Published 18 Sept 2022

"Hunt" ဆိုတဲ့ရုပ်ရှင်က ဇာတ်လိုက်နှစ်ယောက်အကြောင်းပါ သူတို့ရဲ့ ခံယူချက်တွေက သမာသမတ်ကျသလား မကျဘူးလား ဆိုတဲ့အကြောင်း ရိုက်ကူးထားတာပါ” လို့ တောင်ကိုးရီးယား ရဲ့နာမည်ကြီး စကွစ်ဂိမ်း Squid Game" ဒရာမာရဲ့ အဓိက ဇာတ်ဆောင်နှင့် ဒါရိုက်တာ လီဂျွန်ဂျေး က ပြောပါတယ်။ သူဟာ မကြာသေးခင်ကကျင်းပခဲ့တဲ့ အမ်မီဆုပေးပွဲမှာ စကွစ်ဂိမ်းနှင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုရရှိခဲ့ပါတယ်။

သူက တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကား "Hunt" အကြောင်း အေအက်ဖ်ပီနှင့် အင်တာဗျူးမှာပြောထားပါတယ်။

ဒီဇာတ်ကားကြည့်ပြီးရင် ငါ့ရဲ့ခံယူချက်ဟာ သမာသမတ်ရှိရဲ့လားဆိုပြီး ပရိဿတ်က ကိုယ့်ကိုကိုယ်ပြန်မေးနိုင်ကြလိမ့်မယ်လို့ “လီ” ကယုံကြည်နေပါတယ်။

Source AFP

#Squid_Game

#Lee_Jung-jae

#Hunt_ Lee_Jung-jae