Published 28 April 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ မြန်မာနိုင်ငံသို့ အလုပ်သဘော အလည်အပတ်ရောက်ရှိနေတဲ့ Republic of Tatarstan တာဆာစတန်သမ္မတနိုင်ငံ သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကို နစကရုံး သံတမန်ဆောင်တွင် ဒီကနေ့ ဧပြီ(၂၈)ရက်နေ့မှာ တွေ့ဆုံတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
တာတာစတန်သမ္မတနှင့် နစက ဥက္ကဋ္ဌတို့ဟာ မြန်မာနှင့် တာတာစတန်တို့အကြား စီးပွားရေးနှင့်ရင်းနှီးမြှပ်နှံမှု ပူးပေါင်း ဆောင်ရွက်နိုင်ရေး ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းအရင်းအမြစ်များကဆိုပါတယ်။
တာတာစတန်သမ္မတဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဝန်ကြီးဌာနတွေက အကြီးအကဲတွေနှင့်တွေ့ဆုံဖို့ရှိပြီး တာတာစတန်နှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးအသိုက်အဝန်းတွေရဲ့ စီးပွားရေးဆွေးနွေးပွဲတွေကျင်းပသွားမယ်လို့ တာတာစတန်သမ္မတရုံံးက သတင်း ထုတ်ပြန်ပါတယ်။
တာတာစတန်သမ္မတနှင့အတူ စက်မှုနှင့်စီးပွားရေးဝန်ကြီး အဲလ်ဘတ်ကာရီမော့ဗ်၊ KAMAZ PJSC ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး ဆာဂျေးကိုဂိုဂင်၊ Kazan Helicopter Plant JSCရဲ့ အရောင်းဆိုင်ရာဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ၊ Eidos-Medicine LLCရဲ့ အထွေထွေညွန်ကြားရေးမှူးနှင့် Kazan Fat Plant JSCနှင့် အခြားအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလိုက်ပါလာတယ်လို့ တာတာစတန်သမ္မတရုံးသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Published 27 April 2022
အာရပ်စော်ဘွားမျာပြည်ထောင်စု(ယူအေအီး)နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဉာဏ်ရည်တု(အေအိုင်)ဝန်ကြီးကိုခန့်အပ် လိုက်ပါတယ်။ စီးပွားရေး အကျိုးအမြတ်အတွက် သာမကဘဲ ဉာဏ်ရည်တုလုပ်ငန်းမှာ ဦးဆောင်နိုင်ငံဖြစ်လာအောင် လုပ်မယ်လို့ ဉာဏ်ရည်တုဝန်ကြီး အယ်အိုမာဘင်ဆူလ်တန်အယ်လ်အိုလာမာက ပြောပါတယ်။
သူက ဒူဘိုင်းမြို့တော်မှာပြုလုပ်တဲ့ အေအက်ဖ်ပီနှင့်အင်တာဗျူးမှာ တာဝန်ယူ တာဝန်ခံမှုရှိတဲ့ ထုတ်လုပ်မှုတစ်ခုအဖြစ် အလေးပေးပြောဆိုခဲ့ပါတယ်။
Source AFP
Published 26 April 2022
တွစ်တာကို ဘယ်သူကပဲ ပိုင်ပိုင် ဘယ်သူပဲလည်ပတ် လည်ပတ် အရေးမကြီးပါဘူး။ ဒါပေမယ့် ကြီးမားတဲ့ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေရဲ့ အရှိန်အဝါနှင့်ပတ်သက်လို့တော့ စိတ်ပူကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ အီလွန် မတ်ခ်က တွစ်တာကို ဒေါ်လာ၄၄ ဘီလျံပေးဝယ်ဖို့သေချာသွားပြီးနောက် ဘိုင်ဒင်က အခုလိုမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
Source AFP
Published 26 April 2022
ဧဒင်လုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို စစ်ဆေးမှုတွေလုပ်နေတယ်ဆိုတဲ့ သတင်းကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကအတည်ပြုပါတယ်။YMGရဲ့မေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ဖြေကြားချက်အပြည့်အစုံကိုဖော်ပြပေးလိုက်ပါတယ်။
Published 22 April 2022
မြန်မာ့ကျောက်မျက်ရတနာတွေကို ပြပွဲဖြင့်ခင်းကျင်းရောင်းချကြရာမှာ နောင်မှာ ဟောင်ကောင်ဒေါ်လာနှင့် ထိုင်းဘတ်ငွေ တို့ဖြင့်ပါ ရောင်းချနိုင်ရေးစီစဉ်ကြဖို့ နစက ဥက္ကဋ္ဌက ပြပွဲတာဝန်ရှိသူတွေကို မှာကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲကို ဧပြီ ၂၂ရက် သောကြနေ့က နေပြည်တော်မှာရှိတဲ့ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပခဲ့ရာ မှာ နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ပြီး မှာကြားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာ့ကျောက်မျက်ရတနာတွေကို ပြည်တွင်းပြည်ပကုန်သည်တွေက အမေရိကန်ဒေါ်လာ၊ယူရို၊ယွမ်နှင့်ကျပ်ငွေတို့ဖြင့် ပေးချေနိုင်ကြပါတယ်။ အဲသလိုရောင်းချကြရမှာ ပုလဲအတွဲတွေကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ပေးပြီး ကျောက်စိမ်းနှင့် ကျောက်မျက်အတွဲတွေကို ယူရိုငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ပေးထားတယ်လို့သိရပါတယ်။ပေးချေကြရမှာတော့ ပုလဲအတွဲတွေကို ပြည်ပကုန်သည်တွေက အမေရိကန်ဒေါ်လာ၊ယွမ်တို့ဖြင့်၊ ပြည်တွင်းကုန်သည်တွေက အမေရိကန်ဒေါ်လာ၊ယွမ်နှင့်ကျပ်ငွေတို့ဖြင့် ပေးချေဝယ်ယူနိုင်ကြပါတယ်။ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲတွေကိုတော့ အမေရိကန်ဒေါ်လာ၊ယူရိုနှင့်ယွမ်ငွေတို့ဖြင့်ပေးချေဝယ်နိုင်ကြပါတယ်လို့သိရပါတယ်။
ယခုပြပွဲတွင် အလေးချိန် ၇၇၅၃၈ ဒသမ ၁၅ မိုမီရှိ နိုင်ငံပိုင်ပုလဲအတွဲပေါင်း (၃၃၀)၊ အလေးချိန် ၁၂၆၀၂ ဒသမ ၇၃၈၉ ကရက်၊ ၃၃၅ ဒသမ ၄၆ ဂရမ်ရှိ နိုင်ငံပိုင်ကျောက်မျက်အတွဲ ၆၂ တွဲ၊ အလေးချိန် ၉၉၁၀၅ ဒသမ ၀၀ ကရက်၊ ၆၁ ဒသမ ၂၆ ကီလိုရှိ နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်သော ကုမ္ပဏီများမှ ကျောက်မျက်အတွဲ ၂၀ နှင့် အလေးချိန် ၂၉၇၈ ဒသမ ၅၁ ကရက်၊ ၄၇ ဒသမ ၈၃ ကီလို၊ ၄၃၉ ဒသမ ၆၃ ဂရမ်ရှိ ပုဂ္ဂလိကကုမ္ပဏီများမှ ကျောက်မျက်အတွဲ ၃၈ တွဲ စုစုပေါင်းအလေးချိန် ၁၁၄၆၈၆ ဒသမ ၂၄၈၉ ကရက်ရှိ ကျောက်မျက်အတွဲပေါင်း (၁၂၀)၊ အလေးချိန် ၅၈ ဒသမ ၅၉၇ တန်ရှိ နိုင်ငံပိုင် ကျောက်စိမ်းအတွဲ ၁၅၀၊ အလေးချိန် ၅၂၉ ဒသမ ၀၁၃ တန်ရှိ နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်သော ကုမ္ပဏီများမှ ကျောက်စိမ်းအတွဲ ၈၀၀၊ အလေးချိန် ၁၁၉၀ ဒသမ ၉၃၅ တန်ရှိ ပုဂ္ဂလိကကုမ္ပဏီများမှ ကျောက်စိမ်းအတွဲ ၁၀၅၀ စုစုပေါင်း အလေးချိန် ၁၇၇၈ ဒသမ ၅၄၅ တန်ရှိ ကျောက်စိမ်းအတွဲပေါင်း (၂၀၀၀) တို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုလဲအတွဲများကို ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် အိတ်ဖွင့်တင်ဒါစနစ် ဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲများကို ဧပြီ ၂၂ ရက် မှ ၂၄ ရက်အထိ ခင်းကျင်းပြသပြီး ဧပြီ ၂၅ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲများကို ဧပြီ ၂၂ ရက်မှ ၂၅ ရက်အထိ ခင်းကျင်းပြသပြီး ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမယ်လို့ လည်းသတင်းကဆိုပါတယ်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲတွေကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပြီး ယခု ၅၇ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။
#LocalNews
Published_21 April 2022
ရန်ကုန်ရွှေဈေးကွက်မှာ အခေါက်ရွှေ အဝယ်လိုက်နေတယ်လို့ ရွှေကုန်သည်တွေပြောတဲ့သတင်းစကားတွေအရ သိရပါတယ်။
#Yangon_Media_Group
Published 21 April 2022
တရုတ်သမ္မတ ရှီကျင့်ဖင်းဟာ ဧပြီလ ၂၁ရက် ကြာသပတေးနေ့ မနက်ပိုင်းက ကျင်းပတဲ့ အာရှအတွက် ဘိုအောင်းဖိုရမ် BFA နှစ်ပတ်လည်ကွန်ဖရင့် ၂၀၂၂ဖွင့်ပွဲမှာ အမှာစကးးပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်း ကျွန်းပြည်တယ် ဟိုင်နန်မှာ ဧပြီ ၂၀ရက်မှ ၂၂ရက်အထိကျင်းပတဲ့ နှစ်ပတ်လည် ဘိုအောင်းဖိုရမ်ကို “ ကိုဗစ်-၁၉နှင့် အလွန်ကမ္ဘာ- ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးနှင့် မျှဝေခံစားအနာဂတ်” ဆိုတဲ့ ခေါင်းစဉ်နှင့် ကျင်းပနေတာပါ။
ကမ္ဘာကြီးမှာ စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရတဲ့အချိန်မှာ ကျင်းပတဲ့ ဒီနှစ် နှစ်ပတ်လည်ဘိုအောင်းဖိုရမ်ဟာ အလွန့်ကို ထူးခြားအရေးပါနေပါတယ် လို့ သမ္မတရှီကပြောပါတယ်။
“ကမ္ဘာကြီး၊အချိန်ကာလတွေနှင့် သမိုင်းရဲ့ပြောင်းလဲမှုတွေဟာ အခုဆိုရင် မကြုံစဖူးသောလမ်းကြောင်းတွေ လှစ်ဟပြသနေပါတယ်။ အဲဒါတွေဟာ လူသားတွေအပေါ် စိန်ခေါ်မှုတွေဖြစ်လာပြီး ဒါကို ဂရုတစ်စိုက်ကိုင်တွယ်ရပါမယ်။ ရာစုနှစ်မှာတစ်ခါကြုံရတဲ့ ကပ်ဘေးရဲ့အရိပ်ကနေ လူသားတွေ မထွက်ခွာနိုင်သေးတဲ့အလျောက် သမားရိုးကျလုံခြုံရေး အန္တရာယ်အသစ်တွေဟာလည်း ပေါက်ဖွားလာနေပါတယ်။ ထိခိုက်လွယ်ပြီးယိုင်တိယိုင်တိုင်ဖြစ်နေတဲ့ ကမ္ဘာ့စီးပွာရေးနာလန်ထူမှုဟာ ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုတွေကျယ်ပြန်လာကြောင့် ပိုဆိုးရွားလာနေစေပါတယ်။ အုပ်ချုပ်မှုလိုငွေပြနေတဲ့ ရာသီဥတုပြောင်းလဲမှုလိုမျိုးနယ်ပယ်တွေကိစ္စ မကိုင်တွယ်ရသေးချိန်မှာ ဒစ်ဂျစ်တယ်အုပ်ချုပ်မှုလိုမျိုတွေက ကျွန်တော်တို့ရှေ့ရောက်လာနေတယ်။ အဲဒါကြောင့် ဒီနောက်ခံကားပေါ်က ဒီနှစ် ကွန်ဖရင့်ရဲ့ ခေါင်းစဉ်ဟာ အထူးကိုအရေးကြီးနေပါတယ်” လို့ သမ္မတရှီကပြောပါတယ်။
တရုတ်ဒုတိယဝန်ကြီးချုပ် ဟန်ကျိုင်းကလည်း ဖွင့်ပွဲနှင့်အခြားဆက်စပ်အခမ်းအနားတွေကို တက်ရောက်ပါတယ်။
တက်ရောက်သူတွေဟာ အာရှနှင့် ကမ္ဘာကြီးရဲ့ ကပ်ဘေးအလွန်ဖွံဖြိုးရေးတိုးတက်ရေးအစီအစဉ်တွေကို ကွန်ဖရင့် အစည်းအဝေးတွေအတွင်း ဆွေးနွေးဖလှယ်ကြမှာဖြစ်ပါတယ်။
၁၉၉၈ စီးပွားရေးအကျပ်အတည်းဖြစ်ပြီးတဲ့နောက် အာရှနိုင်ငံတွေဟာ စီးပွားရေး ပေါင်းစည်းဆောင်ရွက်မှုတွေကိုရှာဖွေရင်း ၂၀၀၁ခုနှစ်မှာ ဘိုအောင်းဖိုရမ်ကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းကြီးအဖြစ် တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။
Source CMG
Page 46 of 57