#World_Health
Published 27 September 2022

ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းမြင့်တက်လာမှု၊ လောင်စာဆီဈေးနှုန်းအဆမတန်မြင့်တက်လာမှုတို့ကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်ဖိစီးမှုတွေ တိုးမြင့်လာနိုင်ကြောင်း စိတ်ကျန်းမာရေးဖောင်ဒေးရှင်းမှ အမှုဆောင်ချုပ်'မာ့ခ်ရိုးလန်း'က သတိပေးလိုက်ပါတယ်။

 

ပြီးခဲ့တဲ့နှစ်များအတွင်း စိတ်ဖိစီးမှုတွေက လူတွေကိုအတော်လေးသက်ရောက်နေပြီး အိပ်မပျော်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ အစာအိမ်မကောင်းခြင်းတို့ ကြုံတွေ့လာကြပါတယ်။

 

တကယ်တမ်းက စိတ်ဖိစီးမှုဆိုတာက ခန္ဓာကိုယ်ကနေ အလိုအလျောက်ကာကွယ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

 

အက်ဒရီနယ်လင်၊ ကော်တီဆောလ်ဟော်မုန်းတို့ ထွက်လာကာ နှလုံး၊ အဆုတ်၊ ကြွက်သား၊ ဦးနှောက်များဆီ ပို့ဆောင်ပေးပါတယ်။

 

အဲဒီအခါ နှလုံးခုန်နှုန်း၊ သွေးဖိအား မြင့်တက်လာပြီး ကြွက်သားများတောင့်တင်းလာကာ စိတ်အာရုံနိုးကြားထက်မြက်နေစေပါတယ်။

 

စိတ်ဖိစီးမှုဖြစ်တဲ့အခါ ခံစားရနိုင်တဲ့လက္ခဏာ ၇ မျိုးကတော့...

 

(၁) နှလုံးခုန်မြန်ခြင်း

 

စိတ်ဖိစီးမှုကြောင့် နှလုံးခုန်မြန်ခြင်း၊ သွေးတိုးခြင်း၊ သွေးလျှောက်မှုမြန်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

 

(၂) အစာချေစနစ်ထိခိုက်ခြင်း


စိတ်ဖိစီးတဲ့အခါ အစာအိမ်အက်ဆစ်ထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ အက်ဆစ်လျှံထွက်ခြင်း၊ မူးဝေခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

 

(၃) အိပ်မပျော်ခြင်း

 

စိတ်ဖိစီးမှုဟော်မုန်းများထွက်ရှိတာကြောင့် ညဘက်တွေမှာ အာရုံကြောနိုးကြားနေပြီး အိပ်ပျော်ခြင်းကို နှောင့်ယှက်စေပါတယ်။

 

(၄) ရောဂါကူးစက်ဝင်ရောက်ခြင်း

 

စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ဆိုက်တိုကိုင်းတွေဟာ သွေးကြောကျဉ်းခြင်း၊ လေးဘက်နာနဲ့ နှလုံးရောဂါတို့ ဖြစ်စေနိုင်ပါတယ်။

 

(၅) အရေပြားပြဿနာများ

 

အက်ဒရီနယ်လင်နဲ့ ကော်တီဆောလ်ဟော်မုန်းများက အရေပြားရှိသွေးလည်ပတ်မှုကို သက်ရောက်စေတာကြောင့် အကွက်အကွက်များ ဖြစ်လာတတ်ကာ ဝက်ခြံထွက်လေ့ရှိသူတွေဆိုရင် ပိုထွက်လေ့ရှိပါတယ်။

 

(၆) ခါးအဆီတက်ခြင်း

 

စိတ်ဖိစီးမှုနဲ့ ကိုယ်အလေးချိန်တက်ခြင်းတို့ကြား ဆက်စပ်မှုရှိပေမယ့် အလုံးစုံတော့ မသိရှိရသေးပါဘူး။

 

(၇) အထိမခံနိုင်ခြင်း

 

စိတ်ခံစားမှုတွေက တစ်ခုခုကို သည်းမခံချင်တဲ့အနေအထား ရောက်နေတတ်ပြီး ဒါဟာ မောပန်းနွမ်းနယ်လာတဲ့အထိ ဖြစ်တတ်ပါတယ်။

 

စိတ်ဖိစီးမှုဖြေလျှော့နိုင်မယ့်နည်းလမ်းများကတော့...

 

(၁) တရားထိုင်ခြင်း

 

(၂) ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း

 

(၃) အသက်ဝဝရှူထုတ်ခြင်း

 

(၄) အကောင်းမြင်စိတ်ထားခြင်း

 

(၅) အချိုလျှော့၍ ရေများများသောက်ခြင်း

 

Source: The Telegraph
#Yangon_Media_Group