Published 25 Aug 2022

အသက်၁၇နှစ်သာရှိသေးတဲ့  ဗြိတိန်-ဘယ်လ်ဂျီယမ် မက်ရူသာဖို့ဒ်ဟာ ဗုဒ္ဓဟူးနေ့က သူမောင်းနှင်လာတဲ့ အပေါ့စားလေယာဉ်ငယ်ကလေး ဘူဂေးရီးယားကို ဆင်းသက်ပြီးနောက် တစ်ဦးတည်း

ကမ္ဘာတစ်ပတ် လေယာဉ်မောင်းနှင်တဲ့ အသက်အငယ်ဆုံးလေယာဉ်မှူး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

သူဟာ ဘူဂေးရီးယားကနေ မတ်လက စတင်ပျံသန်းထွက်ခွာခဲ့တာဖြစ်ပြီး  ငါးလနှင့်တစ်ရက်အကြာမှာ မြို့တော်ဆိုဖီယာကနေ တစ်နာရီကြာသွားရတဲ့ ရာဒိုမီယာမြို့ရဲ့ လေဆိပ်အသေးလေးတစ်ခုကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

“ လူငယ်တွေဟာ  ကိုယ့်စိတ်ကူးအိပ်မက်နောက်ကိုလိုက်ပါဆောင်ရွက်ရုံမျှနှင့်  ခြားနားမှုတွေလုပ်နိုင်ကြပါတယ်ဆိုတာကို ကျွန်တော့် ဒီခရီးစဉ်နှင့်ပြသဖို့ကြိုးစားတာပါ” လို့ သူက လေယာဉ်ဆင်းသက်ပြီးပြီးချင်းပြောပါတယ်။

သူဟာ မိုင်ပေါင်း ၃၄,၀၀၀ ရှိတဲ့ နိုင်ငံပေါင်း ၃၀ကို ပျံသန်းချိနန် ၂၂၁နာရီနှင့်   ဖြတ်ကျော်ပျံသန်းခဲ့တာဖြစ်ပါတယ်။

Source: AFP

#Mack_Rutherford

#Youngest_Pilot

#Fly_around_the_world