#World_Health
Published 27 September 2022

 

ဆံပင်ကျွတ်ခြင်းဟာ ယာယီခံစားရတာရှိသလို တသက်လုံးခံစားရတာလည်း ရှိနိုင်ပါတယ်။

 

ကျား/မ မရွေးဖြစ်ပေါ်တတ်ပြီး အမျိုးသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။

 

လူတွေဟာ တစ်နေ့ကို ဆံခြည်မျှင် ၅၀ မှ ၁၀၀ လောက် ကျွတ်တတ်ပါတယ်။

 

ဆံပင်ညှပ်လိုက်ရင် ဆံပင်ပြန်ပေါက်ခြင်းကို အားမပေးဘူးဆိုတာ သိထားရပါမယ်။

 

အသက်ကြီးလာတာနဲ့အမျှ ဆံပင်ကျွတ်လာတတ်ပေမယ့် ဟော်မုန်းအပြောင်းအလဲ၊ မျိုးရိုးလိုက်ခြင်းတို့ကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။

 

ဒါ့အပြင် နေမကောင်းဖြစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ ရောဂါကူးစက်ခြင်းတို့ကြောင့်ဖြစ်နိုင်ပြီး အမျိုးသမီးများ ကလေးမွေးပြီးတဲ့အချိန်မှာလည်း ဆံပင်ကျွတ်တတ်ပါတယ်။

 

လက္ခဏာတွေကတော့ ဦးခေါင်းထိပ်မှာ အကွက်လိုက်ဖြစ်နေတာမျိုး၊ ဆံပင်ပါးလာတာမျိုး၊ ခေါင်းဖြီးတဲ့အခါနဲ့ ခေါင်းလျှော်တဲ့အချိန်မှာ ဆံပင်ကျွတ်တာမျိုးတွေ ဖြစ်ပါတယ်။

 

ဆံပင်ကျွတ်ခြင်းအဓိကအကြောင်းအရင်းက မျိုးရိုးကြောင့်ဖြစ်ပြီး အသက်အရွယ်၊ ကိုယ်အလေးချိန်၊ စိတ်ဖိစီးမှု၊ အဟာရချို့တဲ့ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

ဆံပင်ကျွတ်ခြင်းကာကွယ်ဖို့ မိမိဆံပင်ကို သိမ်မွေ့စွာထိန်းသိမ်းသင့်ကြောင်း Mayo Clinic က အကြံပြုထားပါတယ်။

 

ခေါင်းရေဆိုနေစဉ် ဆံပင်မဆွဲမိဖို့ သတိပေးလိုက်ပါတယ်။

 

စိတ်ဖိစီးမှုနည်းအောင် သတိပြုခြင်း၊ ကျန်းမာမျှတတဲ့ အစားအစာစားသုံးခြင်း၊ ဆံပင်ကျွတ်ခြင်းမဖြစ်စေတဲ့ ဆေးကုသနည်းတို့ ရှာဖွေရန်ဖြစ်ပါတယ်။

 

နောက်တစ်ချက်ကတော့ ဦးထုပ်တွေ၊ ဘီးတွေ မျှဝေမသုံးစွဲဖို့ ဖြစ်ပါတယ်။

 

ဆံပင်အရောင်ချွတ်ခြင်းကလည်း ဦးခေါင်းကိုထိခိုက်စေကာ ထိပ်ပြောင်တဲ့ အခြေအနေအထိ ဖြစ်နိုင်ပါတယ်။

 

နေရောင်ထိတွေ့ခြင်းကိုကာကွယ်ဖို့နဲ့ ဆေးလိပ်မသောက်ခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။

 

ဆံပင်ကျွတ်ခြင်းကို သက်သာအောင် ပြုလုပ်လိုရတဲ့နည်းလမ်းတွေရှိပါတယ်။

 

Minoxidil - ခေါင်းလျှော်ရည်အဖြစ်နဲ့ အသုံးပြုနိုင်ပြီး အနည်းဆုံးနှစ်ဝက်အတွင်း ဆံပင်ပြန်ပေါက်နိုင်ပါတယ်။

 

Finasteride (Propecia) - အမျိုးသားတွေမှာ သောက်ဆေးအနေနဲ့ အသုံးပြုနိုင်ပြီး အကျိုးအာနိသင်ရဖို့ လအနည်းငယ်ကြာနိုင်ပါတယ်။

 

အခြားနည်းလမ်းတွေကတော့ ဆံပင်စိုက်ခြင်း၊ လေဆာကုသနည်းတို့ဖြင့် ကုသနိုင်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group