#World_Health
Published 29 September 2022

 

ခြင်တွေက လူ့အရေပြားကိုဖောက်ပြီး သွေးစုပ်တဲ့အခါ ယားယံနီရဲတဲ့ အဖုလေးတွေ ဖြစ်ပေါ်လာပါတယ်။

 

တစ်ခါတရံမှာ အကိုက်ခံရတဲ့နေရာမှာ ဖူးရောင်လာတဲ့အထိဖြစ်တတ်ကာ နေရထိုင်ရမသက်မသာဖြစ်စေပါတယ်။

 

ခြင်မတွေက မျိုးဥပေါက်ဖွားဖို့အတွက် လိုအပ်တဲ့သွေးကို သတ္တဝါတွေထံကနေ စုပ်ယူရပါတယ်။

 

ခြင်ကိုက်ရာကနေ ဖြစ်လာတဲ့ဓာတ်တုံ့ပြန်မှုတွေက ခြင်တွေရဲ့တံတွေးကြောင့်ဖြစ်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က ဖော်ပြထားပါတယ်။

 

အချို့တွေက မသိသာပေမယ့် လူကြီးလူငယ် လူမျိုးကွဲပြားမှုအပေါ်မူတည်ပြီး ဓာတ်တုံ့ပြန်မှု ကွာခြားသွားပါတယ်။

 

ကိုက်တဲ့နေရာမှာ ဖူးရောင်ခြင်း၊ နာကျင်ခြင်း၊ နီရဲခြင်းတို့အပြင် ပြင်းထန်တဲ့သက်ရောက်မှုတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။

 

ပြင်းထန်တဲ့တုံ့ပြန်မှုတွေဟာ ကလေးတွေမှာ အဖြစ်များပြီး အကိုက်မခံရဖူးသေးတဲ့ ခြင်မျိုးစိတ်ကိုက်တဲ့အခါနဲ့ ကိုယ်ခံအားတုံ့ပြန်မှုရောဂါရှိတဲ့ လူတွေမှာလည်း ဓာတ်တုံ့ပြန်မှုများ ဖြစ်တတ်ပါတယ်။

 

ပိုမိုပြင်းထန်တဲ့အခြေအနေတွေမှာ အင်ပျဉ်များ၊ ရောင်ရမ်းနီမြန်းခြင်း၊ အဖျားတက်ခြင်းတို့ပါ ဖြစ်ပေါ်နိုင်ပါတယ်။

 

ခြင်ကိုက်မခံရအောင် လုပ်တဲ့နည်းလမ်းတွေရှိသလို ကိုက်ခံရပြီးနောက် သက်သာအောင်လုပ်တဲ့ နည်းလမ်းတွေလည်းရှိပါတယ်။

 

ယားယံတာသက်သာစေတဲ့ အန်တီဟစ္စတမင်းလိုဆေးတွေရှိသလို ရေခဲကပ်ခြင်း၊ ဆပ်ပြာနဲ့ရေနဲ့ ဆေးကြောခြင်းတိုလည်း ပြုလုပ်နိုင်ပါတယ်။


ခြင်ဆေးဖျန်းဗူးတွေလည်း နီးစပ်ရာဆိုင်တွေမှာရရှိနိုင်ပြီး သင့်တော်မယ့်ဆေးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

 

ခြင်တွေကြောင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း သတိထားသင့်ပါတယ်။

 

သွေးလွန်တုပ်ကွေး၊ ငှက်ဖျားတို့ဟာ ရောဂါပြင်းထန်တတ်ပြီး မကုသဘူးဆိုရင် အသက်အန္တရာယ်ရှိပါတယ်။

 

ဗိုင်းရပ်စ်ရောဂါကူးစက်နေတဲ့ တိရိစ္ဆာန်တစ်ကောင်ကို ခြင်ကိုက်တယ်ဆိုရင် ထိုခြင်မှာ ရောဂါသယ်ဆောင်လာပြီး နောက်ထပ်ကိုက်တဲ့သူတွေကို ကူးစက်နိုင်ပါတယ်။

 

ခြင်တွေဟာ သေးငယ်ပေမယ့် ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တာကြောင့် ပေါ့လျော့လို့ မရပါဘူး။

 

Source: The Jerusalem Post
#Yangon_Media_Group