#World_Health
Published 25 September 2022

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် နောက်ဆက်တွဲလက္ခဏာများခံစားရသူတွေဟာ နောက်တစ်နှစ်အကြာမှာ အလိုအလျောက်ကိုယ်ခံအားတုန့်ပြန်ရောဂါ (Autoimmune disease) ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ ဗန်ကူဗာ ဗြိတိသျှကိုလံဘီယာတက္ကသိုလ်နဲ့ မက်မာစတာတက္ကသိုလ်တို့မှ သုတေသီများက ဖော်ထုတ်လိုက်ပါတယ်။

 

အလိုအလျောက်ကိုယ်ခံအားတုန့်ပြန်ရောဂါဆိုတာဟာ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းများကို ကာကွယ်ရမယ့်အစား ကျန်းမာသန်စွမ်းနေတဲ့အင်္ဂါများကို မှားယွင်းပြီး တိုက်ခိုက်မိတဲ့ အခြေအနေဖြစ်ပါတယ်။

 

ကိုဗစ်နောက်ဆက်တွဲ လက္ခဏာခံစားနေရသူတွေရဲ့ သွေးနမူနာများကို ရယူခဲ့ရာ အလိုအလျောက်ကိုယ်ခံအား တုန့်ပြန်ရောဂါဖြစ်တဲ့လက္ခဏာတွေ မြင်တွေ့ခဲ့ရကြောင်း European Respiratory ဂျာနယ်မှာ ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။

 

ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရသူတွေမှာ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အသက်ရှူမဝခြင်း လက္ခဏာများဖြစ်လေ့ရှိပါတယ်။

 

သွေးနမူနာတွေထဲက ပဋိပစ္စည်းတွေက နောက်ထပ်ဗိုင်းရပ်စ်တွေကို ကာကွယ်နိုင်လားဆိုတာကိုလည်း လေ့လာခဲ့ကြပါတယ်။

 

WHO အဖွဲ့အစည်းကတောင် ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေကို ကိစ္စတစ်ခုအဖြစ် ထည့်သွင်းလာပေမယ့် ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုကုသရမလဲဆိုတာကိုတော့ မသိကြသေးပါဘူး။

 

၂၀၂၀ ဩဂုတ်မှ ၂၀၂၁ စက်တင်ဘာအတွင်း ကိုဗစ်ကူးစက်ခံရသူ ၁၀၆ ဦးကို ခေါ်ယူခဲ့ပါတယ်။

 

လူနာတွေကို အဖွဲ့ ၃ ဖွဲ့ခွဲကာ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမှ သက်သာလာပြီးနောက် ၃ လ၊ ၆ လ၊ တစ်နှစ်အသီးသီးကြာတဲ့အချိန်မှာ အသက်ရှူမဝခြင်း၊ နွမ်းနယ်ခြင်းတို့ ခံစားရလာဆိုတာကို မေးမြန်းခဲ့ကြပါတယ်။

 

တစ်နှစ်ကြာပြီးနောက်မှာတော့ လူတဝက်ကျော်ကျော်လောက်ကပဲ စမ်းသပ်ခံဖို့ ပြန်လာခဲ့ကြပါတယ်။

 

ဒါဟာ မလာတဲ့လူတွေက သက်သာသွားကြတာကြောင့်လို့ သုတေသီများယူဆခဲ့ကြပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group