကိုရီးယားအသင်းဟာ ရန်ကုန်မြို့ Inya Lake Hotel တွင် တည်းခိုမည်ဖြစ်ပြီး ‌နိုဝင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။

မြန်မာအသင်းနှင့်မြောက်ကိုရီးယားအသင်းတို့သည် နိုဝင်ဘာ ၂၁ ရက် ညနေ (၄)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။

မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်ကြပါတယ်။ ယင်းအပြင် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မယ်လို့လည်းသိရပါတယ်။

-ymg/knl

၁၉ ကြိမ်မြောက် ဟန်ကျူးအာရှအားကစားပြိုင်ပွဲကို တရုတ်သမ္မတရှီကျင့်ဖျင်ဖွင့်လှစ်

၂၄ စက်တင်ဘာ ၂၀၂၃

တရုတ်နိုင်ငံ ကျက်ကျန်းပြည်နယ်မြို့တော် ဟန်ကျူးတွင် စက်တင်ဘာ ၂၃ ရက်ညနေက ၁၉ကြိမ်မြောက် အာရှအားကစားပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

Source CCTV+

 

Technology

  • ရေးဘင်မျက်မှန်နှင့် ဖေ့စ်ဘုတ်ခ်မက်တာတို့ ပူးပေါင်း၍ စမတ်မျက်မှန်များ ထုတ်လုပ်မည်

    ၁၇ စက်တင်ဘာ ၂၀၂၄

    ရေးဘင် Ray-Ban မျက်မှန်တွေထုတ်လုပ်တဲ့ EssilorLuxottica ကုမ္ပဏီက သူတို့ဟာ ဖေ့စ်ဘုတ်ခ်နှင့် အင်စတာဂရမ်ပိုင်ရှင် မက်တာ Meta ကုမ္ပဏီတို့ဟာ စမတ်မျက်မှန်တွေထုတ်လုပ်ဖို့ မိတ်ဖက်ပူးပေါင်းလုပ်ကြတယ်လို့သိရပါတယ်။

    အသုံးပြုသူတွေဖုန်းခေါ်ဆိုတာ၊ ဓါတ်ပုံတွေရိုက်တာ နှင့် သီချင်းတွေနားထောင်တာတွေလုပ်လို့ရတဲ့ မျက်မှန်တွေ ထုတ်လုပ် လာနိုင်ပြီးနောက် ရေးဘင်နှင့် မက်တာတို့ စမတ်မျက်မှန်ပူးတွဲ ထုတ်လုပ်ဖို့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

    ကမ္ဘာပေါ်မှာ မျက်မှန်ထုတ်လုပ်တဲ့ ထိပ်တန်းကုမ္ပဏီကြီးနှင့် အမေရိကန် နည်းပညာကုမ္ပဏီကြီးဟာ ၂၀၁၉ခုနှစ်ကတည်းက ပူးပေါင်းဆောင်ရွက်လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့သူတို့ဟာ ဉာဏ်ရည်တုအသုံးပြုထားတဲ့ ပထမဆုံး ရေးဘင်မက်တာ  မျက်မှန်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

    ကုမ္ပဏီနှစ်ခုဟာ ကာလရှည်သဘောတူညီချက်အသစ်တစ်ရပ်အရ လာမယ့် ဆယ်စုနှစ်မှာ မျိုးဆက်စုံ စမတ်မျက်မှန်တွေ ထုတ်လုပ်ရာမှာ အတူပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်” လို့ ရေးဘင်က သတင်းထုတ်ပြန်ပါတယ်။

    “ မျက်မှန်ကနေ  အဓိကကျတဲ့ နည်းပညာပလက်ဖောင်းအသွင်ပြောင်းမယ့် အခွင့်အလမ်းတွေ ကျွန်တော်တို့ရရှိနေပါပြီ” လို့ မက်တာရဲ့ အမှုဆောင်အရာရှိချုပ် မတ်ဇူကာဘတ်ကလည်း သတင်းထုတ်ပြန်ရာမှာ ပြောဆိုထားပါတယ်။

    EssilorLuxottica ကုမ္ပဏီဟာ ရေးဘင်ကို ၁၉၉၉ ခုနှစ်ဝန်းကျင်ကတည်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။

    Source AFP

  • လျှပ်စစ်မော်တာတပ် ခရီးဆောင်သေတ္တာများကို လမ်းပေါ်များအထိစီးနင်းလာသဖြင့် ဂျပန်တွင် တားမြစ်လာရ

    ၂၈ ဇူလိုင် ၂၀၂၄

    လေဆိပ်တွေထဲမှာ အလွယ်တကူခပ်မြန်မြန်သွားလို့ရအောင် ဒီဇိုင်းလုပ်ထားတဲ့ စီးနင်းသွားလို့ရတဲ့ လျှပ်စစ်မော်တာတပ် ခရီးဆောင်လက်ဆွဲသေတ္တာတွေဟာ လူကြိုက်များနေပြီး နိုင်ငံခြားသားတွေဟာ အများပြည်သူလမ်းတွေပေါ် စီးနင်းရင်း မတော်တဆမှုတွေမြင့်တက်လာတာကြောင့် ဂျပန်အာဏာပိုင်တွေအတွက် အထိတ်တလန့်ဖြစ်သွားစေနေပါတယ်။

    ဂျပန်နိုင်ငံမှာ လောလောဆယ် အဲဒီ မော်တာတပ်ခရီးဆောင်သေတ္တာတွေကို လမ်းပေါ်မှာ သတ်မှတ်ထားတဲ့ အန္တရာယ်ကင်းရှင်းရေး ကိရိယာတွေနှင့် ယာဉ်မောင်းလိုင်စင်ရှိမှသာ မောင်းနှင်စီးနင်းနိုင်မယ်လို့ ခွင့်ပြုထားပါတယ်။

    ဂျပန်နိုင်ငံရဲ့ အဓိက လေဆိပ်ကြီးနှစ်ခုက ခရီးသွားတွေကို သူတို့ရဲ့လေဆိပ်အတွင်းထဲ အဲဒီခရီးဆောင်သေတ္တာတွေ မစီးနင်းကြဖို့ ပြေဆိုထားပြီးဖြစ်ပါတယ်။ ရဲတွေကလည်း ပြည်တွင်းခရီးသွားတွေကို တင်းကြပ်တဲ့ဥပဒေအကြောင်း သတိပေးပြောဆိုထားပေမယ့် နိုင်ငံခြားသားတွေကတော့ အဲဒီပြည်တွင်းဥပဒေတွေကို သိပ်မသိကြပါဘူး။

    တရုတ်အမျိုးသမီးတစ်ဦးဟာ  ဇွန်လတုန်းက လိုင်စင်မရှိဘဲ မော်တာတပ်ခရီးဆောင်သေတ္တာကို အိုဆာကာမြို့လမ်းဘေး လူသွားပလက်ဖောင်းပေါ် စီးနင်းလို့ ပထမဆုံးအရေးယူခံခဲ့ရပါတယ်။

    ဇူလိုင်လစောစောပိုင်းကလည်း အင်ဒိုနီးရှားက ယောကျ်ားကလေးတစ်ဦးဟာ အိုဆာကာရဲ့ လူရှုပ်ထွေးနေတဲ့ ဈေးဝယ်အရပ်ဖြစ်တဲ့ ဒွန်တွန်ဘိုရီလမ်းပေါ် ကွေ့ပတ်စီးနင်းခဲ့ပါတယ်။ ဂျပန်မှာ ဒီလိုလုပ်တာ ဥပဒေချိုးဖောက်တာလို့ ပြောလို့ သူ့မိသားစုက ပြန်သိမ်းသွားပေမယ့် အင်ဒိုနီးရှားမှာ ဘယ်နေရာမဆိုကြိုက်သလိုစီးလို့ရတယ်လို့ ပြန်ပြောခဲ့ပါတယ်။

    အဲဒီလျှပ်စစ်ခရီးဆောင်သေတ္တာထဲမှာ ဘက်ထရီနှင့် လျှပ်စစ်မော်တာမြှပ်နှံတပ်ဆင်ထားပြီး တစ်နာရီကို ၁၀ကီလိုမီတာ အမြန်နှုန်းနှင့်သွားနိုင်ပါတယ်။ ဂျပန်မှာ အဆိုပါသေတ္တာတစ်လုံးကို ယန်းတစ်သိန်း(ဒေါ်လာ ၆၄၀) နှင့်ရောင်းချနေပါတယ်။

    ဂျပန်နိုင်ငံရဲ့ ယာဉ်ဥပဒေအရ အဆိုပါ လျှပ်စစ်ခရီးဆောင်သေတ္တာတွေကို မော်တာတပ်စက်ဘီး အမျိုးအစားထဲ ထည့်သွင်း ထားပါတယ်။ အဲဒါကြောင့် ဂျပန်မှာ ယင်းကိုမှတ်ပုံတင်ရန်လိုပြီး နောက်ကြည့်မှန်နှင့် အချက်ပြမီးတွေတပ်ဆင်ပေးဖို့ လိုအပ်သလို မောင်းနှင်သူဟာလည်း ဦးထုပ်ဆောင်းရပါမယ်။ အာမခံထားရမှာလည်းဖြစ်ပါတယ်။

    Source Kyodo Mews

  • မိုက်ခရိုဆော့စနစ်ပြတ်တောက်မှုကြီးကြောင့် တစ်ကမ္ဘာလုံးရှိ လေဆိပ်များ၊ဘဏ်များ၊မီဒီယာများနှင့်အခြားလုပ်ငန်းများ လုပ်ငန်းဆောင်ရွက်မှုများ အကြီးအကျယ်ရပ်တန့်လျက်ရှိနေ

    ၁၉ ဇူလိုင် ၂၀၂၄

    ကမ္ဘာအနှံ့ မိုက်ခရိုဆော့ဖ် ပြတ်တောက်မှုကြီးဖြစ်ပွားခဲ့လို့  ကမ္ဘာတစ်လွှားရှိ လေယာဉ်ခရီးစဉ်တွေ၊ဘဏ်တွေ၊မီဒီယာလုပ်ငန်း  တွေနှင့် ကုမ္ပဏီ တွေ လုပ်ငန်းတွေရပ်တန့်မှုကြုံတွေ့နေရပါတယ်။

    မိုက်ခရိုဆော့ ရဲ့ Microsoft 365 အက်ပလီကေးရှင်းနှင့်ယင်းရဲ့ လုပ်ငန်းတွေဝင်ရောက်ဆောင်ရွက်တဲ့အပေါ် အကျိုးသက်ရောက်နေတဲ့အပေါ် တဖြည်းဖြည်းချင်းပြန်လည်ပြုပြင်နေပြီးလို့ ကုမ္ပဏီက ကြေညာခဲ့ပေမယ့် ပြတ်တောက်မှု တွေကတော့ နာရီများစွာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

    Visa၊ ADT security ၊ Amazonနှင့် အမေရိကန်လေကြောင်းလိုင်းနှင့် ဒဲလ်တာလေကြောင်းလိုင်းအပါအဝင် လေကြောင်းလိုင်းတွေမှာ  ပြတ်တောက်မှုကျယ်ပြန့်လာနေတယ်လို့ DownDectector ဝက်ဘ်ဆိုက်က ထောက်လှမ်း ဖော်  ထုတ်ထားပါတယ်။

    ဩစတြေလျနိုင်ငံမှာ လေကြောင်းလိုင်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်းတွေနှင့်ဘဏ်တွေ ပြီးတော့ အသံလွှင့်လုပ်ငန်းတွေဟာ ကွန်ပျူတာစနစ်ထဲ ဝင်ရောက်လို့မရတဲ့အတွက် အလုပ်တွေပြတ်တောက်နေပြီး နယူးဇီလန်မှာလည်း ဘဏ်တွေ အွန်လိုင်း ဝင်မရဖြစ်နေတယ်လို့ မီဒီယာတွေက သတင်းရေးသားပါတယ်။

    မိုက်ခရိုဆော့ဖ်က ပြန်တောက်မှုဘာကြောင့်ဖြစ်ရတယ်ဆိုတာကို မဖြေရှင်းထားသေးပါဘူး။

    လက်ရှိအခြေအနေမှာတော့ လေကြောင်းလိုင်းနှင့်လေဆိပ်တွေမှာ စနစ်ပြတ်တောက်မှုတွေပိုမိုများပြားလာနေပါတယ်။

    အမေရိကန်မှာ ယူနိုက်တက်၊အမေရိကန်၊ဒဲလ်တာနှင့် အလီဂျိုင်းယန့်လေကြောင်းလိုင်းလေယာဉ်တွေအားလုံး မြေချထား ရပါတယ်။

    ဗြိတိန်မှာ လေကြောင်းလိုင်းတွေ၊ရထားခရီးစဉ်တွေနှင့်ရုပ်မြင်သံကြားဌာနတွေမှာ ကွန်ပျူတာပြဿနာကြောင့် အလုပ်တွေ ပြတ်တောက်နေပါတယ်။

    ဥရောပနှင့်ဂျာမနီနိုင်ငံတွေမှာလည်း အလားတူအခြေအနေတွေနှင့်ကြုံတွေ့နေရပါတယ်။

    ဈေးဝယ်သူတွေဟာလည်း ဘဏ်ကတ်တွေနှင့်ငွေချေလို့မရဖြစ်နေပါတယ်။နယူးဇီလန်က ဘဏ်ကြီးနှစ်ဘဏ်ဖြစ်တဲ့ ASB နှင့် Kiwibankတွေ ရဲ့ဝန်ဆောင်မှုတွေရပ်သွားနေကြောင်းလည်းသိရှိရပါတယ်။

    Source AP

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.