#Daily_News
Published_ 29 February 2024
၁။ နိုင်ငံတကာလေကြောင်း ရေကြောင်းနှင့် နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကြေညာ
၂။ နွေကျောင်းပိတ်ရက်စပြီမို ကျိုက်ထီးရိုးကို မိသားစုလိုက် ဘုရားလာဖူးသူများပြား၊ တောင်တက်ကားခ တစ်ထောင်တက်
၃။ မြင်းဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်ဖြစ်နေ
၄။ ရှန်မင်းဆက်ဧကရာဇ်၏ မိဖုရားအုတ်ဂူအတွင်းမှ တူးဖော်ရရှိသည့်ရှေးဟောင်းအမွေအနှစ်ပစ္စည်းအများအပြားအား ယင်ရှုပြတိုက်သစ်တွင်ပြသ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Daily_News
Published_ 28 February 2024
၁။ မတ်လထဲတွင် ပုံမှန်ထက်ပိုပူပြင်းမည့် ဒေသ(၅)ခုရှိ
၂။ မော်ဒယ်နိမ့်နှင့် လူကြိုက်နည်းကားများ ဈေးနှုန်းကျဆင်း
၃။ ဘင်္ဂလားဒေ့ရှ်ကို ဂျင်းတင်ပို့ရာမှာ ယခင်ထက်သယ်ယူစရိတ်နှစ်ဆဖြစ်နေ
၄။ ဆူဒန်ပြည်တွင်းစစ်ပဋိပက္ခကြောင့် မရှိမဖြစ်ကျန်းမာရေးဝန်ဆောင်မှုစနစ်များရပ်တန့်သွားကာ လူသန်းနှင့်ချီရောဂါကူးစက်ခံနေရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Daily_News
Published_ 27 February 2024
၁။ ဝိဇ္ဇာလိုင်းပုံတူဆီလီကွန်ရုပ်တုတော်များကို အိန္ဒိယအပါအဝင် ပြည်ပမှမှာယူလာ
၂။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများယနေ့ စတင်ထုတ်ပေး
၃။ နေပြည်တော် အိမ်ခြံမြေအရောင်းဝယ် ဈေးကွက်အေးနေပြီး အငှားဈေးကွက် သွက်နေ
၄။ လစာအငြင်းပွားမှုနှင့်ပတ်သက်၍ ဗြိတိန်အငယ်တန်းဆရာဝန်များ(၁၀)ကြိမ်မြောက် သပိတ်မှောက်ဆန္ဒပြ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၅ ဖေဖော်ဝါရီ ၂၀၂၄
ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်းဟာ စနေနေ့ညနေပိုင်းမှာ သုဝဏ္ဏဘူမိလေဆိပ်ကို ကြိုတင်အသိမပေးဘဲ ရှောင် တစ်ခင် ဝင်ရောက်စစ်ဆေးပြီး လေဆိပ်မှာ ဆိုက်ရောက်နှင့်ထွက်ခွာခရီးသည်တွေအတွက် လုပ်ငန်းစဉ်တွေဟာ စိတ်ပျက်စရာ ကောင်းနေဆဲပဲဆိုတာ တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။
ဆရက်သာဟာ သူ့ရဲ့ အိတ်စ်(တွစ်တာ)အကောင့်ကနေ စနေနေ့ညမှာ အဲဒါကိုကြေညာခဲ့တာဖြစ်ပါတယ်။ သူဟာ ယခုစစ်ဆေး မှုမတိုင်ခင် ဖေဖော်ဝါရီ (၅)ရက်နေ့မနက်ပိုင်းမှာလည်း အဲဒီလေဆိပ်ကို မပြောမဆိုဘဲ ရှောင်တစ်ခင်ဝင်စစ်ဆေးခဲ့ပါသေး တယ်။
“ သုဝဏ္ဏဘူမိလေဆိပ်က ဝန်ဆောင်မှုစနစ်ကို လေဆိပ်ကို ကြိုတင်အကြောင်းမကြားဘဲ ကျွန်တော်သွားစစ်ကြည့်တာ။ အဲဒီလိုမျိုး မနက်ပိုင်းမှာ တစ်ခါ ကျွန်တော်လုပ်ခဲ့သေးတယ်။ ဒီနေ့တော့ ညနေပိုင်းလာစစ်ဆေးကြည့်တာ။ ခရီးသည်တွေ ပုံနေတာပဲ” လို့ သူက အိတ်စ်စာမျက်နှာမှာ ပို့စ်ရေးတင်ခဲ့ပါတယ်။
ဆိုက်ရောက်နှင့်ထွက်ခွာ လုပ်ငန်းစဉ်တွေဟာ သိပ်ရှည်လျားနေတုန်းပဲလို့သူတွေ့ခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
“ ခရီးသည်ကားထဲက ထွက်တဲ့အချိန်ကစပြီး ချက်အင်ကောင်တာဝင်လာ။ ပြီးတော့လုံခြံရေးစနစ်ကိုဖြတ်သန်း။ နောက်ဆုံး လေယာဉ်စောင့်ဖို့ လေဆိပ်ထဲရောက်သွားချိန်အထိ ကျွန်တော်အချိန်မှတ်ထားတယ်”
“ ဆိုက်ရောက်အတွက်လည်း ခရီးသည် လေယာဉ်ပေါ်ကဆင်းလာပြီး လူဝင်မှုကောင်တာတွေကိုရောက်တဲ့အထိ အချိန်မှတ် ထားတယ်။ လုပ်ငန်းစဉ်တွေ အဆင့်လိုက်အားလုံးအသေးစိတ် ကျွန်တော်စစ်ကြည့်တယ်။ အဲဒီအခါ အချိန်အတော်ကြာတာပဲ လို့တွေ့ရတယ်” လို့ သူကပြောပါတယ်။
ဆရက်သာက တာဝန်ခံအရာရှိတွေကို သူတို့အနေနှင့်လုပ်ငန်းဆောင်ရွက်တဲ့အချိန်တွေ လျှော့ချပေးနိုင်မလားမေးကြည့်တယ်။ အဖြေကတော့ လုပ်ငန်းတွေဆောင်ရွက်တဲ့အချိန်က သိပ်မသေချာဘူးလို့ပြောတယ်လို့ဆိုပါတယ်။
“ ဒီကိစ္စ အလျင်စလိုကို တိုးတက်မှုရှိဖို့လိုပြီ” လို့ ဆရက်သာကပြောပါတယ်။
သူ့အနေနှင့် ထိုင်းလေဆိပ်အာဏာပိုင်ဌာနနှင့် လူဝင်မှုဌာနက အရာရှိကြီးတွေကို လူတွေအများဆုံးဖြစ်နေတဲ့ အချိန်တွေမှာ အလုပ်ခန်းထဲကနေထွက်ပြီး သူတို့ကိုယ်တိုင် လာကြည့်စေချင်တယ်လို့ပြောပါတယ်။အဲဒါမှသာ ဘယ်နေရာမှ တစ်ဆို့နေတယ် ဆိုတာကို သူတို့တွေ့ရှိအဖြေရှာနိုင်ကြလိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။
“ ကျွန်တော် လေဆိပ်ကို နောက်တစ်ခေါက် မပြောဘဲ လုပ်ငန်းအဆင့်ဆင့်ကို အသေးစိတ် ထပ်လာစစ်ဦးမယ်” လို့ ဆရက်သာက အိစ်စာမျက်နှာပို့စ်မှာရေးသားထားပါတယ်။
“ ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံကို လေကြောင်းပျံသန်းရေး ဗဟိုချက်မဖြစ်အောင် တွန်းတွန်းတိုက်တိုက်လုပ်နေတယ်။ နိုင်ငံခြား ကမ္ဘာလှည့်ခရီးသွားတွေကို တံခါးဖွင့်ထားတယ်။ အုဲါကြောင့် လုပ်ငန်းလည်ပတ်နေတဲ့ အရာရှိတွေဟာ ဝန်ဆောင်မှုစိတ်ဓာတ် မွေးဖို့လိုတယ်။ ကမ္ဘာလှည့်ခရီးသွားတွေကို စောင့်ရှောက်ရမယ်။ အဲဒါမှသာ သူတို့ လေယာဉ်တွေထဲကနေ ထွက်ခွာသွာတဲ့ အချိန်မှာ ကျေနပ်အထင်ကြီးပြီး ကျန်ခဲ့လိမ့်မယ်” လို့ သူကပြောလိုက်ပါတယ်။
@ ymg/knl
@Source_Nation
#Daily_News
Published_ 19 February 2024
၁။ ၂၀၂၄ ခုနှစ် ရွှေနဂါးနှစ်တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနား ရန်ကုန်မြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့
၂။ ရွှေဈေးကျပ် ၃၉ သိန်းအထိ စံချိန်တင်ဆက်မြင့်တက်
၃။ ပဲစဉ်းငုံဈေး ယခင် နှစ်ထက် ဈေးထက်ဝက်ခန့် မြင့်လာသည့်အတွက် စိုက်ပျိုးတောင်သူများအကျိုးမြတ်ပိုရရှိ
၃။ ယူကရိန်းနှင့်အစ္စရေးလ်တိုအတွက် ဒေါ်လာဘီလီယံချီထောက်ပံ့မှုများကို အမေရိကန်ပြည်သူများသံသယရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၈ ဖေဖော်ဝါရီ ၂၀၂၄
အကျဉ်းချခံထားရပြီး ရဲဆေးရုံမှာ တက်ရောက်နေတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာဟာ ယနေ့ တနင်္ဂနွေနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြန်လည်လွတ်မြောက်လာပါတယ်။
အသက် ၇၄နှစ်ရှိပြီဖြစ်တဲ့ ဘီလျံကြွယ်သူဋ္ဌေးကြီးလည်းဖြစ်တဲ့သက်ဆင်ဟာ တနင်္ဂနွေမနက်စောစောမှာ မာစီဒီးအနက်ရောင်ကို စီးနင်းကာ ဆေးရုံမှထွက်ခွာသွားပါတယ်။ သူဟာ ရှပ်အင်္ကျီ အစိမ်းရောင်ဝတ်ဆင်ထားပြီး လက်မှာပတ်တီးစည်းနှောင်ထားပါတယ်။ သူ့ဘေးမှာ သူ့သမီးအငယ်ဆုံး ဖွေထိုင်းပါတီခေါင်းဆောင် ပေတောင်တန် ရှင်နာဝါထရာလိုက်ပါသွားတယ်လို့ မျက်မြင်ရိုက်တာသတင်းထောက်က ပြောပါတယ်။
သူဟာ သူ့ရဲ့အသက်၊ကျန်းမာရေးအခြေအနေတွေကြောင့် လွတ်ငြိမ်းချမ်းသာခွင့်အတွက် ကိုက်ညီလို့ခွင့်ပြုခဲ့တာလို့ ထိုင်းအစိုးရကပြောထားပါတယ်။
သက်ဆင်စီးလာတဲ့ကားဟာ ၂၅မိနစ်အကြာမှာ ဘန်ကောက်မှာရှိတဲ့ မိသားစုနေအိမ်ကို ဆိုက်ရောက်လာခဲ့ပါတယ်။
“ သက်ဆင်အိမ်ပြန်ရောက်ပြီ။ သူကျန်းမာနေတယ်လို့မျှော်လင့်ပါတယ်” လို့ အင်စတာဂရမ်က သူ့ရဲ့ ထောက်ခံသူတစ်ဦးရဲ့ ပို့စ်ကို သမီးပေတောင်တန်က ပြန်ဝေမျှထားတာတွေ့ရပါတယ်။
သက်ဆင်ဟာ လွတ်ငြိမ်းချမ်းသာခွင့် လုပ်ငန်းစဉ်တွေအားလုံးပြီးဆုံးလို့ လွတ်မြောက်လာပါပြီ လို့ သူ့ရှေ့နေ ဝင်ယတ် ချန်မွန်ထရီက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
သက်ဆင်ဟာ ထောင်ကျမှာကိုရှောင်ရှားတဲ့အနေနှင့် နိုင်ငံပြင်ပမှာ ပြည်ပြေးဘဝနှင့် ၁၅နှစ်နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ထောင်အကျခံဖို့အတွက် ထိုင်းကိုပြန်လာခဲ့တာဖြစ်ပါတယ်။ထောင်ကျပြီးပြီးချင်းပဲ ကျန်းမာရေးကြောင့်ဆိုပြီး သူ့ကို ရဲဆေးရုံကိုချက်ခြင်းပို့ဆောင်ပေးခဲ့ပြီး ယခုလွတ်မြောက်တဲ့အချိန်ထိ အဲဒီဆေးရုံမှာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။
Source Reuters
@ymg/knl
#Daily_News
Published_ 17 February 2024
၁။ တောင်သူများ ဓာတ်မြေဩဇာအတွက် ကုန်ကျ စရိတ်(၄)ဆလျှော့ချနိုင်မည့်နည်းလမ်းရှိ
၂။ စိုက်ပျိုးထားသည့်သီးနှံများကြောင့် ဇရပ်ကြီးစစ်ရှောင်ပြည်သူအချို့ နေရပ်ကိုပြန်သွားဟုဆို
၃။ ဆူဒန်ပြည်တွင်းစစ်ကြောင့် အင်တာနက်နှင့်ဆက်သွယ်ရေးကဏ္ဍ ပြတ်တောက်နေကာ စီးပွားရေးကပ်ဘေးစိုးရိမ်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 48 of 136