#World_Health
Published 24 September 2022

 

အိပ်မက်ဆိုးတွေမက်တတ်တဲ့ သက်လတ်ပိုင်းလူကြီးတွေမှာ မှတ်ဉာဏ်ချို့ယွင်းခြင်းပြဿနာဖြစ်လာနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

 

မှတ်ဉာဏ်ချို့ယွင်းမှုမဖြစ်ပေါ်ခင်နှစ်တွေမှာ အိပ်မက်ဆိုးမက်ခြင်း ဖြစ်လေ့ရှိလာတယ်လို့ သုတေသီများက ဆိုပါတယ်။

 

ဘာမင်ဂမ်တက္ကသိုလ်အဖွဲ့က သူတို့ရဲ့တွေ့ရှိချက်က အရေးပါပြီး ဒီလိုလက္ခဏာဖြစ်လာနိုင်တဲ့ လူနာတွေကို ကြိုတင်သိရှိနိုင်ပါတယ်လို့ ဆိုပါတယ်။

 

မှတ်ဉာဏ်ချို့ယွင်းမှုဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သက်လတ်ပိုင်းလောက်မှာကတည်းက သိရှိနိုင်မှာပါလို့ ဒေါက်တာ'အာဘီဒမ်မီအိုတိုင်ကူ'က ပြောပြလိုက်ပါတယ်။

 

ဒီနည်းလမ်းဖြင့် ရောဂါပေါ်ပေါက်ခြင်းကို နှောင့်နှေးအောင် ပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။

 

မှတ်ဉာဏ်ချို့ယွင်းမှုဖြစ်မလာအောင် ကျန်းမာစွာစားသောက်ခြင်းနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့က အဓိကကျတဲ့နှစ်ချက်ဖြစ်ပါတယ်။

 

ကုသလိုမရပေမယ့် မှတ်ဉာဏ်ချို့ယွင်းမှုကို စောစီးစွာသိရှိလျှင် ပိုမိုဆိုးရွားမလာအောင် ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

 

စမ်းသပ်မှုပြုလုပ်ရာမှာ အိပ်မက်ဆိုးဘယ်လောက်အထိ မက်တတ်လဲဆိုတာနဲ့ သူတို့ရဲ့မှတ်ဉာဏ်စမ်းသပ်မှုတွေကို လေ့လာခဲ့ကြပါတယ်။

 

အသက်အရွယ်ကြီးလာတာနဲ့အမျှ မှတ်ဉာဏ်ကျဆင်းလာပြီး ထင်ထားတာထက် လျှင်မြန်စွာကျဆင်းလာတတ်ပါတယ်။

 

တစ်ပတ်အတွင်း အနည်းဆုံးအိပ်မက်ဆိုး ၂ ကြိမ်မက်တတ်တဲ့သက်လတ်ပိုင်းလူကြီးတွေဟာ အိပ်မက်ဆိုးမမက်တဲ့သူတွေထက် မှတ်ဉာဏ်စွမ်းရည် သိသိသာသာကျဆင်းလာပါတယ်။

 

အိပ်မက်ဆိုးမက်တတ်တဲ့ အသက် ၈၀ ကျော်လူကြီးတွေဟာ မှတ်ဉာဏ်ချို့ယွင်းခြင်းခံစားရနိုင်ချေ နှစ်ဆပိုများနေပါတယ်။

 

ဒါဟာ ဦးနှောက်ညာဘက်အရှေ့ခြမ်းမှာ အာရုံကြောဆုတ်ယုတ်လာခြင်းကြောင့်လို့ မှတ်ယူနေကြပါတယ်။

 

Source: Daily Mail
#Yangon_Media_Group