၂၃ ဩဂုတ် ၂၀၂၄
ယမန်နေ့ကပျက်ကျခဲ့တဲ့ ထိုင်းစင်းလုံးငှားလေယာဉ်တွင်လိုက်ပါသွားသူ အားလုံး သေဆုံးကုန်ပြီလို့ မှတ်ယူရလိမ့်မယ်လို့ ကယ် ဆယ်ရေး သမားတွေကပြောပါတယ်။
Cessna Caravan C208B အမျိုးအစား စင်းလုံးငှားလေယာဉ်ဟာ ယမန်နေ့ကြာသပတေးနေ့မွန်းလွဲပိုင်းက သုဝဏ္ဏဘူမိ လေဆိပ်မှ ပျံတက်ခဲ့ပြီး ၁၁မိနစ်အကြာမှာ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပေါ်မှာ လူ (၉)ဦးလိုက်ပါသွားပြီး ထိုသူတို့မှာ တရုတ်နိုင်ငံမှ ခရီးသွား (၅)ဦးနှင့် လေယာဉ်မှူးများအပါအဝင် ထိုင်းနိုင်ငံသား (၄) ဦးတို့ဖြစ်ကြပါတယ်။
လေယာဉ်ဟာ ဘန်ကောက်မြို့ အရှေ့တောင်ဖက် ၆၂မိုင်ခန့်အကွာမှာ ထိုးစိုက်ပျက်ကျသွားခဲ့တာပါ။
“ ရုပ်အလောင်းတွေအများကြီးတွေ့ရတယ်” လို့ ချချိုအင်ဆောင်ပြယ်နယ်အုပ်ချုပ်ရေးမှူး ချွန်လက်တီယွန်တရောင်းက ပြောပါတယ်။ လေယာဉ်ဟာ ဒေါင်လောက်စောက်ထိုးဆင်းသွားတာဖြစ်လို့ မြေကြီးကို ၃၃ပေလောက်တူးဖော်ရမယ် လို့လည်း သူကပြောပါတယ်။
Thai Flying Service ကုမ္ပဏီမှာ မှတ်ပုံတင်ထားတဲ့ အဆိုပါ လေယာဉ်ဟာ ဘန်ကောက်မှ အရှေ့ပိုင်း တရက်ပြည်နယ်ကို ဦးတည် ပျံသန်းရင်းပျက်ကျခဲ့တာဖြစ်ပါတယ်။
Source: Reuters
#Daily_News
Published 22 August 2024
၁။ တာချီလိတ်တွင် မိုးပြန်သည်းလာပြီး မယ်ဆိုင်ချောင်းရေလျှံကာရပ်ကွက်အချို့ရေနစ်မြုပ်
၂။ ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၁,၇၀၀ ကျော်ရရှိထား
၃။ ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်)တွင် ဖျားနာဆောင်နှင့် အတွင်းလူနာဆောင်များတိုးချဲ့ထားရှိရန်စီစဉ်နေ
၄။ ယူနန်တွင်လျှပ်စစ်ကုန်တင်ကားများအတွက် မြန်နှုန်းမြင့်အားသွင်းစခန်းများအသုံးပြုနေပြီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၂ ဩဂုတ် ၂၀၂၄
လာအိုနိုင်ငံ လုံခြုံရေးအဖွဲ့တွေက မြန်မာနှင့်ထိုင်းနယ်စပ်ဖြစ််တဲ့ ရွှေတြိဂံ အထူးစီးပွားရေးဇုန်အတွင်းမှာ အွန်လိုင်းလိမ်လည်မှု တွေပြုလုပ် နေကြတဲ့ ကွန်ယက်တစ်ခုမှာပါဝင်တဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် လူ ၈၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါ တယ်။
အဆိုပါ ရွှေတြိဂံ အထူးစီးပွားရေးဇုန်ဟာ လာအိုနိုင်ငံ ဘိုကီအိုပြည်နယ်မှာတည်ရှိပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံသားတွေပိုင်တဲ့ ကာစီနိုတွေနှင့် ဟိုတယ်တွေ အများအပြားရှိပါတယ်။ ပြီးခဲ့တဲ့နှစ်များအတွင်း အဲဒီနေရာဟာ တရားမဝင်လှုပ်ရှားမှုတွေ အတွက် သံသယဖြစ်စရာပင်မနေရာတစ်ခုဖြစ်လာခဲ့တယ်လို့ အေအက်ဖ်ပီကသတင်းရေးသားပါတယ္။
ဩဂုတ် ၁၂ရက်က အာဏာပိုင်တွေဟာ စုစုပေါင်း ၇၇၁ ဦးနှင့်အတူ အွန်လိုင်းလိမ်လည်တဲ့ဂိုဏ်းကိုဖမ်းဆီးမိခဲ့တယ် လို့သိရပါ တယ်။
ဖမ်းဆီးခံရသူတွေအထဲမှာ အမျိုးသား ၄၈၉ဦးနှင့် အမျိုးသမီး ၂၈၂ ဦးဖြစ်ပြီး သူတို့ဟာ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ဖြစ်ကြပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ လာအို၊မြန်မာနှင့်တရုတ်နိုင်ငံသားတွေအများဆုံးဖြစ်ပြီး ဘူရွန်ဒီ၊ကိုလံဘီယာ၊အီသီယိုပီးယား၊ ဂျော်ဂျီယာ၊အိန္ဒိယ၊ အင်ဒိုနီးရှား၊ မိုဇမ်ဘစ်၊တူနီးရှား၊ ဖိလစ်ပိုင်၊ ယူဂန်ဒါနှင့် ဗီယက်နမ်နိုင်ငံသားတွေလည်းပါဝင်တယ်လို့ သတင်းက ဆိုပါတယ်။
တရုတ်နိုင်ငံသားတွေကိုတော့ တရုတ်အာဏာပိုင်တွေထံလွှဲပေးခဲ့ပြီး ကျန်နိုင်ငံသားတွေကိုတော့ သူတို့ရဲ့ သက်ဆိုင်ရာ သံရုံးတွေထံ လွှဲပေးမယ်လို့ သိရပါတယ်။
Ref AFP
#Daily_News
Published 21 August 2024
၁။ တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်မှုသဘာဝနှင့် နေထိုင်မှုပုံစံများအား လေ့လာနိုင်သည့် Keeper Talks အစီအစဉ် Yangon Zoo ၌တင်ဆက်ပေးနေ
၂။ ဒိုက်ဦး၊ ကဝ၊ ဝေါနဲ့ သနပ်ပင်မြို့နယ်များရှိ ရေကြီးနစ်မြုပ်ခဲ့သည့်ကျေးရွာများ၌ သောက်သုံးရေနှင့် ကျောင်းသုံးစာအုပ်များလိုအပ်နေ
၃။ လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေအရှိန်ကြောင့် နေရာအနှံ့မိုးပိုသည်းပြီးမြစ်ရေတက်လာနိုင်
၄။ မျောက်ကျောက်ရောဂါအတွက် ဦးစားပေးဆောင်ရွက်ရမည်များကို ပညာရှင်တစ်ဦးအကြံပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 20 August 2024
၁။ မြန်မာနိုင်ငံအတွင်း မျောက်ကျောက်ရောဂါမကူးအောင် နိုင်ငံဝင်ထွက်ပေါက်များ၌ စောင့်ကြပ်ထိန်းချုပ်မည်
၂။ ပထမဆုံး Professional Boxing ပြိုင်ပွဲ ယနေ့ ရန်ကုန်မှာကျင်းပ
၃။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်ရှိထားပြီး စင်္ကာပူမှအများဆုံးရင်းနှီးမြှုပ်နှံ
၄။ လျှပ်စစ်ကားကို ဆယ်မိနစ်အတွင်း မြန်နှုန်းမြင့် အားသွင်းနိုင်သည့် (၆၀၀)ကီလိုဝပ် ဘက်ထရီအားသွင်းစခန်းနှစ်ခုဘေကျင်းတွင် စတင်အသုံးပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 19 August 2024
၁။ စားသုံးဆီဖူလုံအောင် နေကြာကို ဧက(၁)သန်းကျော် တိုးချဲ့စိုက်ပျိုးမည်
၂။ ရေနစ်မြှုပ်သည့်ကွမ်းခြံများကို အစာကျွေးခြင်းရပ်နား၍ အရိပ်ထပ်ခြင်းအပါအဝင် အမြစ်သစ် ရရှိရန် ကနဦးဆောင်ရွက်သင့်ဟုဆို
၃။ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)အခမ်းအနားကျင်းပပြီး ငြိမ်းချမ်းရေးဂျိုးငှက်များ ဘေးမဲ့လွတ်ခဲ့
၄။ ပထမဆုံးဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားစက်ခေါင်း တရုတ်နိုင်ငံတွင် မကြာခင်စတင်ပြေးဆွဲမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၈ ဩဂုတ် ၂၀၂၄
ထိုင်းနိုင်ငံ ဖူးကက်မြို့တွင် မြန်မာ အမျိုးသမီးငယ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ထိုင်း ပြည်တွင်းသတင်းမီဒီယာတွေကဖော်ပြကြပါတယ်။
သေဆုံးသူအမျိုးသမီးမှာ အသက် ၁၅ နှစ်အရွယ် နမ် ဖူးအင် ဆိုသူဖြစ်တယ်လို့သိရပြီး ပက်တုန်မှ ဖူးကက်မြို့သို့ အဖွဲ့လိုက်ကားဖြင့် ဩဂုတ် ၁၇ ရက်ကခရီးသွားနေစဉ်မော်တော်ဆိုင်ကယ်သမားနှစ်ဦးက ကားနား ချည်းကပ်လာကာ တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
သူတို့ဟာ ဖူးကက်လိုင်စင်ပြားတပ် တိုယိုတာ ပစ်ကတ်ကားအဖြူဖြင့် ခရီးသွားနေတာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကစ်တီပေါင်ဂျန်တဝန်က ယာဉ်ကို မောင်းနှင်လာကာ ရှေ့ခန်းမှာ အသက် ၂၁နှစ်အရွယ် နာတာဝတ်က ယာဉ်မောင်းဘေးမှာ လိုက်ပါခဲ့တာပါ။ သေဆုံးသွားတဲ့ မြန်မာအမျိုးသမီးငယ် နမ် ဖူအင်က နာတာဝတ်ပေါင်ပေါ်ထိုင်လိုက်ပါလာတာလို့ ထိုင်း မီဒီယာတွေက ရေးသားပါတယ်။
မော်တော်ဆိုင်ကယ်စီးလာတဲ့ သံသယတရားခံနှစ်ဦးက အသက် ၁၇နှစ်အရွယ် ဘစ်နှင့် ၁၉နှစ်အရွယ် ဆန်တို့ဖြစ်ကြတယ်လို့ သိရပြီး သူတို့အထဲက တစ်ယောက်က ယာဉ်ရဲ့ ဝဲဘက်အခြမ်းက နာတာဝတ်နှင့် နမ် ဖူအင်တို့ နေရာကို ဆီကာ လမ်းဆုံအနီး မီတာ၅၀ ခန့်ကွာဝေးတဲ့ ဖရာဖူးကက်ကီယောလမ်းပေါ်မှာ သေနတ်ဖြင့်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ကားပြတင်းက အကုန်နီးပါးဖွင့်ထားတဲ့အတွက် ကျည်ဆံဟာ နမ်ဖူအင်ရဲ့ ဦးခေါင်းကို ထိမှတ်ခဲ့ပြီး ဆေးရုံပို့ဖို့စီစဉ်ဆဲမှာ သူမ သေဆုံးခဲ့ရပါတယ်။
“ပစ်ကပ်ကားက မီးနီမိနေတုန်း မော်တော်ဆိုင်ကယ်က အနီးရောက်လာပါတယ်။ဆိုင်ကယ်ပေါ်ကတစ်ယောက်က ဆင်းလာပြီး ထရပ်ကား ကိုသေနတ်နှင့်ပစ်လိုက်တယ်။ပစ်ပြီးတာနှင့် ဆိုင်ကယ်ပေါ်ပြန်တက်ပြီး ပါတောင်းဖက်ကို အမြန် မောင်းထွက်သွားတယ်” လို့ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ စားသောက်ဆိုင်ပိုင်ရှင် “လို” ကပြောပြပါတယ်။
ရဲတပ်ဖွဲ့က စီစီတီဗီကင်မရာကနေ စစ်ဆေးကြည့်ရှုပြီး တရားခံတွေဖမ်းမိရေးဆောင်ရွက်နေကြောင်းသိရပါတယ်။
@ymg/knl
Page 16 of 122