#World_Health
Published 18 September 2022

 

လေ့လာချက်တစ်ခုအရ ဆိုရှယ်မီဒီယာတွေမှာ ဆယ်ကျော်သက်မတိုင်ခင်အရွယ်ကလေးတွေမှာပါ သက်ရောက်မှုရှိလာပြီး အသက် ၁၀ နှစ်အရွယ်ကလေးတွေဟာ တစ်ပတ်အတွင်း တစ်ညတာအိပ်ချိန်နီးပါးလောက် အိပ်ရေးပျက်လာကြကြောင်း ဖော်ပြထားပါတယ်။

 

လေ့လာမှုပြုခဲ့တဲ့ ကလေးတွေထဲက ၇၀ ရာခိုင်နှုန်းလောက်ဟာ တစ်နေ့ကို ၄ နာရီမျှ ဆိုရှယ်မီဒီယာအသုံးပြုကြပြီး ၂ နာရီလောက်က မအိပ်ခင်မှာ အသုံးပြုကြတာဖြစ်ပါတယ်။

 

The Times UK မှတင်ပြချက်အရ ကလေးအများစုအသုံးပြုကြတာတွေက TikTok ၊ YouTube နဲ့ Snapchat တို့ ဖြစ်ပါတယ်။

 

လေ့လာချက်အရ ကလေးအများစုဟာ လုံလောက်တဲ့အိပ်စက်ခြင်းမျိုး မရရှိကြပါဘူး။

 

တစ်ပတ်အတွင်း အိပ်ချိန် ၈ နာရီမှ ၉ နာရီလောက်အထိ အိပ်ချိန်ဆုံးရှုံးနေကြတယ်လို့ သုတေသီများကဆိုပါတယ်။

 

လက်ကိုင်ဖုန်းနဲ့ အခြားဖန်သားပြင်များမှ ထွက်လာတဲ့အလင်းပြာတွေဟာ ခန္ဓာကိုယ်တွင်းက တစ်နေ့တာလည်ပတ်မှုဖြစ်စဉ်ကို ထိခိုက်စေပြီး အိပ်ချိန်ကိုနှောင့်နှေးစေပါတယ်။

 

မအိပ်ခင် လက်ကိုင်ဖုန်းကို တစ်နာရီ ၂ နာရီလောက် အသုံးပြုသူတွေဟာ အိပ်ပျော်ဖို့ခက်ခဲလေ့ရှိပါတယ်။

 

TikTok နဲ့ Instagram တို့လို အရာတွေက ကလေးတွေရဲ့အိပ်စက်ခြင်းနဲ့ စိတ်ခံစားချက်တွေကို သက်ရောက်နေတယ်ဆိုတာ သုတေသီတွေက ယုံကြည်နေကြပါတယ်။

 

အသက် ၁၀ နှစ်အရွယ်ကလေးတွေ ဆိုရှယ်မီဒီယာအသုံးပြုခြင်းရဲ့နောက်ကွယ်က အဓိကအကြောင်းအရင်းတစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ အကြောင်းအရာတစ်ခုခုကို မသိလိုက်မှာကို စိုးတာပါပဲ။

 

မူလတန်းအရွယ်ကလေးတွေဟာ တစ်ညကို ၉ နာရီမှ ၁၁ နာရီအိပ်ချိန်ရှိသင့်ပေမယ့် လေ့လာမှုပြုခဲ့တဲ့ကလေးတွေထဲက ၂ ယောက်သာ ထိုပမာဏအတိုင်း အိပ်ချိန်ရရှိခဲ့ပါတယ်။

 

ဆိုရှယ်မီဒီယာတွေအသုံးပြုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ လုံလောက်တဲ့အိပ်ချိန် မရရှိတာပါပဲ။

 

ဆိုရှယ်မီဒီယာ သိပ်ပြီးအသုံးမပြုတဲ့ ကလေးတွေကို ရှာဖွေကြည့်ရာမှာ မရှိသလောက်ကို ရှားပါးနေပါတယ်။

 

မိဘတွေအနေနဲ့ သူတို့ကလေးတွေကို ဆုံးမသင့်ပေမယ့် ကလေးတွေ ဖုန်းအသုံးပြုနေတဲ့အချိန်မှာဆိုရင် မိဘစကားနားထောင်လေ့မရှိဘူးလို့ လေ့လာတွေ့ရှိရပါတယ်။

 

Source: WION
#Yangon_Media_Group