#World_Health
Published 28 September 2022

 

လူအများယုံကြည်ယူဆနေတဲ့ အချက်တစ်ချက်က ခြေထောက်ပြားကြီးရင် ကျားအင်္ဂါလည်းကြီးတယ်ဆိုတာပါပဲ။

 

ဒါပေမဲ့အခုတော့ ကျားအင်္ဂါအရွယ်အစားကို ခန့်မှန်းလို့ရတဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းရှိကြောင်း ကျွမ်းကျင်သူများက ထုတ်ဖော်လိုက်ပါတယ်။

 

ဂျပန်သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့တာကတော့ ဒါဟာ နှာခေါင်းအရှည်အလျားနဲ့ သက်ဆိုင်နေပါတယ်တဲ့။

 

နှာခေါင်းကြီးတဲ့လူတွေက သူတို့ရဲ့ကျားအင်္ဂါသန်မာလာတဲ့အချိန်မှာ အနည်းဆုံး ၅.၃ လက်မရှိတယ်လို့ ကျိုတိုစီရင်စုဆေးပညာတက္ကသိုလ်အဖွဲ့က ဆိုလိုက်ပါတယ်။

 

နှာခေါင်းသေးတဲ့ သူတွေကတော့ သန်မာတဲ့အချိန်မှာ ၄.၁ လက်မသာရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။

 

ထိုကဲ့သို့ရှာဖွေတွေ့ရှိရန် သုတေသီများက ၃ ရက်အတွင်းသေဆုံးထားတဲ့ အမျိုးသားအလောင်း ၁၂၆ လောင်းကို လေ့လာခဲ့ကြပြီး သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးကို တိုင်းတာခဲ့ပါတယ်။

 

သူတို့ရဲ့ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ကျားအင်္ဂါအရွယ်အစားတို့ကို တိုင်းတာခဲ့ကြပါတယ်။

 

ကျားအင်္ဂါအရှည်အလျားကို တိုင်းတာရာမှာ ဆန့်လို့ရသလောက်အထိ ဆွဲဆန့်ခဲ့ကြပါတယ်။

 

ထို့နောက် အဲဒီအတိုင်းကို ခြေထောက်အရွယ်အစားအပါအဝင် တစ်ကိုယ်လုံးကအစိတ်အပိုင်းတွေနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ကြပါတယ်။

 

Basic and Clinical Andrology ဂျာနယ်မှာ ဖော်ပြထားရာမှာ တကယ်တမ်းတော့ နှာခေါင်းအရွယ်အစားက သန်မာနေတဲ့ကျားအင်္ဂါအရှည်အလျားကို ဆုံးဖြတ်ပေးတာဖြစ်ပြီး အသက်အရွယ်၊ အရပ်အမြင့်၊ ကိုယ်အလေးချိန်တို့နဲ့ မဆိုင်ပါဘူး။

 

ဒီလိုဆက်စပ်မှုကိုတွေ့ရှိတာဟာ သန္ဓေသားအန်ဒရိုဂျင်ပမာဏပေါင်းစပ်ခြင်းနဲ့ အမျိုးသားမျိုးပွားအင်္ဂါလုပ်ဆောင်ချက်တွေအတွက် အလွန်အရေးပါပါတယ်။

 

လေ့လာခဲ့တဲ့သူတွေဟာ အသက် ၃၀ မှ ၅၀ ဝန်းကျင်ရှိ အမျိုးသားတွေဖြစ်ပြီး ကျားအင်္ဂါအရွယ်အစားက အသက်အရွယ်ကိုလည်း ညွှန်ပြနေပါတယ်။

 

ဒီလေ့လာချက်က ဂျပန်မှ လူအနည်းစုကိုသာ အခြေခံထားတာကိုလည်း သတိပြုရမှာပါ။

 

ကျားအင်္ဂါနဲ့ နှာခေါင်းအရွယ်အစားဆက်စပ်မှုကို တိတိကျကျဖော်ပြနိုင်ရန်အတွက် ဒီထက်ပိုမိုကျယ်ပြန့်တဲ့ လေ့လာမှုပြုလုပ်ရဦးမှာပါ။

 

ဒါ့အပြင် ဝှေးစေ့ပြာနှမ်းခြင်းကလည်း တကယ်ဖြစ်တတ်တဲ့ အခြေအနေဖြစ်ကြောင်း ဆရာဝန်တစ်ဦးက ဖော်ပြထားပါတယ်။

 

အမျိုးသားတွေဟာ လိင်ပိုင်းဆိုင်ရာဖြေလျှော့ခြင်းကို အချိန်ကြာမြင့်စွာအထိ မခံစားရဘူးဆိုရင် ဝှေးစေ့ကိုဖုံးအုပ်ထားတဲ့အရေပြားက အပြာရောင်သမ်းလာပါတယ်။

 

ဒီအခြေအနေသက်သာစေဖို့က လိင်မှုပျော်ရွှင်အောင် နေထိုင်ဖို့ပဲဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

 

"အချိန်အတော်ကြာ စိတ်ဆန္ဒပြင်းပြနေရင် မျိုးပွားအင်္ဂါဆီ သွေးအများအပြားစီးဆင်းသွားပြီးတော့ ဖိအားတင်းလာပါတယ်၊ အဲဒီအခါ မဖြေလျှော့နိုင်ဘူးဆိုရင် ဖိအားကနေ နာကျင်ကိုက်ခဲလာနိုင်ပါတယ်" လို့ ပြောပြထားပါတယ်။

 

ဒီလိုနာကျင်မှု ယာယီသဘောသာဖြစ်ပြီး အကယ်၍မသက်သာဘူးဆိုရင်တော့ ဆရာဝန်ထံပြသသင့်ပါတယ်။

 

Source: The Sun
#Yangon_Media_Group