#Covid_Vaccine
Published 1 Oct 2022

 

ဂျပန်နိုင်ငံမှ ရှီယိုနိုဂီကုမ္ပဏီလိမိတက်က သူတို့ရဲ့ ကိုဗစ်ကုသရေးသောက်ဆေးဟာ အာရှမှာစမ်းသပ်ခဲ့တဲ့ တတိယအဆင့်စမ်းသပ်မှုနဲ့နှိုင်းယှဉ်ရင် ရောဂါလက္ခဏာများ သိသိသာသာ လျော့ကျသွားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

 

ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီး ကိုဗစ်ရောဂါအပျော့စားနဲ့ သာမန်မျှသာဖြစ်ပွားနေတဲ့ လူနာတွေမှာ စမ်းသပ်ခဲ့ရာမှာ ensitrelvir ဆိုတဲ့ဆေးက လိုချင်တဲ့အနေအထားအတိုင်း ထိရောက်မှုရှိခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

အစောပိုင်းတုန်းက ရှီယိုနိုဂီရဲ့ရှယ်ယာတန်ဖိုး ကျဆင်းနေခဲ့ရာ ကြေညာချက်အပြီးမှာ တိုကျိုအတွင်း ၁.၁ ရာခိုင်နှုန်းပြန်တက်လာခဲ့ပါတယ်။

 

စမ်းသပ်ချက်ရဲ့ရည်မှန်းချက်အတိုင်း Ensitrelvir ဆေးက အိုမီခရွန်မျိုးဗီဇကွဲရဲ့ လက္ခဏာ ၅ မျိုးကို ၇၂ နာရီအတွင်း သက်သာစေခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

 

ဂျပန်မှ ဆေးဝါးထိန်းချုပ်ရေးအာဏာပိုင်များက ထိုဆေးအတွက် အရေးပေါ်အသုံးပြုခွင့်ကို များမကြာမီက ငြင်းပယ်ခဲ့ဖူးကာ ဆေးရဲ့ထိရောက်မှုအချက်အလက်တွေ ထပ်မံလိုအပ်သေးတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် တိရိစ္ဆာန်တွေမှာ လေ့လာခဲ့တဲ့ အချက်အလက်များအရ ဆေးက ကိုယ်ဝန်ဆောင်တွေမှာ အန္တရာယ်ဖြစ်စေနိုင်တယ်လို့လည်း တွေ့ရှိခဲ့ရပါတယ်။

 

ဒါကြောင့် ရှီယိုနိုဂီက သူတို့ရဲ့ဆေး အသိအမှတ်ပြုခွင့်ရရန် တတိယအဆင့်လေ့လာချက်များမှရရှိတဲ့ ထိပ်တန်းအချက်အလက်များကို ဂျပန်ဆေးဝါးထိန်းချုပ်ရေးထံ မျှဝေခဲ့ပါတယ်။

 

ရှီယိုနိုဂီကုမ္ပဏီဟာ Xocova လို့ခေါ်တဲ့ S-217622 ဆေးနဲ့လည်း ကမ္ဘာတဝှမ်းမှာ နာမည်ရရှိထားပါတယ်။


ဒီဆေးဟာ ဖိုင်ဇာနဲ့ မာ့ခ်ကုမ္ပဏီတို့မှ ကိုဗစ်သောက်ဆေးတွေနဲ့အပြိုင်ဖြစ်နေပြီး ဂျပန်နဲ့ အချို့နေရာတွေမှာ အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။

 

ကုမ္ပဏီက အစိုးရထံ ဆေးဝါးပေါင်း တစ်သန်းရောင်းချရန် သဘောတူလက်မှတ်ရေးထိုးထားပေမယ့် အစိုးရက အသိအမှတ်ပြုဖို့ ဆိုင်းငံ့ထားပါသေးတယ်။

 

အမှုဆောင်ချုပ်'အီဆာအိုတဲရှီရိုဂီ'က နှစ်စဉ် ဆေးဝါးပေါင်း ၁၀ သန်းထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

 

ကုမ္ပဏီဟာ ကမ္ဘာတဝှမ်းမှာ တတိယအဆင့်စမ်းသပ်ချက်ပြုလုပ်ဖို့ အမေရိကန်အစိုးရရဲ့ ထောက်ခံချက်ကိုရရှိထားပါတယ်။

 

Source: Reuters
#Yangon_Media_Group