Published 28 Aug 2022

ကမ္ဘာကြီးဟာ  စားနပ်ရိက္ခာ မရေရာမှုတွေ ယိုယွင်းလာမှုတွေနှင့်  လွန်ခဲ့တဲ့ သုံးနှစ်အတွင်း  ရင်ဆိုင်နေခဲ့ရတယ်လို့  ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်အဖွဲ့က သတိပေးလိုက်ပါတယ်။ စားနပ်ရိက္ခာ မလုံလောက်မှုတွေ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ ကမ္ဘာ့လူဦးရေဟာ  လူဦးရေ ၃၄၅ သန်းအထိရှိလာပြီး ရာခိုင်နှုန်းအားဖြင့် ၁၅၀ ရာခိုင်နှုန်းတိုးလာတာ လို့ အဖွဲ့ကပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲခြင်းနှင့်ကမ္ဘာ့အကြီးဆုံး ဂျုံထုတ်လုပ်တင်ပို့တဲ့ ရုရှားနှင့်ယူကရိန်း ပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာ မလုံခြုံ မရောရာမှုတွေဖြစ်နေပါတယ်။ ဂျုံတင်ပို့မှုကျဆင်းသွားတဲ့အတွက် ကမ္ဘာ့ဈေးနှုန်းတွကလည်း မြင့်တက်လာတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကပြောပါတယ်။

ကပ်ရောဂါဘေးမသင့်ခင် ၂၀၁၉ခုနှစ်မှာ လူဦးရေ ၁.၃၅ သန်းဟာ စားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်ခဲ့ရပြီး  အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတို့လို အားနည်းမှုတွေရှိနေတဲ့ ဒေသက ယီမင်လိုနိုင်ငံမျိုးတွေမှာ စားနပ်ရိက္ခာ မလုံခြုံမှု နာတာရှည်ခံစားနေကြရပါတယ်။

ကမ္ဘာ့လူဦးရေ ၈၂၈သန်းဟာ ညစဉ် ဆာလောင်မွတ်သိပ်စွာနှင့်ပဲ အိပ်ရာဝင်နေကြရပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံမှ လူသန်း၅၀ခန့်ဟာ အငတ်ကပ်ဘေးရောက်လုနီးဖြစ်နေကြရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Source: CCTV Plus

#World_Food_Programme

#Severe_food_shortage

#Russia_Ukraine_Crisis