Published 4 Sept 2022

တရုတ်နိုင်ငံက နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့  ချီမင်ရှင်း-၅၀ သို့မဟုတ် ဖော့စ်ဖရပ်-၅၀ လို့အမည်ပေးထားတဲ့ လေယာဉ်ကို စနေနေ့ကတရုတ်နိုင်ငံ အနောက်မြောက် ရှန်ရှီးပြည်နယ်က ယုလင်မြို့မှာ  အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အဓိက လေယာဉ်ပျံထုတ်လုပ်တဲ့ တရုတ်လေကြောင်းစက်မှုလုပ်ငန်းကော်ပိုရေးရှင်း AVIC ရဲ့ အမှတ်(၁) လေယာဉ်ဒီဇိုင်းနှင့်သုတေသနဌာနက ထုတ်လုပ်တဲ့ အဲဒီ နေရောင်ခြည်စွမ်းအင်သုံး ဒရုန်းကြီးဟာ  စနေနေ့ ညနေ(၅)နာရီ မိနစ်(၅၀)မှာ ပျံတက်ခဲ့ပြီး ၂၆မိနစ်ကြာပျံသန်းပြီးနောက် ညနေ ၆နာရီ ၁၆ မိနစ်မှာ ချောမွေ့စွာဆင်းသက်နိုင်ခဲ့ပါတယ်။

ဒီလေယာဉ်ဟာ AVIC ကထုတ်လုပ်တဲ့ အလွန်မြင့်မားတဲ့ သွင်ပြင်အချိုးအစားရှိတဲ့ အမြင့်ပျံ မြန်နှုန်းနိမ့် လေယာဉ်ပျံတစ်စီးဖြစ်ပါတယ်။ပထမဆုံး လေယာဉ်ကိုယ်ထည်နှစ်ခုနှင့် အကြီးစားလေယာဉ်ဖြစ်ပြီး ပထမဆုံး နေရောင်ခြည်စွမ်းအင်တစ်ခုတည်းသုံး အရာအားလုံး လျှပ်စစ်နှင့် အရွယ်ကြီးမား ဒရုန်းပလက်ဖောင်းလည်းဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ အမြင့် ထောက်လှမ်းခြင်းတောမီးလောင်မှုစောင့်ကြပ်ကြည့်ရှုခြင်း၊ လေထုဝန်းကျင်စောင့်ကြပ်ကြည်ရှုခြင်း၊ ပထဝီအနေအထားမြေပုံမှတ်သားခြင်းနှင့်ဆက်သွယ်ရေးဆောင်ရွက်ခြင်းတွေ အတွက် သန့်ရှင်းစိမ်းလန်းပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြုတဲ့ နေရောင်ခြည်စွမ်းအင်သုံးကာ အမြင့်မှာ အချိန်ကြာကြာ မရပ်မနားပျံသန်းနိုင်ပါတယ်။

ယခုလေယာဉ်တည်ဆောက်နိုင်တဲ့အတွက် လေကြောင်းပျံသန်းရေးမှာ မောင်းသူမဲ့ နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် အကြီးစားတွေတည်ဆောက်ဖို့ ခိုင်မာတဲ့အုတ်မြစ်တစ်ခု အောင်မြင်စွာချလိုက်နိုင်တာလို့ သတင်းကဖော်ပြပါတယ်။

Source: CCTV Plus

#Solar_powered_unmanned_aircraft

#China_avaiation

#Green_energy