#Health_Tips
Published 14 September 2022

 

အကောင်းဆုံးအသီးတွေထဲမှာ သရက်သီးအပါအဝင်ဖြစ်ပါတယ်။

သရက်သီးက အမျိုးအစားများစွာကွဲပြားသလို အနံ့အရသာတွေလည်း မတူညီကြပါဘူး။

 

တစ်ကမ္ဘာလုံးမှာ သရက်သီးကို နှစ်ခြိုက်စွာစားသုံးကြပြီး တစ်နှစ်ပတ်လုံးရရှိနိုင်ပါတယ်။

 

ဒါ့အပြင် အဟာရဓာတ်များစွာလည်း ပေးနိုင်ကာ ကျန်းမာရေးကောင်းကျိုးများ ရရှိနိုင်ပြီး ဗိုက်တာမင်-အေ၊ ဗိုက်တာမင်-စီ၊ အမျှင်ဓာတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ် တို့ပါဝင်ပါတယ်။

 

- အစာချေရလွယ်ကူခြင်း

 

သရက်သီးတွေမှာပါဝင်တဲ့ အမျှင်ဓာတ်က အစာချေစနစ်ကို ကျန်းမာကောင်းမွန်စေပါတယ်။

 

ဝမ်းချုပ်တဲ့အချိန်မှာ ရေဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်တဲ့ သရက်သီးက အဆင်ပြေစေမှာ ဖြစ်ပါတယ်။

 

- ရင်ကြပ်ဝေဒနာအတွက် ဆေးစွမ်းတစ်လက်

 

ဘီတာကယ်ရိုတင်းများစွာ စားသုံးရင် ရင်ကြပ်မဖြစ်စေနိုင်ပါဘူး။

 

ရင်ကြပ်ရှိပြီးသားလူတွေအတွက်လည်း ခံစားရသက်သာစေပါတယ်။

 

- မျက်လုံးအတွက် အကောင်းဆုံး

 

သရက်သီးမှာပါဝင်တဲ့ ဇန်သင်းလို့ခေါ်တဲ့ အန်တီအောက်ဆီဒင့်က အမြင်အာရုံပြဿနာများကို ကူညီပေးပြီး မျက်လုံးထိခိုက်စေတဲ့ အလင်းရောင်မှ ကာကွယ်ပေးပါတယ်။

 

- အရေပြားနဲ့ဆံပင်အတွက် သင့်တော်ခြင်း

 

ဗိုက်တာမင်-စီက အသားအရည်တင်းရင်းစေပြီး ဗိုက်တာမင်-အေက ဆံပင်နဲ့ အသားအရည်အတွက် အစိုဓာတ်ထိန်းသိမ်းပေးပါတယ်။

 

- မှတ်ဉာဏ်စွမ်းရည်မြှင့်တင်ပေးခြင်း

 

ဂလူတမင်းက မှတ်ဉာဏ်ကိုလှုံ့ဆော်ပေးပြီး လေ့လာမှတ်သား ဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

 

စာမေးပွဲရှိတဲ့အခါ သရက်သီးလတ်လတ်ဆတ်ဆတ်လေး စားပေးသင့်ပါတယ်။

 

- ကင်ဆာကာကွယ်ပေးခြင်း

 

သရက်သီးစားပေးတဲ့အခါ အထူးသဖြင့် ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာတို့ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်တယ်လို သိပ္ပံပညာရှင်များ စမ်းသပ်တွေ့ရှိထားပါတယ်။

 

- အရသာ

 

သရက်သီးက ဒီအတိုင်းစားရင်ကို အရသာရှိတာဖြစ်တဲ့အတွက် အချိုပွဲအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

 

Source: Soo Healthy
#Yangon_Media_Group