#DailyNews
Published_ 27 January 2023
၁။ နိုင်ငံတွင်းငြိမ်းချမ်းမှု မရှိတာကြောင့် ပြည်ပခရီးသွားဝင်ရောက်မှု ယခုထက်နည်းပါးသွားနိုင်ဟုဆို
၂။ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ရရှိထား
၃။ ယခုနှစ်အတွင်း ပျူနှင့်ပုဂံအတွက် ယူနက်စကို၏ ညွှန်ကြားချက်အသစ်များပေါ်လာနိုင်
၄။ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် အီရတ်နိုင်ငံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 26 January 2023
၁။ YBS ယာဉ်လိုင်းများ ခရီးသည်လုတင်ပါက ဒဏ်ငွေတစ်သောင်းဒဏ်ရိုက်မည်
၂။ ငွေချေပြီး တိုက်ခန်းပိုင်ဆိုင်ခွင့်မရဘဲ အလိမ်ခံရခြင်းများရှိနေ၍ သတိပြုဝယ်ယူရန်လို
၃။ ယခုဘဏ္ဍာနှစ်အတွင်း သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော် ပိုမိုရရှိထား
၄။ ပဲရစ်မြို့တွင် စကြဝဠာဖက်ရှင်ဒီဇိုင်းဖြင့် ပွဲဦးထွက်ကျင်းပခဲ့သည့် အိန္ဒိယဖက်ရှင်ဒီဇိုင်နာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 25 January 2023
၁။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၇ သန်းရရှိထား
၂။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော် ပိုမိုရရှိထား
၃။ အင်းလေးဒေသမှအပ တခြားဒေသများ ပုံမှန်အတိုင်းသွားရောက်လည်ပတ်သူများရှိနေ
၄။ ပြင်သစ်တပ်များ တစ်လအတွင်းနိုင်ငံတွင်းမှ ထွက်သွားရန် ဘာကီနာဖာဆိုနိုင်ငံအမိန့်ထုတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 24 January 2023
၁။ ပြည်ပက မျိုးပြောင်းကိုဗစ်ပိုးမဝင်ခင် အသက်(၆၀) အထက်ရှိသူတိုင်း Booster ထိုးထားရမည်ဟုဆို
၂။ သွင်းကုန်တင်သွင်းမှု ကျဆင်းခြင်းကြောင့် ပြည်တွင်းအလုပ်အကိုင်ရှားပါးနေဟုဆို
၃။ ပတ်စ်ပို့လျှောက်ထားမှု အကန့်အသတ်မရှိ ရပ်ဆိုင်းထားခြင်းသည် တရားမဝင်အလုပ်သမားများ ပိုများလာနိုင်ဟုဆို
၄။ ဟွန်ဒူးရပ်စ်ရှိ အကြီးဆုံးဆည်ကန်မှ တံငါသည်များ၏ စားဝတ်နေရေးကိုခြိမ်းခြောက်လျက်ရှိသည့် တင်ကျီးငှက်များ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 23 January 2023
၁။ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၅၅၇ သန်းကျော်ရရှိထား
၂။ ဂျိုးဖြူပိုက်ပြင်နေစဉ်ရေပြတ်နေသည့် လူနေရပ်ကွက်များကို ရေများလှူဒါန်းပေးနေ
၃။ သယ်ယူပို့ဆောင်စရိတ် မြင့်တက်နေပေမယ့် ကုန်ကားများပုံမှန်အတိုင်းရန်ကုန်သို့ ဝင်ရောက်လာဟုဆို
၄။ ပင်လယ်ပြင်တွင် လမ်းပျောက်၍ ခရမ်းချဉ်ဆော့စ်နှင့်(၂၄)ရက်တိုင်အောင် အသက်ဆက်ခဲ့ရသည့် ဒိုမီနီကန်လူမျိုးကို ကိုလံဘီယာမှတွေ့ရှိကယ်တင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 21 January 2023
၁။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိထား
၂။ ကိုးလကျော်ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၄ ဘီလီယံကျော်ရရှိထား
၃။ ရွှေတိဂုံစေတီတွင် ထမနဲပွဲတော်ပြန်လည်ကျင်းပမည်
၄။ လက်နက်ကိုင်တပ်များ တိုက်ပွဲဝင်အသင့်ပြင်ဆင်ထားဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ကပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 20 Jan 2023
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ရှိရင်းစွဲ ဆက်ဆံရေးနှင့် မိတ်ဖက် ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရေး ထာဝရရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်ကို ထာဝရမိတ်ဆွေကောင်းအဖြစ် ဆက်လက် တည်ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ကပြောကြားတယ်လို့ နစကပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် မြန်မာ- ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး 8th High Level Committee Meeting ကို ဇန်နဝါရီ ၂၀ ရက် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ Jasmine Ngapali Resort ၌ ကျင်းပပြုလုပ်ရာမှာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း “ယခုကျင်းပပြုလုပ်တဲ့ (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ် အကြား အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးမှတဆင့် တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုတိုးတက် အားကောင်းလာစေရန် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် မိမိတို့အနေဖြင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အရှိန်အဟုန်မပျက်စေဘဲ ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အခိုင်အမာပြောကြားလိုကြောင်း”ဆွေးနွေး ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးများ ကျင်းပနိုင်ခြင်းဖြင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက် နိုင်မည့် လမ်းကြောင်းနှင့် နည်းလမ်းများကို ချမှတ်နိုင်မည့်အပြင် နယ်စပ်ဒေသရှိ တပ် ဖွဲ့များအနေဖြင့်လည်း ချမှတ်ထားသည့် လမ်းကြောင်းများအတိုင်း ပူးပေါင်းဆောင် ရွက်မှုများ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နယ်စပ်ဒေသတစ်လျှောက်ရှိ နှစ်နိုင်ငံ ပြည်သူများအတွက် အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံမှုနှင့် ဖွံ့ဖြိုး တိုးတက် ရေး လုပ်ငန်းများကို တည်ဆောက်သွားနိုင်မယ်လို့ယုံကြည်တယ်လို့ ထပ်မံပြောကြားခဲ့တယ်လို့သိရှိရပါတယ်။
အစည်းအဝေးမစတင်မီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့သည် သီးခြားတွေ့ဆုံပြီး တပ်မတော်နှစ်ရပ်အကြား ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။
ယခုပြုလုပ်တဲ့ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသမှ ပြည်သူလူထုများ အေးချမ်းတည်ငြိမ်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များကို အပြုသဘော ဆောင်စွာ ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တယ်လို့ နစကပြန်ကြားရေးရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယခုအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့နင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ၊ နှစ်နိုင်ငံစစ်သံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်နှင့်အဖွဲ့ကို ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က ဇန်နဝါရီ ၂၀ ရက် ယနေ့ညမှာ သံတွဲမြို့၊ ငပလီကမ်းခြေ ရှိ Jasmine Ngapali Resort ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။
-ymg/knl
#Myanmar_Politics
#Myanmar_Thailand_Military_Ties
Page 83 of 136