Published 28 Aug 2022

တစ်ကမ္ဘာလုံးမှာ လက်ရှိအသုံးပြုနေတဲ့ လေယာဉ်တင်သင်္ဘော ၄၇ စီးရှိနေပါတယ်။  အဲဒီ (၄၇)စီးကို နိုင်ငံပေါင်း ၁၄ နိင်ငံ ကသာ စီမံလုပ်ဆောင်နေတာဖြစ်ပါတယ်။ လေယာဉ်တင်သင်္ဘောဆိုတာ ရေတပ်ရဲ့ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုဖြစ်ပြီး စစ်ဆင်ရေးအတွက်သာမကဘဲ ရေပိုင်နက်ကို စောင့်ကြပ်ထိန်းသိမ်းရတဲ့ တာဝန်ပါ ထမ်းဆောင်ကြရတာပါ။

အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ဗြိတိန်၊ပြင်သစ်နှင့် အိန္ဒိယတို့ဟာ သင်္ဘောရဲ့ ဝမ်းပမာဏနှင့်ညီမျှတဲ့ရေထုအလေးချိန်အရ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင် သင်္ဘော ၁၀စီးကို ပိုင်ဆိုင်ထားကြပါတယ်လို့ ရေတပ်ဗိသုကာ ဟာရီအဲလက်ဇင်းဒါး ကာရန်နက်ဆော့ ကပြောပါတယ်။

အဲဒီအကြီးဆုံး လေယာဉ်တင်သင်္ဘော (၁၀)စီးကို အဆင့်  အနိမ့်မှအမြင့်အလိုက် ဖော်ပြအပ်ပါတယ်။

၁၀။ချားလ်စ်ဒီဂေါ Charles De Gaulle (ပြင်သစ်)

ချားလ်စ်ဒီဂေါဟာ ၂၀၁၁ခုနှစ်မှာ စတင်တာဝန်ထမ်းဆောင်ပြီး ပြင်သစ်ရေတပ်ရဲ့ ရေယာဉ်စုမှူးစီးနင်းတဲ့ သင်္ဘောအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဒီသင်္ဘောဟာ ပြင်သစ်ရဲ့ ပထမဆုံးနှင့်တစ်ခုတည်းသော နျူကလီးယားစွမ်းအင်သုံး သင်္ဘော ဖြစ်ပါတယ်။

အဲဒီစစ်သင်္ဘောဟာ အလျား ၈၅၈ ပေရှိပြီး ၂၁၈ပေ အမြင့်ရှိပါတယ်။ သင်္ဘောရဲ့ဝမ်းပမာဏာနှင့် ညီမျှတဲ့ ရေထုအလေးချိန် Displacement ဟာ ၄၂,၅၀၀ တန်ရှိပါတယ်။သင်္ဘောသား ၁၂၀၀ တင်ဆောင်နိုင်ပါတယ်။

Dassault Rafale M တိုက်လေယာဉ်အစီး (၄၀)နှင့် Super Etendard ခေတ်မီလေယာဉ်တွေနှင့် Northrop Grumman E-2C Hawkeyesတွေ အပါအဝင် ဒါဇင်ပေါင်းများစွာသော လေယာဉ်တွေအသုံးပြုနိုင်ပါတယ်။

၉။ အိုင်အင်န်အက်စ် ဗီကရာမာဒစ်ယာ INS Vikramaditya (အိန္ဒိယ)

အိုင်အင်န်အက်စ် ဗီကရာမာဒစ်ယာ ဟာ ဆိုဗီယက်လုပ် လေယာဉ်တင်သင်္ဘောဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ အိန္ဒိယရေတပ်က စတင် အသုံးပြုပါတယ်။ ဒီစစ်သင်္ဘောဟာ လက်ရှိ အိန္ဒိယရေတပ်ရဲ့ ရေယာဉ်စုမှူးသင်္ဘောဖြစ်ပါတယ်၊ ရုရှားထံမှ ဒေါ်လာ ၂.၃၅ ဘီလျံဖြင့်ဝယ်ယူခဲ့ပါတယ်။

ပင်လယ်နက်သင်္ဘောကျင်းက တည်ဆောက်တဲ့ ဒီသင်္ဘောဟာ အလျား ၉၃၂ ပေရှိ ပြီး Displacement ဟာ တန်ချိန်ပေါင်း ၄၄၅၀၀ ရှိပါတယ်။ သင်္ဘောသား ၁၆၀၀ တင်ဆောင်နိုင်ပါတယ်။

သင်္ဘောဟာ လေယာဉ်ပျံ အစီး ၃၀ အသုံးပြုနိုင်ပါတယ်။ အဲဒီအထဲမှာ Mikoyan MiG-29K ဘက်စုံတိုက်လေယာဉ်တွေနှင့် Kamov Ka-31၊KA-28 ရဟတ်ယာဉ်တွေပါဝင်ပါတယ်။

၈။အိုင်အင်န်အက်စ် ဗီကရန့် INS Vikrant (အိန္ဒိယ)

ကိုချင်းသင်္ဘောကျင်းကတည်ဆောက်ပြီး ပထမဆုံးပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်မှာ ရေချခဲ့ပါတယ်။ သင်္ဘောတည်ဆောက်ကုန်ကျစရိတ်ပေါင်း ဒေါ်လာ ၃.၅ ဘီလျံရှိပါတယ်။  ၂၀၁၈ခုနှစ်မှာ စတင်သုံးဖို့ ရည်ရွယ်ခဲ့ပေမယ့် ကပ်ဘေးကြောင့် နောက်ကျခဲ့ရပါတယ်။

အိုင်အင်န်အက်စ်ဗီကရန့်ဟာ Displacement အားဖြင့် ၄၅,၀၀၀ တန်ရှိပြီး အိန္ဒိယရေတပ်ရဲ့ အကြီးဆုံး လေယာဉ်တင်သင်္ဘော ဖြစ်ပါတယ်။ အလျား ၈၆၀ပေရှိပြီး အမြင့်၁၉၄ပေရှိပါတယ်။ သင်္ဘောသား ၁၆၄၅ဦးတင်ဆောင်နိုင်ပါတယ်။

ပြည်တွင်းမီဒီယာတွေက ဒီသင်္ဘောကို လက်ရွေးစင် စစ်သင်္ဘောကြီးလို့ ဖော်ပြကြပါတယ်။ MiG-29K တိုက်ဂျက်လေယာဉ်၊ Kamov-31 ရဟတ်ယာဉ်တွေနှင့် Sikorsky MH-60R Seahawk ရဟတ်ယာဉ်တွေ အသုံးပြုနေပါတယ်။

၇။လျောင်နင်း ပုံစံ၀၀၁ Liaoning, Type 001  (တရုတ်)

လျောင်နင်းကို ပုံစံ ၀၀၁လို့သိကြပြီး ၂၀၁၂ မှာစတင်အသုံးပြုပါတယ်။ ဒီသင်္ဘောကို ပင်လက်နက် သင်္ဘောကျင်းက ဆိုဗီယက် ခေတ်မှာ တည်ဆောက်ခဲ့ပါတယ်။ တရုတ်စစ်တပ်က ဒီသင်္ဘောကို ယူကရိန်းထံမှ ဝယ်ယူခဲ့တာပါ။

ဒီလေယာဉ်တင်သင်္ဘေဟာ ၉၉၉ပေ အလျားရှိပြီး  Displacementက ဝန်အပြည့်မှာ ၆၀၉၀၀ တန်ရှိပါတယ်။ သင်္ဘောသား ၂၅၀၀ ဦးလိုက်ပါနိုင်ပါတယ်။

လျောင်နင်းစာ တရုတ်ထုတ် Type 1130 rotary အမြောက်တွေနှင့် HQ-10 မြေပြင်မှဝေဟင်ပစ် ဒုံးကျည်တွေအပါအဝင် လက်နက်ကြီးတွေ တင်ဆောင်နိုင်ပါတယ်။ အဲဒီအပြင် Shenyang J-15၊ Shenyang J-15နှင့်  Harbin Z-9 လေယာဉ်တွေ အပါအဝင် လေယာဉ် ၃၆ စီးအသုံးပြုနိုင်ပါတယ်။

၆။အက်ဒ်မိုင်ရယ်လ် ကူညက်ဆော့ဗ် Admiral Kuznetsov (ရုရှား)

ဒီသင်္ဘောကို နီကိုလာယက်တောင်ပိုင်းက ဆိုဗီယက်ခေတ်အတွင်း တည်ဆောက်ခဲ့ပြီး ၁၉၉၁ မှာ ပထမဆုံးအသုံးပြုခဲ့ပါတယ်။ ဒီသင်္ဘောကို လောလာဆယ် ရုရှားစစ်တပ်က စီမံကြီးကြပ်တဲ့ တစ်စီးတည်းသော သင်္ဘောဖြစ်ပါတယ်။ ဇွန်လအထိ သတင်းအရ ဒီသင်္ဘောဟာ ပြန်လည်ပြုပြင်နေတယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။

သင်္ဘောဟာ အလျား ၁၀၀၀ပေရှိပြီး Displacement က ဝန်အပြည့် ၆၇၅၀၀ တန်ရှိပါတယ်။ သင်္ဘောသား ၁၆၉၀ကျော် တင်ဆောင်နိုင်ပါတယ်။

သင်္ဘောဟာ ဆိုဗီယက်လုပ် AK-630 လက်နက်များကအစ   P-700 Granit anti-cruise ဒုံးကျည်များအထိ လက်နက်ကြီးမျိုးစုံ အသုံးပြုနိုင်ပါတယ်။

၅။ရှန်ဒေါင်း  ပုံစံ၀၀၂ Shandong, Type 002 (တရုတ်)

ရှန်ဒေါင်းဟာ ၂၀၁၈ခုနှစ်မှာ ဒါလျန်း သင်္ဘောကျင်းကနေ တည်ဆောက်ပေးခဲ့ပါတယ်။ ဒီသင်္ဘောကိုပုံစံ ၀၀၂ လို့လည်း သိကြပါတယ်။  ၂၀၁၉ မှာ စတင်အသုံးပြုပါတယ်။ ရှန်ဒေါင်းဟာ တရုတ်လုပ် ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်ပြီး  ဆိုဗီယက်လုပ် Kuznetsov-class ရဲ့ ပုံစံကွဲတစ်ခုဖြစ်ပါတယ်။

သင်္ဘောဟာ အလျား ၁၀၃၃ပေခန့်ရှိပြီး Displacement က ၇၀၀၀၀ တန်ရှိပါတယ်။

လျန်နင်းလေယာဉ်တင်သင်္ဘောမှာပါတဲ့ လက်နက်ကြီးတွေကိုပဲ အသုံးပြုပါတယ်။ Type 1130 rotary အမြောက်နှင့် HQ-10 မြေပြင်မှဝေဟင်ပစ်ဒုံးကျည်တို့ဖြစ်ပါတယ်။ အဲဒီအပြင် Shenyang J-15 ၊ Changhe Z-18F/J နှင့် Harbin Z-9လေယာဉ်တွေ အသုံးပြုပါတယ်။

၄.အိတ်ချ်အမ်အက်စ် အဲလ်ဇဘက်ဘုရင်မ-ကလပ်စ် HMS Queen Elizabeth-class (ယူကေ)

ဒီသင်္ဘောဟာ လေယာဉ်တင်သင်္ဘော HMS Queen Elizabeth နှင့် HMS Prince of Wales တို့ပေါင်းစပ်ထားပါတယ်။ဦးဆောင် သင်္ဘော HMS Queen Elizabethကို ၂၀၁၇ခုနှစ်မှာ စတင်တာဝန်ထမ်းပါတယ်။ သင်္ဘောကို Aircraft Carrier Alliance က တည်ဆောက်ခဲ့ပြီး  တစ်စီးကို ပေါင်စတာလင် ၃.၈ ဘီလျံကုန်ကျခဲ့ပါတယ်။

သင်္ဘောဟာ အလျား ၉၃၂ ပေရှိပြီး Displacement က တန်ချိန် ၆၅၀၀၀ နှင့် ၇၁၆၅၀ အသီးသီးရှိကြပါတယ်၊  တစ်စီးကို သင်္ဘောသား ၁၆၀၀ အထိတင်ဆောင်နိုင်ပါတယ်။

Phalanx close-in လက်နက်စနစ်နှင့် အမေရိကန်လုပ် M134 မီနီဂန်းတွေအပါအဝင် လက်နက်ကြီးတွေတပ်ဆင်ထားပါတယ်။  Lockheed Martin F-35 တိုက်လေယာဉ်နှင့် ဘိုအင်းချင်းနုတ် ရဟတ်ယာဉ်တွေအပါအဝင် လေယာဉ် ၆၅စီးကျော် တင်ဆောင် နိုင်ပါတယ်။

၃။ဖူကျန့် ပုံစံ ၀၀၃ Fujian, Type 003  (တရုတ်)

ဖူကျန့်ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘောြဖစ်ပါတယ်။ဇွန်လမှာ စတင်ရေချခဲ့ပါတယ်။ ပုံစံ ၀၀၃ အဖြစ်လည်းသိကြပါတယ်။ တရုတ်နိုင်ငံတော် သင်္ဘောကျင်းကော်ပိုရေးရှင်းက တည်ဆောက်ပေးခဲ့ပါတယ်။ ဒါပေမယ့် စတင်တာဝန်ထမ်းဆောင်ခြင်းမရှိသေးပါဘူး။

တိုက်ခိုက်ရေးအဆင်သင့်ဖြစ်ဖို့အတွက် ၁၈လခန့် စမ်းသပ်ဖို့လိုအပ်မယ်လို့ ဘေဂျင်းအခြေစိုက် ဉာဏ်ကြီးရှင်အဖွဲ့ ယွမ်ဝမ်းက သုတေသနပညာရှင် ကျောင်ချန်မင်းက ပြောပါတယ်။

သင်္ဘောဟာ ၉၈၄ ပေရှိပြီး displacement က တန်ချိန် ၈၀၀၀၀ ရှိပါတယ်။

ဖူကျန့်ဟာ ပိုမိုကြီးမားလေးလံတဲ့ လေယာဉ်တွေကို သယ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။ ဒီသင်္ဘောကိ ထိုင်ဝမ် အရှေ့ခြမ်း တရုတ်စစ်အင်အားကို ဖြည့်ဆည်းပေးဖို့ တာဝန်ပေးထားတယ်လို့ ပြည်တွင်းရေတပ် မဟာဗျူဟာပညာရှင်တွေက ပြောပါတယ်။

၂။နီမစ်-ကလပ်စ် Nimitz-class (အမေရိကန်)

နီမစ်-ကလပ်စ်မှာ လေယာဉ်တင်သင်္ဘော ၁၀စီးပါဝင်ပါတယ်။ ဒီသင်္ဘောဆယ်စီးလုံးကို Newport News သင်္ဘောကျင်းက တည်ဆောက်ပေးပါတယ်။ ဒါဟာ ပထမဆုံးကလပ်စ်အဆင့် လေယာဉ်တင်သင်္ဘောဖြစ်ပါတယ်။ ၁၉၇၅ခုနှစ်မှာ စတင်တာဝန်ထမ်းဆောင်ပေမယ့် ၂၀၂၅ခုနှစ်မှာ တာဝန်ရပ်နားဖို့ရှိပါတယ်။

နျူကလီးယားစွမ်းအင်သုံး ဒီစစ်သင်္ဘောဟာ အလျား ၁၀၉၂ ပေရှိပြီး displacement က တန်ချိန် တစ်သိန်းရှိပါတယ်။ သင်္ဘောသား ၆၀၀၀လိုက်ပါနိုင်ပါတယ်။

နီမစ်ကလပ်စ်ဟာ ကမ္ဘာပေါ်မှာ ကလပ်စ်အမျိုးအစား လေယာဉ်တင်သင်္ဘောတွေထဲမှာ  အင်အားအကြီးမားဆုံး လေယာဉ် တင်သင်္ဘောထဲမှာ တစ်စီးအပါအဝင်ဖြစ်ပါတယ်။ အဲဒီအပြင် ရေတပ်ရဲ့ သက်တမ်းအကြာဆုံး လည်းဖြစ်ပါတယ်။

သင်္ဘောကြီးဟာ လေယာဉ်ပေါင်း ၈၂ စီးအထိ အသုံးပြုနိုင်ပါတယ်။ အဲဒီအထဲမှာ McDonnell Douglas Hornet တိုက်ဂျက်လေယာဉ်နှင့် Northrop Grumman E-2 Hawkeye လေယာဉ်တွေ ပါဝင်ပါတယ်။ Phalanx Mk-15 close-in လက်နက်စနစ်အပါအဝင် လက်နက်ကြီးတွေတပ်ဆင်ထားပါတယ်။

၁။ဂါးရက် အာရ် ဖို့ဒ်-ကလပ်စ် Gerald R. Ford-class (အမေရိကန်)

လေယာဉ်တင်သင်္ဘော ၁၀စီးပေါင်းထားတဲ့ ဂါးရက်စ် အာရ်ဖို့ဒ်ဟာ အမေရိကန်ရေတပ်ရဲ့  အနာဂတ်စစ်သင်္ဘောကြီး အဖြစ် မှတ်ယူထားကြပါတယ်။ ၂၀၁၇ မှာစတင်တာဝန်ထမ်းဆောင်ပြီး သုတေသနနှင့် ဖွံ့ဖြိုးရေးကုန်ကျစရိတ်က ဒေါ်လာ ၃၇.၃ ဘီလျံရှိခဲ့ပါတယ်။ တစ်စီးချင်းစီရဲ့ တည်ဆောက်စရိတ်ဟာ ဒေါ်လာ ၁၃ဘီလျံရှိပါတယ်။

အလျား ၁၁၀၆ပေရှိပြီး displacementက တန်ချိန်ပေါင်း ၁၁၂၀၀၀ ရှိတဲ့အတွက် ကမ္ဘာ့အကြီးဆုံးစစ်သင်္ဘောကြီး ဖြစ်ပါတယ်။  သင်္ဘောသား ၄၅၀၀ တင်ဆောင်နိုင်ပါတယ်။

သင်္ဘောမှာ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်မျိုးစုံတပ်ဆင်ထားပါတယ်။ အဲဒီအထဲမှာ RIM-7 Sea Sparrow၊ RIM-116 နှင့် M2 မက်ရှင်းဂန်းတွေလည်းပါဝင်ပါတယ်။ လေယာဉ်ပေါင်း ၇၅စီးကျော် အသုံးပြုနိုင်ပြီး Lockheed Martin F-35 တိုက်လေယာဉ်တွေ၊ Boeing F/A-18E/F Super Hornet တိုက်ဂျက်လေယာဉ်တွေနှင့် Sikorsky MH-60R ရဟတ်ယာဉ်တွေ ပါဝင်ပါတယ်။

Source Business Insider

#world's_largest_aircraft_carriers

#World_navy_power