Published 5 Sept 2022

(၇)ကြိမ်မြောက် အရှေ့ပိုင်းစီးပွားရေးဖိုရမ် (EEF) ကို ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့ခ်မြို့တွင်  စက်တင်ဘာ (၅)ရက် တနင်္လာနေ့က” ဝင်ရိုးစုံကမ္ဘာသို့ ဝင်ပေါက်လမ်း”ဆိုတဲ့ အာဘော်နှင့်   ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံပေါင်း ၆၀ကျော်နှင့် ဒေသတွေက ကိုယ်စားလှယ်တွေ ဖိုရမ်တက်ရောက်လာကြတယ်လို့ ကြီးမှူးကျင်းပသူက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် ဖိုရမ်ရဲ့ မျက်နှာစုံညီအစည်းအဝေးကို ရုရှားသမ္မတ ဗလက်ဒီမာ ပူတင်တက်ရောက်ဖို့ရှိပါတယ်။

EEF ဟာ ၂၀၁၅ခုနှစ် မေလမှာပူတင်ရဲ့ အမိန့်ဒီကရီနှင့် တည်ထောင်ခဲ့ပါတယ်။ အဲဒီအမိန့်ဒီကရီအရ ဗလက်ဒီဗိုစတော့ခ်မှာ နှစ်စဉ်ကျင်းပရမှာဖြစ်ပြီး ရုရှားရဲ့ အရှေ့ဖျားဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဖို့နှင့် အာရှပစိဖိတ်ဒေသမှာ နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေးချဲ့ထွင်ဖို့ ရည်ရွယ်ပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Source CCTV+

#Eastern_Economic_Forum_(EEF)

#7th_EEF

#Vladivostok_Russia