Published 25 Sept 2022

မြောက်ကိုးရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ယင်းရဲ့ အရှေ့ဖက်ကမ်းခြေပင်လယ်ထဲ ပစ်လွှတ်ခဲ့ပါတယ်။ ဒါဟာ   တောင်ကိုရီးယားနှင့် အမေရိကန်တပ်တွေ လေယာဉ်တင်သင်္ဘောကြီးတစ်စီးပါဝင်ပြီး စစ်ရေးပူးတွဲလေ့ကျင့်ခန်းလုပ်ဖို့ စီစဉ်ထားတာနှင့် အမေရိကန်ဒုသမ္မတ ကမ်မလာဟာရစ် ဒေသကို လာရောက်လည်ပတ်မယ့်ကိစ္စ မတိုင်ခင် ပစ်လွှတ် ခဲ့တာဖြစ်ပါတယ်။

အဲဒီပဲ့ထိန်းဒုံးကျည်ဟာ တာတိုပစ်ဒုံးကျည်တစ်စင်းဖြစ်ပြီး မြောက်ပြုံယမ်းပြည်နယ်ရဲ့ တေချွန်ဒေသအနီး  မနက်၇နာရီမတိုင်ခင်လေးတင် ပစ်လွှတ်တာလို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒုံးကျည်ဟာ အမြင့် ၆၀ကီလိုမီတာကနေ ၃၇၃ မိုင်အထိ  အမြန်နှုန်း Mach 5 ပျံသန်းခဲ့တာလို့လည်း တောင်ကိုးရီးယားစစ်တပ်ဘက်က ပြောပါတယ်။

“ ကိုရီးယားကျွန်းဆယ်နှင့် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်ပြီး အလွန်ရန်လိုတဲ့ ဆောင်ရွက်မှုတစ်ခုအဖြစ် မြောက်ကိုးရီးယားဟာ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တယ်” လို့ တောင်ကိုးရီးယား  Joint Chiefs of Staff က သတင်းထုတ်ပြန်ပါတယ်။

ပစ်လွှတ်ပြီးနောက် အခြေအနေတွေနှင့်ပတ်သက်လို့ တောင်ကိုးရီးယား Joint Chiefs of Staf ဥက္ကဋ္ဌ ကင်မ်ဆောင်ကျွန် နှင့် အမေရိကန်စစ်တပ် ကိုးရီးယားစစ်တိုင်းမှူး ပေါလာကင်မရာတို့ဟာ ဆွေးနွေးခဲ့ကြပြီး မြောက်ကိုးရီးယားရဲ့ ဘယ်လိုခြိမ်းခြောက်ရန်စမှုမျိုးကိုမဆို တုန့်ပြန်ဖို့ အဆင်သင့်ရှိကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြတယ်လို့ပြောပါတယ်။

ဒီကိစ္စကို တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောငစီက အရေးပေါ်အစည်းတစ်ခုပြုလုပ်ရန်ရှိပြီး ဗြိတိန်၊အမေရိကန်နှင့် ကနေဒါနိုင်ငံတွေကိုလည်ပတ်ပြီး စနေနေ့ ညပိုင်းမှ ဆိုးလ်ကိုပြန်ရောက်လာတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုကို ဒုံးကျည်ပစ်လွှတ်မှု အစီရင်ခံဖို့ရှိတယ်လို့ သမ္မတရုံးကသတင်းထုတ်ပြန်ပါတယ်။

ဒုံးကျည်ဟာ  အမြင့်ဆုံး ၅၀ကီလိုမီတာအထိ ပုံမှန်မဟုတ်တဲ့လမ်းကြောင်းကနေပျံသန်းခဲ့တာဖြစ်ပြီး  ဂျပန်ရဲ့ အထူး စီးပွားရေး ဇုန်အပြင်ဖက်ကို ကျရောက်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူကာဇူဟာမာဒါက ပြောပါတယ်။  ဒါပေမယ့် သင်္ဘောတွေ လေယာဉ်တွေ ပြဿနာတစ်စုံတစ်ခုဖြစ်ခဲ့တယ်လို့တော့ သတင်းမကြားရဘူးလို့ သူကပြောပါတယ်။

အမေရိကန်တပ် အင်ဒိုပစိဖိတ်စစ်တိုင်းက ဒုံးကျည်ပစ်လွှတ်မှုကို သတိမူမိပြီး မဟာမိတ်တွေနှင့် အနီးကပ်တိုင်ပင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source Reuters

#North_Korea

#Misssile_launch

#Indo_pacific