Published 27 Sept 2022

သမ္မတဗလက်ဒီမာ ပူတင်က တနင်္လာနေ့ စက်တင်ဘာ ၂၆ ရက်က ယခင်အမေရိကန်ထောက်လှမ်းရေးဟောင်း အက်ဒ်ဝပ်စနိုဒင်ကို ရုရှားနိုင်ငံသား ပေးအပ်လိုက်ပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့  လျို့ဝှက် ထောက်လှမ်းရေးစစ်ဆင်ရေးတွေကို သူက ထုတ်ဖော်ပြောကြားခဲ့ပြီး ကိုးနှစ်အကြာမှာ ရုရှားက သူ့ကို နိုင်ငံသား ပေးလိုက်တာြဖစ်ပါတယ်။

၂၀၁၃ခုနှစ်မှာ သူအလုပ်လုပ်ခဲ့တဲ့ အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ပြည်တွင်းနှင့်နိုင်ငံတကာ ထောက်လှမ်းရေး စစ်ဆင်ရေးတွေကို  ဖွင့်ချပြီးနောက် အသက် ၃၉နှစ်အရွယ် စနိုဒင်ဟာ အမေရိကန်ပြည်ထောင်စုကနေ ထွက်ပြေးခဲ့ပြီး ရုရှားက သူ့ကို နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့တာပါ။

 သူလျှိုထောက်လှမ်းရေးအမှုတွေနှင့် ရာဇဝတ်မှုနှင့်တရားစွဲတာကို ရင်ဆိုင်ဖို့ အမေရိကန်အာဏာပိုင်တွေက နှစ်ပေါင်များစွာ သူ့ကို အမေရိကန်ပြန်ပို့စေချင်ခဲ့ပါတယ်။

နိုင်ငံခြားမှာမွေးဖွားသူ (၇၂)ဦးကို ရုရှားနိုင်ငံသားအဆင့်ပေးအပ်တဲ့ ပူတင်ရဲ့ အမိန့်မှာ ကရင်မလင်ရဲ့ မှတ်ချက်တစ်စုံတစ်ရာမပါဘဲ စနိုဒင်နာမည်ပါလာတာဖြစ်ပါတယ်။

စနိုဒင်က သူမိသားစုကို အတူတကွ သူနှင့်အတူရှိနေစေချင်ပြီး ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် တောင်းတဲ့ မက်ဆေ့ကို တင်ခဲ့ပါတယ်။

“ကျွန်တော်တို့မိသားစုတွေနှင့် နှစ်ပေါင်းများစွာခွဲနေကြရပြီးနောက် ကျွန်တော့်ဇနီးနှင့် ကျွန်တော်ဟာ  ကျွန်တော်တို့ သားတွေနှင့် ခွဲနေဖို့ဆန္ဒမရှိကြပါဘူး”လို့ စနိုဒင်ကတွစ်တာမှာရေးခဲ့ပါတယ်။

“ (၂)နှစ်စောင့်ဆိုင်းပြီး ၁၀နှစ်နီးပါး  ပြည်ပြေးအဖြစ်နေခဲ့ရပြီးနောက်  အနည်းငယ်တည်ငြိမ်မှုကပဲ ကျွန်တော့်မိသားစု အတွက် ခြားနားမှုဖြစ်စေခဲ့ပါတယ်။ သူတို့နှင့် ကျွန်တော်တို့အားလုံးအတွက် ကိုယ်ရေးလွတ်လပ်ခွင့်အတွက် ကျွန်တော်ဆုတောင်းပါတယ်” လို့သူကရေးပါတယ်။

တွစ်အသစ်ဟာ ကရင်မလင်ခေါင်းဆောင်ရဲ့ အမိန့်ကိုတော့ရည်ညွှန်းခြင်းမရှိပါဘူး။ သူက ၂၀၂၀တုန်းကတွစ်တာက  သူနှင့်သူ့မိသားစုဟာ အမေရိန်-ရုရှား ပူးတွဲနိုင်ငံသားအဖြစ် လျှောက်ထားတယ်” ဆိုတဲ့ သူ့မက်ဆေ့ချ်ကိုတော့ တွဲ တင်ထားတာဖြစ်ပါတယ်။

Source Reuters

#Putin

#Snowden

#Russia Citizenship