Politics

အမေရိကန်နှင့်တရုတ်တို့ ကုန်သွယ်ခွန်နှုန်းထားများတွင် သိသာသည့် သဘောတူညီချက်များရရှိ

၁၂ မေ ၂၀၂၅

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ဟာ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို အရှိန်လျှော့ချနိုင် မယ့် သိသာတဲ့ သဘောတူညီချက်တစ်ခုရရှိခဲ့ကြပြီဖြစ်ပါတယ်။

ဂျနီဗာတွင်ကျင်းပတဲ့  အဆင့်မြင့်ပုဂ္ဂိုလ်များ အစည်းအဝေးမှာ ညှိနှိုင်းမှုတွေအပြီး သိသာတဲ့ သဘော တူညီချက်ကို ရရှိလိုက်ကြတာပါ။

နှစ်နိုင်ငံဟာ အသစ်နှုန်းထားတွေကို  ရက်ပေါင်း ၉၀ ထပ်မံသတ်မှတ်ဖို့နှင့် လက်ရှိအခွန်နှုန်းထားတွေ ကိုလည်း သိသိသာသာလျှော့ချသွားမှာဖြစ်ပါတယ်။

အရေးကြီးသဘောတူညီချက်များ

အခွန်လျှော့ချခြင်း- အမေရိကန်က တရုတ်သွင်းကုန်များအပေါ် ၁၄၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊တရုတ်က အမေရိကန်သွင်းကုန်များကို ၁၂၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လည်းကောင်း ရက်ပေါင်း ၉၀ အတွင်း လျှော့ချကောက်ခံမည်

 ယာယီရပ်ဆိုင်းခြင်း-နှစ်နိုင်ငံစလုံးက နောက်ထပ်အခွန်နှုန်းထားအသစ်များကို ရက်ပေါင်း ၉၀ အတွင်း ထပ်မံမကောက်ခံဘဲ ရပ်ဆိုင်းထားရန် သဘောတူသည်။

ဆွေးနွေးမှုယန္တယားတစ်ခုတည်ဆောက်ခြင်း- ကုန်သွယ်ရေးဆိုင်ရာ အကြံပေးယန္တယားတစ်ခုကို ဖန်တီး ရန် သဘောတူကြသည်။ထိုယန္တယားက အနာဂတ်တွင် ပြင်းထန်မှုများလျှော့ချရန်နှင့် ဆွေးနွေးဆဲ ကိစ္စ များဆောင်ရွက်ရန်ဖြစ်သည်။

ဈေးကွက်တုန့်ပြန်မှု

ထိုသဘောတူညီချက်က ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးဈေးကွက်များအပေါ် အပြုသဘော အကျိုး သက်ရောက်သွားသည်။

အမေရိကန်စတော့ဈေးများ တက်လာသည်၊ S&P 500  နှင့် Nasdaq တို့ ၂.၈ ရာခိုင်နှုန်းနှင့် ၃.၆ ရာ ခိုင်နှုန်း အသီးသီးဈေးတက်လာသည်။

အာရှဈေးကွက်များသည်လည်း အလားတူပင် အပြုသဘောပြန်လည်တုန့်ပြန်ကြသည်။ တရုတ်နိုင်ငံ၏ CSI 300 index သည် ၀.၆ ရာခိုင်နှုန်းတက်သွားသည်။

ကျန်ရှိဆဲ စိန်ခေါ်မှုများ

တိုးတက်မှုများရှိသော်ငြား စိန်ခေါ်မှုများစွာကျန်နေသေးသည်။

ယာယီသဘာဝ- ရက်ပေါင်း ၉၀ ရပ်ဆိုင်းမှုသည် ယာယီဆောင်ရွက်မှုတစ်ခုသာဖြစ်သည်။ နှစ်ဘက်စလုံး သည် ယင်းရက်၉၀ အတွင်း ယင်းတို့၏ ကုန်သွယ်ဆက်ဆံရေးများတွင်ရှိနေသည့် နက်ရှိုင်း‌သော ဖွဲ့စည်းတည်ဆောက်မှုပြဿနာများကို ဖြေရှင်းဖို့လိုအပ်နေသည်။

အခြေခံကျသည့် တင်းမာမှုများ- သဘောတူညီချက်က အရှိန်ကိုလျှော့ချပစ်လိုက်နိုင်သော်လည်း အခြေခံ ကျကျရှိနေသည့် တင်းမာမှုများကိုတော့ အပြည့်အဝေဖြေရှင်းနိုင်ဦးမည်မဟုတ်ပါ။ ယင်းတို့မှာ ဉာဏ ပစ္စည်းမူပိုင်ခွင့်များ၊  ဈေးကွက်ဝင်ရောက်မှုများနှင့် အခြားသော ကုန်သွယ်ရေးလုပ်နည်းကိုင်နည်းများ စသည်တို့ဖြစ်သည်။

နှစ်နိုင်ငံက သူတို့၏ ကုန်သွယ်ရေး အငြင်းပွားမှုများနှင့် ပတ်သက်သည့် ပိုမိုကျယ်ပြန့်သော အဖြေတစ်ခုသို့ ဦးတည် အလုပ်လုပ်နေကသည့်အတွက် နောက်ထပ်သဘောတူညီချက်အသေးစိတ်ကို ဆက်လက်ထုတ်ပြန်မည်ဟုယူဆရသည်။

Source:  news outlets

U.S. and China Reach Breakthrough Trade Deal with Tariff Cuts and 90-Day Truce

Geneva, 12 May 2025 - The United States and China have agreed to significantly reduce tariffs and pause new trade measures for 90 days, marking a major step toward de-escalating tensions and fostering long-term economic cooperation.

Key Developments

Tariff Reductions: The U.S. will lower its tariffs on Chinese imports from 145% to 30%, while China will reduce its tariffs on U.S. goods from 125% to 10% during the 90-day period.

Temporary Suspension: Both countries have agreed to suspend the imposition of new tariffs for 90 days, providing a window for further negotiations aimed at resolving outstanding trade issues.

Establishment of Dialogue Mechanism: The agreement includes the creation of a new trade consultation mechanism to prevent future escalations and facilitate ongoing dialogue.

Market Reactions

The announcement of the trade deal has had a positive impact on global financial markets:

U.S. stock futures surged, with the S&P 500 and Nasdaq gaining 2.8% and 3.6%, respectively.

Asian markets also responded positively, with China's CSI 300 index rising by 0.6%.

Remaining Challenges

 Despite the progress, several challenges remain:

Temporary Nature: The 90-day pause is a temporary measure, and both sides will need to address deeper structural issues in their trade relationship during this period.

Underlying Tensions: While the agreement marks a de-escalation, it does not fully resolve underlying tensions, including concerns over intellectual property rights, market access, and other trade practices.

Further details of the agreement are expected to be released soon, as both nations work towards a more comprehensive resolution of their trade disputes.

Source: news outlets

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေစင်္ကြံ မြှင့်တင်အကောင်အထည်ဖော်ရေး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးခဲ့ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

၁၁ မေ ၂၀၂၅

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် မော်စကိုတွင် တွေ့ဆုံရာတွင်  တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေး  စင်္ကြံကို အကောင်အထည်ဖော် မြှင့်တင်ရေး ဆွေးနွေးခဲ့တယ်လို့  နစက ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားပါတယ်။

မော်စကိုမှအပြန် ပြည်တွင်းသတင်းဌာနများနှင့် လေယာဉ်ပေါ်တွင် တွေ့ဆုံမေးမြန်းမှုတွင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေး စင်္ကြံဆိုတာ  တရုတ်နိုင်ငံရဲ့ One Blet One Road လမ်းကြောင်း နှင့်ချိတ်ဆက်ထားသည့် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှင် နိုင်ငံ (၃)နိုင်ငံကို ချိတ်ဆက်သည့် မဟာဗျူဟာ မြောက် စီးပွားရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး အဆိုပြု စီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် One Blet One Road လမ်းကြောင်း အပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ပြီးတက်ကြွစွာပါဝင်ဆောင်ရွက်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက တရုတ်သမ္မတရှီကို ပြောကြားခဲ့ပါတယ်။

 

“မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ် သက်ပြီး မြန်မာနိုင်ငံရဲ့ ကျွန်တော်တို့ရဲ့ ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကိုလည်း အားပေးထောက်ခံတဲ့အကြောင်း သူ ဒါလေး ထပ်ပြီး ပြောပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြည်တွင်းသတင်းထောက်တွေကို ပြောပါတယ်။

“တရုတ်သမ္မတကြီးက ငလျင်နဲ့ပတ်သက်ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို  ဆက်လက်  ကူညီဆောင်ရွက်ပေးမယ် ဆိုတာကို  အလေးအနက်ထားပြီး ပြောပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

တရုတ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့လည်း  ဗိုလ်ချုပ်မှဓးကြီးက ဆက်လက်ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတက်ရောက်ခဲ့စဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့် မေလ ၉ ရက်နေ့က တရားဝင်တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

#ymg/knl

Health

မြန်မာနိုင်ငံတွင် ငလျင်ဘေးအတွက် အကူအညီများဆက်ပေးပါရန် ဂျပန်ဆရာဝန်တစ်ဦးက နိုင်ငံတကာသို့မေတ္တာရပ်ခံ

၁၆ ဧပြီ ၂၀၂၅

မြန်မာငလျင်ကြီးတွင် အသက်ရှင်ကျန်ရစ်သူများကို လာရောက်ဆေးဝါးကုသမှုပေးခဲ့တဲ့ ဂျပန်ဆရာဝန် တစ်ဦးက နိုင်ငံတကာအကူအညီများ ဆက်လက်ပေးပါရန် နိုင်ငံတကာသို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ဂျပန်နိုင်ငံ နီပွန် ဆေးတက္ကသိုလ်ဆေးရုံရဲ့  အရေးတကြီးစောင့်ရှောက်ရေးဌာနမှ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အီဂါယာရှီယူတာကာက  ဂျပန် NHK ရုပ်သံမှတစ်ဆင့် ယင်းကဲ့သို့မေတ္တာရပ်ခံခဲ့တာ   ဖြစ်ပါတယ်။

သူဟာ ဂျပန်နိုင်ငံရဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ လိုက်ပါလာခဲ့ပြီး မန္တလေးသို့ ဧပြီ ၄ ရက်နေ့ မှာ ရောက်ရှိခဲ့ပါတယ်။

သူဟာ   အဆောက်အဦပြိုကျလို့ ဒါမှမဟုတ် ကယ်ထုတ်စဉ် အရိုးထိခိုက်ဒဏ်ရာနှင့် အခြားဒဏ်ရာရရှိ သူတွေကို ချက်ခြင်းဆိုသလိုဘဲ ဆေးဝါးကုသမှုပေးခဲ့ပါတယ်။

အချို့သူတွေဟာ သူတို့မိသားစုတွေကို ဝင်ကယ်နေခဲ့ကြရလို့ သူတို့မှာရရှိတဲ့ ဒဏ်ရာတွေကို ချက်ခြင်း ဆေးကုသမှုမခံယူနိုင်ခဲ့ကြဘူးလို့ သူက NHK ရုပ်သံကိုပြောပါတယ်။ အနာရင်းလာတော့မှသာ သူတို့ဟာ ဆရာဝန်ကိုပြသနိုင်တော့တယ်လို့ သူကဆက်ပြောပါတယ်။

ငလျင်လှုပ်ပြီး နှစ်ပတ်ကြာတဲ့အထိ မန္တလေးက လူတော်တော်များများဟာ အဆောက်အဦရဲ့ အပြင် ဘက်မှာ နေထိုင်နေကြရတုန်းပဲလို့သူက ပြောပါတယ်။ အချို့ဆိုရင် အအေးပတ်တာ၊ ဝမ်းပျက်ဝမ်းလျှော  လို ကူးစက်ရောဂါတွေ ဖြစ်နေကြရတယ်လို့ သူကဆက်ပြောပါတယ်။အချို့ကလည်း သူတို့ရဲ့ ကျောမှာ အမြဲနာကျင်တဲ့ဒဏ်ခံနေကြရတယ်လို့ သူ့ကို ညည်းညူပြောတယ်လို့ဆိုပါတယ်။

လူတော်တော်များများဟာ ရပ်ကွက်တွေထဲက ဆေးခန်းတွေကို မသွားနိုင်ကြဘူး၊ ဘာဖြစ်လို့လဲဆိုတော့  လူနာတွေသိပ်များနေတာ  ဒါမှမဟုတ် ပိုက်ဆံမရှိတာတွေကြောင့်ဖြစ်တယ်လို့လည်း အီဂါယာရှီက ပြောပါတယ်။

ဂျပန်ဆေးအဖွဲ့ဟာ တစ်ရက်ကို လူနာ၁၀၀ ကျော်ကြည့်ပေးခဲ့တယ်လို့လည်း သူကပြောပါတယ်။

မိသားစုဝင်တွေဆုံးရှုံးသွားခဲ့ရတဲ့ လူနာတွေဆိုရင် စိတ်ဓာတ်ခွန်အားတွေပေးဖို့လိုအပ်နေတယ်လို့ ဒေါက်တာက ဆက်ပြောပါတယ်။

အချို့သော နိုင်ငံခြား ဆေးဝါးအဖွဲ့တွေ ပြန်သွားကြပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့  ဆေးရုံဆေးခန်း တွေ ပုံမှန်ကုသမှုတွေ ပြန်လည်မစတင်မီအချိန်အထိ နိုင်ငံတကာအကူအညီတွေ ဆက်လိုနေပါတယ်လို့ သူက ပြောပါတယ်။

#ymg/knl

“ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာမှာကို ကျွန်တော်တို့စိုးရိမ်နေပါတယ်”

ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာမှာကို ကျွန်တော်တို့စိုးရိမ်နေပါတယ်”

Oscar Sch

ဆရာဝန်

နယ်စည်းမခြားဆရာဝန်များအဖွဲ့

ဆက်သွယ်ရေးလမ်းကြောင်းများပြတ်တောက်နေတဲ့အတွက် ငလျင်ဒဏ်ခံစားရတဲ့ဒေသများတွင် ကျန်းမာရေးအခြေအနေ ပိုဆိုးရွားလာမှာ စိုးရိမ်မိတယ်လို့ မြန်မာငလျင်ဘေး ကယ်ဆယ်ကူညီရေး  လုပ်ငန်းများ ဆောင်ရွက်နေတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ Medecins Sans Frontieres (MSF)က ဆရာဝန် Oscar Sch ကပြောပါတယ်။

Source CCTV+

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို သွားရောက်အားပေး

၂၈ မတ် ၂၀၂၅

နစကဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မတ်လ ၂၈ ရက်  မွန်းလွဲပိုင်းက နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေး နေမှုများကို ကြည့်ရှုအားပေးစကားပြောကြားခဲ့တယ်လို့သိရပါတယ်။

ထို့အပြင် နေပြည်တော်မြို့မဈေးအနီးရှိ ခရေဝန်ထမ်းအိမ်ရာအတွင်း ငလျင်ဘေး ဒဏ်သင့်မှုကြောင့် ပျက်စီးခဲ့ရသည့် အိမ်ရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု၍ အဆောက်အဦပျက်များအတွင်း ပိတ်မိ နေသူများကို အမြန်ဆုံးကယ်ထုတ်နိုင်ရေး ဦးစားပေးဆောင်ရွက်သွားရန်နှင့် အခြားလို အပ်သည်များကို မှာကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခြားငလျင်ဘေးဒဏ်သင့်နေရာများသို့ ဆက် လက်၍ လိုက်လံကြည့်ရှု   စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။

#ymg/knl

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.