Published 24 Sept 2022
တရုတ်နိုင်ငံရဲ့ နယ်စပ်ဖြတ်ကျော် တရုတ်ယွမ်ငွေ သုံးစွဲမှုဟာ ၂၀၂၁ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅.၂၄ ထရီလီယံနှင့် ညီမျှတဲ့ တရုတ်ယွမ်ငွေ ၃၆.၆၁ ထရီလီယံအထိရှိခဲ့ပြီး ယမန်နှစ်ထက် ၂၉ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ တရုတ် ဗဟိုဘဏ်က ကြေညာပါတယ်။

အဲဒီတန်ဖိုးတွေထဲမှာ လက်ခံရရှိတာက ၁၈.၅၁ ထရီလီယံ ယွမ်ဖြစ်ပြီး ပေးချေတာက ၁၈.၁ ထရီလီယံ ယွမ်ဖြစ်တယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ တရုတ်ဗဟိုဘဏ်ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က နယ်စပ်ဖြတ်ကျော် အသားတင် စာရင်းရှင်းလင်း စီးဆင်းဝင်ရောက်ဟာ ၄၀၄.၄၇ ဘီလျံ ယွမ် ရှိခဲ့ပြီး  အဲဒီမတိုင်ခင်နှစ်က ယွမ်ငွေ အပြင်သို့စီးဆင်းမှုဟာ ၁၈၅. ၇၉ ဘီလျံယွမ်ငွေရှိတယ်လို့လည်း နှိုင်းယှဉ်ဖော်ပြထားပါတယ်။

၂၀၂၁ခုနှစ်မှာ နယ်စပ်ဖြတ်ကျော် ယွမ်ငွေဖြင့်စာရင်းရှင်းမှုတွေဟာ  နယ်စပ်ဖြတ်ကျော်  ပြည်တွင်းသုံးငွေနှင့် နိုင်ငံခြားငွေတွေ စာရင်းရှင်းလင်းမှုအားလုံးရဲ့ ၄၇.၄ ရာခိုင်နှုန်းရှိပြီး ၁.၂ ရာခိုင်နှုန်းမြင့်တက်လာပါတယ်။

၂၀၂၂ခုနှစ်ရဲ့ ပထမခြောက်လပတမှာ နယ်စပ်ဖြတ်ကျော် ယွမ်ငွေအသုံးပြုမှုဟာ ၂၀.၃၂ ထရီလီယံရှိခဲ့ပါတယ်။ မနှစ်က ထက် ၁၅.၇ ရာခိုင်နှုန်းထပ်မံတိုးတက်လာပါတယ်။ ဒါဟာ နယ်စပ်ဖြတ်ကျော်ပြီး ယွမ်ငွေနှင့် အခြာနိုင်ငံခြားငွေတွေ အသုံးပြုမှုအားလုံးရဲ့ ၄၉.၁ ရာခိုင်နှုန်းဖြစ်ပါတယ်။

ယွမ်ငွေပိုင်ဆိုင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှပ်နှံသူတွေကို ဆက်လက်ပြီး မြင့်မားစွာဆွဲဆောင်ထားဆဲဖြစ်ပြီး  လုံခြုရေးရင်းနှီးမြှပ်နှံမှုဟာလည်း နယ်စပ်ဖြတ်ကျော် ယွမ်ငွေဖြင့် လက်ခံပေးချေမှု အသားတင်စီးဆင်းမှုဟာလည်း စံချိန်တင်မြင့်မားနေတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

 ၂၀၂၁ နှစ်ကုန်မှာ  နိုင်ငံခြားကုမ္ပဏီတွေက ပြည်တွင်းယွမ်ငွေကို စတော့၊စာချုပ်၊ချေးငွေနှင့် စုဆောင်းမှုတွေဟာ ၁၀.၈၃ ထရီလီယွမ်အထိရှိနေပြီး ပြီးခဲ့တဲ့နှစ်ထက် ၂၀.၅ ရာခိုင်နှုန်းတက်လာတာဖြစ်ပါတယ်။

ယွမ်ငွေရဲ့ နိုင်ငံခြားမှတ်ပုံတင်လုပ်ငန်းဈေးကွက်ဟာလည်း ပိုပြီး အသုံးပြုကုန်သွယ်မှုတွေရှိလာနေပါတယ်။ ၂၀၂၁ခုနှစ် နှစ်ကုန်အထိ အဲဒီ အဓိက ‌ေဈေးကွက်တွေဟာ ယွမ်ငွေစုဆောင်းမှု ၁.၅ ထရီလီယံအထိရှိလာနေတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

နိုင်ငံတကာငွေပေးချေမှုမှာ ယွမ်ငွေနှင့်ပေးချေမှုအချိုးအစားဟာ  ၂၀၂၁ ဒီဇင်ဘာမှာ ၂.၇ ရာခိုင်နှုန်းအထိ မြင့်တက်လာ ပါတယ်။  ဒါဟာ ဂျပန်ယန်းငွေဖြင့်ပေးချေတာကို ကျော်ဖြတ်ပြီး ကမ္ဘာ့ငွေကြေးပေးချေမှုမှာ  စတုတ္ထအဆင့်ရောက်ရှိလာတာပါ။ ၂၀၂၂ ဇန်နဝါရီမှာ ၃.၂ ရာခိုင်နှုန်းအထိထပ်မံမြင့်တက်လာပြီး ဒါဟာ စံချိန်တင်သွားတာဖြစ်တယ်လို့  ကမ္ဘာအနှံ့ ဘဏ်အချင်းချင်း ဘဏ္ဍာရေးဆိုင်ရာ တယ်လီဖုန်းဆက်သွယ်မှု အသင်း SWIFT ( ဆွစ်) ရဲ့ ကိန်းဂဏန်းအချက်အလက်များ အရသိရပါတယ်။

Source CCTV+

#Cross-border_RMB

#Yuan_Use

#China_Economy