Published 29 Sept 2022

ဘရာဇီးနိင်ငံ မြောက်ပိုင်း အမေဇုန်နာ့စ်ပြည်နယ်၊ကဲရီယိုမြို့ က တံတားတစ်စင်း  ဗုဒ္ဓဟူးနေ့က ပြိုကျခဲ့ရာ အနည်းဆုံး လူ(၃)ဦး သေဆုံးကာ ၁၅ ဦးပျောက်ဆုံးနေပါတယ်။

အမေဇုန်နာ့စ် မီးသတ်ဌာနဟာ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။ အဲဒီံတံတားဟာ ကဲရီယိုမြို့ကို ဖြတ်သွားတဲ့ BR-319 အမြန်လမ်းမကြီးပေါ်မှာ ရှိပါတယ်။ ကဲရီယိုမြို့ဟာ ပြည်နယ်မြို့တော် မန်နော့စ်မြို့မှ ၆၂ မိုင် အကွာမှာရှိပါတယ်။

တံတားပြိုကျချိန်မှာ အချို့ကားတွေဟာ တံတားပေါ်ကဖြတ်သန်းမောင်နှင်နေတာကြောင့် လူ(၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ တံတားမပြိုကျခင် တံတားပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုရှိခဲ့လို့ တံတားဟာ အက်ကြောင်းရာထင်ခဲ့တယ်လို့ မျက်မြင်သက်သေတော်တော်များများကပြောကြပါတယ်။

Source AFP/Reuters

#Amazonas_Brazil

#Bridge_Collapse

#Brazil