#World_Politics
Published 14 September 2022

 

ထိုင်ဝမ်ကို တရုတ်တို့ကျူးကျော်ဖို့ ကြိုးပမ်းနေခြင်းကို ဝင်ရောက်နှောင့်ယှက်တဲ့အနေနဲ့ အမေရိကန်က တရုတ်အပေါ် စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ရန် စဉ်းစားသုံးသပ်နေကြပြီး ထိုင်ဝမ်ကလည်း တရုတ်ကို ထိုကဲ့သို့အရေးယူပိတ်ဆိုရန် ဥရောပသမဂ္ဂကို သံတမန်ရေးအရ ဖိအားပေးနေကြောင်း နီးစပ်တဲ့သတင်းအရင်းအမြစ်မှ သိရှိရပါတယ်။

 

အမေရိကန်နဲ့ ထိုင်ဝမ်တို့မှ အီးယူသံတမန်များက ထိုကိစ္စဆွေးနွေးရာမှာ အစောပိုင်းအဆင့်ရောက်ရှိနေကြပြီဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်နဲ့ စစ်ရေးတင်းမာမှုမြင့်တက်လာမှုအကြား ကျူးကျော်လာနိုင်တဲ့အခြေအနေကို တုံ့ပြန်တဲ့သဘော ဖြစ်ပါတယ်။

 

အနောက်နိုင်ငံမှ ဒဏ်ခတ်ပိတ်ဆို့မယ့်အကြံအစည်ထဲမှာ ကွန်ပျူတာဆားကစ်တွေနဲ့ ဆက်သွယ်ရေးပစ္စည်းများကဲ့သို့ နည်းပညာပိုင်းပစ္စည်းများအား တရုတ်နဲ့ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုကို တားမြစ်ရန်ဖြစ်ပါတယ်။

 

သတင်းအတိအကျ မသိရသေးပေမယ့် ကမ္ဘာ့ဒုတိယမြောက်စီးပွားရေးအတောင့်တင်းဆုံးနဲ့ ကမ္ဘာ့ကုန်ကြမ်းပစ္စည်းထောက်ပံ့ရေး ကွင်းဆက်မှာ အကြီးမားဆုံးတစ်နိုင်ငံဖြစ်တဲ့ တရုတ်ကို ပိတ်ဆို့မှုတွေပြုလုပ်မှာလားဆိုတဲ့ ဖြစ်နိုင်ချေတွေ ပေါ်ထွက်လာပါတယ်။

 

"တရုတ်ကို ပိတ်ဆို့မှုချမှတ်ရတာက ရုရှားထက် ပိုပြီးရှုပ်ထွေးပါတယ်၊ အမေရိကန်နဲ့ မဟာမိတ်တွေက တရုတ်စီးပွားရေးနဲ့ နက်နက်နဲနဲ ပါဝင်ပတ်သက်နေကြပါတယ်"လို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနမှ အကြီးတန်းအရာရှိဟောင်း'နာဇက်ခ်နီကက်ထာ'က ပြောပြသွားပါတယ်။

 

တရုတ်က ထိုင်ဝမ်ကို သူတို့ပိုင်ဆိုင်တယ်လို့ ဆိုထားကာ ပြီးခဲ့တဲ့လက အမေရိကန်အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ဝမ်ကို လာရောက်လည်ပတ်ပြီးနောက် တရုတ်တို့က စစ်ရေးပြသခဲ့ကြပြီး တရားမဝင်ရေပြင်နေရာမှာ စစ်သင်္ဘောများလွှင့်ပြခဲ့ပါတယ်။

 

တရုတ်သမ္မတ'ရှီကျင့်ဖင်'က ဒီမိုကရက်တစ်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်လက်အောက်သို့ သိမ်းသွင်းရန်စိတ်ပိုင်းဖြတ်ထားပြီး အင်အားသုံးလာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

 

ထိုင်ဝမ်အစိုးရကတော့ တရုတ်ရဲ့အချုပ်အခြာအာဏာအောက်မှာ မရှိစေရန် အပြင်းအထန်ငြင်းဆန်ထားပါတယ်။

 

ယူကရိန်းကို ရုရှားကျူးကျော်ပြီးခါမှ အမေရိကန်တိုက ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွေးနွေးလာကြပေမယ့် အခုတရုတ်ရဲ့တုံ့ပြန်ပုံကြောင့် တရုတ်ကိုအရေးယူဖို့ အရေးပေါ်ဆွေးနွေးနေကြပြီလို့ သိရှိရပါတယ်။

 

ဇန်နဝါရီလတုန်းက နေတိုး(NATO)မဟာမိတ်များရဲ့ ကူညီမှုနဲ့ အမေရိကန်က ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မယ့်အကြောင်း ခြိမ်းခြောက်ခဲ့ပေမယ့် ယူကရိန်းကို မကျူးကျော်နိုင်အောင် ရုရှားသမ္မတ'ဗလာဒီမာပူတင်'ကို မတားဆီးနိုင်ခဲ့ပါဘူး။

 

ဥရောပနဲ့အာရှမှ နိုင်ငံများပူးပေါင်းကာ ထိုကိစ္စအပေါ်အရေးစိုက်ရန်နဲ့ တရုတ်ကို ရန်သွားမစမိဖို့ အရာရှိတစ်ဦးက သတိပေးလိုက်ပါတယ်။

 

အရေးယူ ပိတ်ဆို့မှုဆွေးနွေးပွဲမှာတော့ ထိုင်ဝမ်ကိုမကျူးကျော်နိုင်အောင် တရုတ်ကို နည်းပညာများရယူခွင့်များအား ပိတ်ပင်တားဆီးဖို့အကြောင်း ပါဝင်နေပါတယ်။

 

တရုတ်တို့ရဲ့စစ်ရေးကစားပွဲနဲ့ ထိုင်ဝမ်၊ အမေရိကန်၊ ဥရောပဒေသတွေမှာ တရုတ်ရဲ့စိန်ခေါ်လာမှုများအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

 

အမေရိကန်မှာရှိတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တရုတ်သံရုံးတို့ကတော့ ဒီကိစ္စများအကြောင်း မှတ်ချက်ပြုပြောကြားဖို့ တောင်းဆိုခဲ့ရာမှာ ဖြေကြားခြင်းမရှိခဲ့ပါဘူး။

 

Source: Reuters
#Yangon_Media_Group