#World_Health
Published 22 September 2022

 

အိမ်တိုင်းမှာရှိတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဟာ ဆီးချိုရောဂါကို သက်သာစေနိုင်တဲ့အစွမ်းရှိကြောင်း ကျွမ်းကျင်သူများက အခိုင်အမာဆိုလိုက်ပါတယ်။

 

နာတာရှည်ရောဂါဖြစ်တဲ့ ဆီးချိုရောဂါဟာ ကုသမှုလိုအပ်ရုံမက နေထိုင်မှုပုံစံ အစားအသောက်တွေနဲ့လည်း ထိန်းချုပ်ရပါတယ်။

 

ဒီရောဂါအတွက် ကုသဆေးမရှိပေမယ့် ရောဂါအခြေအနေကိုတော့ သက်သာအောင် ပြုလုပ်နိုင်ပါတယ်။

 

ဆီးချိုရောဂါသည်တွေမှာ ခန္ဓာကိုယ်ထဲက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်း လုံလောက်စွာ မထုတ်လုပ်နိုင်ပါဘူး။

 

သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်ရင် အသက်အန္တရာယ်ရှိသည်အထိ မြင့်တက်သွားနိုင်ပါတယ်။

 

ဆန်ဒီယေဂိုနှစ်စဉ်ဆွေးနွေးပွဲမှာ တင်ပြချက်အရ ကြက်သွန်နီကရရှိတဲ့အရည်ဟာ သွေးတွင်းသကြားဓာတ်ကို အတော်လေးလျှော့ချနိုင်ပါတယ်။

 

ကြက်သွန်နီအရည်ကို ဆီးချိုကျဆေး မက်ဖော်မင်နဲ့တွဲပြီး အသုံးပြုရတာဖြစ်ပါတယ်။

 

ကြက်သွန်နီက ဈေးသက်သာပြီး အလွယ်တကူရရှိနိုင်တဲ့အပြင် အဟာရဖြည့်စွက်စာအဖြစ်လည်း အသုံးပြုနိုင်ကြောင်း နိုက်ဂျီးရီးယား အာဘရာကာရှိတက္ကသိုလ်မှ 'အန်သိုနီအိုဂျီယာ'က ပြောပြခဲ့ပါတယ်။

 

ဆေးပညာအရ ဆီးချိုဖြစ်အောင်ပြုလုပ်ထားတဲ့ ကြွက်တွေကို အဖွဲ့ ၃ ဖွဲ့ခွဲကာ မတူညီတဲ့ ကြက်သွန်နီအရည်ပမာဏတွေနဲ့ စမ်းသပ်ခဲ့ပါတယ်။

 

ခန္ဓာကိုယ် ၁ ကီလိုဂရမ်အတွက် ကြက်သွန်နီအရည် ၂၀၀ မီလီဂရမ်၊ ၄၀၀ မီလီဂရမ်၊ ၆၀၀ မီလီဂရမ် အသီးသီး စားသုံးစေခဲ့ပါတယ်။

 

ဒီနောက် ဆီးချိုမရှိတဲ့ ကြွက်တွေနဲ့ နှိင်းယှဉ်ခဲ့ကြရာမှာ ၄၀၀ မီလီဂရမ်နဲ့ ၆၀၀ မီလီဂရမ်ပေးတဲ့ကြွက်တွေမှာ သွေးတွင်းသကြားဓာတ်က ၅၀ ရာခိုင်နှုန်းနဲ့ ၃၅ ရာခိုင်နှုန်းအသီးသီး လျော့ကျသွားတဲ့အပြင် ကိုလက်စ်ထရောပမာဏပါ လျော့ကျခဲ့ပါတယ်။

 

"ကြက်သွန်နီက ကယ်လိုရီနည်းပါးပြီး ဇီဝကမ္မဖြစ်စဉ်ကို မြန်စေကာ ဆာလောင်စိတ်ဖြစ်ပေါ်လာတဲ့အတွက် အစားပိုစားမိပါတယ်၊ ကြက်သွန်နီက သွေးတွင်းသကြားဓာတ်ကျဆင်းစေရတဲ့ အကြောင်းအရင်းကိုတော့ သေချာလေ့လာရဦးမှာပါ" လို့ 'အိုဂျီယာ'ကဆိုပါတယ်။

 

အချို့သိပ္ပံပညာရှင်တွေကတော့ "ကျွန်ုပ်တို့ဟာ ကြက်သွန်နီကို အမြဲတမ်းစားသုံးနေပေမယ့် ဆီးချိုဖြစ်တဲ့လူတွေ အများကြီးရှိနေဆဲပါ၊ တိတိကျကျကောက်ချက်ချဖို့ စောလွန်းပါသေးတယ်၊ လူသားတွေနဲ့စမ်းသပ်ဖို့လည်း လိုအပ်ပါတယ်" လို့ ပြောပြကြပါတယ်။

 

ဆီးချိုရှိလို သွေးတွင်းသကြားဓာတ်လျှော့ချင်တယ်ဆိုရင် ဟင်းသီးဟင်းရွက် စားသုံးတဲ့အကျင့်ကနေ စတင်သင့်ပါတယ်။

 

ကျန်းမာမျှတစွာစားသုံးခြင်းက နှလုံးနဲ့ ကျောက်ကပ်ရောဂါတို့ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။

 

Source: The Sun
#Yangon_Media_Group