#WorldPolitics

Published 1 Oct 2021

မကြာသေးမီက လက်ဝှေ့လောကမှ အနားယူသွားတဲ့ မန်နီပက်ကွီအိုဟာ လာမယ့်ဖိလစ်ပိုင်သမ္မတရာထူးအတွက် အရွေးချယ်ခံမယ့်သူတွေထဲမှာ ပထမဦးဆုံးစာရင်းသွင်းတဲ့ ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့ပါတယ်။ နောက်နှစ်မေလမှာ အကျယ်တဝင့် ပြုလုပ်မယ့်ထိုရွေးကောက်ပွဲအတွက် စတင်စာရင်းပေးသွင်းကြပြီဖြစ်ပြီး နိုင်ငံအုပ်ချုပ်ရေး ရာထူးနေရာပေါင်းများစွာလည်း ရွေးကောက်သွားမှာ ဖြစ်ပါတယ်။

ရက်သတ္တပတ်ကြာမယ့် ဒီစာရင်းပေးသွင်းပွဲဟာ လူစည်ကားလေ့ရှိပြီး ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် နေရာကန့်သတ်ချက်တွေနဲ့ ပြုလုပ်ရတာမိုလိုပိုမိုရှင်းလင်းနေမှာ ဖြစ်ပါတယ်။

ပက်ကွီအိုကတော့ ဟောပြောပွဲတွေမလုပ်ဘဲ သူ့အစီအစဉ်တွေကို မီဒီယာတွေဆီမှာ မပြောပြသေးခင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံဖို စာရင်းသွင်းခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ ဦးစားပေးအစီအစဉ်ကတော့ ဒီကပ်ရောဂါကို ဖြေရှင်းပြီး နိုင်ငံ့စီးပွားရေး ပြန်လည်ထူထောင်ဖို့ပဲ ဖြစ်ပါတယ်” လို ပက်ကွီအိုက ဆိုပါတယ်။

စာရင်းပေးသွင်းရမယ့် အဆောက်အဦဆီ လာရာလမ်းမှာတော့ ပက်ကွီအိုကိုထောက်ခံတဲ့ လူအချိုကသူ့ကို နှုတ်ဆက်အားပေးခဲ့ကြပါတယ်။

ခန့်မှန်းမဲဆန္ဒရလာဒ်အရ သမ္မတရာထူးပြိုင်ဖက်တွေထဲမှာ နံပါတ် ၄ နေရာမှာရှိနေတဲ့အတွက်ကြောင့် ဘာမှစိတ် အနှောင့်အယှက်ဖြစ်နေမှာ မဟုတ်ဘူးလို့ ပက်ကွီအိုကဆိုလိုက်ပြီး “မရှိဆင်းရဲအခြေခံလူတန်းစားတွေကို အလေးမထားကြဘူး” လို ပြောကြားလိုက်ပါတယ်။

လက်ဝှေ့သမိုင်းရဲ့ အကြီးကျယ်အခမ်းနားဆုံးထဲက လူတစ်ဦးဖြစ်ပြီး မတူညီတဲ့နေရာဒေသ ၈ခုမှာ ချန်ပီယံဆုတွေကို ကိုင်မြောက်ခွင့်ရခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်တဲ့ ပက်ကွီအိုဟာ စက်တင်ဘာလမှာ လက်ဝှေ့လောကမှ အနားယူခဲ့ပြီး သမ္မတရွေးကောက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ သူဟာလက်ရှိမှာတော့ လွှတ်တော်အမတ် ဖြစ်နေပါပြီ။

ဒီစာရင်းသွင်းဖြစ်စဉ်ဟာ သမ္မတရိုဒရီဂိုဂျူတာတေထက် သင့်တော်မယ်ထင်တဲ့သူ ဘယ်သူဆိုတဲ့ ထင်ကြေးပေးခန့်မှန်းချက်တွေကို အဆုံးသတ်စေမှာဖြစ်ပါတယ်။ ဖွဲစည်းပုံအခြေခံအရ ပြန်လည်ရွေးကောက်ခံခွင့်မရှိတော့တဲ့ ထိုသမ္မတဟာ ဒုသမ္မတနေရာအတွက်သာ ယှဉ်ပြိုင်ခွင့်ရှိတာဖြစ်ပါတယ်။ပက်ကွီအိုအပြင် အခြားရွေးကောက်ခံနှစ်ဦးဟာလည်း သမ္မတနေရာအတွက် ယှဉ်ပြိုင်ရတဲ့ရည်ရွယ် ချက်ကို ကြေညာသွားပါတယ်။ ရုပ်ရှင်မင်းသားဟောင်း မနီလာမြိုတော်ဝန်ဖရန်စစ္စကိုအစ္စကိုမိုရီနိုဒိုမာဂိုဆိုနဲ့ ရဲမှူးဟောင်းလွှတ်တော်အမတ်ပန်ဖလိုလက်ဆန်တိုဟာ လာမယ့်ရက်အတွင်းမှာ စာရင်းသွင်းမှာဖြစ်ပါတယ်။

ဒါပေမဲ့ လူအများစိတ်ဝင်စားဖွယ်ဖြစ်မယ့်အရာကတော့ သမ္မတရဲ့သမီးဖြစ်သူ ဆာရာဂျူတာတေကာပီယိုပါပဲ။ သူဟာ သူ့အဖေ သမ္မတဖြစ်တဲ့အချိန်တုန်းက ဒါဗာအိုမြိုရဲ့ မြို့တော်ဝန်အဖြစ် နေရာအစားဝင်ခဲ့သူဖြစ်ပြီး ဒီနှစ်ခန့်မှန်းမဲဆန္ဒအရ ရေပန်းအစားဆုံးစာရင်းမှာ မဝါဝင်သူဖြစ်ပါတယ်။

ဝေဖန်သူတွေကတော့ သမ္မတဂျူတာတေဟာ ဒုသမ္မတရာထူးအပေါ် စိတ်ဝင်စားခြင်းဟာ ကိုယ်ကျိုးအတွက်သာဖြစ်တယ်လို ဝေဖန်နေပေမယ့် ဂျူတာတေကတော့ ပြည်သူ့အတွက်သာဖြစ်တယ်လို ဆိုပါတယ်။

အတိုက်အခံဦးဆောင်သူဖြစ်တဲ့ ဒုသမ္မတလန်နီရိုဘရီဒိုကိုလည်း ထိပ်ဆုံးနေရာအတွက်ကြိုးပမ်းဖို့ ထောက်ခံသူတွေက တိုက်တွန်းနေကြပါတယ်။

၂၀၂၂ မေလမှာ ဖိလစ်ပိုင်ပြည်သူသန်း ၆၀ကျော်က သမ္မတရာထူး၊ ဒုသမ္မတရာထူးနဲ့ ဥပဒေပြဌာန်းသူရာထူး အစိုးရအရာရှိရာထူး ၁၈၀၀၀ ကျော်အတွက် ဆန္ဒမဲပေးရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်မယ့်သူတွေအတွက် အောက်တိုဘာ ၈ ရက်နေ့မတိုင်ခင်အမီ စာရင်းသွင်းရမှာဖြစ်ပြီး နှုတ်ထွက်မှုနဲ့ အစားထိုးမှုအတွက် နိုဝင်ဘာ ၁၅ ရက်နေ့မတိုင်ခင်အထိ ခွင့်ပြုထားတာဖြစ်ပါတယ်။

Source REUTERS