Published 19 Sept 2022

တနင်္ဂနွေနေ့က ပြင်းထန်တဲ့ငလျင်တစ်ခု ထိုင်ဝမ်တွင် လှုပ်ရှားခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အဆောက်အဦအနည်းငယ် ပြိုကျခဲ့ပါတယ်။ တနင်္ဂနွေနေ့ မွန်းလွ ၂နာရီ ၄၄ မိနစ်မှာ  ပြင်းအား ၆.၉ အဆင့်ရှိငလျင်ဟာ ထိုင်ဝမ်မြောက်ပိုင်း တိုင်တွန်းမှာ မြေအောက် ၁၀ကီလိုမီတာအနက်ကနေ လှုပ်ရှားခဲ့တာပါ။  စနေနေ့ညတုန်းကလည်း ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်ကြီးတစ်ခု အဆိုပါနေရာမှာပဲ လှုပ်ရှားခဲ့ပါသေးတယ်။

ဟောလျန်စီရင်စု ရဲဌာနကက ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ ယုလီမြို့က ပြိုကျနေတဲ့ အဆောက်အအုံတစ်ခုထဲကနေ အသက် ၅နှစ်အရွယ် သမီးငယ်လေးနှင့် မိခင်ဖြစ်သူတို့ကို ကယ်ဆယ်နေတဲ့ပုံတွေ ဖော်ပြထားပါတယ်။

Source AFP

#Taiwan_earthquakes

#Taiwan_ Hualien

#Earthquakes